Wednesday, February 26, 2025

တန်ဖိုးအထားရဆုံးအတွက် ရင်းနှီးမြှပ်နှံမှု Food for Thought 685 ဒေါက်တာသိန်းလွင်

No photo description available.
ဒီနေ့ ကလေးများအတွက် အချိန်ပေးခြင်းဟာ အကောင်းဆုံးရင်းနှိးမြှပ်နှံမှု ဖြစ်ကြောင်းကို Food for Thought 685 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။


တန်ဖိုးအထားရဆုံးအတွက် ရင်းနှီးမြှပ်နှံမှု

တစ်နေ့ပြီးတစ်နေ့အချိန်တွေကုန်ဆုံးလာနေပါတယ်။ သင့်အချိန်တွေကိုလည်းသုံးနေရပါတယ်။ သင့်အင် အား တွေကိုလည်းသုံးနေရပါတယ်။ တုခုခုလုပ်ဆောင်ရန် သင့်အားထုတ်မှုတွေကို ပြုလုပ်နေရပါတယ်။ ဒါကြောင့် သင့်အတွက် တန်ဖိုးအကြီးဆုံး၊ အရေးအကြီးဆုံးလုပ်ငန်းအပေါ်မှာ ရင်းနှီးမြှပ်နှံရန်လိုပါတယ်။

မေမေတာဝန်တွေက အလွန်များလှပါတယ်။ ကလေးလေးယောက်ကိုပြုစုစောင့်ရှောက်ရတဲ့လုပ်ငန်းကပင် အချိန်ပြည့်လုပ်ဆောင်နေရတဲ့လုပ်ငန်းဖြစ်ပါတယ်။ အဲဒီလို လုပ်ဆောင်တဲ့အပြင် မိသားစုပြင်ပမှာလည်း မေမေက အလုပ်လုပ်ပါသေးတယ်။ အလွန်အံ့အားသင့်စရာကောင်းလှတာကတော့ မေမေက သမီးတို့နဲ့ အတူနေပေးနိုင်အောင် များပြားလှတဲ့ လုပ်ငန်းအချိန်ဇယားမှာထည့်ထားပါသေးတယ်။

ထမင်းဆိုင်ငယ်လေးတစ်ခုမှာ ဧည့်ကြိုအဖြစ် အလုပ်လုပ်စဉ်ကလည်း ညနေဘက်ဆိုရင် သမီးတို့ကို အဒေါ့် အိမ်သို့အလည်ခေါ်သွားတတ်ပါတယ်။ ဒါကြောင့် သမီးတို့ကျောင်းပြီးတာနဲ့ အိမ်ကို မြန်မြန်ပြန်ရပါတယ်။ ဒါမှမေမေကအလုပ်ကိုအချိန်မှီသွားနိုင်စေရန်ဖြစ်ပါတယ်။ အဲဒီအစီအစဉ်ကိုစတဲ့အချိန်တုံးကဆိုရင်မေမေက သမီးတို့ကိုအဒေါ်အိမ်အရောက်ပို့ပြီး အလုပ်ကို ရှေ့ဂိတ်တံခါးမှ သုတ်ခြေတင်ရပါတယ်။ တစ်ခါတစ်ရံမှာ အဲဒီလို မလုပ်နိုင်ပါ။ သမီးတို့ကမေမေကိုခဏစောင့်ရတတ်ပါတယ် မေမေက ထမင်းဆိုင်မှာ အလုပ်လုပ်တဲ့ ဝတ်စုံကို ဝတ်ဆင်ရင်းအဒေါ်ရဲ့ သစ်သားလှည်းပေါ်မှာ အတူထိုင်ရင်း တစ်နေ့တာလုပ်ဆောင်ခဲ့ရတာ တွေကို ပြောပြကြပါတယ်။

သမီးကတော့ ၁၀၀ အထိဂဏန်းတွေပေါင်းတာသင်ယူခဲ့ရပါတယ် လို့ညီမလေး ကမေမေကိုပြောပြပါတယ်။

အို ကောင်းလိုက်တာ၊ သမီးက ၁၀၀ အထိတောင်ပေါင်းတတ်နေပြီဆိုတာသိပ်ကောင်းတာပေါ့လို့ ပြောရင်း ညီမလေးကို ဖက်ပြီး မွှေးမွှေးပေးလိုက်ပါတယ်။
မောင်လေးကတော့ သားကတော့သားနာမည်ကိုရေးတတ်လာပါပြီ လိုပြောလိုက်ပါတယ်။ ဒီတော့မေမေက သူ့ပိုက်ဆံအိပ်ထဲမှ စာရွက်တစ်ခုနဲ့ခဲတံကိုကိုထုတ်ပေးပြီး သားလေးဘယ်လိုရေးတယ်ဆိုတာ ရေးပြ စမ်းပါ လို့ ချိုချိုသာသာလေးပြောလိုက်ပါတယ်။သားလေးကရေးပြလိုက်တာကိုကြည့်ပြီး သားကလက်ရေး လေး ရေးတာရှင်းနေတာပဲ။ ကောင်းလိုက်တာကို့အသိအမှတ်ပြုလိုက်ပါတယ်။

သမီးအလှည့်ရောက်တော့ မေမေဒီနေ့သမီးကျောင်းမှာ လုပ်ခဲ့တာတွေကို နားထောင်ဖို့အချိန်ရှိရဲ့လားလို့ အရင်မေးလိုက်ပါတယ်။

ဒီတော့မေမေကပြုံးရင်း မေမေ့အတွက် အရေးကြီးတာဆိုရင် အချိန်အမြဲရှိပါတယ်သမီးရယ်လို့ပြန် ပြော ပါတယ်။

သမီးလုပ်ဆောင်ခဲ့ဲရတဲ့စိတ်လှုပ်ရှားစရာတွေ၊စိတ်ဝင်စားစရာတွေကိုပြောပြတဲ့အခါ မေမေက စိတ်ဝင်တ စားနား ထောင်ပါတယ်။ ပြီးတော့မေမေက သမီးတို့မောင်နှစ်မ သုံးယောက်လုံးကို ဖက်မွှေးမွှေး ပေးပြီး လမ်းအတိုင်း အမြန်ထွက်သွားတတ်ပါတယ်။ ဘယ်လောက်ပင် အလုပ်တွေများနေပါစေ သမီးတို့ပြောပြ တာတွေကိုတော့ လောကမှာအရေးအကြီးဆုံးလို့သဘောထားပြီး ကောင်းကောင်းစိတ်ပါလက်ပါနားထောင် ပေးတတ်ပါတယ်။

မေမေ့မှာဆိုရင် သမီးတို့အတွက်အချိန်အမြဲရှိပါတယ်။ အလုပ်မှာတစ်နေ့ကုန်အလုပ်တွေလုပ်ပြီးအိမ်ပြန် ရောက်တဲ့အချိန်ဆိုရင် သမီးတို့ တံခါးဖွင့်ပေးရင် မေမေလာတာကိုအပြုံးနဲ့ကြိုဆိုရမယ်ဆိုတာ သမီးတို့က သိနေပါတယ်။ မေမေက အိမ်ပြန်ရောက်တယ်ဆိုရင်ခဏအမောဖြေတဲ့အနေနဲ့ အနားယူပါတယ်။ ခဏကြာ တော့သမီးတို့တတွေမိးဖိုချောင်မှာစုပြီး ကျောင်းမှာတစ်နေ့တာတွေ့ကြုံခဲ့ရတာတွေကို မေမေကိုပြောပြကြ ပါတယ်။ အဲဒီလိုပြောပြရင်း ညစာစားဖို့အတွက်မေမေပြင်ဆင်နေတာကိုသမီးတို့ကလည်းဝိုင်ကူညီပေး ပါတယ်။ မေမေ့ကြည့်ရတာ သိပ်ပင်ပန်းနွမ်းနယ်လာတယ်လို့ဘယ်တော့မှမထင်ရပါဘူး။ သမီးတို့ပြောပြ တာတွေကို စိတ်ဝင်တစားနားထောင်ရင်း မေးခွန်းတွေလည်းမေးတတ်ပါတယ်။ သမီးတို့အတွက်အရေးကြီး တာတွေကို မေမေကစိတ်ဝင်စားပါတယ်။ တကယ်တော့အလုပ်မှာတစ်နေ့ကုန် အလုပ်လုပ်လာရတဲ့အတွက် ပင်ပန်းနေပေမဲ့ မေမေက သီးတို့အတွက်အရေးကြီးတာတွေကို အမြဲစိတ်ဝင်တစားနားထောင်ရင်း မေးခွန်း တွေမေးတတ်ပါတယ်။

မေမေဟာ သူ့အချိန်ဆိုတဲ့လက်ဆောင်မွန်ကို သမီးတို့အတွက် အမြဲပေးခဲ့ပါတယ်။ တစ်နှစ်ပတ်လုံးပေးခဲ့ ပါတယ်။ သမီးတို့ပါဝင်တဲ့ကျောင်းကပွဲတွေဆိုရင်လည်း မေမေကအရောက်လာအားပေးပါတယ်။ အလုပ်မှ အချိန်ရအောင် ယူပြီးလာအားပေးတတ်ပါတယ်။ နွေကာလကျောင်းပိတ်တဲ့အချိန်ဆိုရင် သမီးတို့က မေမေ အလုပ်လုပ်တဲ့ရုံးကိုသွားတဲ့အခါမေမေကပြုံးကြိုဆိုပါတယ်။ပြီးတော့သမီးတို့နဲ့ အတူတူ နေ့လည်စာစားဖို့ အချိန် ရသလားလို့မေမေ့ကိုသမီးတို့ကမေးတတ်ပါတယ်။

ဒီတော့မေမေက မေမေ့မှာ နေ့လည်စာစာဖို့အခြားလူအဖော်မရှိပါဘူးကွယ်လို့ပြောတတ်ပါတယ်။ ပြီးတော့ သမီးတို့နဲ့မေမေအတူတူ မြစ်ဘေးကမ်းနားကမြက်ခင်းမှာထိုင်ရင်း အိမ်ကယူလာတဲ့ အသားကပ်မုန်တွေကို အတူတူထိုင်စားကြပါတယ်။ မေမေဟာ သူ့အတွက်လုပ်ဆောင်တာမျိုးမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့အတွက် အလုပ်မှ အားတဲ့အချိန်တိုင်းမှာ သမီးတို့အတွက် အချိန်ပေးပြီးသမီးတို့ပျော်ရွှင်ဖို့သာ လုပ်ပေး တတ်တဲ့အတွက် ဖြစ်ပါတယ်။ မေမေဟာ သူမှာရှိတဲ့အချိန်မှန်သမျှကိုသမီးတို့အတွက် လိုလို လားလား ပေးတတ်ပါ တယ်။ အဲဒီလိုပေးရတာကိုမေမေကသဘောကျပါတယ်။

နောက်ပိုင်းမှာမေမေက အလုပ်မှ အနားယူပြီးတဲ့နောက် သမီးတို့နဲ့အတူတူ လာနေပါတယ်။ အဲဒီအချိန် မှာ လည်းမေမေက သူ့အချိန်တွေကိုသမီးရဲ့ ကလေးတွေအတွက် လက်ဆောင်အဖြစ်ပေးပါတယ်။ ကလေးတွေ ဟာ အိမ်ပတ်ဝန်းကျင်မှာ ပျော်ရွှင်စွာပြေးကစားပါတယ်။ သူတို့အဖွားကိုလည်းသူတို့နဲ့အတူကစားရန် တောင်း ဆိုကြပါတယ်။ ပုံပြင်တွေပြောပြခိုင်းပါတယ်။ အပြင်ထွက်ပြီးအတူတူလမ်းလျောက်ခိုင်း ကြပါ တယ်။ အဲဒီချိန်မှာ သမီးမေမေမှာကျန်းမားရေးပြဿနာရှိနေပါတယ်။ ဒါပေမဲ့ ကလေးတွေက လာပြောတိုင်း မေမေက ကလေး တွေလိုတာကို လုပ်ပေးရန်ခေါင်းကို ညိမ့်ပြတတ်ပါတယ်။ သူငယ်စဉ်ကအကြောင်းတွေ၊ ပုံပြင်တွေကိုပြောပြတတ်ပါတယ်။ အဲဒီအချိန်တွေဟာကျွန်မကလေးများအတွက် အလွန် စိတ်လှုပ်ရှား စရာ ကောင်းတဲ့ကြည်နူးစရာ အချိန်တွေဖြစ်တဲ့အတွက် ယခုတိုင် အဲဒီအကြောင်းတွေကို ပြောနေကြပါ တယ်။

မေမေဘဝနောက်ဆုံးအချိန်ပိုင်းရောက်လာတဲ့အခါမှာ ကျွန်မကမေမေကိုနေ့လည်စာစားဖို့ခေါ်ပါတယ်။ တစ် ခါ တစ်ရံမှာဝရံတာမှာထိုင်ရင်း အတိတ်ကအကြောင်းတွေကိုပြန်ပြောင်းပြောဖြစ်ကြပါတယ်။ အတူတူ ထိုင်ရင်း စိတ်မှာဝမ်းသာကြည်နူးစရာတွေကို ပြန်စဉ်းစားပြောနေမိတတ်ပါတယ်။အတိတ် အကြောင်းတွေ ပြောဖြစ်သလို အနာဂတ်အတွက်မျှော်မှန်းချက်များအကြောင်းလည်းပြောဖြစ်ပါတယ်။ ကျွန်မမှာထားတဲ့ မျှော်လင့်ချက်များ၊ ကြောက်ရွံ့စိုးရိမ်မှုများ၊ မိသားစုအတွက် ထားတဲ့မျှော်မှန်းချက်များ အကြောင်းပြော ပြတဲ့အခါ မေမေက စိတ်ဝင် တစားနားထောင်ပေးပါတယ်။ မေမေက ပြောတဲ့ အကြောင်းအရာတိုင်းကို စိတ်ဝင်တစား နားထောင်ပေးတော့ မေမေကိုတောင် အားနာလာပါတယ်။ ဒါကြောင့် ကျွန်မကမေမေ ရဲ့တန်ဖိုးရှိတဲ့အချိန်တွေ အများကြီး ယူနေ သလိုများဖြစ်နေပါသလားလို့ ကျွန်မကမေမေ့ကိုမေးမိပါတယ်။
ဒီတော့မေမေက”အိုးသမီးကဘာတွေလျောက်ပြောနေတာလဲ။ လို့ပြောရင်း မျက်လုံးတစ်ဘက်ကိုမှိတ်ပြရင်း “သမီးနဲ့အတူနေဖို့အချိန်ဆိုတာမေမေမှာ အမြဲရှိပါတယ်သမီးရယ်။” “သမီးနဲ့အခုလို အတူတူထိုင်ရင်း ပြောပြရတဲ့အချိန်တွေဟာ မေမေ့ဘဝအတွက် အပျော်ရွှင်ဆုံးအချိန်တွေဖြစ်ပါတယ်”လို့ပြောပါတယ်။

မေမေပြောခဲ့တဲ့ အဲဒီအံ့သြကြည်နူးစရာကောင်းလှတဲ့ မေတ္တာအရင်းခံပြောတဲ့စကားတွေကို ကျွန်မ တော့မမေ့တော့ ပါဘူး။ အဲဒီကတော့မေမေပေးတဲ့လက်ဆောင်မွန်ဖြစ်ပြီး အဲဒီအတွက် မေမေ့ကိုကျေဇူး အထူး တင်မိ ပါတယ်။ ဒီလောကကြီးမှ စိန်ခေါ်မှုတွေ အမျိုးမျိုးရှိနေတဲ့ကြားမှာ မေမေကသမီးတို့အတွက် ပျော်ရွှင်အောင် အစဉ်အမြဲအချိန်ပေးနိုင်ခဲ့ပါတယ်။

မိတ်ဆွေများ ကလေးတွေပျော်အောင် အချိန်ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်

ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။



No comments:

Post a Comment

ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)

  ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...