အပြုသဘောစိတ်ထားမွေးနည်း (၉)သွယ်
ဒီနေ့”အပျက်သဘောဆောင်နေတဲ့အခြေအနေမှာအပြုသဘောစိတ်ထားမွေးရန်နည်း
လမ်း (၉) သွယ်” အကြောင်းကို Food for Thought 705 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
အပျက်သဘောဆောင်တဲ့အခြေအနေကြုံလာတိုင်း
အပြုသဘောစိတ်မွေးရန် မိမိ ကိုယ် မိမိသတိပေးပါ။
အဲဒီအခြေအနေမှာကောင်းတာဘာရှိသလဲ။ အဲဒီကောင်း တဲ့ အချက် အ ပေါ်မှာ
အာရုံထားရန်မိမိကိုယ်မိမိသတိပေးပါ။ အစဥ်သဖြင့် အပြုသဘော ဆောင်ပြီးဖွံ့
ဖြိုးတိုးတက်တဲ့စိတ်နေစိတ်ထားမွေးပါ။
အပျက်သဘောဆောင်တဲ့အခြေအနေမှာအပြုသဘောစိတ်မွေးနိုင် အောင် လုပ်ဆောင် နိုင်တဲ့နည်းလမ်း (၉)သွယ်ကို အောက်ဘက်မှာ ဖော်ပြထားပါတယ်။
၁။ သင့်အနေဖြင့်ဘာနှင့်ဆက်သွယ်လုပ်ဆောင်နေကြောင်း တိတိကျကျရှင်းလင်းစွာ သိနေပါ။
အပျက်သဘောဆောင်တဲ့လူတွေကအပျက်သဘောဆောင်တဲ့နည်းများဖြင့်
ပြုမူလုပ် ဆောင်တတ်ကြပါတယ်။ အဲဒီအချက်မှာ ကြိုတင်ခန့်မှန်းနိုင်ပါတယ်။
သင့်အနေဖြင့် ထို သို့အပျက်သဘောဆောင်ပြီးပြုမူတတ်သူတွေကို
ပြောင်းဖို့မှာမဖြစ်နိုင်ပါ။ ဒါပေမဲ့ အဲဒီ လူတွေပြုမူတာအပေါ် သင်ကဘယ်လို
တုံ့ပြန်မယ်ဆိုတာကိုတော့ သင်ကိုယ်တိုင် ရွေး ချယ်ဆုံးဖြတ်နိုင်ပါတယ်။
အဲဒီလိုမိမိဘယ်လိုတုံ့ပြန်မယ်ဆိုတာကို အပြုသဘောဖြင့်
ထိန်းသိမ်းလိုက်တဲ့အခါရလာတဲ့ရလဒ်မှာမတူခြားနားတဲ့ရလဒ်များဖြစ်သွားပါတော့
တယ်။
ဥပမာ
အနိုင်ကျင့်တတ်သူကရန်လိုတဲ့အပြုအမူပြုလုပ်ပါတယ်။ သူတို့က ရိုင်းပြစွာပြု မူ
ပြောဆိုပါတယ်။ အဲဒီလို အနိုင်ကျင့်ပြုမူသူကို
ပြန်လည်တုံ့ပြန်နိုင်တဲ့နည်းလမ်း (၂)မျိုးရှိ ပါတယ်။ (၁)
အဲဒီအခါမျိုးမှာကြောက်တဲ့အမူအရာမပြပါနဲ့။ ကြောက်မှန်းသိရင်သူတို့ ကပို
ခြောက်တတ်ကြပါတယ်။ (၂) မိမိရပ်တည်ချက်အပေါ် တည်ငြိမ်စွာရပ်တည်ပါ။ သင်ကလည်း
အနိုင်ကျင့်သူလို ရိုင်းပြစွာ ပြန်လည်ပြုမူရင် သူကောသင်ပါအရှုံးနဲ့သာရင်
ဆိုင်ကြရမှာဖြစ် ပါတယ်။
နောက်ဥပမာတစ်ခုကတော့မကျေမနပ်ပြောတတ်သူများကိုဘယ်လိုသဘောထားဆက်ဆံမလဲဆိုတာဖြစ်ပါတယ်။
အဲဒီလိုပြောတတ် တဲ့လူတွေကိုမပြောပါနဲ့လို့တစ်ချို့က တား မြစ် ကြပါတယ်။
အဲဒီလို လူတွေနှင့်ဆက်ဆံတဲ့ အခါမှာကျိုးကြောင်းညီတဲ့ပြောဆိုမှုကို သုံးပါ။
သူတို့အတင်းအဖျင်းပြောတာကိုလစ်လျူ ရှု လိုက်တဲ့အခါ မကျေမနပ်ပြောလာ သူကသူ
ဘာသာသဘောပေါက်ပြီးရပ်သွားပါလိမ့်မယ်။
၂။
သင့်အနေဖြင့်အပျက်သဘောဆောင်တဲ့အခြေအနေကိုမထိန်းချုပ်နိုင်ပေမဲ့သင့်တုံ့ပြန်
မှုကတော့သင့်ထိန်းချုပ်မှုအောက်မှာသာအစဥ်အမြဲရှိနေပါတယ်။
အပျက်သဘောဆောင်တဲ့လူတွေနဲ့ဆက်ဆံရတဲ့အခါ
အပျက်သဘောဆောင်တဲ့လုပ် ဆောင်မှုကို လုံးဝမထိရောက်အောင်ပြုလုပ်တဲ့ အဆင့်
(၃)ဆင့်ပါတဲ့နည်းကို ကျင့်သုံးနိုင် ပါတယ်။ အပျက်သဘောဆောင်တဲ့လူ၊ သို့မဟုတ်
အခြေအနေနှင့် ကြုံလာတဲ့အခါ အောက်ပါအဆင့် (၃) ဆင့်ပါတဲ့နည်းကို
ကျင့်သုံးစဥ်းစား လုပ်ဆောင်နိုင်ပါတယ်။
• ဒီလူ၊ ဒီအခြေအနေနဲ့ ငါလုံးဝမပတ်သက်မပါဝင်အောင်ငါလုပ်နိုင်စွမ်းရှိတယ်။
•
သူ့ကို၊သို့မဟုတ် အခြေအနေကိုတုံ့ပြန်မနေဘဲ၊ နာကျင်အောင်၊ ပျက်စီးအောင်
ဘာမှပြန်မလုပ်ဘဲ ခိုင်ခန့်ငြိမ်သက်စွာနေနိုင်စွမ်းငါမှာရှိတယ်။
• ငါကအစဥ်သဖြင့် ကောင်းတဲ့ဘက်ကိုမြင်အောင်ကြည့်နိုင်စွမ်းရှိတယ်။
အထက်ဖော်ပြပါ အချက် (၃)ချက်နှင့်ညီအောင်စွမ်း ဆောင်နိုင်တာက အလွန်အံ့အားသင့် စရာကောင်းလောက်အောင် ကောင်းကျိုးရလဒ်ကိုဖြစ်လာစေပါတယ်။
၃။ ကြုံတွေ့လာမှုမှာဦးတည်ရည်မှန်းချက်များကဘာဖြစ်တယ်ဆိုတာကိုသာ အလေး ထားပါ။
သင်ဟာသင့်အလုပ်မှာ
အလုပ်ရှင်နှင့် တွေ့ရမဲ့အနေအထားဖြစ်လာပါက မီးစပေါ်မှာ
ဓာတ်ဆီမလောင်းမိပါစေနဲ့။ သင့်အနေဖြင့် ဘာကို
လိုချင်တယ်ဆိုတဲ့မြင်ကွင်းကြီးကို မြင်အောင်ကြည့်ပါ။
တစ်ချို့သောထိပ်တိုက်ရင်ဆိုင်ရမှုမှာအရှုံးပေးလိုက်ခြင်းက ရေ ရှည်မှာ
မိမိအတွက်အောင်ပွဲဖြစ်လာစေပါတယ်။
သူငယ်ချင်းသို့မဟုတ်မိမိချစ်တဲ့လူနဲ့
ခက်ခဲတဲ့အပြန်အပြန်ဆက်ဆံရေးကိစ္စဖြစ်လာ တယ်ဆိုပါစို့၊ သင့်အနေဖြင့်
ရေရှည်မှာ ဆက်ဆံရေးဘယ်လိုရှိစေချင်ပါသလဲ။ ဘယ်
လိုရေရှည်ဦးတည်ချက်မျိုးအတွက် ဦးစားပေးစဥ်းစားမယ်ဆိုတာ ဆုံးဖြတ်ရန်
လိုအပ် ပါတယ်။ ဦးတည်ချက်အမျိုးမျိုးရှိတဲ့အထဲမှ ဘယ်ဦးတည်ချက်ကိုဦးစားပေး
အလေး ထားစဥ်းစား မလဲဆိုတာ ဆုံးဖြတ်ရန် လိုအပ်ပါတယ်။
၄။
သင်ရဲ့အကောင်းမြင်တိုးတက်ချင်တဲ့စိတ်နေစိတ်ထားကို နေ့စဥ်လေ့ကျင့်ပြီးအား
ကောင်းခိုင်မာအောင် တည်ဆောက်ပါ၊ အပျက်သဘောဆောင်တဲ့အခြေအနေကြုံလာတဲ့
အထိစောင့်မနေပါနဲ့။
အေးငြိမ်းမှုဆိုတာစိတ်အတွင်းမှစဖြစ်လာတာပါ။
သင့်စိတ်မှာ ပုံမှန်အားဖြင့် အေးငြိမ်းမှု မရှိဘူးဆိုရင်
အပျက်သဘောဆောင်တဲ့အခြေအနေနဲ့ကြုံလာတဲ့အခါ ပြဿနာမှာ ပိုနက်
ရှိုင်းလေးနက်လာမှာဖြစ်ပါတယ်။
လူတိုင်းစိတ်အေးတည်ငြိမ်အောင်နေ့စဥ်လေ့ကျင့်မှုပြုလုပ်ရန်
လိုအပ်ပါတယ်။ သင့်မှာ စိတ်ဖိစီးမှုတွေစိတ်ပူပင်သောကရောက်စရာတွေများလေလေ
စိတ်ကိုတည်ငြိမ်အေး ချမ်း အောင်နေ့စဥ်လေ့ကျင့်မှုပြုလုပ်ရန်
ပိုလိုအပ်လာလေလေဖြစ်ပါတယ်။ စိတ်ကို အနှောက်အယှက်ဖြစ်စေနိုင်တာတွေက
ဘယ်အချိန်မှာဖြစ်လာမလဲဆိုတာ မသိနိုင်ပါ။ ဒါကြောင့်
စိတ်ကိုတည်ငြိမ်အေးချမ်းအောင်လေ့ကျင့်မှုကို နေ့စဥ်ပြုလုပ်ထားရန် လိုအပ်
ပါတယ်။ ဝင်လေထွက်လေကိုရှုမှတ်တဲ့အလေ့အကျင့်မှာ
မိမိကိုယ်ခန္တာမှာြဖစ်ပျက်နေမှု ကို အရှိအတိုင်းသိနေအောင်ရှုမှတ်နေခြင်းမှာ
စိတ်ကိုတည်ငြိမ်အောင်လုပ်တဲ့ ကောင်း တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။
၅။ မိမိကိုယ်မိမိပိုယုံကြည်မှုရှိပါ။
မိမိကိုယ်မိမိယုံကြည်မှု
အားမကောင်းတဲ့လူတွေဟာ အပျက်သဘောဆောင်တဲ့အနေအ ထား နှင့်တွေ့လာတဲ့အခါ
မိမိကိုယ်မိမိယုံကြည်မှုက အားနည်းနေပါတယ်။ မိမိကိုယ်မိမိ
ယုံကြည်မှုအားကောင်းဖို့မှာ ဘဝနယ်ပယ်တိုင်းတွင်လိုအပ်ပါတယ်။
အထူးသဖြင့်အပျက် သဘောဆောင်တဲ့လူများ၊
အခြေအနေများကိုရင်ဆိုင်ဖို့အတွက်မိမိကိုယ်မိမိယုံကြည်မှု က ပိုအားကောင်းရန်
လိုအပ်ပါတယ်။ မိမိကိုယ်မိမိပိုယုံကြည်မှုရှိလာအောင် ယုံကြည်မှု
တည်ဆောက်တဲ့နည်းလမ်းတွေပြသတဲ့လမ်းညွှန်များကိုလေ့လာပြီး လေ့ကျင့် ရန် အရင်
ဆုံးလိုအပ်ပါတယ်။မိမိအတွက်
လိုအပ်တဲ့ကျွမ်းကျင်မှုများတိုးတက်နေအောင်လည်းလေ့ ကျင့်နေရန်
လိုအပ်ပါတယ်။မိမိစွမ်းဆောင်ရည်တွေတိုးတက်လာတာနဲ့အမျှမိမိကိုယ်မိမိ
ယုံကြည်မှုများလည်းတိုးတက်လာမှာဖြစ်ပါတယ်။
၆။ တစ်ချို့အခြေအနေများမှာ ခက်ခဲနေပါတယ်။ အဲဒီအခြေနေတွေခက်ခဲမှုမရှိပါစေနဲ့ လို့ စိတ်ကူးနေလို အခြေအနေကလွယ်ကူလာမှာမဟုတ်ပါဘူး။
ခေါင်းမှာမီးလောင်ခံရသလို
ပူလောင်နေသူတစ်ဦးကိုရင်ဆိုင်ရတာလွယ်တာတော့မဟုတ်
ပါဘူး။အဲဒီလိုလူမျိုးကိုကြုံတွေ့လာတဲ့အခါသူရဲ့မကောင်းတဲ့စိတ်ထားမျိုးတွေကိုမိမိနှလုံး
သားထဲအဝင်မခံဖို့အလေးထားဆောင်ရွက်ရန် လိုအပ်ပါတယ်။
လူတစ်ယောက်ကမိမိကိုဝေဖန်တိုက်ခိုက်လာတာကိုကြုံရရင်ထိုအခြေအနေ
ကို ရင်ဆိုင် ရတာလွယ်တာတော့မဟုတ်ပါဘူး။ အဲဒီအချိန်မှာဘယ်လို
ရင်ဆိုင်မလဲဆိုတာကိုစဥ်းစား ရန် လိုအပ်လာပါတယ်။ သူလာပြောတာ
မှန်နေရင်တော့မိမိကိုယ်မိမိပြုပြင်ရန် ဆောင်
ရွက်ဖို့လိုမှာဖြစ်ပါတယ်။သူပြောဆိုချက်ကမမှန်ရင်သူပြောဆိုချက်မမှန်ကန်
ကြောင်း ကောင်းမွန်စွာရှင်းပြောပြခြင်း၊ သို့မဟုတ် မဟုတ်တာလာပြောတာကို
နားမထောင်ဘဲ ထွက်သွားခြင်း၊ သို့မဟုတ် လာဝေဖန်တိုက်ခိုက်နေသူမှာ
စိန်နှင့်ဖန်ခွက်အကွဲအစကို တောင်ခွဲခြား မသိသူ
ပါလားဆိုပြီးမှတ်ယူလိုက်ခြင်း များကိုပြုလုပ်နိုင်ပါတယ်။
၇။
အပြုသဘောဆောင်တဲ့စဥ်းစားမှုကို လေ့ကျင့်သူဟာအပျက်သဘောပြောတာကို လည်း
လက်မခံသလို အဲဒီလိုပြောဆိုချက်ကို စိတ်ထဲမှာ တာရှည်ထိန်းမထားကြပါဘူး။
သူတို့
ဟာ အဆိုးဆုံးအခြေအနေမှာ ပင်အကောင်းဆုံးကိုရှာကြည့်တတ်ကြပါတယ်။ အဲဒီလို
စိတ်ထားထားတတ်ခြင်းမှာ ရင် ဆိုင်ရတဲ့အခြေအနေလွန်သွားတဲ့အခါမှာ လည်း စိတ်ခံ
စားချက်ကောင်းနေကြပါတယ်။ အပြုသဘောဆောင်တဲ့စိတ်ကိုအစဥ်မွေးတယ်ဆိုရင်
သင့်အပြုအမူမှာ ဘယ်လိုအခြေ အနေကိုပင်တွေ့ရတွေ့ရ အပြုသဘောဆောင်တဲ့
အတွေးနှင့်အပြုအမူသာဖြစ်လာ ပါ တယ်။ ဒါကြောင့် ခက်ခဲတဲ့အနေအထားတွေ ကိုပင်
ရင်ဆိုင်ရတာသိပ်မခက်ခဲတော့တာ မျိုး ဖြစ်လာစေတတ်ပါတယ်။
၈။ စိတ်လှုပ်ရှားခံစားမှုကိုထိန်းနိုင်တဲ့ဥာဏ်ရည် EQ ကို အသုံးပြုပါ။
သင့်အနေဖြင့်အပျက်သဘောဆောင်တဲ့အခြေအနေကိုရှောင်ရှားရန်
စဥ်းစားတယ်ဆိုရင် အဲဒီစဥ်းစားမှုကကောင်းတဲ့စဥ်းစားမှုပင်ဖြစ်ပါတယ်။
“အပျက်သဘောဆောင်တဲ့စိတ် လှုပ်ရှားခံစားမှုကိုရှောင်ရှားခြင်းမှာ
သင့်အတွက်ရေရှည်နာကျင်ရမှုတွေမဖြစ်စေတော့ ဘဲ ရေတိုမှာလည်း
ကောင်းကျိုးရစေပါတယ်”လို့ ဒေါက်တာ Noam Spencer ကသူရဲ့
ဆေးကုသမှုအတွေ့အကြုံတွေကိုအခြေခံလျက် ထောက်ပြခဲ့ပါတယ်။
အပျက်သဘောဆောင်တဲ့စိတ်လှုပ်ရှားခံစားမှုတွေဆိုတာ
အပျက်သဘောဆောင်တဲ့ အ ခြေ အနေနှင့်ကြုံတွေ့ရင် ဖြစ်လာတတ်ပါတယ်။
အဲဒီလိုဖြစ်တာသဘာဝဖြစ်ပြီး အဲဒီလိုမ
ဖြစ်ရန်မျှော်လင့်ထားခြင်းမှာသဘာဝမကျပါ။
အပျက်သဘောဆောင်တဲ့အခြေအနေကြုံလာတဲ့အခါ
သင့်အနေဖြင့် ထိန်းထိန်းသိမ်း သိမ်း ရင်ဆိုင်နိုင်ဖို့ဆိုရင်သင့်မှာ
မိမိစိတ်လှုပ်ရှားခံစားမှုကိုထိန်းသိမ်းနိုင်စွမ်းအားကောင်း လာ
အောင်လေ့ကျင့်ထားရန် လိုအပ်ပါတယ်။
စိတ်လှုပ်ရှားခံစားမှုဆိုင်ရာဥာဏ်ရည်ဆိုတာ
မိမိရဲ့စိတ်လှုပ်ရှားခံစားမှုကိုသတိဖြင့်သိနေ ခြင်း၊
ထုတ်ဖော်ပြသတဲ့အခါထိန်းထိန်းသိမ်းသိမ်းထုတ်ဖေါ်ပြတတ်ခြင်း၊ အပြန်အလှန်
ထိတွေ့ဆက်ဆံမှုများကို ကောင်းတဲ့ရှုထောင့်အမြင်
ထောက်ထားစာနာမှုအမြင်များဖြင့် ဆက်သွယ်လုပ်ဆောင်နိုင်စွမ်းပင်ဖြစ်ပါတယ်။
Daniel
Golemanက စိတ်လှုပ်ရှားခံစားမှုဆိုင်ရာဥာဏ်ရည်အရေးပါပုံကိုသုတေသနများ
စွာပြုလုပ်ခဲ့ပါတယ်။
စိတ်လှုပ်ရှားခံစားမှုကိုထိန်းသိမ်းနိုင်တဲ့ဥာဏ်ရည်ဟာဘယ်လုပ်ငန်း မှာမဆို
အခြားသောသိမှုဆိုင်ရာဥာဏ်ရည်၊ နည်းပညာဆိုင်ရာကျွမ်းကျင်မှုများနှစ်မျိုး
ပေါင်းထက် နှစ်ဆပိုအရေးကြီးပါတယ်လို့ ထောက်ပြခဲ့ပါတယ်။
တတ်ကျွမ်းမှုဆိုင်ရာကျွမ်းကျင်မှုများ
ဘယ်လိုပင်ရှိနေနေ လူတစ်ယောက်ရဲ့ အောင်မြင်မှု မှာ
စိတ်လှုပ်ရှားခံစားမှုကိုကောင်းစွာထိန်းသိမ်းနိုင်မှုအပေါ်တွင်တည်နေပါတယ်။
အထူး သဖြင့် ခက်ခဲတဲ့အခြေအနေမှာ အဲဒီအချက်ကပိုမှန်ကန်ပါတယ်။
စိတ်လှုပ်ရှာခံစားမှုကိုထိန်းသိမ်းနိုင်စွမ်းတဲ့ဥာဏ်ရည်ဟာ
အောင်မြင်မှုအတွက် ကြိုတင် ဟောကိန်းထုတ်နိုင်စေတဲ့အချက်ပင်ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ အဲဒီအချက်က ပူးပေါင်း လုပ်ဆောင်နေသူများနှင့်
ဘယ်လိုသင့်မြတ်အားကောင်းအောင် ဘယ်လို ဆက် သွယ်လုပ်ဆောင်ရမယ်ဆိုတာကို
ကောင်းစွာသိတဲ့အတွက်ပင်ဖြစ်ပါတယ်လို့ Daniel Golemanက ထောက်ပြခဲ့ပါတယ်။
စိတ်လှုပ်ရှားခံစားမှုကိုကောင်းစွာထိန်းသိမ်းစောင်ရှောက်နိုင်တဲ့ဥာဏ်ရည်ဟာ
အပျက်သ
ဘောဆောင်တဲ့လူများနှင့်အပျက်သဘောဆောင်တဲ့အခြေအနေများကိုရင်ဆိုင်ကျော်
လွှား နိုင်ပြီးအကောင်းဆုံးရလဒ်ထွက်လာဖို့အတွက် အရေးအကြီးဆုံးလိုအပ်ချက်ပင်
ဖြစ်ပါတယ်။
၉။ စိတ်ထဲမှမထားဘဲ ပြီးတာပြီးပါစေတော့လို့စိတ်မှာထားလိုက်ပါ။
အပျက်သဘောဆောင်တဲ့လူများနှင့်အခြေအနေများကိုကြုံပြီးတဲ့အခါ
စိတ်ထဲမှာမထား ဘဲ
ပြီးတာပြီးပါစေတော့လို့စိတ်မှာထားလိုက်ခြင်းဟာအလွန်အားကောင်းတဲ့နည်းဗျူဟာ
တစ်ခုဖြစ်ပါတယ်။ အရေးကြီးတာကအပျက်သဘောလုပ်ဆောင်မှုတွေကိုသင့်နှလုံးသား မှာ
သိုမှီးထိန်းတာမျိုးမပြုလုပ်ပါနှင့်။ ရင်ဆိုင်ရတဲ့အခါမှာလည်း
အကောင်းဆုံးအပြုသ ဘော ဆောင်တဲ့အကျိုးကိုဦးတည်လျက်ရင်ဆိုင်ပြီး
ရင်ဆိုင်ပြီးတဲ့အခါမှာလည်းအဲဒီ အကြောင်းကိုစိတ်ထဲမှမထားတော့ဘဲ
ပြီးတာပြီးပါစေတော့လို့သဘောထားလိုက်ပါ။
အပြုသဘောစိတ်နေစိတ်ထားကိုအပျက်သဘောဆောင်တဲ့အနေအထားမှာမွေးတဲ့အခါ
အင်အားတစ်ခုဖြစ်လာစေရန် အောက်ပါပညာရှင်ကြီးများရဲ့အဆိုအမိန့်များကို လည်း
လမ်းညွှန်အဖြစ်ခံယူကျင့်သုံးရန် လိုအပ်ပါတယ်။
အခြေအနေတစ်ရပ်ကို ပြောင်းလဲအောင်မလုပ်နိုင်တော့ဘူးဆိုရင် မိမိကိုယ်မိမိ ပြောင်း လဲနိုင်အောင်အားထုတ်ရပါမယ်။ (Victor Frankl)
သင့်အနေဖြင့်
ထိန်းချုပ်နိုင်တာဆိုလို့သင့်ရှုထောင့်အမြင်သာဖြစ်ပါတယ်။ သင့်အနေဖြင့်
ကြုံနေရတဲ့အခြေအနေကို မထိန်းချုပ်နိုင်ပါဘူး။ ဒါပေမဲ့အဲဒီအခြေအနေကိုသင်က
ဘယ် လိုရှုမြင်သလဲဆိုတာကိုတော့ သင်ကထိန်းချုပ်နိုင်ပါတယ်။ (Chris Pine)
ကျွန်ုပ်ကတော့
ဘယ်လိုအခြေအနေတွေတွေ့နေရပါစေ စိတ်မှာကြည်သာပျော်ရွှင်နေ အောင် နေဖို့
ဆုံးဖြတ်ထားပါတယ်။ ဘာကြောင့် လဲဆိုတော့ ကျွန်ပ်တို့ကြုံတွေ့နေရ
တဲ့မပျော်ရွှင်မှုတွေစိတ်ပျက်စရာတွေဆိုတာကျွန်ုပ်တို့ကြုံတွေ့နေရတဲ့အခြေအနေတွေကဖန်တီးနေခြင်းမဟုတ်ပါ။
အများစုမှာကျွန်ုပ်တို့ကိုယ်တိုင်စိတ်မှာ စွဲမှတ်ထားမှုကြောင့်
ဖြစ်နေတာကိုသဘောပေါက်နားလည်ထားတဲ့အတွက်ဖြစ်ပါတယ်။ (Martha Washington)
အကောင်းရှုမြင်တတ်ခြင်းဆိုတာ
ပျော်ရွှင်မှုကိုဆွဲဆောင်နိုင်တဲ့သံလိုက်လို အား ဖြစ်ပါတယ်။
သင့်စိတ်ကအပြုသဘောအကောင်းမြင်ရင် ကောင်းတာတွေ၊
ကောင်းတဲ့လူတွေကိုသင့်ထံရောက်လာအောင်သင်ရဲ့ကောင်းတဲ့စိတ်က ဆွဲခေါ်
လာမှာဖြစ်ပါတယ်။ (Mary Lou Retton)
အပျက်သဘောဆောင်နေတဲ့အခြေအနေကိုအပြုသဘောဆောင်တဲ့အခြေအနေ ဖြစ်လာအောင်အစဥ်ပြောင်းပေးပါ။ (Michael Jordan)
ဖြစ်ပျက်လာသမျှဟာလက်ရှိသင်ကြုံနေရတဲ့အခြေအနေမှာ
ပိုကောင်းလာဖို့တစ် လှမ်းချင်းရှေ့တိုးသွားနေတယ်လို့ သိနေပြီး
ကျေးဇူးတရားသိတတ်ပါ။ မိမိမှာဖြစ် လာသမျှအတွက် ကျေးဇူးတင်ပါ။ (Brian Tracy)
အပျက်သဘောဆောင်တဲ့အခြေအနေနှင့်ကြုံရတဲ့အခါ
အဲဒီအကြောင်းမစဥ်း စားပါနဲ့။
တွေ့လာတာကိုအပြုသဘောကောင်းတာဖြစ်လာအောင်သာပြုလုပ်ပါ။ (Yoko Ono)
ကြုံလာတဲ့အခြေအနေကအရေးမဟုတ်ပါဘူး။
ကြုံလာတဲ့အခြေအနေကိုသင်က အပြု သဘောတုံ့ပြန်သလား၊
အပျက်သဘောတုံပြန်သလားဆိုတဲ့ အချက်ကသာ အရေးကြီးပါတယ်။ (Zig Ziglar)
မိတ်ဆွေများအပြုသဘောဆောင်တဲ့စိတ်ထား အားကောင်းအောင်လေ့ကျင့်မွေး မြူ နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
No comments:
Post a Comment