Wednesday, February 26, 2025

သူငယ်ချင်းအတွက်အကောင်းဆုံးသဘောထားမှတ်ချက် Food for Thought 670

 No photo description available.


ဒီနေ့သူငယ်ချင်းများကချစ်ခင်စွာပေးတဲ့သဘောထားမှတ်ချက်များက ဘဝမှာအလွန်တန်ဖိုးရှိ ကြောင်း ကို Food for Thought 670 အဖြစ်မျှဝေလိုက်ပါတယ်။

သူငယ်ချင်းအတွက်အကောင်းဆုံးသဘောထားမှတ်ချက်

တစ်နေ့မှာအမေရိကန်ပြည်ထောင်စုမှာရှိတဲ့ကျောင်းတစ်ကျောင်းမှာဆရာမက ကျောင်းသူကျောင်းသား များအားစာရွက် နှစ်ရွက်စီပေါ်မှာ အတန်းထဲမှာရှိတဲ့ သူတို့သူငယ်ချင်းအတန်းသားများရဲ့အမည်များကို ရေးခိုင်းပါတယ်။ အမည်တစ်ခုနှင့်တစ်ခုကြားမှာနေရာလွတ်ထားရန်လည်း သတိပေးထားပါတယ်။ ပြီး တော့ အတန်းသားတစ်ယောက်ချင်းစီနဲ့ပတ်သက်ကြီး သူတို့အတွေ့အကြုံအရ ထိုသူငယ်ချင်းကို အကောင်းဆုံးအသိအမှတ်ပြုချင်တဲ့အချက်ကိုစဥ်းစားပြီး ကွက်လပ်နေရာမှာရေးရန် ပြောပါတယ်။ ကျောင်းသားတွေက သူတို့သူငယ်ချင်းများအကြောင်း အကောင်းဆုံးအတွေ့အကြုံတွေကို စဥ်းစား ရေးကြပါတယ်။ ကျောင်းသားတွေရေးထားတဲ့စာရွက်တွေကိုဆရာမကစုစည်းသိမ်းလိုက်ပါတယ်။

စနေနေ့ကျောင်းပိတ်ရက်မှာ ကျောင်းသားများရေးထားတဲ့သဘောထားမှတ်ချက်များကို ဆရာမက ကျောင်းသားတစ်ယောက်ချင်းအလိုက် သူငယ်ချင်းတွေပေးတဲ့သဘောထားမှတ်ချက်တွေကို စာရွက် သီးသန့်ပေါ်တွင်စုစည်းပါတယ်။ တနင်္လာနေ့ရောက်တဲ့အခါ ကျောင်းသားအမည်အလိုက် သက်ဆိုင်ရာ သဘောထားမှတ်ချက်များကို သက်ဆိုင်ရာကျောင်းသားတိုင်းအား ဆရာကပေးလိုက်ပါတယ်။ ဒါ ကြောင့် အတန်းမှထွက်သွားတဲ့အခါ ကျောင်းသားတိုင်းလက်မှာ သူ့ကိုအပေါ်သူငယ်ချင်းများက အ ကောင်းဆုံးမြင်တဲ့သဘောထားမှတ်ချက်များပါတဲ့စာရွက်လေးများ ပါသွားပါတယ်။ စာရွက်များဝေ လိုက်တဲ့အခါ ကျောင်းသူကျောင်းသားတိုင်းရတဲ့စာရွက် တွေကိုဖတ်ကြည့်ပြီးပြုံးနေတာကို တွေ့လိုက် ရပါတယ်။ ကျောင်းသားများအချင်းချင်း ငါ့ကို သူငယ် ချင်းတွေက အခုလို နှစ်သက်သဘောကျတယ် ဆိုတာကို ငါမသိခဲ့ပါဘူး လို့အချင်း ချင်းတိုးတိုးသာသာပြောနေတာ တွေကို ကြားနေရပါတယ်။

နောက်ပိုင်းမှာ အဲဒီလိုရေးထားတဲ့သဘောထားမှတ်ချက်စာရွက်တွေအကြောင်း အတန်းထဲမှာ ထုတ် ပြောတာမျိုးမတွေ့ရပါ။ ဆရာမအနေဖြင့် အဲဒီသဘော ထားမှတ်ချက်များအကြောင်း သူတို့သူငယ်ချင်း အချင်းချင်းပြောကြသလား။ မိသားစုများကိုပြောကြသလားဆိုတာ မသိပါ။ မသိပေမဲ့ အဲဒါ ကအရေး မကြီးပါ။ဆရာမပြုလုပ်လိုက်တဲ့လေ့ကျင့်ခန်းမှာရည်ရွယ်ချက်မြောက်သွားပါတယ်။ကျောင်းသူကျောင်း သားတိုင်း သူတို့ရတဲ့သူငယ်ချင်းများရဲ့သဘောထားမှတ်ချက်များကြောင့် ဝမ်းသာပျော်ရွှင်ကြပါတယ်။ သူတို့ကိုယ်သူတို့ကျေနပ်နေကြပါတယ်။ သူတို့မျက်နှာလေးတွေမှာပေါ်လွင်နေပါတယ်။

နှစ်ပေါင်းတော်တော်ကြာတဲ့အခါ ကျောင်းသားတစ်ယောက်မှာစစ်မှုထမ်းရင်းဗီယက်နမ်စစ်ပွဲမှာ ကျဆုံး သွားပါတယ်။ အဲဒီကျောင်းသားရဲ့အသုဘအခမ်းအနားသို့ ဆရာမက တက်ရောက်ခဲ့ပါတယ်။ ဆရာမ အနေဖြင့် စစ်သည်တော်တစ်ယောက်ဆုံးပါးသွားတဲ့အခါ အသုဘအခမ်းအနားမှာ သုံးတဲ့ခေါင်းက ဒီ လောက် ကောင်းကောင်းပြင်ဆင်ထားတာမျိုးမတွေ့ဘူးပါ။ အဲဒီကျောင်းသားမှာ ပြင်ထားတဲ့ခေါင်းထဲမှာ အလွန်ရင့်ကျက်နေတဲ့အသွင်ကိုတွေ့ရပါတယ်။
ဘုရားကျောင်းမှာလည်း သေဆုံးသွားတဲ့ကျောင်းသားရဲ့သူငယ်ချင်းများနှင့် ပြည့်နေပါတယ်။ လာ ရောက်ကြတဲ့သူငယ်ချင်းတစ်ယောက်ချင်းစီက သူ့ခေါင်းနားကိုအနီးကပ်သွားကြည့်ကြပြီးဆုတောင်း ပေးကြပါတယ်။ ဆရာမက သူ့တပည့်ကိုအနီးကပ်သွားကြည့်ပြီးဆုတောင်းပေးတာ နောက်ဆုံး ဖြစ် ပါတယ်။ ဆရာမက သူ့တပည့်အလောင်းနားမှာရပ်နေစဥ် စစ်သည်တော်တစ်ယောက်က ဆရာမနား ကပ်လာပြီး “ခင်ဗျားက မာ့ခ်ရဲ့ဆရာမလား” လို့လာမေးပါတယ်။ ဆရာမကခေါင်းညိမ့်ပြလိုက်တဲ့အခါ ထိုစစ်သည်တော်က “မာ့ခ်က ဆရာမအကြောင်းအများကြီးပြောခဲ့ပါတယ်”လို့ပြောလိုက်ပါတယ်။

အသုဘအခမ်းအနားပြီးတော့ မာ့ခ်ရဲ့သူငယ်ချင်းအများစုဟာနေ့လည်စာစားသောက်ရန် အတူတူထွက် သွားကြပါတယ်။ မာ့ခ်ရဲ့မိဘနှစ်ပါးတို့ကလည်း အဲဒီကျောင်းသားများနှင့်အတူတူ လိုက်ပါသွားကြပါ တယ်။ သူတို့ကလည်း ဆရာမနှင့် စကားပြောရန်စောင့်နေကြကြောင်းသိသာပါတယ်။ ဆရာမနှင့်နီး လာတဲ့အခါ မာ့ခ်ရဲ့ဖခင်က “ဆရာမကိုကျွန်တော်တို့ပြချင်တာတစ်ခုရှိပါတယ်”လို့စတင်ပြောလိုက်ပြီး သူ့အိပ်ကပ်ထဲမှစာရွက်ခေါက်လေးတစ်ခုကို ထုတ်ပြရင်း “ဒီစာရွက်လေးကို သားသေဆုံးသွားတဲ့အခါ သူဝတ်ထားတဲ့အကျီအိပ်ကပ်ထဲမှာတွေ့ပါတယ်”လို့ပြောလိုက်ပါတယ်။“ဆရာမအနေဖြင့်ဒီစာရွက်လေး အကြောင်းမှတ်မိမယ်ထင်ပါတယ်”လို့ ပြောလိုက်ပါတယ်။

မာ့ခ်ရဲ့ဖခင်ကစာရွက်ခေါက်လေးကိုဂရုတစိုက်ဖြေနေပါတယ်။ စာရွက်လေးမှာ ‌ဟောင်းနွမ်းနေပြီးပြဲ သွားတာကိုတိတ်ဖြင့်ပြန်ကပ်ထားပါတယ်။ အခေါက် ခေါက်အပြန်ပြန် ခေါက်ထားပါတယ်။ အဲဒီစာ ရွက် ကို ဆရာမအနေဖြင့် မာ့ခ်သူငယ်ချင်းတွေက သူအပေါ် အကောင်းဆုံးသဘောထားမှတ်ချက်တွေရေး ပေးထားတဲ့ စာရွက်ဆိုတာကို သိနေပါတယ်။ “အခုလို ပြုလုပ်ပေးခဲ့တဲ့အတွက်ဆရာမကို ကျေးဇူ တင်ပါတယ်”လို့ မာ့ခ်ရဲ့မိခင်ကပြောလိုက်ပါတယ်။ “ဆရာမမြင်တဲ့အတိုင်း ဒီစာရွက်လေးကိုသားက သိပ်တန်ဖိုးထားပါတယ်”လို့ ဆက်လက်ပြောလိုက်ပါတယ်။

မာ့ခ်ရဲ့အတန်းသားသူငယ်ချင်းတွေက ဆရာမနှင့် မာ့ခ်မိဘများစကားပြောနေတဲ့နေရာသို့ စုရုန်းရောက် လာကြပါတယ်။ ချာလီကစတင်ပြီး”ကျွန်တော်မှာလည်း သူငယ်ချင်းတွေပေးထားတဲ့သဘောထားမှတ် ချက် စာရင်းအခုထိရှိနေပါတယ်။ အိမ်မှာရှိတဲ့စားပွဲထိပ်ဆုံးအံဆွဲထဲမှာထည့်သိမ်းထားပါတယ်လို့ မလုံ မလဲရှက်ကိုးရှက်ကန်းပြောလာပါတယ်။ ချက်ခ်ရဲ့ဇနီးကလည်း “သူခင်ပွန်းချက်ခ်က သူရထားတဲ့စာရွက် လေးကို သူတို့မင်္ဂလာလက်ထပ်တဲ့ပုံတွေထည့်ထားတဲ့အယ်ဘန်ထဲမှာ သိမ်းထားခိုင်းကြောင်း” ဝင်ပြော ပါတယ်။ အဲဒီအချိန်မှာပင် မာလီလင်ကလည်း “သူရထားတဲ့သူငယ်ချင်းများက သူအကြောင်း သဘော ထားမှတ်ချက်များရေးထားတဲ့စာရွက်လေးကို သူ့နေ့စဥ်မှတ်တမ်းစာအုပ်ထဲမှာသိမ်းထား ကြောင်း” ပြော လာပါတယ်။

အဲဒီအချိန်မှာပင် အတန်းသူတစ်ဦးဖြစ်တဲ့ ဗစ်ကီကလည်း သူ့အိပ်ကပ်ထဲနှိုက်လိုက်ပြီးပိုက်ဆံအိပ်ကို ထုတ်လိုက်ပါတယ်။ ပြီးတော့ သူငယ်ချင်းတွေရေးပေးထားတဲ့သဘောထားမှတ်ချက်များပါတဲ့ စာရွက် လေးကို ထုတ်ပြပါတယ်။ စာရွက်လေးမှာ ဟောင်းနွမ်းကျိုးကျေနေပါတယ်။ ပြီးတော့ “အဲဒီစာရွက်လေး ကိုသူသွားလေရာယူဆောင်သွားကြောင်း”လည်းပြောလာပါတယ်။ ပြီးတော့ သူ့မျက်တောင်ကိုမခပ်ဘဲ “ကျွန်မအထင်ကတော့ ကျွန်မတို့သူငယ်ချင်းတတွေရထားတဲ့စာရွက်ကို အသေအချာသိမ်းထားကြ တယ် လို့ ထင်ပါတယ်”လို့ ဆက်လက်ပြောလိုက်ပါတယ်။

တပည့်‌‌‌ဟောင်းတွေတစ်ယောက်တစ်မျိုးပြောနေတာတွေကို နားထောင်ရင်းဆရာမမှာ နောက်ဆုံးရပ် မနေနိုင်တော့ဘဲ ထိုင်ချရင်းငိုပါတော့တယ်။ ဆရာမက မာ့ခ်အတွက်နှင့် မာ့ခ်ကို ပြန်လည် မတွေ့နိုင် တော့မဲ့ သူချစ်ခင်တဲ့သူငယ်ချင်းအတန်းသားမျာအားလုံးအတွက် ဝမ်းနည်းပြီးငို ခြင်းဖြစ်ပါတယ်။

လူသားတွေရဲ့ကံကြမ္မာကြောင့်သက်ရှင်နေနေတဲ့အရေအတွက်က များလွန်းတဲ့အတွက် တစ်နေ့မှာမိမိ တို့လည်းသေရမှာကို လူတွေကမေ့နေတတ်ကြပါတယ်။ တစ်နေ့မှာသေရမယ်ဆိုပေမဲ့ အဲဒီတစ်နေ့ဆို တာ ဘယ်နေ့မှန်းမသိကြပါဘူး။ ဒါကြောင့် အသက်ရှင်ခွင့်ရတဲ့အချိန်မှာ မိမိချစ်ခင်တန်ဖိုး ထားသူတွေ အပေါ်ချစ်ချစ်ခင်ခင်ကြင်ကြင်နာနာ ပြောဆိုဆက်ဆံကြပါ။ ပြောနိုင်တဲ့အချိန်၊ ပြောခွင့်ရတဲ့အချိန်မှာ ချစ်ခင်တန်ဖိုးထားကြောင်းပြောကြပါ။

မိတ်ဆွေများ မိသာစုများနှင့် သူငယ်ချင်းများကို ချစ်ခင်တန်ဖိုးထားကြပါ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...