Monday, February 24, 2025

အချိန်ရှိပါသေးတယ် Food for Thought 704 ဒေါက်တာသိန်းလွင်

No photo description available.

ဒီနေ့ “အချိန်ရှိပါသေးတယ်” လို့ပြောတတ်သူများမိမိကိုယ်တိုင်ပြန်လည်ချင့်ချိန်စဥ်းစားနိုင်စေရန် Food for Thought 704 ကိုမျှဝေလိုက်ပါတယ်။

ဒေါက်တာသိန်းလွင် 

ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။ 

 

 



အချိန်ရှိပါသေးတယ်

ထိုင်နေတယ်ဆိုပေမဲ့ထိုင်နေတဲ့အချိန်ဆိုတာရှိပါတယ်။ အိပ်နေတယ်ဆိုတာ လည်းအိပ်တဲ့အချိန်ဆိုတာရှိနေပါ တယ်။ အစာစားနေတယ်ဆိုတာလည်း အချိန်ရှိပါတယ်။ အိမ်သာတက်ရေချိုးနေတာတွေလည်းအားလုံးအချိန် ပါနေပေါတယ်။ စာဖတ်နေတာလည်းအချိန်ပါနေပါတယ်။ အခုစာရေးနေတာလည်းအချိန်ပါနေပါတယ်။ ခေါင်း ယားလို့ခဏလေးကုတ်လိုက်တာလည်းအချိန်ပါနေပါတယ်။ အညောင်းပြေခါးဆန့်လိုက်တာလည်းအချိန်ပါနေပါ တယ်။ ဝင်လေထွက်လေကိုရှုမှတ်ပြီးတရားထိုင်နေတာလည်း အချိန် ပါပါတယ်။ အဲဒီတော့ လူတွေဘာကိုပင် လုပ်လုပ် မပါရင်မြဖစ်တာကတော့အချိန်ဖြစ်ပါတယ်။ တစ်စက္ကန့်ကြာတဲ့အလုပ်ဆိုရင် တစ်စက္ကန့်ကုန်သွားပါ တယ်။ တစ်မိနစ်ြာတဲ့အလုပ်ဆိုရင် တစ်မိနစ်အချိန် ကုန်သွားပါတယ်။ တစ်နာရီကြာတဲ့အလုပ်ဆိုရင်အချိန် တစ် နာရီကုန်သွားပါတယ်။ အဲဒီလိုကုန်သွားတဲ့အချိန်တွေကို ဘယ်လိုမှပြန်မရနိုင်တော့ပါ။ ကုန်သွားတဲ့အချိန်ဟာ ဘဝမှာ အပြီးကုန်ဆုံးသွားတာသာဖြစ်ပါတယ်။ ကုန်သွားတဲ့အချိန်က ဘယ်လိုမှပြန်မရနိုင်တော့ပါ။

ဘဝမှာ လူတွေလုပ်မိတဲ့ အကြီးမားဆုံးအမှားကဘာပါလဲလို့ မေးတဲ့အခါ မြတ်ဗုဒ္ဓက အချိန်ရှိပါသေးတယ်လို့ ထင်နေခြင်းမှာ အကြီးမားဆုံးသောအမှားဖြစ်တယ်လို့ မြတ်ဗုဒ္ဓကမိန့်တော်မူပါတယ်။

• အချိန်ဆိုတာ လွတ်လပ်ပါတယ်။ လူတိုင်းမှာ တစ်နေ့ (၂၄)နာရီဆိုတဲ့အချိန်အတူတူရှိကြပါတယ်။ ဒါပေမဲ့တန်ဖိုးဖြတ်လို့မရနိုင်အောင်တန်ဖိုးရှိပါတယ်။

• အချိန်ကိုသင့်အနေဖြင့် သုံးနိုင်ပါတယ်။ ဒါပေမဲ့ မပိုင်နိုင်ပါတယ်။

• အချိန်ကိုသင့်အနေဖြင့် အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ ထိန်းသိမ်းထားလို့မရပါဘူး။

• အချိန်ဟာဆုံးရှုံးသွားပြီဆိုရင် ဘယ်တော့မှပြန်မရနိုင်တော့ပါဘူး။

မိတ်ဆွေများ သေသေချာချာစဥ်းစားကြည့်စေချင်ပါတယ်။ ကုန်သွားတဲ့အချိန်တွေကို ပြန်တောင်းတမနေဘဲ လက်ရှိရှိနေတဲ့အချိန်ကို အကောင်းဆုံးအကျိုးရှိအောင် သုံးနိုင်အောင် အားထုတ်သင့်ပါတယ်။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင် 

ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။

No comments:

Post a Comment

ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)

  ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...