ဒီနေ့
လူတိုင်းလိုလားကြတဲ့စိတ်အေးငြိမ်းချမ်းသာဖို့ မြတ်ဗုဒ္ဓညွှန်းပြခဲ့တဲ့နည်
လမ်း (၈) မျိုးအကြောင်းကို Food for Thought 669 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
မြတ်ဗုဒ္ဓ၏လမ်းညွှန်မှုအရ စိတ်အေးငြိမ်းချမ်းသာမှု
စိတ်ကိုတည်ငြိမ်စွာထားလျက်မိမိခန္ဓာမှာဖြစ်ပျက်နေမှုများကိုအမှန်အတိုင်းအပိုအလိုမရှိဘဲသိရှိနေ
အောင် ရှုမှတ် နေတဲ့အလေ့အကျင့်မှာ စိတ်ကို ညစ်နွမ်းစေသောအရာများ၊
ဘေးဒုက္ခရောက်ရခြင်းနှင့် မအေးငြိမ်းမှု၊ ယောက်
ယက်ခပ်မှုများကိုဖယ်ရှားပေးနိုင်ကြောင်း မြတ်ဗုဒ္ဓကလမ်းညွှန်သင်ကြား ပေးခဲ့
ပါတယ်။ အောက်ဘက်မှာမြတ်ဗုဒ္ဓလမ်းပြခဲ့တဲ့နည်းလမ်း
(၈)ခုကိုဆွေးနွေးတင်ပြမျှဝေထားပါတယ်။
၁။ စိတ်အေးငြိမ်းချမ်သာမှုနှင့်သင့်အတွေးစိတ်ကူးများ
စိတ်အေးငြိမ်းချမ်သာမှုနှင့်သင့်အတွေးစိတ်ကူးများ ဆက်စပ်နေပုံကိုမြတ်ဗုဒ္ဓက အောက်ပါအတိုင်း လမ်း ညွှန် မှာခဲ့ပါတယ်။
“သင်တို့ဟာ
သင်တို့စဥ်းစားနေတဲ့အတိုင်း ဖြစ်လာကြတာပါ။
သင်တို့စိတ်မှာခံစားနေရမှုများအတိုင်း သင်တို့က စွဲဆောင်နေကြတာပါ။
သင်တို့စိတ်ကူးနေတဲ့အတိုင်း သင်တို့ကဖန်တီးနေကြတာပါ။” (ဗုဒ္ဓ)
၂။ စိတ်အေးငြိမ်းချမ်သာမှု နှင့် ဒေါသကိုထိန်းသိမ်းစီမံနိုင်မှု
“စိတ်ထဲမှာ
မကျေမနပ်တဲ့အတွေးစိတ်ကူးတွေသာဖြစ်အောင်မပြုလုပ်ဘူးဆိုရင် ဒေါသစိတ်ဆိုတာ
ဘယ်တော့မှ ဖြစ်ပေါ်လာမှာမဟုတ်ပါ။ စိတ်ထဲမှာ
မကျေမနပ်တဲ့အတွေးစိတ်ကူးတွေသာကိုမေ့ ဖျောက်ပြစ်လိုက်တယ်ဆိုရင် ဒေါသကလည်း
ပျောက်ပြယ်သွားမှာဖြစ်ပါတယ်။ “ (ဗုဒ္ဓ)
၃။ စိတ်အေးငြိမ်းချမ်းသာမှု နှင့်ဆက်စပ်တွယ်တာမှု
“ဒုက္ခဆင်းရဲမှုဖြစ်ရခြင်းရဲ့အကြောင်းရင်းမြစ်မှာ
ဆက်စပ်တွယ်တာမှုပင်ဖြစ်ပါတယ်။ အစရှိတဲ့အရာ ရာတိုင်းမှာ
အဆုံးဆိုတာလည်းရှိပါတယ်။ အဲဒီသဘောတရားကို သဘောပေါက်ပြီး အားလုံး ကောင်း
သွားမှာပါလို့စဥ်းစားလိုက်ပြီး သင့်စိတ်မှာ ငြိမ်းအေးချမ်းသာမှုရအောင်
နေထိုင်ပါ။” (ဗုဒ္ဓ)
၄။ ဘဝရဲ့ထူးဆန်းအံ့သြဖွယ်ရာများကို နားလည်ခြင်းဖြင့် စိတ်ငြိမ်းအေးချမ်းသာမှုရှိအောင်နေထိုင်ပါ။
“ကျွန်ုပ်တို့အနေဖြင့်
ပန်းကလေးတစ်ပွင့်ရဲ့အံ့သြဖွယ်ရာများကိုရှင်းလင်းစွာမြင်နိုင်တယ်ဆိုရင်
ကျွန်ုပ်တို့ ရဲ့ တစ်ဘဝလုံးကလည်းပြောင်းသွားမှာဖြစ်ပါတယ်။” (ဗုဒ္ဓ)
၅။ စိတ်ငြိမ်းအေးချမ်းသာမှုနှင့် မျက်မှောက်အချိန်
“ကိုယ်ရောစိတ်ပါကျန်းမားဖို့အတွက်လျို့ဝျက်ချက်မှာ
ပြီးသွားတဲ့ အတိတ်ကိုလည်းပြန်တမ်းတနေဖို့မ ဟုတ်သလို၊
မရောက်သေးတဲ့အနာဂါတ်အတွက် ကြိုတင်တွေးပူပန်နေဖို့လည်းမဟုတ်ပါ။ သို့မဟုတ်
ဖြစ်လာမဲ့ဘေးဒုက္ခများအတွက် ကြိုတင် စိတ်ပူပန်နေဖို့မဟုတ်ပါ။ ဘဝဆိုတာ
မျက်မှောက်ကာလ အချိန်မှာ အသိဥာဏ်ရှိရှိ ထက်သန်စွာ နေထိုင်ဖို့သာဖြစ်ပါတယ်။”
(ဗုဒ္ဓ)
၇။ စိတ်အေးငြိမ်းချမ်းသာရှိဖို့နှင့် တရားဘဝနာအားထုတ်ခြင်း
“သင်တို့အနေဖြင့်
စိတ်ကိုသာ တည်ငြိမ်အောင် ထားနိုင်မယ်ဆိုရင် စကြာဝဠာရဲ့
စီးဆင်းနေမှုကိုကြား နိုင်မှာ ဖြစ်ပါတယ်။
သူရဲ့စည်းချက်မှန်မှန်လှုပ်ရှားနေမှုကိုလည်းခံစားသိနိုင်မှာဖြစ်ပါတယ်။
အဲဒီစီး ဆင်း နေမှုနှင့် စည်းချက်များနှင့်အညီနေထိုင်ပါ။ ပျော်ရွှင်မှုက
ရှေ့ဘက်မှာရှိနေပါတယ်။ တရားဘာဝနာအား ထုတ်မှုက အခရာသော့ချက်ပင်ဖြစ်ပါတယ်။
(ဗုဒ္ဓ)
၈။ စိတ်ရဲ့ငြိမ်းအေးချမ်းသာမှုနှင့် သင့်စိတ်နေစိတ်ထား
“ပြဿနာကိုသာဖြေရှင်းနိုင်တယ်ဆိုရင်
ဘာအတွက် စိတ်ပူပင်သောကရောက်နေစရာလိုပါသလဲ။
တကယ်လို့ပြဿနာကိုမဖြေရှင်းနိုင်လို့ စိတ်ပူပင်သောကရောက်နေတယ်ဆိုရင်လည်း
စိတ်ပူပင် သောကရောက်နေမှုမှာ သင့်အတွက်ကောင်းတာဖြစ်လာစေမှာမဟုတ်ပါ။ (ဗုဒ္ဓ)
နိဂုံးအတွေးစိတ်ကူးများ
စိတ်ဖိစီးမှုများ၊
စိတ်ထဲမှာတင်းမာနေမှု၊ ဒေါသစတာတွေဟာဘဝမှာ ပုံမှန်ဖြစ်တတ်တဲ့အရာတွေသာ
ဖြစ်ပါတယ်။ ထိန်းသိမ်းနိုင်တဲ့အချိန်ဆိုရင် အခြေအနေသိပ်မဆိုးလှပါ။ ဒါပေမဲ့
ပေါက်ကွဲထွက်လာ တဲ့အခါ ပြဿနာဖြစ်လာပါတော့တယ်။ တကယ်လို့သင့်အနေဖြင့်
သင့်မှာဖြစ် နေတဲ့စိတ်ဖိစီးမှုကို မိမိအတွက်နှင့် အခြားလူတွေအတွက်
ဘေးဖြစ်စေနိုင်တဲ့နည်းလမ်းတွေဖြင့် ဒေါ်သကို ထုတ်ဖော်ပြ မယ်ဆိုရင်
ပြဿနာဖြစ်လာပါတယ်။ စိတ်ကို ငြိမ်းအေးချမ်းသာအောင် ထားနိုင်စေရန်
ထိန်းသိမ်းရန် လိုအပ်ပါတယ်။ စိတ်ကိုတည်ငြိမ်အောင်
ထိန်းထားနိုင်တဲ့နည်းလမ်းတွေ များ စွာရှိပါတယ်။ အထက် မှာတော့
မြတ်ဗုဒ္ဓလမ်းညွှန်ခဲ့တဲ့ နည်းလမ်းများကိုဖော်ပြခဲ့ပါတယ်။
အဲဒီနည်းလမ်းတွေကစာဖတ်သူများ အတွက်အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်
ပါတယ်။
မိတ်ဆွေများ စိတ်ငြိမ်းအေးချမ်းသာရှိကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
No comments:
Post a Comment