Wednesday, February 26, 2025

သလ္လေခသုတ် အနှစ်ချုပ် ( ၄၄ ) ပါး Food for Thought 667

No photo description available.


ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးရဲ့ တရားမှတ်စုကို လေ့လာရင်း အရင်ကကျွန်တော်မတွေ့ဘူး သေး တဲ့ သလ္လေခသုတ် ဆိုတာကိုတွေ့လိုက်တော့ဖတ်ကြည့်မိပါတယ်။ ပါဝင်တဲ့အချက်တွေက လူတိုင်းအ တွက်စိတ်ထားပြုပြင်ရန်အလွန်ကောင်းတယ်လို့ ခံစားမိပါတယ်။ ဒါကြောင့် ကိလေသာများခေါင်းပါး အောင်ခြစ်ထုတ်ဖယ်ရှားတဲ့အကျင့်ဖြစ်တဲ့ သလ္လေခသုတ်အနှစ်ချုပ် (၄၄)ပါးကို Food for Thought 667 အဖြစ်မျှဝေလိုက်ပါတယ်။

ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။

 

သလ္လေခသုတ် အနှစ်ချုပ် ( ၄၄ ) ပါး
သလ္လေခ ဆိုသည်မှာ ကိလေသာများ ခေါင်းပါးအောင် ခြစ်ထုတ်ဖယ်ရှားသည့် အကျင့် ဖြစ်သည်။
၁။ ငါသည် သနားကြင်နာတတ်သူသာ ဖြစ်ရမည်။
၂။ ငါသည် သူများအသက် သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်သူသာ ဖြစ်ရမည်။
၃။ ငါသည် သူများဥစ္စာ ခိုးယူခြင်းမှ ရှောင်ကြဉ်သူသာ ဖြစ်ရမည်။
၄။ ငါသည် မြတ်သောအကျင့်ကို ကျင့်သူသာ ဖြစ်ရမည်။
၅။ ငါသည် အမှန်အတိုင်း ပြောတတ်သူသာ ဖြစ်ရမည်။
၆။ ငါသည် ကုန်းတိုက်စကားမှ ရှောင်ကြဉ်သူသာ ဖြစ်ရမည်။
၇။ ငါသည် ယဉ်ကျေးစွာ ပြောတတ်သူသာ ဖြစ်ရမည်။
၈။ ငါသည် အကျိုးရှိသောစကားကိုသာ ပြောဆိုသူ သာ ဖြစ်ရမည်။
၉။ ငါသည် သူတစ်ပါးပစ္စည်း မလိုချင်သူသာ ဖြစ်ရမည်။
၁ဝ။ ငါသည် သူတစ်ပါးအပေါ် မေတ္တာထားသူသာ ဖြစ်ရမည်။
၁၁။ ငါသည် မှန်ကန်သောအယူဝါဒရှိသူသာ ဖြစ်ရမည်။
၁၂။ ငါသည် မှန်ကန်သော စိတ်ကူးရှိသူသာ ဖြစ်ရမည်။
၁၃။ ငါသည် စကားအရာ မှန်ကန်သူသာ ဖြစ်ရမည်။
၁၄။ ငါသည် ပြုလုပ်သည့်အရာ မှန်ကန်သူသာ ဖြစ်ရမည်။
၁၅။ ငါသည် အသက်မွေးဝမ်းကျောင်းအရာ မှန်ကန်သူသာ ဖြစ်ရမည်။
၁၆။ ငါသည် မှန်ကန်သော အားထုတ်မှုရှိသူသာ ဖြစ်ရမည်။
၁၇။ ငါသည် ကုသိုလ်မှု၌ သတိရသူသာ ဖြစ်ရမည်။
၁၈။ ငါသည် ကုသိုလ်၌ စိတ်စိုက်သူသာ ဖြစ်ရမည်။
၁၉။ ငါသည် မှန်ကန်သော ဉာဏ်အမြင်ရှိသူသာ ဖြစ်ရမည်။
၂ဝ။ ငါသည် အစစ်အမှန် လွတ်မြောက်သူသာ ဖြစ်ရမည်။
၂၁။ ငါသည် တက်ကြွလန်းဆန်းသူသာ ဖြစ်ရမည်။
၂၂။ ငါသည် စိတ်တည်ငြိမ်သူသာ ဖြစ်ရမည်။
၂၃။ ငါသည် ဆုံးဖြတ်ချက် ပြတ်သားသူသာ ဖြစ်ရမည်။
၂၄။ ငါသည် စိတ်ရှည်သည်းခံသူ ဖြစ်ရမည်။
၂၅။ ငါသည် စွန့်လွှတ်တတ်သူသာ ဖြစ်ရမည်။
၂၆။ ငါသည် ကျေးဇူးသိတတ်သူသာ ဖြစ်ရမည်။
၂၇။ ငါသည် သူတစ်ပါး၏အရည်အချင်းကို အသိအမှတ်ပြုတတ်သူသာ ဖြစ်ရမည်။
၂၈။ ငါသည် သူတစ်ပါး၏အောင်မြင်မှုကို ဝမ်းသာနိုင်သူသာ ဖြစ်ရမည်။
၂၉။ ငါသည် သူတစ်ပါး၏အဖို့ကိုလည်း နားလည်သူသာ ဖြစ်ရမည်။
၃ဝ။ ငါသည် သူတော်ကောင်းယောင်ဆောင်သူ မဖြစ်စေရ။ ရိုးသားဖြောင့်မတ်သူသာ ဖြစ်ရမည်။
၃၁။ ငါသည် လှည့်စားတတ်သူ မဖြစ်စေရ။ ပွင့်လင်းရိုးသားသူသာ ဖြစ်ရမည်။
၃၂။ ငါသည် သဘောထား ပျော့ပျောင်းသူသာ ဖြစ်ရမည်။
၃၃။ ငါသည် ဘဝင်မမြင့်ဆက်ဆံရေး ပြေပြစ်သူသာ ဖြစ်ရမည်။
၃၄။ ငါသည် ပြောရဆိုရ လွယ်ကူသူသာ ဖြစ်ရမည်။
၃၅။ ငါသည် မိတ်ကောင်းဆွေကောင်း ပေါင်းတတ် သူသာ ဖြစ်ရမည်။
၃၆။ ငါသည် ကောင်းမှုရေးရာ သတိရှိသူသာ ဖြစ်ရမည်။
၃၇။ ငါသည် ကောင်းမှုအရာ ယုံကြည်သူ စိတ်ဝင်စားသူသာ ဖြစ်ရမည်။
၃၈။ ငါသည် မကောင်းမှုဒုစရိုက် ရှက်တတ်သူသာ ဖြစ်ရမည်။
၃၉။ ငါသည် မဟုတ်တာလုပ်ရမှာ ကြောက်တတ်သူသာ ဖြစ်ရမည်။
၄ဝ။ ငါသည် အကြားအမြင်သုတများသူသာ ဖြစ်ရမည်။
၄၁။ ငါသည် ထကြွလုံ့လ ဝီရိယရှိသောသူသာ ဖြစ်ရမည်။
၄၂။ ငါသည် အစဉ်သတိရှိသူသာ ဖြစ်ရမည်။
၄၃။ ငါသည် အသိပညာ ကြွယ်ဝသူသာ ဖြစ်ရမည်။
၄၄။ ငါသည် မမှန်ကန်သည့် ကိုယ်ပိုင်အမြင်ကို စွန့်လွှတ်ရန်လွယ်ကူသူသာ ဖြစ်ရမည်။

(ပါမောက္ခချုပ်ဆရာတော်၊ ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

မိတ်ဆွေများ အထက်ပါအချက်များနှင့် ပြည့်စုံစွာရှင်သန်နေနိုင်အောင်ကျင့်ကြံအားထုတ်ပြီးကောင်းကျိုးချမ်းသာများခံစားနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်

ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...