ဒီနေ့မှာတော့
Smile ဆိုတဲ့အကြောင်းကို ကလေးငယ်များလေ့ကျင့်ပျိုးထောင်ရာမှာ
ဘယ်လိုသုံးသင့်ကြောင်းကို Food for Thought 686 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
S + M + I + L + E
Smile
နှင့်ပတ်သက်ပြီးစိတ်ဝင်စားစရာစဥ်းစားချက်များရှိပါတယ်။ တစ်ချို့ကလည်း S
နှစ်လုံးကြားမှာမိုင်ချီပြီး ကွာဝေးတဲ့ စာလုံးတစ်လုံးရှိပါတယ်။ အဲဒီစာလုံးက
ရှည်လွန်းလို မိုင်ချီကွာဝေးတာလို့ပြောကြပါတယ်.။ အဲဒီစာ လုံးက
ဘာလဲလို့လည်းမေးတတ်ကြပါတယ်။ အဲဒီစာလုံးမှာ SMILES ဖြစ်ပါတယ်။ ရှေ့ဆုံး
နဲ့နောက်ဆုံးမှာ S ရှိနေပြီးအလယ်မှာတော့ MILE ရှိနေတဲ့အတွက်
မိုင်ချီကွာဝေးတယ်လို့ ပြောတာဖြစ်ပါတယ်။
SMILES
ကကလေးတွေကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် လေ့ကျင့်ပေးတဲ့အခါ
ဖွံ့ဖြိုးတိုးတက်အောင် လေ့ ကျင့်ပေးရမဲ့နယ်ပယ်များအဖြစ်လည်း
ကိုယ်စားပြုသုံးကြပြန်ပါတယ်။ SMILES ကအောက်ပါအတိုင်းကလေး တို့ရဲ့
ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းများကိုကိုယ်စားပြုပါတယ်။
S – Senses (အကြား၊အမြင်၊အထိအတွေ့၊ အနံ့၊ အရသာခံမှုစတဲ့အာရုံခံများဖွံ့ဖြိုးတိုးတက်ရေး)
M -motor (ကိုယ်လက်ဆိုင်ရာလှုပ်ရှားနိုင်စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေး)
I – intelligence (အသိဥာဏ်ရည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး
L -language (ဘာသာစကားဆိုင်ရာစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေး)
E -emotion (စိတ်လှုပ်ရှားခံစားမှုဆိုင်ရာ စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေး)
S -social (ပေါင်းသင်းဆက်ဆံရေးဆိုင်ရာစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေး)တို့ဖြစ်ပါတယ်။
SMILES
ကိုနောက်တစ်မျိုး
ကလေးသူငယ်များလေ့ကျင့်ပျိုးထောင်ရာမှာလမ်းညွှန်အဖြစ်သုံးနိုင်တဲ့
လမ်းညွှန်ချက် များအဖြစ် အောက်ပါအတိုင်းအသုံးပြုရန်
ရည်ညွှန်းချက်များလည်းရှိပါတယ်။
S Say nice thing in a positive way.
ကောင်းတာလေးတွေကို အပြုစိတ်နဲ့ပြောပါ။
M Make children feel good or special.
ကလေးတွေစိတ်ခံစားမှုကောင်းအောင်ကူညီပါ။
I Initiate appreciation.
စတင်အသိအမှတ်ပြုပါ။
L Love with tender care.
ကြင်ကြင်နာနာချစ်ချစ်ခင်ခင်ပြောပါ။
E Emotionally uplift children always.
ကလေးတွေစိတ်ဓာတ်တက်ကြွနေအောင်အမြဲမြှင့်တင်ပါ။
ကလေးတွေကိုလေ့ကျင့်ပေးရာ
သင့်ကလေးကို ချစ်ခင်ပါအမြဲအစဉ်သာ။
ချစ်ခင်ကြောင်းကို နေ့စဉ်ပြ၊ လွန်စွာအရေးကြီးလှ။
သင့်ကလေးနှင့် အတူသာ၊ ပျော်ပျော်ကစားလို့အချိန်ပေးပါ။
ကလေးစွမ်းရည်အပေါ်မယ်၊ ယုံကြည်မှုလည်းပြပါကွယ်။
နိုင်တဲ့တာဝန်သူ့ကိုပေး၊ ရွေးချယ်ခွင့်လည်းပေး။
ကလေးကိုယ်တိုင်လုပ်တတ်ရေး၊ စိတ်ရှည်ရှည်ဖြင့် သင်လို့ပေး။
ကြိုးစားလုပ်ရင်းအမှားလုပ်မိတာ သဘာဝပါ၊ စိတ်မပျက်နဲ့ကွာ။
အမှားဆိုတာ တိုးတက်ဖို့ အခွင့်အလမ်းဖြစ်တယ်ဗျို့။
သင့်ကလေးကို ကောင်းဖို့ကွယ် ချိုးနှိမ်တာများရှောင်ကြမယ်၊
သင့်ကလေးကို ကောင်းဖို့ကွယ် အပြစ်တင်တာများရှောင်ကြမယ်၊
သင့်ကလေးကို ကောင်းဖို့ကွယ် ဖိအားပေးတာရှောင်ကြမယ်၊
သင့်ကလေးကို ကောင်းဖို့ကွယ် ခြိမ်းခြောက်တာများရှောင်ကြမယ်၊
ကိုယ်စိတ်ဒါဏ်ရာပေးမှုများ၊ အစဉ်ရှောင်လို့ရှား။
ကိုယ်စိတ်ဒါဏ်ရာပေးတဲ့အခါ လိုရာမရောက်ဆန့်ကျင်ရောက်၊
ဆန့်ကျင်ရောက်တော့ စိတ်မချမ်းသာ၊ သူရောကိုယ်ရောရင်မှာနာ။
ရင်နာစရာမဖြစ်ဖို့၊နွေးနွေးထွေးထွေးဆက်ဆံစို့။
လိုအပ်ချက်များပြည့်ဖို့ရာ၊ ဝိုင်းဝန်းဖြည့်ပေးပါ။
မျှော်မှန်းချက်များ ပြောပြရာ သေချာရှင်းလင်းစွာ။
လုပ်စရာအလုပ်များပေးတဲ့အခါ တိုးတက်ရေးကိုရှေ့ရှုပါ။
အလုပ်ငယ်များ ပြီးသောအခါ လုပ်ငန်းကြီးတွေဖြစ်လာမှာ။
အသိအမှတ်ပြုကာ အားပေးကြ ကလေးငယ်များဝမ်းသာကြ။ အစဉ်အမြဲသာပ။
အားတက်နေတဲ့ကလေးတိုင်းဟာ ကြိုးစားလုပ်မှာအမြဲသာပဲ။
ကြိုးစားလုပ်တော့ အောင်မြင်လာ အသိအမှတ်ပြုမှုများဆက်ဖြစ်လာ။
အောင်မြင်မှုလမ်းကြောင်းပွင့်လို့သွား၊ မရပ်မနားခုတ်မောင်းသွား။
မိတ်ဆွေများ ကလေးများကို အကောင်းဆုံးလေ့ကျင့်ပျိုးထာင်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
No comments:
Post a Comment