ဒီနေ့ ” သင့်စိတ်ထဲမှာအမှိုက်တွေရောက်လာခြင်း” ဆိုတဲ့အကြောင်းကို Food for Thought 688 အဖြစ်မျှဝေ လိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
သင့်စိတ်ထဲမှာအမှိုက်တွေရောက်လာခြင်း
မျက်မှောက်ခေတ်မှာ
လက်ကိုင်ဖုန်းတွေနှင့် လူမှုကွန်ယက်စာမျက်နှာတွေပေါ်လာတဲ့အတွက်
ကောင်းတဲ့အချက် တွေများစွာရှီသလို မိမိစိတ်ထဲကို အမှိုက်တွေကလည်း
ရောက်နေတတ်ပါတယ်။ သူများက လာပေးတဲ့အတွက် ရောက်လာတတ်သလို ကိုယ်တိုင်
ရှာဖွေစုဆောင်းတဲ့အတွက် စိတ်အမှိုက်တွေရောက်လာတာဖြစ်ပါတယ်။
တစ်နေ့မှာ
လူတစ်ယောက်ဟာ အထုပ်ကြီးတခုကို ပုခုံးမှာထမ်းပြီး အိမ်ထဲဝင်လာတယ်။.ပြီးတော့
ဘာမပြော ညာမပြောနဲ့ အထုပ်ကြီးထဲက ပစ္စည်းတွေကိုကြမ်းပြင်ပေါ်ကို
သွန်ချလိုက်တယ်။ ထွက်ကျလာတာတွေက ဘာတွေလဲဆိုတော့ အမှိုက်သရိုက်တွေပါ။ ဒီတော့
သင်ဘာလုပ်မလဲ။
"ဟေ့ လူ
ဒါဘာလုပ်တာလဲ။ အဲဒီအမှိုက်တွေကို ချက်ခြင်းပြန်ကောက်လိုက်။
မကောက်ဘူးဆိုရင်တော့ မင်းကိုငါ သတ်ပစ်မယ်"ဆိုပြီး ဓါးဖြစ်ဖြစ် တုတ်ဖြစ်ဖြစ်
သွားယူပါလိမ့်မယ်။
အဲဒီလူကလဲ
ချက်ခြင်းပဲ အမှိုက်တွေကို အိပ်ထဲပြန်ထဲ့တယ်။ အမှိုက်တစ မကျန်အောင်
သေချာကောက်ပြီးထည့် တယ်။ ဒါတင် မကသေးပဲ သူ့ဘောင်းဘီအိပ်ထဲက အဝတ်စတခုကို
ဆွဲထုတ်ပြီး ကြမ်းကို သေချာပြောင်အောင် ပြန်သုတ်ပေးလိုက်တယ်။ ပြီးတော့
ဘာစကားမှ မပြောပဲ အိမ်ပြင်ကို သူ့အမှိုက်ထုပ်ကြီးတမ်းပြီး ပြန်ထွက် သွား
တယ်။ ကြမ်းပေါ်မှာအမှိုက်သရိုက် အစအနလေး တစက်တောင်မကျန်ခဲ့ဘူး။
ကြမ်းဟာ
အရင်အတိုင်း ပြန်ဖြစ်သွားပေမဲ့ သင့်ရဲ့စိတ်အခြေအနေကတော့
အရင်လိုမဟုတ်တော့ပါဘူး။ ဒီအ ကြောင်းကို တနူံ့နူံ့နဲ့ ပြန်စဉ်းစားပြီး
ဒေါသထွက်နေလိမ့်မယ်။ ဒါက ရုပ်ပစ္စည်းအမှိုက်ကြောင့် ဖြစ်လာတဲ့စိတ်
အမှိုက်အညစ်ကြေးဖြစ်လာခြင်းဖြစ်ပါတယ်။
နောက်တစ်နေ့မှာ
သင့်ရဲ့သူငယ်ချင်းတွေကို အရူးတစ်ယောက်ဟာ သင့်အိမ်ထဲ ဝင်လာပြီး အမှိုက်တွေ
သွန်ချ သွားတယ်ဆိုတာ အတန်ကြာအောင် ပြောပြနေပါလိမ့်မယ်။
ဒီအဖြစ်မျိုးကြုံဖူးသလားလို့
မေးရင် အားလုံးကမကြုံဖူးပါဘူးလို့ ဖြေကြပါလိမ့်မယ်။ မှန်ပါတယ်။ သင့်အိမ်ထဲ
အမှိုက်လာပုံသွားတာ မကြုံဖူးကြပေမဲ့ သင့်စိတ်ထဲကို
နေ့စဉ်အမှိုက်လာသွန်နေတာတွေကိုတော့ သင်သတိထား မိမှာ မဟုတ်ပါဘူး။
ဘယ်လို
အမှိုက်မျိုးတွေလဲ။ သင့်ကို သူများအကြောင်း အတင်းအဖျင်းတွေ၊ အရေမရအဖတ်မရ
အကျိုမဲ့တဲ့ စကား တွေ လာပြောကြပါလိမ့်မယ်။ သင်လဲ အကျိုးမဲ့တဲ့စာတွေဖတ်မယ်။
ညစ်ညမ်းပြီး မကြည့်သင့်မကြည့်
အပ်တာတွေကြည့်မယ်ဆိုရင်စိတ်အမှိုက်တွေစုနေတာသာဖြစ်ပါတယ်။
ဒါတွေဟာ သင့်စိတ်ထဲမှာ နေ့စဉ်လာပုံနေတဲ့အမှိုက်တွေပါ။
ဒါပေမဲ့
စိတ်ထဲမှာအမှိုက်လာသွန်တာဟာ အိမ်ထဲမှာ အမှိုက်လာသွန်တာနဲ့ မတူပါဘူး။
ပိုဆိုးပါတယ်။ အိမ်ထဲလာသွန်လိုက်တဲ့ အမှိုက်ကို သေချာပြန်ကောက်ထဲ့ပြီး
သန့်ရှင်းရေးလုပ်ပေးလိုက်ရင် ကြမ်းဟာ ပြောင်သွားပေမဲ့ သင့်စိတ်ထဲက
အမှိုက်ကတော့ ပြန်ရှင်းဖို့မလွယ်တော့ဘူး။
ဘာကြောင့်လဲ။သင့်ကို
လူတယောက်က တခြားလူတယောက်ရဲ့မကောင်းကြောင်းတွေ လာပြောတယ်။ သင်လဲ နား ထောင်
လိုက်တယ်။ အဲဒီလူလဲ ပြောပြီး ပြန်သွားတယ်။ ဒါပေမဲ့ သူထားခဲ့တဲ့အမှိုက်ဟာ
သင့်ခေါင်းထဲမှာ ကျန်ခဲ့ပြီ။
ဘယ်လိုကျန်ခဲ့သလဲ။
အဲဒီလူပြန်သွားပေမဲ့ သင့်စိတ်ထဲမှာဆက်တွေးနေမိလိမ့်မယ်။ သူပြောတာ
ဟုတ်မှာပဲ။ သူပြောလဲ ပြောစရာပဲ။ အဲဒီလူက သိတ်မိုက်တာကိုး။.
သူ့မိန်းမနဲ့ကလေးတွေတော့
ဒုက္ခရောက်တော့မှာပဲစသဖြင့် သင့်စိတ်က ဆင့်ကဲဆင့်ကဲဆက်တွေးနေတော့မယ်။ ဒါက
တကြိမ်ပဲ ရှိသေးတယ်။ နေ့စဉ် ဒီလိုသာ ကြုံနေရင် သင့်စိတ်မှာ အမှိုက်တွေ
တောင်လိုပုံနေလောက်ပြီ။
ဒီတော့
စိတ်ထဲမှာ အမှိုက်ပုံကြီးနဲ့ပြည့်နေတဲ့ လူတယောက်ရဲ့စိတ်ဟာ
ကြည်လင်ပါအုံးမလား။ အကြံသစ်ဉာဏ် သစ်တွေ ထွက်နိုင်ပါ့အုံးမလား။
အလုပ်ထဲမှာရော စိတ်ကြည်ကြည်လင်လင်နဲ့ အလုပ်လုပ်လို့ရပါ့မလား။ သင့်
မိသားစုနဲ့ကော ပျော်ပျော်ရွှင်နေနိုင်ပါ့မလား။ ကျောင်းက စာတွေကိုကော
အာရုံစူးစိုက် သင်ယူနိုင်ပါ့မလား။
သေချာစဉ်းစားကြည့်ပါ။ဒါတွေမဖြစ်ချင်ဘူးဆိုရင်
သင့်စိတ်ထဲကို အမှိုက်လာသွန်တာတွေကို လက်မခံပါနဲ့။ အမှိုက်သွန်မဲ့လူတွေကို
ဝေးဝေးရှောင်ပါ။
မဟာတမ္မဂန္တီကြီးက ပြောဘူးပါတယ်။
ညစ်ပေနေတဲ့ခြေထောက်တွေနဲ့ ဘယ်သူကိုမှာ သူစိတ်ထဲအဝင်မခံဘူး ဆိုတာ
ဖြစ်ပါတယ်။ ပေနေတဲ့ခြေထောက်နဲ့ မိမိစိတ်ဌဲဝင်လာတယ်ဆိုတာ
မသန့်ရှင်းတဲ့စိတ်အညစ်ကြေးတွေ နဲ့ မိမိစိတ်ထဲဝင်လာတာဖြစ်ပါတယ်။
အချိန်ပြည့်
ဖေ့ဘုတ်ကို ပွတ်ပြီး လူတွေစိတ်ကူးပေါ်သလို ရေးချင်ရာတွေ ရေးထားတာကို
ဖတ်နေတာလဲ မိမိ စိတ်ထဲကို အမှိုက်တွေထည့်နေတယ်ဆိုတာကိုလဲ
သဘောပေါက်စေချင်ပါတယ်။ (ဗဟုသုတရအောင်၊ သတင်း သိ ရအောင် ဖတ်တာကိုမဆိုလိုပါ)။
အဆိုးဆုံးက သဘောထားမှတ်ချက်ဆိုတဲ့ ကွန်မင့်မှာရေးထားတဲ့ဆဲစာ တွေ ကို
ဖတ်နေခြင်းပါပဲ။ မသင့်တဲ့စကားတွေ၊ ရိုင်းပြတဲ့စကားတွေဖြင့် ရေးတဲ့
သဘောထားမှတ်ချက်များဖြစ်ပါ တယ်။)
မိတ်ဆွေများစိတ်အမှိုက်များကို လာလည်းအပစ်မခံပါနဲ့၊ ကိုယ်တိုင်လည်း မစဆောင်းမိစေရန်သတိရှီပါလို့ နှိးဆော်တိုက်တွန်းချင်ပါတယ်။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ၊ (ငြိမ်း) ပညာရေးစိတ်ပညာဌာနာ၊ ရန်ကုန်ပညာရးတက္ကသိုလ်။
No comments:
Post a Comment