ဒီနေ့ မြေးကလေးတက်နေတဲ့ဖရန်တီယာမူလတန်းကျောင်းနဲ့ပတ်သက်တာတွေကို လက်လှမ်းမှိသလောက် စိတ်ဝင်စားတဲ့မိတ်ဆွေများအတွက် Food for Thought 808 အဖြစ် မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။
ဖရန်တီယာကျောင်းရဲ့အနာဂါတ် မြင်ကွင်း
မိမိကိုယ်မိမိယုံကြည်စဥ်းစားတတ်သူများ၊
အခြေအနေအပြောင်းအလဲများနှင့် လိုက်ဘက်အောင် ပြုပြင် နေထိုင်တတ်သူများ၊
စိတ်အားထက်သန်သောခေါင်းဆောင်များဖြစ်လာစေရန်
ဖရန်တီယာကျောင်းရဲ့ ခံယူထားသောတာဝန်
အနာဂါတ်မှာကြုံတွေ့လာမည့်
စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားတဲ့အခါမှာ အခြေအနေကို လေးလေးနက်နက်
ထင်ဟပ်သုံးသပ်စဥ်းစားတတ်သူများ၊ မတူကွဲပြားခြားနားမှုများကို
နားလည်လက်ခံပေးနိုင်သူများ၊ စိန်ခေါ်မှုများ
ကိုရင်ဆိုင်ကျော်လွှားတဲ့အခါမှာ
စံနမူနာပြနိုင်သူများဖြစ်လာအောင်ဖရန်တီယာကျောင်းမှာတက်ရောက် နေတဲ့
ကျောင်းသူကျောင်းသားများကို ဦးတည်လေ့ကျင့် ပျိုးထောင်ပေးပါသည်။
ကျောင်း၏တန်ဖိုးထားမှုများ
1. မိမိကိုယ်နှင့်အခြားလူများကို လေစားဖန်ဖိုးထားတတ်ခြင်း။ (Respect)
2. မိမိကိုယ်၊ မိမိမိသားစု၊ ရပ်ရွာနှင့်နိုင်ငံတော်ကို စောင့်ရှောက်ခြင်း။( Care)
3. စဥ်းစားမှု၊ ပြောဆိုမှုနှင့် လုပ်ဆောင်မှုတို့တွင် တာဝန်ရှိရှိ စဥ်းစားပြောဆို လုပ်ဆောင်တတ်ခြင်း။ (Responsibility)
4. ဆုံးဖြတ်ချက်များချရာနှင့် ပြဿနာများဖြေရှင်းရာမှာ ဂုဏ်သက္ခာရှိရှိ လုပ်ဆောင်တတ်ခြင်း။ (Integrity)
5. ကြံ့ခိုင်ပြီး စိန်ခေါ်မှုများကို ဖြတ်ကျော်နိုင်စေရန် ဇွဲထက်သန်ခြင်း။ (Resilience)
6. မိမိတို့ ၏ပင်မတန်ဖိုးထားမှုများအပေါ် သစ္စာရှိခြင်းနှင့် ထိုတန်ဖိုးများများနှင့်အညီ စိတ်အားထက် သန်စွာဦးဆောင်ခြင်း။ (Loyalty)
အထက်ပါတန်ဖိုးထားမှုများအတိုင်း
ကျောင်းသားကျောင်သူများကို အဖွဲ့များဖွဲ့ထားပေးပါသည်။ မူလတန်း အဆင့် (၁)မှ
မူလဝန်း အဆင့် (၆)အထိ တစ်နှစ်ကို တန်ဖိုးထားမှုတစ်ခုဖြင့် ဖွဲ့ထားသော
အတန်းမှာ အတန်း သားဖြစ်ရပါသည်။ မူလတန်း အဆင့် (၁)မှ မူလဝန်း အဆင့် (၆)အထိ
ပြီးသွား သောအခါ တန်ဖိုးထားမှု (၆) ခုလုံးနှင့်
ထိတွေ့မှုကောင်းစာရှိသောကျောင်းသူကျောင်းသားများဖြစ်သွား ကြပါသည်။ မြေးလေးက
မနှစ်က မူလတန်း အဆင့် (၁) တက်ပြီး အဲဒီနှစ်က
သူပါဝင်ရတဲ့အတန်းအဖွဲံအစည်းမှာ Respect အခုနှစ် မူလတန်း အဆင့် (၂) မှာတော့
သူပါဝင်ရတဲ့အတန်းအဖွဲံအစည်းကတော့ Care ဖြစ်ပါတယ်။ နှစ်အလိုက်ပြောင်း
နေတဲ့အစီအစဥ်ဖြစ်ပါတယ်။
ကျွန်ုပ်တို့၏ ဆောင်ပုဒ်
• ခြားနားမှုရှိလာအောင်ပြုလုပ်ပါ။ ခြားနားမှုကိုယ်တိုင်ပြပါ။
ကျွန်ုပ်တို့၏ဒဿန
အားကောင်းတဲ့အခြေခံများနှင့် အနာဂါတ်သင်ယူရေး
ဖရန်တီယာမူလတန်းကျောင်း၏ကျောင်းသီချင်း
• တာဝန်ရှိမှုနဲ့အညီ
• တို့တတွေလူမှုအဖွဲ့အစည်းကို ဝန်ဆောင်မှုပေးကြပါမယ်။
• လေးလေးစားစားဂရုစိုက်လို့ရယ်။
• စိတ်ကောင်းမွေးလို့ အပြုံးပန်းဆင်ကာ။
• မတူညီမှုများကို နားလည်လက်ခံကြမှာ။
• သင်ယူတဲ့လုပ်ငန်းကို ထိုက်တန်တဲ့လုပ်ငန်းအဖြစ် တန်ဖိုးထားသင်ပါမယ်။
• ဖရန်တီးယာ ဖရန်တီးယာ။
• ဆန်းသစ်တီထွင်မယ်။ မိုးကုတ်စက်ဝိုင်းအသစ်ကို မြင်အောင်ကွယ်ကြည့်မယ်။
• အခက်အခဲတွေမှန်သမျှ ကျော်လွှားမယ်။ ခြားနားမှုများဖြစ်အောင် လုပ်ပါမယ်။ ကိုယ်တိုင်လည်း ခြားနားစေပါမယ်။
• စိတ်အားထက်သန်စွာဦးဆောင်ကြမယ်။
• ယုံကြည်မှုအပြည့်ဖြင့် ဦးဆောင်ကြမယ်။
• အားကောင်းတဲ့အခြေခံများရှိလို့ရယ်။
• စိန်ခေါ်မှုများကို ကျော်လွှားမယ်။
• စိတ်ကူးကောင်းတွေက စမ်းရေကိုစီးဆင်းလာတဲ့အခါ
• တို့တတွေရဲ့စိတ်ကူအိပ်မက်များပြည့်ဝလာမှာပါ။
• ဖရန်တီးယာ ဖရန်တီးယာ။
• ရဲရင့်တဲ့လုပ်ဆောင်မှုတွေမှာကြံ့ခိုင်မှုရှိမှာ။
• သူငယ်ချင်းတို့ရေ တို့ လက်ချင်းတွဲထားစို့လေ။
• ခြားနားမှုရှိအောင် လုပ်ကြမလေ။
• ကိုယ်တိုင်လည်း ခြားနားစေမယ်လေ။
ကျောင်းရဲ့ဒဿန၊ ယဥ်ကျေးမှုနှင့် ဓလေ့စရိုက်သီးခြားလက္ခဏာများ
ကျွန်ုပ်တို့
လမ်းညွှန်မှုယူထားသည်မှာ အားကောင်းတဲ့အခြေခံများနှင့်
အနာဂါတ်သင်ယူရေးတို့ဖြစ်ပါသည်။အဲဒီ အခြေခံ လမ်းညွှန်မှုများမှာ
ဖရန်တီယာကျောင်းမှာတက်ရောက်နေတဲ့ကျောင်းသူကျောင်သားများကို လျင်မြန်စွာ
ဆက်သွယ်ပြောင်းလဲနေတဲ့ကမ္ဘာကြီးမှာ
ကောင်းစွာရှင်သန်ရပ်တည်နိုင်ရေးအတွက်ပြင်ဆင်ပေးဖို့ဖြစ်ပါတယ်။
ကျောင်းသူကျောင်းသားများမှာ ဖော်ပြခဲ့တဲ့အခြေခံများခိုင်မာစွာရှိနေရန်
အလေးထားပြင်ဆင်ပါသည်။ ဒါမှာသာ သူတို့အနေဖြင့်
အနားဂါတ်သင်ယူမှုလုပ်ငန်းများမှာ ကောင်းစွာပါဝင်သင်ယနိုင်ကြမှာဖြစ်ပါသည်။
ကျွန်ုပ်တို့
လုပ်ဆောင်သမျှလုပ်ငန်းတိုင်းမှာ
ကျောင်းသူကျောင်းသားများအကျိုးကိုအဓိကထားပါသည်။ ၂၁ ရာစုနှစ်များတွင်
ကျောင်းသားတွေကို မိမိကိုယ်မိမိယုံကြည်စွာစဥ်းစားတတ်သူများ၊
အခြေအနေအပြောင်း အလဲများနှင့်
လိုက်လျောညီစွာပြုပြင်ပြောင်းလဲနေထိုင်တတ်သူများ၊ စိတ်အားထက်သန်တက်ကြွသော
ခေါင်းဆောင်များဖြစ်လာအောင်ဦးတည်လေ့ကျင့် ပေးပါသည်။
ကျောင်းသားအားလုံးအတွက် စိတ်လှုပ် စားစိတ်ဝင်စားစရာကောင်းပြီး
သင်ယူမှုလုပ်ငန်းများတွက် တက်ကြွစွပါဝင်သင်ယူနိုင်စေရန် အားပေးတဲ့
သင်ယူမှုပတ်ဝန်းကျင်နှင့်အတွေ့အကြုံများကို
ဖန်တီးပေးပြီးဘက်စုံပညာရေးကိုပေးနေပါသည်။ ကျောင်း သားတွေမှာ
ပေါင်းသင်းဆက်ဆံရေးကောင်အောင်နှင့်
စိတ်လှုပ်ရှားခံစားမှုကောင်းအောင်လည်းလေ့ကျင့် ပေးပါသည်။ ထိုကဲ့သို့
လေ့ကျင့်ပေးရခြင်းရဲ့ဦးတည်ချက်များ ကျောင်းသားတိုင်း သူတို့
ကိုယ်တိုင်နှင့် အခြား လူများအတွက် ထည့်သွင်းစဥ်းစားတတ်စေရန်ဖြစ်ပါသည်။
သင်ပေးသောအခါမှာ လည်းထိရောက်သော သင် ကြားသင်ယူးနည်ဗျူဟာများနှင့်
ပူးပေါင်းသင်ယူခြင်း၊ လုပ်ဆောင်ချက်များကို ပြန်လည်ထင်ဟပ်စဥ်းစား သုံး
သပ်ခြင်းဆိုသော ထိရောက်သည့် ဆရာအတတ်ပညာပိုင်းဆိုင်ရာ
နည်းလမ်းများကိုသုံးပါသည်။ ဆရာများ အနေဖြင့်လည်း
သူတို့တပည့်ကျောင်းသားမျာအတွက်အကောင်းဆုံးဖန်တီးပေးနိုင်ရန် အစဥ်မပြတ်
တိုးတက်နေ အောင် လေ့လာသင်ယူနေကြပါသည်။
ဖရန်တီယာကျောင်းတွေမှာကျင့်သုံးသောသင်ကြာသင်ယူရေးလုပ်ငန်းတွေမှာ
လေးနက်ပြီး သတိဖြင့် အလေး ထား လုပ်ဆောင်မှုများသာဖြစ်ပါသည်။
ကျောင်းသားများအနေဖြင့် အတွေ့အကြုံများကိုအခြေခံလျက် ပြန်
လည်ထင်ဟပ်စဥ်းစားနိုင်စေချင်ပါသည်။ အသစ်အဆန်းတွေကို တွေ့လာအောင်
လုပ်ဆောင်စေချင်ပါသည်။ လုပ်ကိုင်သင်ယူရင်း ကိုယ်တိုင်အမြင်ပွင့်
သိနားလည်မှုများပင်ဖြစ်လာစေချင်ပါသည်။ ထိုကဲ့သို့ဦးတည်လေ့ကျင့်
ပေးခြင်းဖြင့် ကျောင်းသူကျောင်းသားများတွင်
ဆန်းသစ်တီထွင်ဖန်တီးနိုင်မှုများဖြစ်လာစေပြီး သင်ယူမှုလုပ်ငန်း တွေမှာ
ပိုမိုလေးနက်နက်ရှိုင်းလာမှာဖြစ်ပါသည်။
ဖရန်တီယာကျောင်းတံဆိပ်အမှတ်အသား
တိုက်ခတ်လှုပ်ရှားနေတဲ့လေကို
သုံးပြီးအပြုသဘောအကျိုးပြုနိုင်တဲ့စွမ်းအင်ကိုထုတ်ပေးတဲ့လေရဟပ်လိုပင်
ဖရန်တီယာကျောင်းကလည်းအပြောင်းအလဲများကိုရင်ဆိုင်ရင်း
တုန်လှုပ်ခြင်းကင်းစွာရပ်တည်နေပါတယ်။ အနာဂါတ်သင်ယူရေးအတွက်
အားကောင်းတဲ့အခြေခံဖြစ်တဲ့ဒဿနအပေါ်မှာအခြခံထားပါတယ်။
ပန်ကာရွက်
လေးခုက နည်းဗျူဟာ (၄) ခုကိုကိုယ်စားပြုပါတယ်။ နည်းဗျူဟာ လေးခုကတော့ (၁)
စွမ်း ဆောင် နိုင်စေခြင်း (၂) ပါဝင်လုပ်ဆောင်စေခြင်း (၃)
အားကောင်းလာစေခြင်း နှင့် (၄) စွမ်းအားမြင့်မားတိုးတက်လာစေ ခြင်း
တို့ဖြစ်ပါတယ်။ အဒီနည်းဗျူးဟာ လေးခုကို
ဟန်ချက်ညီစွာပေါင်းစပ်လုပ်ဆောင်ပေးခြင်းဖြင့် ကျောင်းသူ ကျောင်းသားများကို
မိမိကိုယ်မိမိယုံကြည်မှုရှိသူများ၊ ပြောင်းလဲနေတဲ့အခြေအနေတွေနှင့်
အံ့ဝင်အောင် ပြုပြင် ပြောင်းလဲနိုင်သူများ၊ နှင့်
ပညာကိုလိုလိုလားလားလေ့လာသင်ယူလိုစိတ်ရှိတဲ့ခေါင်းဆောင်ကောင်းများဖြစ် လာ
အောင် လေ့ကျင့် ပျိုးထောင်ပေးပါတယ်။
ဒီလေရဟပ်အမှတ်တံဆိပ်ကဖော်ပြနေတဲ့အားတက်စရာများကြောင့်
ဖရန်တီဟာကျောင်းမှာ တက်ရောက်ပညာ
သင်ကြားနေကြတဲ့ကျောင်းသူကျောင်းသားများအားလုံးဟာ
မိမိတို့အကောင်းဆုံးဖြစ်နိုင်နိုင်တဲ့အနေအထား
ရောက်အောင်လုပ်ဆောင်မယ်ဆိုတဲ့သံဓိဌာန်ချမှတ်ကြပါတယ်။ ပြီးတော့
ဦးတည်လျောက်လှမ်းမဲ့လမ်းကြောင်း နယ်ပယ်မှာ
အပြုသဘောဆောင်တဲ့ခြားနားမှုများဖြစ်အောင် လုပ်ဆောင်လာစေပါတယ်။
ဖရန်တီယာကျောင်းရဲ့ ကြီးကျယ်မြင့်မြတ်လှတဲ့ယဥ်ကျေးမှု
ဖရန်တီယာကျောင်းရဲ့
ကြီးကျယ်မြင့်မြတ်လှတဲ့ယဥ်ကျေးမှု ဆိုတာ စလာပါတော့တယ်။ ဖရန်တီယာကျောင်းရဲ့
ကြီးကျယ်မြင့်မြတ်လှတဲ့ယဥ်ကျေးမှု ဆိုတာ
အောက်ပါအတိုင်းအဓိပ္ပါယ်သတ်မှတ်ထားချက်ရှိပါတယ်။
G.R.E.A.T. ဆိုတဲ့စကားကအောက်ပါအတိုင်းအဓိပ္ပါယ်သတ်မှတ်ထားချက်များရှိပါတယ်။
•
G ကတော့ Graciousness ဆိုတဲ့ယဥ်ကျေးသိမ်မွေ့မှု၊
ကြက်သရောပြည့်ဝမှုလို့အဓိပ္ပါယ်သတ်မှတ်ပါ တယ်။ သူ့မှာ လေးစား
တန်ဖိုးထားတတ်မှု၊ အပြုသဘောဆောင်တဲ့ကောင်းမွန်တဲ့စိတ်ထားတွေများ ပြားမှု၊
ကျေးဇူးတရားသိတတ်မှု၊ စုပေါင်း လုပ်ဆောင်ရင်း ကျရှုံးမှုများကို
ကျော်လွှားရင်း အောင်မြင် မှုရမှု၊ စံနမူနာကောင်း ဖြစ်အောင်
နေထိုင်ပြုလုပ်မှု၊ မတူကွဲပြားခြားနားမှုများကို နားလည်ပေးပြီး
လက်ခံပေးမှု၊ လက်တွေ့ ကျကျ တာဝန်ယူးလုပ်ဆောင်ပေးတတ်မှုနှင့် တာဝန်ယူ
လုပ်ဆောင်ပေး တတ်မှု၊ ယုံကြည်မှုနှင့် ချဥ်းကပ်လုပ်ဆောင်မှုတို့တွင်
ခိုင်ခိုင်မာမာရှိမှုတို့ကို ကိုယ်စားပြုပါတယ်။
• R
ကတော့ Rigour ကိုကိုယ်စားပြုပါတယ်။ သူ့မှာတော့ အားကောင်းမှု။
ကြံ့ခိုင်အားကောင်းမှု၊ မတူ ကွဲပြားခြားနားမှုများ ကို
နားလည်လက်ခံပေးနိုင်မှု၊ အခြေအနေများကို နက်နက်ရှိုင်းရှိုင်း ပြန်လည်ထင်
ဟပ်သုံးသပ်စဥ်းစား တတ်မှု၊
မတူကွဲပြားတဲ့လိုအပ်ချက်အမျိုးမျိုးတို့အတွက်ဆောင်ရွက် ဖြည့်ဆည်း
ပေးနိုင်မှု၊ သင်ယူလေ့လာနိုင်တဲ့ပလက်ဖောင်းအမျိုးမျိုးဖန်တီးစီစဥ်ပေးမှု၊
လူတိုင်း မိမိစွမ်းရည်အလိုက် အစွမ်းအစပြသခွင့်
ထူးချွန်စွာလုပ်ဆောင်ခွင့်များရှိမှု၊ မိမိဂုဏ်သိက္ခာနှင့်အညီ လုပ်ကိုင်
ပြသခွင့်ရှိမှု၊ ရှေ့အနာဂါတ်အတွက် ကြိုတင်ပြင်ဆင်နိုင်မှုနဲ့တစ်ယောက်နှင့်
တစ်ယောက် အပြန်အလှန် ထိတွေ့ဆက် သွယ်မှုရှိအောင်ဖန်တီးပေးမှုတို့ကို
ကိုယ်စားပြုပါတယ်။
• E ကတော့
Enterpriseကိုကိုယ်စားပြုပါတယ်။ ဒီစကားလုံးကတော့ ကြံ့ခိုင်မှု၊ လေးစားစွာ
ဆက်သွယ် လုပ် ဆောင်တတ်မှု၊ မတူကွဲပြားခြားနားမှုများကို နားလည်လက်ခံပေးမှု၊
အသစ်အဆန်းများကို စူးစမ်း လေ့လာကြိုးစားလိုမှု၊
တွက်ဆနိုင်တဲ့ဘေးအန္တရာယ်များကို တွက်ဆပြီး အသစ်အဆန်းကို လုပ်ဆောင်ရဲ မှု၊
အကျိုးပြုတဲ့အလုပ်တွေကို လုပ်ရင်း စွမ်းနိုင်သမျှအကျိုးပြုနိုင်မှု၊
အစဥ်လေ့လာသင်ယူလိုစိတ်ရှိမှု၊ နှင့် အကောင်းဆုံးအထဋ်အထိပ်ရောက်အောင်
စွမ်းဆောင်အကျိုးပြုနိုင်မှုတို့ကိုကိုယ်စားပြုပါတယ်။
•
A ကတော့ Affirmation ကတော့အခိုင်အမာ ရပ်တည်ခြင်းဖြစ်ပါတယ်။ ဒီစကားမှာ
စောင့်ရှောက်မှု၊ မတူကွဲပြားခြာနားမှုများကို နားလည်လက်ခံပေးမှု၊
မိမိကိုယ်တိုင်စံနမူနာဖြစ်အောင်နေထိုင်မှု၊ အပြုသ ဘောဆောင်တဲ့ပညာပေးမှု၊
စိတ်အားတက်ကြွအောင်လှုံ့ဆော်တိုက်တွန်းအားပေးမှု၊ အပြန်အလှန် နား
လည်မှုတို့ကို မြင့်မားလာစေမှုတို့ကို ကိုယ်စားပြုပြပါတယ်။
•
T ကတော့Thinking ကိုကိုယ်စားပြုပါတယ်။ ဒီစကားလုံးကတော့ တည်ကြည်မှု၊
ဂုဏ်သိက္ခာရှိမှု၊ သစ္စာ ရှိမှု၊ တာဝန်သိမှုနှင့် တာဝန်ယူတတ်မှု၊
အပြုသဘောဆောင်တဲ့စိတ်နေစိတ်ထားမွေးမှု၊ အခြေ အနေများ ကို
နက်ရှိုင်းစွာပြန်လည်ထင်ဟပ်စဥ်းစားသုံးသပ်တတ်မှု၊ ဝင်းလက်တောက်ပတဲ့စိတ်အား
ထန်သန်တက် ကြွမှုများကိုမျက်လုံးတွင် ပြသနေမှုကို ကိုယ်စားပြုပါတယ်။
ဗရန်တီယာကျောင်းမှာ
တက်ရောက်ပညာသင်ကြားနေတဲ့ကျောင်းသူကျောင်းသားတိုင်းဟာ ကျောင်းရဲ့ ကောင်း
တဲ့ ဂုဏ်ကိုထိန်းသိမ်းစောင့်ရှောက်ရန်နှင့်
သတ်မှတ်ထားတဲ့ကျောင်းစည်းကမ်းများကိုလေးစားလိုက်နာရန် လို အပ်ပါတယ်။
အမျိုးသားသီချင်းကိုဆိုခြင်းနှင့် ကတိသစ္စာဆိုခြင်း
• စင်ကာပူနိုင်ငံသားများအနေဖြင့် အမျိုးသားသီချင်းကိုသီဆိုပြီး ကတိသစ္စာပြုရန် လိုအပ်ပါတယ်။
• ကျောင်းသားများသည်ကတိသစ္စာကိုပြုတဲ့အခါမှာ ညာဘက်လက်သီးကိုဆုပ်ပြီးနှလုံးသားအပါ်ဘက်မှာ တင်ထားရန် လိုအပ်ပါတယ်။
မိတ်ဆွေများ မြေးလေးတက်နေတဲ့ဖရန်တီယာကျောင်းအကြောင်းကိုစိတ်ဝင်စားလိမ့်မည်ဟုမျှော်လင့်ပါတယ်။ ကျန်တဲ့အပိုင်းတွေ ဆက်လက်တင်ပြပါဦးမယ်။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
No comments:
Post a Comment