Tuesday, February 4, 2025

မြေးကလေးတက်တဲ့ကျောင်း Food for Thought 806 ဒေါက်တာသိန်းလွင်

 No photo description available. 

 ဒီကနေ့ “မြေးကလေးတက်တဲ့ကျောင်း” အကြောင်းကို Food for Thought 806 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။ 

 

 
မြေးကလေးတက်တဲ့ကျောင်း

စင်ကာပူမှာမြေးကလေးကျောင်းတက်တာ သူငယ်တန်းတက်စဥ်က MOE KG မှာတက်ခဲ့ပါတယ်။ KG ပြီးသွားတော့ အခုတက်နေတဲ့ကျောင်းက Frontier Primary School ဖြစ်ပါတယ်။ မြေးကလေးကိုအ ကြောင်းပြုပြီး သူတက်နေတဲ့ကျောင်းတွေကို ရောက်ပါတယ်။ ကျောင်းတွေမှာတွေ့ရတဲ့ထူးခြားချက် ကလေး တွေကို မျှဝေချင်ပါတယ်။

MOE KG တက်စဥ်က ကျောင်းသူကျောင်းသားတွေကို အသင်းအဖွဲ့ (၄) ခုသတ်မှတ်ထားပါတယ်။ သတ်မှတ်ထားတဲ့အသင်းအမည်တွေကတော့ Hope, Kindness, Courage, Unity တို့ဖြစ်ကြပါတယ်။ Frontier Primary School မှာတော့ အသင်းအဖွဲ့ (၆) ခုသတ်မှတ်ထားပါတယ်။ သတ်မှတ်ထားတဲ့အသင်းအမည်တွေ ကတော့ Care, Respect, Resilience, Responsibility, Loyalty, Integrity တို့ဖြစ်ပါတယ်။ မြေးကလေးက MOE KG မှာတက်စဥ်က သူအသင်းအမည်ကတော့ Courage ဖြစ်ပါတယ်။ Frontier Primary School မှာတော့ သူ့အသင်းအမည်က Care ဖြစ်ပါတယ်။

အဲဒီလို အသင်းအဖွဲ့တွေကိုအမည်တွေပေးထားတာ အလွန်လေးနက်တဲ့တန်ဖိုးထားမှုတွေကို အလေးထားပေး နေတာကို ပြနေပါတယ်။ Courage ဆိုတဲ့စကားလုံးကို လေ့လာကြည့်ရင် ရဲစွမ်းသတ္တိရှိခြင်း လို့အဓိပ္ပါယ် ထွက်ပါတယ်။ ဘာကိုရဲစွမ်းသတ္တိရှိဖို့လိုတာလည်းဆိုရင် မိမိစိတ်ထဲမှာသိလိုတာတွေကိုစူးစမ်းလေ့လာဖို့ သတ္တိရှိ ရန် လိုအပ်ပါတယ်။ မိမိအနေဖြင့် မှန်တာကို ပြောရဲ့တဲ့သတ္တိရှိဖို့လိုအပ်ပါတယ်။ Courage ဆိုတဲ့စကားကို အနက်ဖွင့်ထားတာအမျိုးမျိုးရှိတဲ့အနက် အောက်ဘက်မှာဖော်ပြထားတဲ့ဖွင့် ဆိုချက် နှစ်ခုကို လေ့လာကြည်ရ အောင်။

ပထမသတ်မှတ်ချက်မှာ choosing life, optimizing identity, understanding oneself, rediscovering meaning, acceptance, growing connectedness and Empowerment

အတွက်အတိုကောက်မှာ (acronym 'COURAGE').ဖြစ်ပါတယ်။ ဒီသတ်မှတ်ချက်မှာပါတဲ့အချက် အလက်များ ကို အောက်ပါအတိုင်းခွဲစိတ်လျက် အနက်အဓိပ္ပါယ် ဖော်ဆောင်နိုင်ပါတယ်။

C- choosing life (တည်ဆောက်လိုတဲ့ဘဝကိုရွေးချယ်ခြင်း)
O- optimizing identity (မိမိကိုယ်ပိုင်လက္ခဏာကိုပိုသင့်မြတ်အောင်ဆောင်ရွက်ခြင်း)
U- understanding oneself (မိမိကိုယ်ကိုနားလည်ခြင်း)
R- rediscovering meaning (ပိုမိုကျယ်ပြန့်စွာထပ်ဆင့်ရှာဖွေတွေ့သိလာခြင်း)
A- acceptance (လက်ခံခြင်း)
G- growing connectedness (အဆက်အသွယ်များတိုးပွားများပြားကျယ်ပြန့်လာခြင်း)
E- empowerment (လုပ်ပိုင်ခွင့် ပိုရလာခြင်း)

ခြုံပြီးအဓိပ္ပါယ်ဖွင့်ဆိုရပါက သတ္တိရှိတယ်ဆိုတာ မိမိတည်ဆောက်လိုတဲ့ဘဝကိုရွေးချယ်တည်ဆောင်နိုင် ခြင်း၊ မိမိရဲ့ကိုယ်ပိုင်လက္ခဏာတွေကို ပိုကောင်းအောင် ဖန်တီးနိုင်စွမ်းရှိခြင်း၊ မိမိကိုယ်မိမိ ပိုနားလည် လာခြင်း၊ အသိအမြင်များကို ကျယ်ပြန့်စွာတွေ့မြင်သိလာခြင်း၊ မိမိကိုယ်မိမိ ပို လက်ခံနိုင်လာခြင်း၊ အဆက်အသွယ်များပိုတိုးပွားလာခြင်းနှင့် လုပ်ပိုင်ခွင့်များပိုရလာအောင်လုပ်နိုင်စွမ်းရှိလာအောင် လုပ် နိုင်စွမ်းရှိခြင်းလို့ သတ်မှတ်နိုင်ပါတယ်။

ဒုတိယသတ်မှတ်ချက်မှာ Changing our unacceptable reasoning and gratification and experiences (acronym 'COURAGE').ဖြစ်ပါတယ်။ ဒီသတ်မှတ်ချက်မှာပါတဲ့အချက်အလက်များ ကို အောက့်ပါအတိုင်းခွဲစိတ်လျက် အနက်အဓိပ္ပါယ် ဖော်ဆောင်နိုင်ပါတယ်။

C- changing (ပြောင်းလဲအောင်ပြုလုပ်ခြင်း)
O-our (ကျွန်ပ်တို့ရဲ့)
U-unacceptable (လက်မခံနိုင်သော)
R-reasoning (ကျိုးကြောင်းဆက်စပ်စဥ်းစားမှုများ)
A-and (နှင့်)
G-gratification (ကျေနပ်အားရနေမှုများ)
E-experiences (အတွေ့အကြုံများ)
ဒုတိယသတ်မှတ်ချက်ကို ခြုံပြီးပြောရရင် သတ္တိရှိခြင်းဆိုတာ မိမိတို့မှာရှိတဲ့ လက်မခံနိုင်တဲ့ကျိုး ကြောင်း ဆက်စပ်စဥ်းစားမှုတွေ၊ ကျေနပ်အားရနေတဲ့အတွေ့အကြုံများကို လက်ခံ ပြောင်းလဲအောင် လုပ်နိုင်လာခြင်းပင်ဖြစ်ပါတယ်။

သင်ယူမှုလုပ်ငန်းတွေကိုပြင်ဆင်သင်တဲ့အခါမှာလည်း အထက်ပါ အဓိပ္ပါယ်သတ်မှတ်ချက်များမှာပါတဲ့ စွမ်းဆောင်ရည်များ တဖြည်းဖြည်းတိုးတက်လာအောင်ဦးတည်ချက်ထားလျက် လေ့ကျင့်ပျိုးထောင် ပေးကြပါတယ်။ အခြားအသင်းတွေအမည်များမှာပါတဲ့သတ်မှတ်ချက်စွမ်းရည်များရှိလာအောင်လည်း သင်ကြားသင်ယူမှုလုပ်ငန်းများကို ပြုလုပ်ပေးပါတယ်။

မြန်မာနိုင်ငံမှကလေးများလည်း ကောင်းတဲ့ပညာသင်ကြားနိုင်ခွင့်များရနိုင်စေရန်ဆုတောင်းရင်းမျှဝေလိုက်တာဖြစ်ပါတယ်။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်

 

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...