ဒီနေ့ “ဥပေက္ခာနှလုံးသား” ရှိရန်အရေးကြီးကြောင်ကို Food for Thought 807 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။
ဥပေက္ခာနှလုံးသား
ပုထုဇဉ်လူသားတွေဟာ
အကောင်းနဲ့ တွေ့ရင် အူယားဖားယား ပျော်တတ်သလို အဆိုးနဲ့တွေ့ရင်လည်း
ခြေမကိုင်မိ လက်မကိုင်မိဖြစ်တတ်ကြတယ် ။
ဒီလိုဖြစ်ရခြင်းဟာဥပေက္ခာကင်းကွာနေလို့ပါ ။
ဥပေက္ခာဆိုတာ
ဘယ်လိုအကြောင်း ကြောင့်မျှမယိမ်းယိုင်တဲ့ စိတ်ထားပါ ။ ဒါကြောင့်ဥပေက္ခာ
လက်ကို ကိုင်ထားသူများဟာအကောင်းနဲ့တွေ့ရင်လည်း
"ကောင်းမှုရလဒ်ပဲ"လို့နှလုံးသွင်း ဆင်ခြင်လိုက်တယ် ။
အဆိုးနဲ့တွေ့ရင်လည်း
"မကောင်းမှုရဲ့ရလဒ်ပဲ" လို့နှလုံးသွင်း ဆင်ခြင်လိုက်တယ် ။ ဒီတော့
အကောင်းအဆိုး ကြောင့် စိတ်ထားဟာ မပြောင်းလဲတော့ဘူး ။ ဒါကိုပဲ
"ဥပေက္ခာနှလုံးသား" တဲ့ ။
ကွန်ဖြူးရှပ်စ်နဲ့ ဥပေက္ခာ
တစ်နေ့တွင် တရုတ်အတွေးအခေါ်ပညာရှင်ကြီးကွန်ဖြူးရှပ်စ်ဟာ လမ်းလျှောက်သွားတယ် ။
လူတစ်ယောက်က မြင်တဲ့အခါ"ဆရာကြီး ခင်ဗျားက ကွန်ဖြူးရှပ်စ်ကြီးမဟုတ်လား"ဗျ
"ဟုတ်ပါတယ်"
"ဝမ်းသာလိုက်တာ
ဆရာကြီးရယ်။ ဒီလိုပညာရှိကြီးကို တွေ့ခြင်တာကြာပြီဗျ။ခင်ဗျားရဲ့
တန်ဖိုးကြီး လှတဲ့ အတွေးအခေါ်တွေဟာကမ္ဘာကြီးကိုတောင်
ပြောင်းလဲစေခဲ့ပြီလေ။ခင်ဗျားလောက် တော်တဲ့သူ တတ်တဲ့သူ
ဒီကမ္ဘာကြီးမှာ မတွေ့ဖူးသေးဘူး။တကယ်လေးစားပါတယ် ဆရာကြီးရယ်လို့ဦးညွတ်လိုက်ပါတယ် ခင်ဗျာ"
ကွန်ဖြူးရှပ်စ်ဟာ အဲဒီလူကို တစ်ချက်ကြည့်ပြီး ကိုယ့်လမ်းကို ဆက်လျှောက်သွားပါတယ် ။
နောက်တစ်နေ့ရောက်တော့
လူတစ်ယောက်က "ဆရာကြီး ကွန်ဖြူးရှပ်စ်ဆိုတာ ခင်ဗျားလားဗျ"လို့မေးလိုက်
တဲ့အခါ ကွန်ဖြူးရှပ်စ်က "ဟုတ်ပါတယ်"လို့ပြန်ဖြေလိုက်ပါတယ်။
"နာမည်ကြီးဆိုလို့
တွေ့ခြင်လိုက်တာ အခုလိုတွေ့တော့လဲ ခင်ဗျားဟာ ဘာမှမဟုတ်ပါလားဗျ။တကယ်တော့
ခင်ဗျားဟာ သူလိုကိုယ်လိုပါပဲ။နာမည်သာကြီးတာ ဘာမှမထူးပါဘူး"
ဟုပြောလိုက်ပါတယ် ။
ကွန်ဖြူးရှပ်စ် အဲဒီလူကိုလည်း တစ်ချက်ကြည့်ပြီးကိုယ့်လမ်းကို ဆက်လျှောက်သွားပြန်တယ် ။
လူငယ်ကမေးပြီ
အဲဒီဖြစ်စဉ်ကို မြင်တွေ့သွားတဲ့ လူငယ်လေးဟာအံဩသွားတယ်။ ဒါနဲ့ ဆရာကြီးကိုမေးလိုက်တယ်။
"ဆရာကြီး
ပထမလူက ဆရာကြီးကို ချီးမွမ်းတယ်။ ဒါပေမဲ့ ဆရာကြီးက ဘာမှပြန်မပြောဘူး။ဒုတိယ
လူက ဆရာကြီးကို ကဲ့ရဲ့တယ်။ ဒါလဲ ဘာမှပြန်မပြောဘူး။ ဘာကြောင့်ပြန်မပြောတာလဲ
ဆရာကြီး"
“ဒီမှာ လူလေး လူတွေရဲ့
ကဲ့ရဲ့ ခြင်း ချီးမွမ်းခြင်းကြောင့်ကိုယ့်ရဲ့အရည်အခြင်းဟာ မြင့်တက်
မသွားသလို နိမ့်ကျလည်း မသွားပါဘူး။ အရေးကြီးတာကကိုယ်လုပ်နေတဲ့ အလုပ်ကို
စေတနာပါပါနဲ့အကောင်းဆုံး လုပ်နေဖို့ပါပဲ
ဟုတ်တယ်မို့လား"လို့ဆရာကြီးကပြောလိုက်ပါတယ်။
ဒီတော့လူငယ်က
"ဟုတ်ကဲ့ပါ ဆရာကြီး ကျွန်တော် သဘောကျတယ်ဗျာ။ ဒါကြောင့်ဆရာကြီးရဲ့စိတ်
ဓာတ်ကိုအကြိမ်ကြိမ် ဦးညွတ် လိုက်ပါတယ် ခင်ဗျာ"
လို့ပြောရင်းဦးညွတ်လိုက်ပါတယ်။
ဒသာနပညာရှင်ကြီးရဲ့
အပြုအမူဟာ အင်မတန်တည်ငြိမ်တယ် ။ အဲဒါ ဘာကြောင့်လဲဥပေက္ခာတရား ကြောင့်ပါပဲ
ဖြစ်ပါတယ်။ ဒါကြောင့် ဘဝခရီးလျှောက်လှမ်းတဲ့အခါတည်ငြိမ်စွာ လျှောက်လှမ်း
နိုင်ဖို့ အတွက်ဥပေက္ခာတရားကို လက်ကိုင်ထားရမှာပဲဖြစ်ပါတယ် ။
"သတ္တဝါခပ်သိမ်း တရားကိန်း အေးငြိမ်းချမ်းသာရှိပါစေ"
မူလမျှဝေသူ သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသကိုအထူးကျေးဇူးတင်လျက်
မိတ်ဆွေများ ဥပေက္ခာနှလုံးသားရှိအောင် လေ့ကျင့်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
No comments:
Post a Comment