
ဒီနေ့
“ပြည့်စုံမှုမရှိတာကို ချစ်ခင်မှုနဲ့ အစားထိုးပြီး ပျော်ရွှင်လိုက်ပါ။”
ဆိုတဲ့ အိန္ဒိယ သမ္မတဟောင်း အဗ်ဒွလ်ကလာမ်ရဲ့ မှတ်သားစရာစကားကိုသဘောကျလို့
လောကပြဿနာများကိုဖြေရှင်းရာမှာ အထောက်အကူဖြစ်စေရန် Food for Thought 666
အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
အိန္ဒိယ သမ္မတဟောင်း အဗ်ဒွလ်ကလာမ် ရဲ့ မှတ်သားစရာစကား
“ပြည့်စုံမှုမရှိတာကိုချစ်ခင်မှုနဲ့အစားထိုးပြီးပျော်ရွှင်လိုက်ပါ။”
လူတွေဆိုတာ
ကောင်းမွန်နေတဲ့အခြေအနေကိုသာလိုချင်ကြပါတယ်။ တစ်ချက်ကလေး အခြေ အနေ
ပျက်သွားရင်မကျေမနပ်ပြောတတ်ကြပါတယ်။ အဲဒီလို အခြေအနေပျက်သွားတာက
မိမိကြောင့် လည်း ဖြစ်တတ်ပါတယ်။ မိမိကြောင့် ဖြစ်လာတဲ့အခါ ရှိတတ်ပေမဲ့
သူများကြောင့် ဖြစ်တဲ့အခါ အပြစ်တင်တတ် တာ ကောင်းတဲ့အကျင့်မဟုတ်ပါ။
အဲဒီလိုဖြစ်နေရင် မိမိကိုယ်မိမိ ပန်လည်သတိပေးပြီး ပြုပြင်နိုင်ရန် အိန္ဒိယ
သမ္မတဟောင်း အဗ်ဒွလ်ကလာမ် ရဲ့ မှတ်သားစရာစကား“ပြည့်စုံမှုမရှိတာကို
ချစ်ခင်မှုနဲ့ အစားထိုး ပြီး ပျော်ရွှင်လိုက်ပါ။”ဆိုတာကိုမျှဝေလိုက်ပါတယ်။
ကျနော်ငယ်ငယ်က မေမေကချက်ကျွေးတယ်။တနေ့ ညနေစာထမင်းဝိုင်းမှာ မီးကျွမ်းပြီး တူးနေတဲ့ ပလာတာကိုအဖေ့ရှေ့မှာတွေ့တယ်။
ကျနော်လဲပလာတာ
မီးကျွမ်းနေတာကိုအဖေ ဘာပြောမလဲလို့ ကြည့်နေတယ်။အဖေက ပလာတာ
မီးကျွမ်းနေတာကို မပြောဘဲ သားဒီနေ့ကျောင်းမှာ စာသင်ရတာ ဘယ်လိုလဲလို့
မေးပါတယ်။
ကျနော်ဘာဖြေခဲ့တယ်ဆိုတာတော့မမှတ်မိတော့ပါ။
မှတ်မိတာကမေမေကအဖေ့ကိုပလာတာမီးကျွမ်းသွားတဲ့အတွက်တောင်းပန်တာပါ။
အဖေပြန်ပြောတာကိုဘယ်တော့မှမေမ့ပါဘူး။
မိန်းမရေမီးကျွမ်းတဲ့ပလာတာကိုငါကြိုက်တယ်ကွ။
ဒီညမှာ မအိပ်ခင် အဖေ့ကိုကျနော် ဖက် ရင်း အဖေကမီးကျွမ်းတဲ့ ပလာတာကို တကယ်ကြိုက်သလား လို့
မေးကြည့်ပါတယ်။
အဖေက ကျနော့်ကိုဖက်ထားပြီး သားရေ၊ မင်းမေမေက တစ်နေ့လုံး အိမ်အလုပ်တွေ လုပ်နေရတာ။
ဒီနေ့ဆိုတော်တော်ပင်ပန်းနေတယ်။
တူးနေတဲ့ပလာတာကဘယ်သူကိုမှမနာကျင်စေပါဘူး။
အပြစ်တင်တဲ့စကားကြမ်းတမ်းတဲ့စကားတွေကပဲနာကျင်စေတာပါ။
သားရေ-ဘ၀ဆိုတာပြီးပြည့်စုံမှုမရှိတဲ့အရာတွေ၊ပြီးပြည့်စုံမှုမရှိသူတွေနဲ့ပြည့်နေတယ်။
ဖေဖေလဲပြီးပြည့်စုံတဲ့လူတစ်ယောက်မဟုတ်ပါဘူး။
သားလဲမှတ်ထားပါ။ ကိုယ့်တိုင်က မပြည့်စုံတဲ့အတွက် သူတစ်ပါးရဲ့ပြီးပြည့်စုံမှု မရှိတာကို လက်ခံ တတ် ရမယ်။
ဒါကြောင့်နည်းနည်းလွဲနေတာကိုလက်ခံပေးလိုက်ပါ။ခွင့်လွှတ်လိုက်ပါ။ပြည့်စုံမှုမရှိတာကိုချစ်ခင်မှုနဲ့ အစား ထိုးပြီးပျော်ရွှင်လိုက်ပါ။
မိတ်ဆွေများ ပြည့်စုံမှုမရှိတာကို ချစ်ခင်မှုဖြင့် အစားထိုးပြီးပျော်ရွှင်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Wednesday, February 26, 2025
“ပြည့်စုံမှုမရှိတာကိုချစ်ခင်မှုနဲ့အစားထိုးပြီးပျော်ရွှင်လိုက်ပါ။” Food for Thought 666
Subscribe to:
Post Comments (Atom)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
-
ဒီနေ့ “သင်ကြားရေးတွင်သုံးရန် ဆရာများအတွက် လမ်းညွှန် (5E) ပုံစံ”ကို Food for Thought 896 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြ...
-
မူလတန်း P-2 တက်နေတဲ့မြေးမလေးကျောင်းကသင်္ချာပုစ္ဆာတွက်ခိုင်းတဲ့စာရွက်မှာ အပေါင်းအနှုတ် မေးခွန်းကိုစဥ်းစားရာမှာ အ ဆင့် (၄) ဆင့် ပါတဲ့ (၁) ...
No comments:
Post a Comment