
ဘဝဆိုတာတိုတောင်းပါတယ်။
လူ့ဘဝရလာတာက လက်ဆောင်ကောင်းတစ်ခုပါ။ လက်ဆောင်ကောင်းကို တန်ဖိုးထားပြီး
တန်ဖိုးရှိစွာသက်ရှင်နေနိုင်ဖို့ကအရေးကြီးလှပါတယ်။ ဒါကြောင့်
“ဘဝဆိုတာလက်ဆောင် တစ်ခုပါ” ဆိုတာကို Food for Thought 668
အဖြစ်ဒီနေ့မျှဝေလိုက်ပါတယ်။
ဘဝဆိုတာလက်ဆောင်တစ်ခုပါ
သတိရမိပါစေ…
ကြမ်းတမ်းတဲ့စကားကိုပြောဖို့ကြံရွယ်လိုက်တိုင်း ဆွံ့အပြီး စကားမပြောနိုင်သူများကို သတိရ မိပါစေ။
အစားအသောက် မကောင်းလို့ စိတ်ညစ်မိတဲ့အခါတိုင်း စားစရာမရှိ၍ ငတ်ပြတ်နေသောသူများကို သတိရမိပါစေ။
ကိုယ့်ဇနီး (သို့) ကိုယ့်လင်သားကို စိတ်ကျေနပ်မှုမရှိကာ စိတ်တို ဒေါသထွက်
သည့်အခါတိုင်း တစ်ကိုယ် တည်း အဖော်မဲ့ကာ အထီးကျန်နေသူများကို သတိရမိပါစေ။
ကိုယ့်ဘဝကိုယ် မကျေနပ်ဖြစ်မိသည့်အခါတိုင်း ရှင်သန်ခြင်းဘဝအား စောစီးစွာ ကျောခိုင်း သွားရသူများကို သတိရမိပါစေ။
ကိုယ့်သားသမီးများကို စိတ်ကျေနပ်မှု မရှိသည့် အခါတိုင်း သားသမီးမရနိုင်၍ ယူကြုံးမရ ဖြစ်နေသူများကို သတိရမိပါစေ။
တစ်ယောက်ယောက်က စည်းကမ်းလိုက်နာမှု အားနည်းလို့ ကိုယ့်အိမ် ညစ်ပတ်ကာ
မကျေမချမ်း စိတ်တို ဒေါသထွက်နေပါက နေစရာအိမ်မရှိလို့ လမ်းပေါ်အိပ်
လမ်းပေါ်စား နေရသူများကို သတိရမိပါစေ။
ကားမောင်းရတဲ့ လမ်းခရီးဟာ ရှည်လျား ကြမ်းတမ်းလို့
ငြီးငွေ့စိတ်တိုဒေါသထွက်နေပါကအဲဒီလမ်း ခရီးကိုပဲ လမ်းလျှောက်သွားနေရတဲ့
သူများကို သတိရမိပါစေ။
ကိုယ့်အလုပ်မှာ ပင်ပန်းလွန်းလို့ အဆင်မပြေ တာတွေ
ကြုံရလို့မကျေမချမ်းဖြစ်ကာစိတ်ညစ်နေပါ ကအလုပ်လုပ်ချင်သော်လည်း
အလုပ်မရရှိကြသူ များ အလုပ်ထုတ်ခံရသူများ ကိုယ်အင်္ဂါချို့တဲ့ သဖြင့်
အလုပ်မလုပ်နိုင်သူများကို သတိရမိပါစေ။
တစ်စုံတစ်ယောက်ကို အပြစ်မြင်ကာ စိတ်တို ဒေါသထွက်နေပါက ကျွန်ုပ်တို့အားလုံး အမှား တစ်ခု မဟုတ် တစ်ခု ပြုမိခဲ့ဖူးကြတာကို သတိရမိပါစေ။
အဆင်မပြေမှုများ ကြုံတွေ့ကာ စိတ်ဓာတ်ကျ နေပါက အနည်းဆုံးတော့ သင်,အသက်ရှင်သန် နေသေးတယ် ဆိုတာကို သတိရမိပါစေ။
မိတ်ဆွေများ
ရရှိလာတဲ့ဘဝကို မြတ်နိုးတန်ဖိုးထားပြီး
တန်ဖိုးရှိတဲ့သက်ရှင်နေထိုင်မှုဖြစ်အောင် အားထုတ် နိုင်ကြပါစေ။
တန်ဖိုးရှိတဲ့လူများဖြစ်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေ။
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Wednesday, February 26, 2025
ဘဝဆိုတာလက်ဆောင် တစ်ခုပါ Food for Thought 668
Subscribe to:
Post Comments (Atom)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
-
ဒီနေ့ “သင်ကြားရေးတွင်သုံးရန် ဆရာများအတွက် လမ်းညွှန် (5E) ပုံစံ”ကို Food for Thought 896 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြ...
-
မူလတန်း P-2 တက်နေတဲ့မြေးမလေးကျောင်းကသင်္ချာပုစ္ဆာတွက်ခိုင်းတဲ့စာရွက်မှာ အပေါင်းအနှုတ် မေးခွန်းကိုစဥ်းစားရာမှာ အ ဆင့် (၄) ဆင့် ပါတဲ့ (၁) ...
No comments:
Post a Comment