
ဒီနေ့” ဆိုးဝါးတဲ့မိဘတွေရဲ့ အမူအကျင့်များ” ကို ရှောင်ရှားနိုင်စေရန် Food for Thought 811 အဖြစ်မျှဝေ လိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း)၊ ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရုန်ကုန်။
ဆိုးဝါးတဲ့မိဘတွေရဲ့ အမူအကျင့်များ
ဆိုးဝါးတဲ့မိဘတွေဆိုတာက
ကလေးကို ကိုယ်ချင်းမစာနာဘဲ သူတို့ဖြစ်ချင်တာကိုသာသိပြီး ကလေးဆိုတာ လေး
စားစရာမလိုဘူး၊ ကလေးဆိုတာ လူကြီးပြောသမျှသာနားထောင်ရမယ်၊ ကလေးဆိုတာ
လူကြီးတွေရဲ့ခြယ် လှယ် ခံသလို သဘောထားတတ်သူမျိုးတွေဖြစ်ပါတယ်။
အဲဒီ့လိုဆိုးဝါးတဲ့မိဘတွေမှာ အောက်ပါအကျင့်ဆိုးတွေ အားလုံး
ရှိနေတတ်ကြပါတယ်။ အဲဒီ့လူမိဘရဲ့အုပ်ထိန်းမှုကနေ ကြီးပြင်းလာတဲ့ကလေးတွေဟာ
အားငယ်ခြင်း၊ သိမ်ငယ်ခြင်း၊ ကြောက်ရွံ့ခြင်းတွေနဲ့ ကြီးပြင်းလာနိုင်ပါတယ်။
တချို့တွေကျပြန်တော့လည်း အရွဲ့တိုက်တတ် လာပြီး
ဆိုးတယ်လို့သတ်မှတ်ခံရတဲ့ကလေးတွေဖြစ်လာကြပါတယ်။
၁)ကလေးကိုလျစ်လျူရှုထားခြင်း
ကလေးကိုလျစ်လျူရှုတယ်ဆိုတာ
ကလေးဟာလည်း ကလေးအလျှောက် စိတ်ခံစားချက်ရှိမယ်၊ ကစားဖော် လိုချင်မယ်၊
ဘာတွေတွေးတောနေမလဲ၊ ဘာတွေခံစားနေမလဲ ၊ ဘာတွေပြောချင်နေမလဲ ဆိုတ့ဲ ကလေးရဲ့
စိတ်ခံစားချက်ကို လုံးဝထည့်မတွေးပေးဘဲ လူကြီးကလည်း လုပ်ချင်ရာလုပ်နေ၊
ကလေးကလည်း လုပ်ချင်ရာ လုပ်နေတာမျိုးပါ။ ကလေးကအမှားတွေ၊ အလွဲတွေလုပ်တော့မှ
“ဒါတွေဘာလုပ်တာလဲ” ဆိုပြီး အပြစ်ပြော တတ်သူမျိုးပါ။
အဲဒီလိုလျစ်လျူရှုခံထားရတဲ့ကလေးတွေဟာ များသောအားဖြင့်
အော်ဟစ်သောင်းကျန်းတာ၊ ဆိုးဝါးတဲ့အပြုအမူတွေလုပ်တာ၊
အရွဲ့တိုက်တာစတဲ့နည်းလမ်းတွေနဲ့ လူကြီးအာရုံစိုက်ခံရအောင်လုပ်တတ် ကြ ပါတယ်။
အဲဒါကြောင့် ကလေးကိုလျစ်လျူရှုထားပြီးမှ ကလေးက သောင်းကျန်းတာမျိုး၊
အာရုံစိုက်ခံရတာ မျိုးလုပ်တဲ့အခါ ကလေးကဆိုးလိုက်တာလို့ပြောတတ်ကြပါတယ်။
တကယ်တော့မိဘတွေ ကိုယ်တိုင် ကိုယ့်
ကိုယ်ကိုယ်ပြန်သုံးသပ်ပြီးမှဆင်ခြင်ရမှာပါ။
၂)လူရှေ့သူရှေ့အော်ဟစ်အပြစ်တင်ခြင်း
ကလေးဆိုတာက
ကလေးအသိဥာဏ်လေးပဲရှိမှာပါ။ လူကြီးလိုအသိဥာဏ်ဖြစ်လာအောင် မိဘက ပြောပြသွန်
သင်ပေးရမှာဖြစ်ပါတယ်။ အဲဒီ့အတွေးကို လူကြီး စွဲမြဲစွာ မှတ်သားထားပြီး
ကလေးကအမှားတွေလုပ်တဲ့အခါ မိဘက နားလည်ပေးရမှာဖြစ်ပါတယ်။
ဆိုးဝါးတဲ့မိဘတွေကတော့ အဲဒီ့အတွေးမျိုးလုံးဝမတွေးဘဲ ကလေးရဲ့
အမှားတွေမြင်တဲ့အခါ လူရှေ့သူရှေ့မရှောင် အကြီးအကျယ်အပြစ်တင်ရှုံ့ချတာမျိုး၊
ဆူပူအော်ဟစ်ရိုက်နှက် တာမျိုးလုပ်တတ်ကြပါတယ်။ အဲဒီ့အခါ ကလေးက အရှက်ရခြင်း၊
ထူပူခြင်းတွေနဲ့အတူ နောက်ထပ်သော စူးစမ်းမှုတွေ၊ လေ့လာမှုတွေကို
မလုပ်ရဲတော့အောင် ကြောက်လန့်သွားနိုင်ပါတယ်။ အဲဒါအပြင် သိမ်ငယ်စိတ်၊
အားငယ်စိတ်ပါဝင်လာတတ်ပါတယ်။ နောက်တစ်မျိုးကတော့ အဲဒီလို လူရှေ့သူရှေ့
အော်ဟစ်အပြစ်တင်၊ ရိုက်နှက်ခံရတာ အသားကျလာတဲ့အခါ
လူပေလူတွေလေးတွေဖြစ်သွားတတ်ပြီး ဘာပြောပြောဂရုမစိုက်တတ်တဲ့
ကလေးတွေလည်းဖြစ်လာနိုင်ပါတယ်။
၃)ကလေးကိုအသေးစိတ်ကအစလိုလေသေးမရှိလုပ်ပေးခြင်း
နောက်တစ်ခုကတော့
ကလေးရဲ့အငြိုငြင်ကိုလုံးဝမခံတာပါပဲ. ကလေးရဲ့ငိုသံတချက်အထွက်မခံဘဲ ကလေးလို
ချင်သမျှ၊ လုပ်ချင်သမျှကို အားလုံး လိုလေသေးမရှိ
မိဘကလိုက်လုပ်ပေးတာမျိုးပါ။ ဒါကလည်း ကလေးကို အကူအညီမရှိဘဲ မနေတတ်တဲ့အတွက်
ကလေးရဲ့ပင်ကိုယ်အစွမ်းအစတုံးစေပါတယ်။ တခုခုဆိုရင် အမြဲ
တပါးသူကိုအားကိုးတတ်သွားစေပါတယ်။ ထက်မြက်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့
မှန်ကန်အောင်ဆုံးဖြတ်တတ်
သူဖြစ်စေချင်ရင်ကလေးကိုလည်းကိုယ်ပိုင်လုပ်ခွင့်ပေးပါ။
၄)ကလေးကိုကိုယ်ပိုင်ရွေးချယ်ခွင့်မပေးခြင်း
ဒါကလည်း
ကလေးကိုအနုနည်းနဲ့ ချုပ်ချယ်တာပါပဲ။ အဝတ်အစားဆိုလည်း ဒါလေးပဲဝတ်၊ (ကလေးဝတ်
ချင်သည်ဖြစ်စေ၊ မဝတ်ချင်သည်ဖြစ်စေဂရုမစိုက်တာမျိုး) ဖိနပ်ဆိုလည်း ဒါလေးပဲ
သားနဲ့လိုက်တယ်၊ ဒါလေးပဲယူလိုက်) အရုပ်ဆိုလည်း ဒီအရုပ်ကစျေးကြီးတယ်
ဒါပဲယူပေါ့ စသဖြင့် ကလေးအပေါ် ချစ်တဲ့စိတ်နဲ့ အကုန်လုံးကို
ခြယ်လှယ်မှန်းမသိ ခြယ်လှယ်သွားတဲ့အခါ ကလေးမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်
ဆုံးရှုံး သွားစေပါတယ်။ ကလေးမှာ လိုလေသေးမရှိ ပြီးပြည့်စုံနေရင်တောင်
ကလေးတစ်ယောက်ရဲ့ပျော်ရွှင်မှုမျိုးမရှိဘဲ
အခြားကလေးကိုအားကျနေရတဲ့အဖြစ်မျိုးပါ။
၅)အခြားကလေးများနဲ့နှိုင်းယှဥ်ခြင်း
ဒါကတော့
ကလေးကို မနာလိုစိတ်ဖြစ်လာစေတတ်ပါတယ်။ ဘယ်သူ့သမီးကတော့ ဘယ်လိုတော်တာ၊ နင်က
အသုံးမကျဘူး၊ ဘယ်သူကတော့ ဘယ်အဆင့်၊ နင်နဲ့များတခြားစီပဲ စသဖြင့်
အခြားကလေးတစ်ယောက် နဲ့နှိုင်းယှဥ်ခြင်းဟာ ကလေးရဲ့စိတ်ခံစားချက်ကို
ထိခိုက်စေပြီး ကလေးဟာ သိမ်ငယ်စိတ်၊ အားငယ်စိတ်တွေအပြင်
ချီးကျူးခံရတဲ့ကလေးကိုပါ နာကျင်သွားအောင်လုပ်မိစေတဲ့အထိ
မနာလိုစိတ်ကြီးထွားလာအောင် ပျိုးထောင် သလိုဖြစ်တတ်ပါတယ်။
၆)ကလေးကိုအမိန့်ပေးစေခိုင်းခြင်း
ကလေးကို
အမိန့်ပေးခြင်းကတော့ ကလေးရဲ့ဆုံးဖြတ်ပိုင်ခွင့်ကိုမလေးစားတာနဲ့
အလားတူပါပဲ။ အဲဒါအပြင် ကလေးကို အကျိုးအကြောင်းပြဆွေးနွေးတာမျိုးမလုပ်ဘဲ
“ငါခိုင်းတာသာလုပ်၊ ငါလုပ်သလိုမလုပ်နဲ့” ဆိုတာမျိုးနဲ့ ထိန်းကျောင်းလို့က
ကလေးငယ်တုန်းအရွယ်ပဲရမှာပါ။ ကလေးအရွယ်ရောက်လာတဲ့အချိန်မှာ မိဘမသိအောင်
ခိုးလုပ်တာမျိုးတွေ၊ မိဘကိုလိမ်ညာတာမျိုးတွေ၊
နောက်ကွယ်မှာလုပ်ချင်ရာလုပ်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ မိဘတွေသတိထားရမှာက
ကလေးက အမိန့်ပေးတိုင်းကြောက်လန့်ပြီးလုပ်တတ်ခြင်းက ကလေးငယ်စဥ်ပဲ
ထိန်းကျောင်းလို့ရမှာပါ။ ကလေးအရွယ်ရောက်တဲ့အခါ မိဘကို ရင်မဖွင့်တတ်ခြင်း၊
မဆွေးနွေးတတ်ခြင်း၊
မပွင့်လင်းခြင်းတို့ကြောင့်မဖြစ်သင့်တာတွေဖြစ်လာနိုင်ပါတယ်။
၇)ကလေးခံစားချက်ကိုလှောင်ပြောင်ခြင်း
ကလေးခံစားချက်ကို
အလေးမထားခြင်းဟာလည်း ကလေးက ကိုယ့်ကိုအားကိုးယုံကြည်ရင်ဖွင့်ချင်စိတ်ကို
ဖျက်စီးလိုက်တာနဲ့တူပါတယ်။ ကလေးမှားသွားရင်လည်း
ကလေးဘက်ကနေကိုယ်ချင်းစာစိတ်နဲ့တွေးပေးပြီး အမှန်ပြင်ပေးပါ။
ကလေးရဲ့ခံစားချက်ကို နားလည်ပေးပါ။ ထွေးပွေးကြင်နာပေးပါ။ အဲဒါမှ ကလေးက
ကိုယ့်ကို ယုံကြည်တာ၊ စကားပြောတာမျိုးကနေတဆင့်
ကလေးရဲ့စိတ်ခံစားချက်ကိုနားလည်ပြီး ကလေးကိုဘယ် လို
ပြန်ပြီးပြုပြင်ထိန်းကျောင်းရမလဲဆိုတာကို မိဘကနားလည်နိုင်မှာဖြစ်ပါတယ်။
ကလေးကို လှောင်ပြောင်တာ၊ စနောက်တာမျိုးတွေလုပ်တဲ့အခါ အဲဒီ့လူကို ကလေးက
ဒေါသအလျောက်တုံ့ပြန်ရင်လည်း ကလေးအမှား အဖြစ်သတ်မှတ်ကြပြီး ကလေးကလည်း
ရိုင်းလာတတ်ပါတယ်။ အဲဒါအပြင် ကလေးက သိမ်ငယ်သွားတာမျိုးနဲ့ ဖြစ်လာသမျှကို
အလှောင်ခံရမှာ စိုးကြောက်တဲ့စိတ်နဲ့ မြုံစိစိဖြစ်လာနိုင်ပါတယ်။
အထက်ကအ
ချက် တွေက မိဘတွေမှာသာမက ကလေးတွေရဲ့အနီးဝန်းကျင်မှာ နေသူတွေ၊ ကလေးကို
အုပ်ထိန်း သူတွေနဲ့ ကလေးကိုဆက်ဆံသူတွေအားလုံးသတိထားသင့်တဲ့အချက်တွေပါ။
မိဘမှမဟုတ်ဘဲ ကလေး တစ်ယောက်နဲ့ ပေါင်းသင်းဆက်ဆံခြင်းဟာ အရေးကြီးပြီး
ကွဲကြေလွယ်တဲ့ ဖန်ခွက်လေးတွေကို သတိထားကိုင် တွယ်ရသလိုဖြစ်တယ်ဆိုတာ
လူတိုင်းနီးပါးနားလည်မှ နာကျင်မှုနည်းပြီး၊ trauma နည်းတဲ့ကလေး တွေများ
လာမှဖြစ်ပါတယ်။
မိတ်ဆွေများ ကလေးများအပေါ် အထက်ပါနည်းများဖြင့် ပြောဆိုလုပ်ဆောင်နေမိနေတယ်ဆိုရင် ပြုပြင်နိုင် ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Tuesday, February 4, 2025
ဆိုးဝါးတဲ့မိဘတွေရဲ့ အမူအကျင့်များ Food for Thought 811 ဒေါက်တာသိန်းလွင်
Subscribe to:
Post Comments (Atom)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
-
ဒီနေ့ “သင်ကြားရေးတွင်သုံးရန် ဆရာများအတွက် လမ်းညွှန် (5E) ပုံစံ”ကို Food for Thought 896 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြ...
-
မူလတန်း P-2 တက်နေတဲ့မြေးမလေးကျောင်းကသင်္ချာပုစ္ဆာတွက်ခိုင်းတဲ့စာရွက်မှာ အပေါင်းအနှုတ် မေးခွန်းကိုစဥ်းစားရာမှာ အ ဆင့် (၄) ဆင့် ပါတဲ့ (၁) ...
No comments:
Post a Comment