Wednesday, February 26, 2025

ဗုဒ္ဓလမ်းညွှန်ပြခဲ့တဲ့သင်ခန်းစာ (၁၀) ခု Food for Thought 662

 No photo description available.
ဒီနေ့ဗုဒ္ဓလမ်းညွှန်ပြသခဲ့တဲ့သင်ခန်းစာ (၁၀) ခုအကြောင်းကို Food for Thought 662 အဖြစ်မျှဝေချင်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။

ဗုဒ္ဓလမ်းညွှန်ပြခဲ့တဲ့သင်ခန်းစာ (၁၀) ခု

သတိဖြင့် လုပ်ဆောင်ခြင်း၊ ပြောဆိုခြင်းနှင့်စဥ်းစားခြင်းဖြင့် တဖြည်းဖြည်း အားလုံးမှလွတ်မြောက်ခြင်းဆိုသောနိဗ္ဗာန်သို့ရောက်ရှိမည်သာဖြစ်ပါတယ်။

ဗုဒ္ဓက ရုပ်ဝတ္ထုပစ္စည်းများကို ပိုင်ဆိုင်လိုမှုထက် ငြိမ်းအေးမှု၊ ဖြစ်လာတဲ့အနေအထားကို လက်ခံပေးမှုနှင့် တွယ်တာမှုကင်းခြင်းတို့ကိုအလေးထားလမ်းညွှန်ပုံဖော်ခဲ့ပါတယ်။ အဲဒီလမ်းညွှန်မှုကိုအခြေခံပြီး လူသားတွေရဲ့ စိတ်ပိုင်း နှင့် စိတ်လှုပ်ရှားခံစားမှုအပိုင်းတို့ကို ပိုနားလည်လာစေပါတယ်။

မြတ်ဗုဒ္ဓရဲ့လမ်းညွှန်မှုများကို လိုက်နာခြင်းဖြင့် လူသားတွေဟာ ပိုကောင်းမွန်တဲ့ဘဝကိုတည်ဆောင်နေနိုင်ကြမှာ ဖြစ်ပါတယ်။ အောက်ဘက်မှာဗုဒ္ဓညွှန်ပြခဲ့တဲ့သင်ခန်းစာ (၁၀) ခုကိုမျှဝေ လိုက်ပါတယ်။

၁။ အခြားလူများအတွက် ရက်ရောစွာပေးကမ်းပါ။

ပေးကမ်းစွန့်ကျဲခြင်းရဲ့ အစွမ်းကို ကျွန်ုပ်သိသလို သင်တို့သိမယ်ဆိုရင် သင်တို့ဟာ ထမင်းတစ်နပ်ကိုပင် အခြား လူများအတွက်တစ်နည်းနည်းအားဖြင့် မမျှဝေဘဲ ကိုယ်ချည်းစားသုံးကြမှာမဟုတ်ကြပါဘူး။ နည်းနည်း လေးပင် ရှိပါစေ ပေးကမ်းပါ လို့ လမ်းပြခဲ့ပါတယ်။

သီးခြားစီလမ်းခွဲနေမှုကြောင့် လောကမှာအကြီးမားဆုံးသော ဆင်းရဲခြင်းဒုက္ခများရောက်နေကြရပါတယ်။ တစ်ဦး နှင့်တစ်ဦးထောက်ထားစာနာမှုပြကြမှုကတော့ ကမ္ဘာလောကရဲ့စစ်မှန်တဲ့စွမ်းအားဖြစ်ပါတယ်။

ဖယောင်းတိုင်တစ်တိုင်မှ ထောင်ပေါင်းများစွာသောဖယောင်တိုင်များကို မိးညှိထွန်းပေးနိုင်ပြီး အဲဒီလို အခြားဖယောင်းတိုင်ထောင်ပေါင်းများစွာကိုမီးထွန်းညှိပေးပေးရပေမဲ့ မီးထွန်းညှိပေးတဲ့ဖယောင်းတိုင်မှာ ထိုသို့ ထွန်းညှိပေးနေရတဲ့အတွက် ပိုတိုးသွားတယ်။ ကုန်သွားတယ်ဆိုတာမျိုးမရှိပါ။ အလားတူပင်ပျော်ရွှင်ချမ်းမြေ့မှု ဆိုတာ အခြားလူများသို့မျှဝေပေးခြင်းဖြင့် ဘယ်တော့မှ လျော့ကျသွားတယ် ဆိုတာမရှိပါဘူး။

၂။ မိမိကိုယ်ကို တွယ်တာနေမှုများမှကင်းအောင်နေထိုင်ကျင့်ကြံပါ။

သူ့အကြောင်းကြောင့် ဖြစ်လာတဲ့အရာရာတိုင်းဟာမမြဲတဲ့သဘောရှိကြပါတယ်။ ဒီသဘောကို အသိဉာဏ်ဖြင့် မြင်လိုက်တဲ့အခါ မြင်သူဟာ ဘေးဒုက္ခအပေါင်းမှ ကင်းဝေးပါတယ်။

လူသားတွေအများစုဟာ မိမိတို့ကိုအရင်ကပျော်ရွှင်စေတဲ့အရာတွေကို တွယ်တာမက်မောတဲ့ လူမှုအဖွဲ့အစည်း မှာနေနေကြတာဖြစ်ပါတယ်။ နေထိုင်တဲ့ဘဝပုံစံ၊ အဝတ်အထည်များ၊ သုံးဆောင်တဲ့ကားများ၊ ပေါင်း သင်း ဆက်သွယ်ခဲ့တဲ့လူများအပေါ် တွယ်တာမက်မောနေတတ်ကြပါတယ်။

စကြာဝဠာကြီးမှာပြောင်းလဲနေပါတယ်။ စကြာဝဠာအတွင်းမှာရှိတဲ့အရာရာတိုင်း၊ နေထိုင်သူတိုင်းလည်းပြောင်း နေရမှာဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့မှာဖြစ်နေတဲ့တွယ်တာမက်မောနေမှုတွေကိုလည်း မိမိတို့ထံမှ ခွါထုတ် ရမှာ ဖြစ်ပါတယ်။ တွယ်တာမက်မောနေမှုများကို ကင်းပြတ်အောင်လုပ်ရမှာဖြစ်ပါတယ်။
မက်မောတွယ်တာနေတာတွေအားလုံးကို စွန့်လွှတ်ဖယ်ထုတ်ရမယ်ဆိုတာကို သတိပြုမိတဲ့အခါ ငြိမ်း အေးမှုကိုကိုရှာတွေ့မှာဖြစ်ပါတယ်။ တစ်ခုခုကိုတွယ်တာနေတာ အိုကေပါတယ်။ ဒါပေမဲ့ ထိုတွယ်တာ နဲ့ခွဲခွါရတော့မဲ့အချိန်ရောက်လာတဲ့အခါမှာ တွယ်တာနေမှုကြောင့် သင့်ကို ထိခိုက်နာကျင်မှုမဖြစ်ပါစေနဲ့။

၃။ အဖြေများကိုရှာတွေ့ရန် ဘဝခရီးလမ်းကိုလျောက်ပါ။

မိမိတို့ကို အခြားဘယ်သူကမှ ကယ်မှာမဟုတ်ပါ။ မိမိကိုမိမိကိုယ်တိုင်ကသာကယ်ရမှာဖြစ်ပါတယ်။ အခြား ဘယ် သူကမှ မကယ်နိုင်သလို ကယ်မှာလည်းမဟုတ်ပါ။ လူသားတိုင်းမိမိ လျောက်ရမဲ့လမ်းကို ကိုယ်တိုင် လျောက် လှမ်းရမှာဖြစ်ပါတယ်။

ဘဝခရီးကိုလျောက်လှမ်းတဲ့အခါမှာ မိမိကို လမ်းပြစေရန် တစ်ယောက်ယောက်အပေါ် မှီခိုအားထားနေမဲ့အစား ကိုယ်တိုင်ရဲဝံ့စွာ လျောက်လှမ်းမဲ့လမ်းကို ထင်လင်းနေအောင် ပြုလုပ်ပါ။ အမှန်တရားကိုရှာတဲ့လမ်းမှာ လုပ်မိ နိုင်တဲ့ အမှား (၂) ခုသာရှိပါတယ်။ အဲဒီအမှား (၂)ခုကတော့ (၁)လမ်းတစ်လျောက်မှာမလျောက်လှမ်းဘဲနေခြင်းနှင့် (၂)စတင်မလှမ်းဘဲနေခြင်းတို့သာဖြစ်ကြပါတယ်။လူသားတွေဟာကိုယ်တိုင်လျောက်လှမ်းရမဲ့လမ်းကို တွေ့အောင် ရှာဖို့ လိုအပ်ပါတယ်။ ပြီးတော့ အဲဒီလမ်းကြောင်းကို လျောက်လှမ်းဖို့ လိုပါတယ်။ ဘဝခရီးဆိုတာကိုယ်တိုင် စတင် လျောက်လှမ်းခြင်းဖြင့် စပြီး ကိုယ်တိုင် ဆုံးအောင်လျောက်လှမ်းခြင်းဖြင့် အဆုံးသပ်ပါတယ်။

၄။ ထောင်လွှားမှုကင်းပြီးနှိမ်ချမှုရှိတဲ့စိတ်ဖြင့် လမ်းကိုလျောက်လှမ်းပါ။

ပတ်ကြားအက်ကြောင်းနှင့် ကျောက်ဆောင်များကြားမှာဖြတ်သန်းစီးဆင်းနေတဲ့မြစ်တွေကို လေ့လာကြည့်ပါ။ ကျဥ်းမြောင်းတဲ့လမ်းလေးတွေကို ဖြတ်စီးဆင်းရတဲ့မြစ်ချောင်းတွေဟာအသံတွေဆူညံနေတတ်ပြီး ကျယ်ပြန့်တဲ့ ကွင်းပြင်ကျယ်ကြီးတွေကိုဖြတ်စီးဆင်းတဲ့မြစ်တွေက တိတ်ဆိတ်ငြိမ်သက်စွာစီးဆင်းကြပါတယ်။ အလားတူပင် မပြည့်ဝတဲ့အရာရာတိုင်းက အသံတွေထွက်လာတတ်ပါတယ်။ ပြည့်ဝတဲ့အရာရာတိုင်းကတော့ ငြိမ်သက်တည် ငြိမ် အေးဆေးပါတယ်။

မိမိကိုယ်မိမိနှိမ်ချခြင်းဟာ အများနှင့်ဆက်ဆံရာတွင်ယုံကြည်မှုဖြစ်စေပြီး သင်ယူမှုကိုဖြစ်အောင် အထောက် အကူပြုပါတယ်။ အဲဒီအချက်တွေက ခေါင်းဆောင်မှုနှင့် လူတစ်ဦးချင်းတိုးတက်ရေးအတွက် အဓိကကျတဲ့အချက် တွေဖြစ်ပါတယ်။

ပြုပြင်ပြောင်းလဲလိုတဲ့ စိတ်ထားရှိတဲ့နယ်ဆင်မင်ဒဲလားပြောသလိုပင် လူတိုင်းဟာအရင်ဦးဆုံးမိမိကိုယ်မိမိ ရိုးသား ဖြောင့်မတ်မှုရှိရပါမယ်။ ကိုယ်ကိုယ်တိုင်မပြောင်းလဲဘူးဆိုရင် သင့်အနေဖြင့် လူမှုအဖွဲ့အစည်းအပေါ် အကျိုးသက် ရောက်မှုရှိအောင်လုပ်နိုင်မှာမဟုတ်ပါဘူး။ ငြိမ်းချမ်းမှုကို တည်ဆောက်သူကြီးမြတ်သူတိုင်းဟာ သိက္ခာရှိသူ၊ ရိုး သား ဖြောင့်မှန်သူနှင့်မိမိကိုယ်မိမိနှိမ်ချသူများဖြစ်ကြပါတယ်။

၅။ အတ္တစိတ်ကို ထိန်းသိမ်းနိုင်အောင် လေ့ကျင့်ပါ။

မိမိကိုယ်မိမိ အောင်နိုင်ခြင်းမှာအခြားလူများအပေါ်အောင်နိုင်ခြင်းထက် ပိုကြီးကျယ်မြင့်မြတ်ပါတယ်။

အတ္တအလုပ်မှာ မိမိကိုယ်မိမိ ကာကွယ်ဖို့ဖြစ်ပါတယ်။ ဒါကြောင့် မိမိကိုကာကွယ်ဖို့ လုပ်နေတဲ့အတွက် အစဥ်သဖြင့် ဘေးများနေပါတယ်။ တွေ့လာတဲ့အခြေအနေက ဘေးကင်းနေပေမဲ့ အတ္တသဘောအရ တစ်ခုခု လွှဲမှားသွားဖို့ကိုမျှော်လင့်ထားတတ်တဲ့အတွက် စိတ်ဆိုးစရာများဖြစ်လာတတ်ပါတယ်။ အတ္တအလုပ်က မိမိ ကိုယ်မိမိကာကွယ်ဖို့ဖြစ်တဲ့အတွက် ခြိမ်း‌ခြောက်နေမှုကို တမင်လိုက်ရှာနေတတ်ပါတယ်။ ဒါမှသာမိမိကိုယ်မိမိ ထိုဘေးရန်ခြိမ်း‌ခြောက်မှုမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အဲဒီဘေးရန်ဆိုတာ အစစ်အမှန်ဖြစ်နိုင်သလို စိတ်ကူးထဲ မှာတွေးထားနေတာလည်းဖြစ်နိုင်ပါတယ်။ အဲဒီလို အပျက်သဘောအမြင်ရှိတဲ့အတွက် အတ္တရဲ့ပင်ကိုယ်သဘော မှာ ကြောက်စရကောင်းနေခြင်းပင်ဖြစ်ပါတယ်။

အတ္တကမိမိကိုယ်ကိုယ်မိမိဖော်ထုတ်ထားတဲ့ပုံရိပ်ကို အကာအကွယ်ပေးချင်ပါတယ်။ အဲဒါကအတ္တအလုပ်ဖြစ် နေလို့ပါ။ ဒါပေမဲ့ လက်တွေ့အစစ်အမှန်ကိုမြင်ရတဲ့အခါမှာ အတ္တကပိုလို့ပင်ကြီးမားလာပြီး ပြဿနာပို ကြီးလာ စေတတ်ပါတယ်။ တစ်ခုခုက မိမိတို့ရဲ့အခြေအနေကို ယူသွားဖို့ကြိုးစားနေတယ်လိုအတ္တကပြောနေတယ် လို့ စိတ်မှာ အထင်ရောက်စေတတ်ပါတယ်။ အတ္တကြောင့်မိမိကိုယ်မိမိရှက်စရာကောင်းတဲ့အတွေးများဖြစ်လာ စေတတ်ပါတယ်။ စိတ်ထဲမှာ မသက်မသာကျဥ်းကြပ်မှုများဖြစ်လာတာကအတ္တကြောင့် ဖြစ်လာတဲ့စိတ်လှုပ်ရှား ခံစားမှုများဖြစ်ပါတယ်။ အဲဒီစိတ်လှုပ်ရှားခံစားမှုကမိမိကိုယ်မိမိလေးစားတန်ဖိုးထားမှုကို ထိခိုက်လာစေပါတယ်။

၆။ မုန်းတီးမှု၊ မကျေမနပ်ဖြစ်မှုနှင့်ကြောက်တဲ့စိတ်မျာကို ထုတ်ပေးနေခြင်း

လူသားတွေက စိတ်ကိုအိမ်တစ်ဆောင်လို့ရှုမြင်ကြပါတယ်။ မိမိတို့အိမ်ကိုမီးလောင်တဲ့အခါ လောင်နေတဲ့မီးကို သတ်နိုင်အောင် အရင်ဆုံးအားထုတ်ရန် လိုအပ်ပါတယ်။ အိမ်ကိုမီးလောင်အောင် လုပ်တဲ့လူက ဘယ်သူလဲဆိုတာ ကို အရင်လိုက်ရှာနေရန် မဟုတ်ပါဘူး။

အဲဒီစိတ်လှုပ်ရှားခံစားမှုများကိုအရင်ဆုံးမဖြစ်အောင်စောင့်ရှောက်ပါ၊ ဘာကြာင့်လဲဆိုတော့ ကြောက်တဲ့စိတ်။ ပူပင်သောကရောက်တဲ့စိတ်နှင့်ဒေါသစိတ်များမှာဖြစ်လာတဲ့အရာရာတိုင်းဟာလောင်နေတဲ့အပူမီးကို ပိုဆိုးစေ တတ်တဲ့အတွက်ဖြစ်ပါတယ်။ အဲဒီလိုဆူပွက်နေတဲ့စိတ်လှုပ်ရှားခံစားမှုကို ထိန်းသိမ်းနိုင်အောင် စိတ်အေးတည်ငြိမ် မှုကို ဖြစ်စေတဲ့နေရာကိုရှာပြီးစိတ်တည်ငြိမ်အောင်ထိန်းသိမ်းပါ။

ဗုဒ္ဓကိုယ်တိုင် သေဘေးနှင့်ကြောက်စရာဘေးများစွာကို ကြုံခဲ့ဘူးပါတယ်။ အဲဒီကြောက်လန့်စရာများကို ဘယ်လို ကျော်လွှားခဲ့ကြောင်း အောက်ဘက်မှာဖော်ပြထားပါတယ်။

ကျွန်ုပ်ဟာမှောင်မိုက်တဲ့ကာလ လမိုက်တဲ့အချိန်တွေမှာ ကျွန်ုဟာထူးဆန်းပြီးကြောက်လန့်စရာကောင်းတဲ့ နေရာ များ သို့ရောက်ရပါတယ်။ လိုင်ဂူတွေနားနှင့် တောနက်တဲ့နေရာတွေမှာဆိုရင် ကျွန်ုပ်အနေဖြင့် ကြောက် လန့်ခြင်းနှင့် ကြောက်လန့်စရာတွေအကြောင်း နားလည်နိုင်စေခဲ့ပါတယ်။ အဲဒီလိုနေရာတွေသိုသွားတဲ့အခါမှာ တောရိုင်းတိရစ္ဆာန်တစ်ကောင်ကောင်က ကျွန်ုပ်အား ချဥ်းကပ်လာနိုင်ပါတယ်။ အဲဒီအချိန်မျိုးမှာ လေကသစ်ရွက် ခြောက်တွေကိုတိုးဝှေ့တိုက်လိုက်တဲ့အတွက် ကျွန်ုပ်စိတ်ထဲမှာ ကြောက်လန့်စရာလာနေပြီလို့စိတ်မှာ စဥ်းစားလာ နိုင်ပါတယ်။ ဒါပေမဲ့အဲဒီလိုဖြစ်လာတဲ့ကြောက်တဲ့စိတ်ကို ဖယ် ထုတ်ပြစ်ရန် ဆုံးဖြတ်ထားပြီးဖြစ်တဲ့အတွက် ကျွန်ုပ်ဟာအဲဒီလိုဖြစ်လာတဲ့အချိန်မှာ ရှိနေတဲ့ကိုယ်နေကိုယ်ထားအတိုင်းတည်ငြိမ်စွာနေနေပါတယ်။ ထိုင်လျက် ဖြစ်စေ၊ လမ်းလျောက်လျက်ဖြစ်စေ၊ သို့မဟုတ်လဲလျောင်းလျက်ဖြစ်စေ ရှိနေတဲ့အနေအထားအတိုင်း တည်ငြိမ် စွာနေခဲ့ပါတယ်။ အဲဒီကြောက်လန့်စရာကို ရင်ဆိုင်တဲ့အထိ မူလရှိနေတဲ့ကိုယ်နေကိုယ်ဟန်အတိုင်းနေခဲ့ပါတယ်။ နောက်ဆုံးကြောက်နေတဲ့စိတ်က ကျွန်ုပ်အပေါ် ထိန်းချုပ်ထားတာမှ လွတ်မြောက်သွားတဲ့အထိ အဲဒီအတိုင်း နေပြီးရင်ဆိုင်ခဲ့ပါတယ်။ အဲဒီစိတ်ကူးမျိုးဖြစ်လာပြီး ကြောက်လန့်မှုကိုရင်ဆိုင်ကျော်လွှားတဲ့အခါ ကြောက်လန့် နေမှုမှ လွတ်မြောက်သွားပါတယ်။

၇။ လက်ရှိမျက်မှောက်အချိန်မှာစိတ်ကို တည်ငြိမ်စွာရှိအောင်ထိန်းထားပါ။

အတိတ်ဆိုတာမရှိတော့ပါဘူး။ အနာဂါတ်ဆိုတာကလည်း အခုအချိန်မှာမရောက်သေးပါဘူး။ သင်တို့အတွက် သက်ရှင်နေနိုင်တဲ့အချိန်တစ်ခုသာရှိပါတယ်။ အဲဒီအချိန်ကတော့ လက်ရှိမျက်မှောက်အချိန်သာဖြစ်ပါတယ်။

တကယ်လို့သာကျွန်ုပ်တို့တတွေဟာ လက်ရှိမျက်မှောက်အချိန်မှာသက်ရှင်နေထိုင်မှုမရှိဘူးဆိုရင် ဘဝမှာ လက် လွတ်ဆုံးရှုံးသွားကြမှာဖြစ်ပါတယ်။ အ တိတ်သို့လည်းမပြန်ပါနဲ့။ မရောက်သေးတဲ့အနာဂါတ်ကိုလည်း စောင့်မနေပါနဲ့။
မိမိအသက်ရှုသွင်းလုပ်နေရတဲ့မျက်မှောက်လက်ရှိအချိန်ကိုအကောင်းဆုံးလက်ဆောင်အဖြစ်မှတ်ယူပြီးအစဥ်အသိနှင့်ယှဥ်တဲ့သတိရှိလျက်သက်ရှင်နေထိုင်ပါ။ အတိတ်နှင့်အနာဂါတ်ဆိုတာတွေက စိတ်ထဲမှာရှိနေတာတွေသာ ဖြစ်ပါတယ်။ လက်ရှိ မျက်မှောက်အချိန်သည်သာ တကယ်ရှိနေတဲ့အချိန်ဖြစ်ပါတယ်။

မျက်မှောက်အချိန်ကိုအပြည့်အဝလက်လှမ်းမှီအသုံးပြုနိုင်ဖို့အတွက် ကျွန်ုပ်တို့အနေဖြင့် အစဥ်သဖြင့် တွေးတော နေတဲ့ယောက်ယက်ခပ်ပြီး အနှစ်မဲ့တဲ့စဥ်းစားတွေးတောနေမှုများမှမိမိကိုယ်ကို ခွဲထွက်ရန် လိုအပ်ပါတယ်။ အဲဒီ အစဥ်တစ်စိုက်စဥ်းစားနေမှုတွေက အတိတ်နှင့်ဖြစ်စေ အနာဂါတ်နှင့် ဖြစ်စေ မိမိတို့စိတ်ကို‌သော့ဖြင့် တွဲခတ် ထားသလို ချုပ်နှောင်မိနေစေပါတယ်။ အဲဒီလိုခွဲထုတ်တဲ့အလေ့အကျင့် ကိုပြုလုပ်လိုက်တဲ့အခါ အမှန် တရား မှာရှင်းလာပါတယ်။ လူသားတွေလိုချင်နေတာမှန်သမျှက လက်ရှိအချိန်မှာသာရှိတယ်ဆိုတဲ့အမှန် တရား ကို သဘောပေါက်နားလည်လာပါတော့တယ်။

၈။ ကျွန်ုပ်တို့တတွေဟာမိမိတို့ကံကြမ္မာကိုရေးနေသူများဖြစ်ကြပါတယ်။

ဖြူစင်သန့်ရှင်းမှု၊ မဖြူစင်မသန်းရှင်းမှုတို့ဟာမိမိအပေါ်မှာသာတည်နေပါတယ်။ ဘယ်သူကမှအခြားတစ်ယောက် ယောက်ကို ဖြူစင်သန့်ရှင်းအောင် လုပ်မပေးနိုင်ကြပါဘူး။

သင့်ကံကြမ္မာကိုသင့် လက်ဖြင့် သင်ကိုယ်တိုင်ရေးပါ။ ရေးလို့မကြိုက်နှစ်သက်ရင် ‌ဖျက်ပြီးနောက်တစ်ကြိမ် ကိုယ်တိုင်ပြန်ရေးပါ။ အဲဒီလို လုပ်ဆောင်မှုဟာအလွန် အားကောင်းလှတဲ့ဘဝလျို့ဝျက်ချက်တစ်ခုဖြစ်ပါတယ်။ ကျွန်ုပ်တိုဟာမိမိကံကြမ္မာကို ကိုယ်တိုင်ရေးခြင်း၊ မနှစ်သက်ရင် ပြန်ရေးခြင်းတို့ကို လုပ် ဆောင်နိုင်တဲ့အတွက် ကျွပ်တို့မှာစွမ်းအားအလွန်ကြီးမားကြပါတယ်။ ဒါကြောင့် သင့်အနေဖြင့် သိဖို့လိုတာက သင့်ဘဝမှာသင်ကိုယ်တိုင် ဘာလုပ်ချင်ကြောင် သိဖို့ဖြစ်ပါတယ်။

ပထမအဆင့်ကတော့မိမိမှာယုံကြည့်မှုတည်ဆောက်ရန်ဖြစ်ပါတယ်။ ယုံကြည်ရင်အားလုံးလုပ်ဆောင်နိုင်တယ်ဆို တာကို သတိရမှတ်မိပါ။ ဒုတိယအဆင့်အနေဖြင့် မိမိကိုယ်မိမိ ယုံကြည်မှုတည်ဆောက်ပါ။ မိမိမှာ အားနည်း ချက်ရှိတယ်လို့ စဥ်းစားနေတာမျိုးကိုရှောင်ရှားပါ။ အားနည်းချက်မရှိအောင် ကြိုးစားနေထိုင်ပါ။

ဆိုလိုတဲ့သဘောကတော့ သင့်စိတ်ထဲမှာတစ်ခုခုကို လုပ်ရန်မှားတယ်လို့ စဥ်းစားထားပါတယ်။ ဒါပေမဲ့အဲဒါကို လုပ်ဆောင်လိုက်ပါတယ်။ အဲဒီလို ဖြစ်နေတဲ့အနေအထားကိုစိတ်နှစ်ခွဒွိဟဖြစ်နေတဲ့အနေအထားလို့ သတ်မှတ် ပါတယ်။ အဲဒီလို စိတ်နှစ်ခွဖြစ်နေမှုက သင့်ကိုအားပျော့စေပါတယ်။ ဒါကြောင့် မိမိအမှန်တကယ်ယုံ ကြည် တဲ့အတိုင်း နေထိုင်ရန် လိုအပ်ပါတယ်။

၉။ သင့် ကိုယ်ခန္ဓာကို အာဟာရဖြစ်စေတဲ့အစားအစာများဖြင့် အားကောင်းအောင်စားပါ။

လူတိုင်းဟာကိုယ်ပိုင်ကျန်းမာရေး၊ သို့မဟုတ် ရောဂါရရှိရေးအတွက် ကိုယ်တိုင်ဖန်တီးသူများသာဖြစ်ကြပါတယ်။

ဗုဒ္ဓက သူ့သက်တန်းတစ်လျောက်မှာ လူတွေကျင့်ကြံနေထိုင်လိုက်နာသင့်တဲ့အ‌ခြေခံမူတွေကိုအလေးထားလမ်း ညွှန်ခဲ့ပါတယ်။ ပြီးတော့အဲဒီအခြေခံမူတွေနှင့် ကိုက်ညီအောင် ဘယ်လိုနေထိုင်ကျင့် ကြံရမယ်ဆိုတာကို လည်း နောက် လိုက် တပည့်များကို ပြသလမ်းညွှန်ခဲ့ပါတယ်။

ကိုယ်နှင့်စိတ်တို့ဟာတစ်ခုတည်း ဖြစ်ရေးမူကတော့ ကျန်းမာတဲ့ကိုယ်ခန္ဓာရှိဖို့အတွက် စိတ်ကလည်းကျန်းမာကြံ့ ခိုင်ရန် လိုအပ်သလို စိတ်ကျန်းမာရေးအတွက်လည်း ကိုယ်ခန္ဓာက ကျန်းမာကြံ့ခိုင်ရန် လိုအပ်ပါတယ်။

ဒါကြောင့် ကျန်းမာရေးကောင်းတဲ့ဘဝနေနည်းတစ်ခုကို ထူထောင်နိုင်စေရန် ကျန်းမာရေးနှင့် ညီညွတ်တဲ့အစား အစာများစားသုံးခြင်းနှင့် ကျန်းမာရေးနှင့် ညီတဲ့ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုများပြုလုပ်ရန် လိုအပ်ပါတယ်။ မှန်ကန်သင့်မြတ်တဲ့အစားအစာကို မှန်ကန်သင့်မြတ်တဲ့ပမာနစားသောက်ရေးမှာ မြတ်ဗုဒ္ဓလမ်းပြခဲ့တဲ့ကျန်းမာရေး နှင့် ညီညွတ်တဲ့အစာစားသုံးနည်ပင်ဖြစ်ပါတယ်။

အခြားသောဘာသာရေးများမှာကဲ့သို့ပင်ဗုဒ္ဓဘာသာတွင်လည်း အစားအစာနှင့် ပတ်သက်လို့ကန်ံ့သတ်ချက်အစဥ် အလာများရှိပါတယ်။ ဟင်းသီးဟင်းရွက်၊ အရက်သေစာကိုရှောင်ကျဥ်ခြင်းနှင့် အစာမစားပဲဥပုဒ်စောင့်ခြင်း ဆိုတဲ့ အစာစာခြင်းနှင့် ပတ်သက်တဲ့အပိုင်းများအပေါ်မှာအခြေခံထားပါတယ်။

ဥပမာအားဖြင့် ခြင်္သေ့တစ်ကောင်ဟာအသားကိုသာစားပြီးဆင်ကတော့ ဟင်းသီးဟင်းရွက်အစိမ်းကိုသာစား ပါတယ်။ ခြင်္သေ့တစ်ကောင်ဟာ အချိန် (၃) နာရီကြာအောင် အဆက်မပြတ်တိုက်ခိုက်နိုင်ပါတယ်။ အဲဒီလို တိုက်ခိုက်ပြီးရင်မောပန်းသွားပါတယ်။ ဒါပေမဲ့ဆင်တစ်ကောင်ကတော့ နာရီ (၂၀) ကြာအောင်ဆက်တိုက် တိုက် ခိုက် နိုင်ပါတယ်။ ဒါကြောင့် အစိမ်းရောင်အသီးအရွက်တွေက အသားတွေထက် စွမ်းအားပိုဖြစ်စေပါတယ်။

ဗုဒ္ဓလမ်းညွှန်ချက်နှင့်အညီစားသောက်နေထိုင်သူတွေက သတိနှင့် ယှဥ်ပြီးအစားအစာကိုစားသောက်ကြပါတယ်။ အစာစားတဲ့အခါ စားတဲ့အစာပေါ်မှာသာကိုယ်ရောစိတ်နှလုံးပါထားစားပါတယ်။ ဒါကြောင့် စားတဲ့အစားအစက ဆေးလိုအာနိသင်ဖြစ်လာစေပါတယ်။ ခေတ်မှီ အာဟာရသိပ္ပံအဆိုအရ စားတဲ့အစားအစာမှာ အနှောက် အယှက်တွေရှိနေရင် သင့် အစာချေမှုအပေါ် ပြောင်းပြန်အကျိုးသက်ရောက်မှုများဖြစ်စေနိုင်ကြောင်း ထောက်ပြ ထားပါတယ်။

၁၀။ စစ်မှန်မှုကို မတွန်းလှန်ပါနဲ့။
ကမ္ဘာလောကတစ်ခုလုံးဟာပျက်စီးခြင်းနှင့်သေဆုံးခြင်းတို့ဖြင့်ဖိစီးနှိပ်စက်မှုကို ခံနေကြရပါတယ်။ အဲဒါက ရှောင်လွှဲလို့မရတဲ့အစစ်အမှန်တရားဖြစ်ပါတယ်။ ဒါပေမဲ့အသိဉာဏ်ရှိသူတွေက လောကသဘာဝကို သဘော ပေါက်နားလည်ထားပြီး ထိုသဘာဝမျိုးဖြစ်လာတဲ့အခါ စိတ် ပူပင်သောကရောက်ခြင်း ပူဆွေးကျေကွဲခြင်း မရောက်ကြပါ။

ဗုဒ္ဓလမ်းညွှန်မှုအရ လူသားတွေတွေ့နေရတဲ့အဓိကပြဿနာမှာ မကောင်းမှု မဟုတ် ။ အဝိဇ္ဇာဆိုတဲ့မှားယွင်း နေတဲ့ သိမှုပင်ဖြစ်ပါတယ်။ အဝိဇ္ဇာဆိုတာ အစစ်အမှန်ကို လွဲမှားစွာနားလည်နေမှုပင်ဖြစ်ပါတယ်။

အရာရာတို့ဟာ လူသားတွေမြင်နေကြသလို ဖြစ်တည်နေကြပါသလား။ အရာဝတ္ထုတွေဟာလူတွေမြင်နေ ကြသလို သီးသန့် ရပ်တည်မှုနဲ့ရှိနေကြပါသလား။ “ငါ” “ငါ့ဟာ”ဆိုတာ အမှန်တကယ်ရှိနေတာပါလား။ ဒီကမ္ဘာ ကြီးက တောင်တွေ၊ မြစ်တွေ၊ ပင်လယ်သမုဒ္ဒရာတွေမြို့ရွာတွေရှိနေပြီး အဲဒါတွေအားလုံးဟာအစိုင်အခဲ ခိုင်မာအားထားနိုင်တာတွေဟုတ်ပါသလား။ အတိတ်၊ မျက်မှောက်ကာလ၊ အနာဂါတ်တို့မှာ မတူတဲ့အရာသုံးခုလို့ ထင်နေရပါတယ်။ ဖော်ပြခဲ့တာတွေဟာအစစ်အမှန်တွေဖြစ်နေမယ်ဆိုရင်အဲဒီအစစ်အမှန်များမှလွတ်မြောက်ရန် ဆိုတဲ့ဗုဒ္ဓလမ်းစဥ်ရဲ့ဦးတည်ချက်မှာမဖြစ်နိုင်တော့ပါ။

လူသားတွေ‌မျှော်မှန်းထားတဲ့စစ်မှန်တယ်ဆိုတာနဲ့ မြတ်ဗုဒ္ဓကဖော်ညွှန်းပြဆိုတဲ့နေ့စဥ်နှင့်အမျှ တကဲ့လက်တွေ့ အနေအထားအစစ်အမှန်အတွေ့အကြုံများမှာဆန့်ကျင်နေတဲ့သဘောတွေဖြစ်နေပါတယ်။

အဲဒီလိုဖြစ်နေရတဲ့အကြောင်းမှာ အရာရာကလူသားတွေစိတ်မှာထင်နေတာနဲ့ သူတို့ပင်ကိုယ်အရှိတရားတို့မှာ မတူကြတဲ့အတွက်ဖြစ်ပါတယ်။ လူသားတွေစိတ်မှာမမြဲတာတွေကိုမြဲတယ်လို့အထင်မှတ်မှားနေကြပါတယ်။ မခိုင်မြဲတာတွေကို ခိုင်မြဲတယ်လို့ ထင်မှတ်နေပြီး ငါ့ဟာ ငါပိုင်တယ်စသဖြင့် စွဲမက်နေကြတာဖြစ်ပါတယ်။ တကယ်တော့ငါဆိုတာလည်းမရှိသလိုငါဟာဆိုတာလည်းမရှိပါဘူး။ အားလုံးဟာမမြဲခြင်းသဘောသာရှိကြပါ တယ်။ အမှန်တကယ်မမြဲတာကိုမြဲတယ်လို့အထင်မှားပြီးစဒွလန်းနေသမျှ ဒုက္ခပင်လယ်မှာနစ်နေမှာသာဖြစ် ပါတယ်။

မိတ်ဆွေများ ဗုဒ္ဓလမ်းညွှန်ပြသည်များကို အသိဥာဏ်ဖြင့် ရှုမြင်ကျင့်ကြံနိုင်ကြပါစေ။
မေတ္တာဖြင့်

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...