ဒီနေ့ မြတ်ဗုဒ္ဓလမ်းညွှန်ပြခဲ့တဲ့ဘဝသင်ခန်းစာ (၁၀) ခု အကြောင်းကို Food for Thought 706 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
မြတ်ဗုဒ္ဓလမ်းညွှန်ပြခဲ့တဲ့ဘဝသင်ခန်းစာ (၁၀) ခု
ကာယကံ၊
ဝစီကံ၊ မနောကံ ဆိုသောကံ (၃)ပါးကို သတိဖြင့်ကောင်းစွာစောင့် ထိန်းခြင်း
ဖြင့် စိတ်၏တည်ငြိမ်အေးချမ်းမှုကိုရစေကြောင်းမြတ်ဗုဒ္ဓက
လမ်းညွှန်ပြခဲ့ပါတယ်။
မြတ်ဗုဒ္ဓကစိတ်အေးချမ်းမှုရှိအောင်နေထိုင်ဖို့၊
ဖြစ်လာတဲ့အခြေအနေကို အရှိအတိုင်း လက်ခံဖို့၊ ဘာကိုမှမတွယ်တာဖို့၊
ရုပ်ပစ္စည်းများကို ပိုင်ဆိုင်မှုမပြုရန်တို့ကိုလမ်းညွှန်ခဲ့ ပါတယ်။
မြတ်ဗုဒ္ဓရဲ့လမ်းညွှန်ချက်များနှင့် နေထိုင်ခြင်းဖြင့်
ပိုကောင်းတဲ့ဘဝကိုရှင်သန် နေထိုင်နိုင်ကြမှာဖြစ်ပါတယ်။ အောက်ဘက်မှာ
မြတ်ဗုဒ္ဓကပေးတဲ့ဘဝသင်ခန်းစာ (၁၀) ခုကိုတင်ပြထားပါတယ်။
၁။ အခြားလူများအတွက်ရက်ရက်ရောရောပေးကမ်းစွန့်ကျဲကူညီပါ။
“ပေးကမ်းစွန့်ကျဲခြင်းရဲ့စွမ်းအားကို
ငါဘုရားသိမြင်တဲ့အတိုင်းသင်တို့သိကြမယ်ဆိုရင် သင်တို့စားမဲ့တစ်နပ်စာကို
အခြားလူများအတွက်တစ်နည်းနည်းမျှဝေခြင်းမပြုလုပ်ဘဲ
ကိုယ်တိုင်စားသောက်တာမျိုးလုပ်တော့မှာမဟုတ်ပါဘူး။”လို့မြတ်ဗုဒ္ဓကိန့်ခဲ့ပါတယ်။
မြတ်ဗုဒ္ဓကအောက်ပါအတိုင်း ဆက်လက်လမ်းညွှန်ခဲ့ပါတယ်။ “သင်မှာရှိနေတာက အ နည်းငယ်သာဖြစ်ပါစေ၊ မျှဝေပေးကမ်းပါ။” လို့ လမ်းညွှန်ခဲ့ပါတယ်။
ပေးကမ်းစွန့်ကျဲခြင်းမရှိဘဲ
သီးခြားစီခွဲခွါနေထိုင်ခြင်းမှာလောကရဲ့အကြီးမားဆုံးသော
ကံဆိုးမိုးမှောင်ကျခြင်းဒုက္ခပင်ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ထောက်ထား
စာနာခြင်းဖြင့် အပြန်အလှန် ကူညီဖေးမနေထိုင်ခြင်းမှာကမ္ဘာလောကရဲ့ အကြီးမား
ဆုံး သောအင်အားဖြစ်ပါတယ်။
ဖယောင်းတိုင်တစ်တိုင်မှဆီမီးဖြင့်
ဖယောင်တိုင်ထောင်ပေါင်းများစွာကို ထွန်းညှိပေး နိုင်ပါတယ်။ အဲဒီလို
အလင်းကူးပေးနေတဲ့အတွက် မူလဖယောင်းတိုင် ရဲ့သက်တမ်းမှာ
ပိုတိုသွားတာမျိုးမဖြစ်ပါ။ ပျော်ရွှင်းချမ်းမြေ့မှုဆိုတာ
အခြားလူများအားမျှဝေလိုက်တဲ့အ တွက် မိမိအတွက်လျော့နည်းသွားတယ်ဆိုတာမရှိပါ။
၂။ တွယ်တာနေမှုများကင်းပါစေ။
“ဖြစ်စရာအကြောင်းတွေရှိလို့ဖြစ်လာတာမှန်သမျှဟာ
မမြဲတဲ့သဘောသာရှိပါတယ်။ အဲဒီသဘောတရားကို အမှန်အတိုင်းဥာဏ်ဖြင့်
ကြည့်မြင်လိုက်တဲ့အခါ တွယ်တာမှု ကင်း ပြီး ဆင်းရဲ
ဒုက္ခမှာလည်းကင်းကွာသွားစေပါတယ်။” လို့မြတ်ဗုဒ္ဓက မိန့်မှာခဲ့ပါတယ်။
လူ့လောကဆိုတာမိမိတို့စိတ်ကိုပျော်စေတာတွေအပေါ်မှာတွယ်တာနေတတ်ကြပါတယ်။
မိမိတို့ဘဝတွေကိုတွယ်တာကြပါတယ်။ လူတွေ၊အိမ်တွေ၊ ကားတွေ၊အဝတ်အထည်တွေ ကို
တွယ်တာနေတတ်ကြပါတယ်။
စကြာဝဠာကြီးတစ်ခုလုံးကလည်းပြောင်းလဲနေပါတယ်။
စကြာဝဠာထဲမှာရှိနေတာတွေ သက်ရှိသက်မဲ့အားလုံးကလည်းပြောင်းလဲနေကြပါတယ်။
တွယ်တာထားမှုမှန်သမျှမှာ နောက်ဆုံးခွဲခွာသွားရမှာသာဖြစ်ပါတယ်။
အရာရာကိုခွဲခွါရမှာဖြစ်ကြောင်း၊
တွယ်တာမှုမဖြစ်သင့်ကြောင်း သိနားလည်ထားရင်
စိတ်အေးတည်ငြိမ်မှုရရှိမှာဖြစ်ပါတယ်။ လူအချင်းချင်းဆက်ဆံရာမှာ အပြန်အလှန်
အကျိုးပြုသူအချင်းချင်း အကောင်းဆုံးစိတ်ထားဖြင့် နေထိုင်ကြရန် လိုအပ်သလို
ခွဲ ခွါရတော့မဲ့အချိန်ရောက်တဲ့အခါမှာတော့
ခွဲခွါရခြင်းဟာရှောင်လွှဲမရတဲ့သဘောဝ ဖြစ် တာကို နားလည်ပြီး
နာကျင်မှုများမရှိဘဲခွဲခွာနိုင်ကြရန် လိုအပ်ပါတယ်။
၃။ ဘဝခရီးလျောက်လှမ်းတဲ့အခါ ကိုယ်တိုင်သာလျှင်အားကိုးရာဖြစ်ပါ။
“ကျွန်ုပ်တို့သည်သာ
မိမိတို့ရဲ့အားထားရာဖြစ်ပါတယ်။ ဘယ်သူကမှ မိမိအတွက် ဘယ် နည်း နှင့်မှ
အားထားရာမဖြစ်နိုင်ပါ။ ကျွန်ုပ်တို့ကိုယ်တိုင်သာလျှင် ကိုယ့်လမ်းကို ကိုယ်
တိုင်လျောက် လှမ်းရမှာဖြစ်ပါတယ်။” လို့မြတ်ဗုဒ္ဓကလမ်းပြခဲ့ပါတယ်။
ဘဝခရီးကိုလျောက်လှမ်းတဲ့အခါမှာ အခြားလူကို မှိခိုအားထားနေခြင်းမပြုလုပ်ဘဲကိုယ် လမ်းကိုကိုယ်တိုင်လျောက်နိုင်အောင်ရဲရင့်ပါ။
အမှန်တရားရှာတဲ့လမ်းကိုလျောက်လှမ်းတဲ့အခါ
အမှား နှစ် မျိုးလုပ်မိတတ်ပါတယ်။ အဲ ဒီအမှား နှစ်ခုကတော့ (၁) စ
တင်ခြေမလှမ်းခြင်း နှင့် (၂) လမ်းတစ်လျောက်မှာမလျောက်
လှမ်းဘဲနေနေခြင်းတို့ပင်ဖြစ်ပါတယ်။
လူတိုင်းမိမိလျောက်မဲ့လမ်းကိုရှာပြီးကိုယ့်အား ကိုယ် ကိုးလျောက်လှမ်းရန်
လိုအပ်ပါတယ်။ ကိုယ်တိုင်လျောက်လှမ်းရမဲ့ခရီးက မိမိတို့ ကိုယ်
တိုင်လျောက်လှမ်းခြင်းဖြင့်သာ
စပြီးမိမိတို့ကိုယ်တိုင်လျောက်လှမ်းခြင်းဖြင်းဖြင့် သာ အဆုံးသပ်ပါတယ်။
၄။ ထောင်လွှားမှုကင်းပြီး နှိမ့်ချမှုရှိတဲ့စိတ်ဖြင့် လမ်းကြောင်းကိုလျောက်ပါ။
“တောင်စောင်းတောင်ကြားတွေမှာဖြတ်သန်းစီးဆင်းတဲ့စမ်းရေ၊
ချောင်းရေကို သတိရ
ပါ။လမ်းကြောင်းကျဥ်းပြီးအကွ့အကောက်များတဲ့လမ်းကြောင်းမှာစီးဆင်းရတဲ့ရေးဟာအ
သံတွေဆူညံနေပါတယ်။ ကျယ်ပြန့်တဲ့မြစ်ပြင်ကြီးမှာစီးဆင်းနေတဲ့မြစ်ရေတွေဟာ
ငြိမ့်ငြိမ့် ညောင်းညောင်း ငြင်သာတည်ငြိမ်ပါတယ်။”
လို့မြတ်ဗုဒ္ဓကဥပမာပေးခဲ့ပါတယ်။ မပြည့်တဲ့အိုးဆိုတာ ဘောင်ဘင်ခပ် တတ်ပါ
တယ်။ ပြည့်ဝတဲ့အခါ တည်ငြိမ်နေကြပါ တယ်။
မာန်မာနကင်းပြီး
မိမိကိုယ်မိမိနှိမ်ချစွာနေထိုင်ခြင်းက မိမိအပေါ် လူအများကယုံကြည် လာစေပြီး
သင်ယူလေ့လာမှုအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။ အဲဒီအ ချက်တွေဟာ
လူတစ်ယောက်ချင်းတိုတက်စေမှုနှင့် ခေါင်း ဆောင်ကောင်းဖြစ်ဖို့ အတွက်
အဓိကကျတဲ့အချက်တွေဖြစ်ပါတယ်။
အသိအမြင်ပိုင်းမှာတိုးတက်တဲ့အမြင်အားကောင်းတဲ့နယ်ဆင်မင်ဒဲလားကအောက်ပါအတိုင်းပြောခဲ့ပါတယ်။
“အရင်ဆုံးလိုအပ်တာကတော့ မိမိကိုယ်မိမိရိုးသာမှန်ကန်ဖို့လို အပ် ပါတယ်။
သင်ကိုယ်တိုင်အကောင်းဘက်ရှေ့ရှုပြီးမပြောင်းလဲဘူးဆိုရင် ဘယ် တော့မှ
လူမှုအဖွဲ့အစည်းအပေါ် အကျိုးကောင်းသက်ရောက်မှုရှိအောင် လုပ်ဆောင်နိုင်မှာ မ
ဟုတ်ပါဘူး။ ကြီးမြတ် လှတဲ့ငြိမ်းချမ်းရေးတည်ဆောက်သူတွေဟာ ကိုယ်ကျင့်
သိက္ခာ ရှိသူများ၊ ရိုးသား ဖြောင့်မတ်မှန်ကန်သူများနှင့်
မိမိတို့ကိုယ်မိမိတိုနှိမ်ချတဲ့စိတ် ထားရှိသူ များသာဖြစ်
ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။
၅။ အတ္တစိတ်ကို ထိန်းသိမ်းနိုင်ပါစေ။
“မိမိကိုယ်ကို အောင်နိုင်ခြင်းမှာအခြားလူတွေကိုအောင်နိုင်ခြင်းထက်သာလွန်ကြီး မြတ် ပါတယ်။” လို့မြတ်ဗုဒ္ဓကိန်းခဲ့ပါတယ်။
အတ္တရဲ့သဘောမှာ
မိမိကိုယ်မိမိအကာအကွယ်ပေးဖို့သာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလို
မိမိကိုအကာအကွဘ်ပေဖို့ အားထုတ်နေရင် ဘေးအန္တရာယ်အမျိုးမျိုးဖြစ်အောင် လိုက်
ရှာနေသလိုဖြစ်စေပါတယ်။ အခြေအနေက ဘေးမဖြစ်နိုင်သော်လည်း အတ္တကတစ်ခုခု
လွဲမှားတာကိုမျှော်လင့်နေတဲ့အတွက် ဘေးဖြစ်လာစေတတ်ပါတယ်။ ခြိမ်းခြောက်နေ မှု
ကိုရှာရင်း မိမိကိုယ်မိမိ ကာကွယ်နေပါတယ်။ ဘေးဆိုတာ အမှန်တကယ်ဘေးအန္တ ရာယ်
ဖြစ်နိုင်သလို စိတ်ကူးထားတဲ့ဘေးလည်းဖြစ်နိုင်ပါတယ်။ အတ္တသဘောမှာ အဲဒီလို
အပျက်သဘောကို ရှေ့ရှုတတ်တဲ့အတွက် ကြောက်စရာကောင်းလှပါတယ်။
အတ္တက
မိမိတို့ရဲ့စိတ်ကူးပုံရိပ်ကို ကာကွယ်ချင်ပါတယ်။
အဲဒီလိုမိမိကိုယ်မိမိမြင်နေတဲ့ပုံ ရိပ်နဲ့ အမှန်အရှိတို့ မတူညီတော့တဲ့အခါ
ပြဿနာများပိုတက်လာစေပါတယ်။ မိမိတို့ရဲ့
အနေအထားကိုအခြားလူတွေကနေရာဝင်ယူနေပြီလို့ အသံတွေကြားလာအောင်အတ္တက
ဖန်တီးပြုလုပ်တတ်ပါတယ်။ အဲဒီလို ထင်မြင်နေတာတွေက အမှန်တကယ် ရှက်စရာ ကောင်း
တဲ့အတွေးစိတ်ကူးတွေဖြစ်ပါတယ်။ အဲဒီလိုစိတ်ကူးဆိုးတွေဖြစ်စေတဲ့ အတွက်
အတ္တကြီးသူတွေမှာ
မိမိကိုယ်မိမိလေးစားတန်ဖိုးထားမှုများထိခိုက်ကျဆင်းနေပါတယ်။
၆။ မုန်းစိတ်၊ ကြောက်စိတ်၊ မကျေမချမ်းဖြစ်မှုများကို ဖယ်ထုတ်လိုက်ပါ။
“လူတွေရဲ့စိတ်ကိုအိမ်တစ်လုံးလိုမြင်ကြည့်ပါ။
အိမ်ကိုမီးလောင်နေတဲ့အခါ လောင်နေတဲ့ မီးကို ငြိမ်းအောင်အရင်ဆုံးသတ်ရပါမယ်။
အိမ်ကို မီးရှို့တာ ဘယ်သူလဲဆိုပြီး မီးရှို့သူကို အရင်
လိုက်ရှာနေရမှာမဟုတ်ပါဘူး။”လို့မြတ်ဗုဒ္ဓကနမူနာပေးမိန့်မှာပါတယ်။
မိမိတို့စိတ်မှာဖြစ်နေတတ်တဲ့စိတ်လှုပ်ရှားခံစားမှုများကို
အရင်ဆုံးစောင့်ရှောက်ပါ။ ကြောက်ရွံ့မှု၊ စိုးရိမ်ပူပန်မှု၊
အမျက်ဒေါသထွက်မှုစတဲ့မကောင်းတဲ့စိတ်လှုပ်ရှားခံစားမှု များ ကို
အခြေခံတဲ့လုပ်ရပ်မှန်သမျှက လောင်နေတဲ့မီးကို လောင်စာထည့်ပေးနေသလို
သာဖြစ်လာစေပါတယ်။ အဲဒီလိုမဖြစ်အောင် မိမိစိတ်ကိုတည်ငြိမ်စွာထားလျက်နေတတ်
တဲ့အလေ့အကျင့်ကို လေ့ကျင့်ထားဖို့လိုအပ်ပါတယ်။
ဒါမှာသာလှုပ်ရှားနေတဲ့စိတ်လှုပ် ရှား
ခံစားမှုများလျော့ကျကင်းစင်သွားမှာဖြစ်ပါတယ်။
ဘုရားအလောင်းတော်ဟာ
တစ်ပါးတည်း တရားကျင့်စဥ်က တောတောင်လှိုင်ခေါင်းတွေ မှာ
မှောင်မိုက်တဲ့အနေအထားတွေကိုရင်ဆိုင်ရခဲ့ပါတယ်။ အဲဒီအချိန်မှာ ကြောက်လန့်စ
ရာ ထိပ်လန့်စရာများတွေ့လေမလားဆိုတဲ့စိတ်တွေဖြစ်ခဲ့ပါတယ်။
အမှောင်ထဲမှာသားရဲ တိရစ္ဆာန်တစ်ကောင်ကောင်များထွက်လာလေမလား
ဆိုတဲ့အတွေးတွေဖြစ်ခဲ့ပါတယ်။ ဒါ ပေမဲ့ အဲဒီလို ကြောက်လန့်စရာအနေအထားတွေကို
ရင်ဆိုင်ဖို့တည်ငြိမ်စွာနေမယ်ဆိုတဲ့
ခိုင်မာတဲ့ဆုံးဖြတ်ချက်ဖြင့်နေလိုက်တဲ့အခါ နောက်
ဆုံးစိတ်ထဲမှာဖြစ်နေတဲ့ကြောက်တဲ့ စိတ် တွေ ကင်းစင်သွားပါတော့တယ်။
ကြောက်စိတ် ကို ရင်ဆိုင်ရင်း ကြောက်စိတ်များ ကင်းစင်သွားပါတော့တယ်။
၇။ မျက်မှောက်အချိန်မှာသာစိတ်ကို ထားပါ။
“အတိတ်ဆိုတာမရှိတော့ပါ။
အနာဂါတ်ဆိုတာကလည်း မရောက်သေးပါ။ သင်တို့အ တွက်
ရှင်သန်နေထိုင်နိုင်တဲ့အချိန်ဆိုတာ လက်ရှိမျက်မှောက်အချိန်သာရှိပါတယ်။”
လို့ မြတ်ဗုဒ္ဓက မျက်မှောက်အချိန်မှာသာ စိတ်ကိုထားရန်အရေးကြီးကြောင်း
လမ်းညွှန်ခဲ့ပါ တယ်။
နေထိုင်တဲ့အခါ
မရှိတော့တဲ့အတိတ်ဆီပြန်နေခြင်း၊ မရောက်သေးတဲ့အနာဂါတ်အတွက်
စိတ်ကူးမှန်းဆနေခြင်းတို့ဖြင့် လူသားတွေဟာ လက်ရှိ မျက်မှောက်အချိန် ကို
ပြည့်ဝစွာ မနေနိုင်ကြပါဘူး။ လက်ရှိအချိန်ကိုပြည့်ဝစွာနေနိုင်တဲ့အခွင့်
အလမ်းဆွေဆုံးရှုံးနေကြရ ပါတယ်။
မရှိတော့တဲ့အတိတ်ကိုလည်းမပြန်နဲ့။
မရောက်သေးတဲ့အနာဂါတ်ကို လည်းစိတ်ကူးမကြံ နဲ့။ လက်ရှိ အသက်ရှုသွင်းရှုထုတ်
နေတဲ့မျက်မှောက်အချိန် ကို ပြည့်ဝစွာနေထိုင်နိုင်ခြင်း
ဟာလက်ဆောင်ကောင်းတစ်ခုဖြစ်ပါတယ်။ အတိတ်နှင့်အနာဂါတ်ဆိုတာတွေက စိတ်ထဲ မှာ
ဖြစ်နေတာတွေသာဖြစ်ပါတယ်။ လက်ရှိမျက်မှောက်အချိန်မှာစိတ်ကိုထားနိုင်အောင်
အစဥ်သဖြင့် အတိတ်ပန်ခြင်း၊ မရောက်သေးတဲ့အနာဂါတ်ကိုတွေ့ကြံနေခြင်းဆိုတဲ့စိတ်
အလေ့အကျင့်တွေကို ရပ်ပြီး မျက်မှောက်အချိန်မှာ
မိမိကိုယ်ခန္ဓာမှာဖြစ်ပျက်နေတာကို သိနေအောင်နေထိုင်ရန်လိုအပ်ပါတယ်။
လက်ရှိလုပ်နေတဲ့အလုပ်မှာသာစိတ်ကိုထားပြီး အကောင်းဆုံးအကျိုးရှိအောင်
လပ်နေရန် လိုအပ်ပါတယ်။
၈။ ကျွန်ုပ်တို့အားလုံးမှာမိမိတို့ရဲ့ကံကြမ္မာကို ဖန်တီးတည်ဆောက်သူများသာဖြစ်ကြ ပါတယ်။
“မိမိစိတ်ဖြူစင်ခြင်းမှာမိမိအပေါ်မှာသာတည်နေပါတယ်။
ဘယ်သူကမှ အခြားလူရဲ့ စိတ်ကို ဖြူစင်အောင် လုပ်ဆောင်မပေးနိုင်ကြပါဘူး။”
လို့မြတ်ဗုဒ္ဓကမိန့်ခဲ့ပါတယ်။
သင့်ကံကြမ္မာကို
သင့်လက်များဖြင့်သာရေးပါ။ ရေးထားတာမကြိုက်နှစ်သက်ရင် ပြန် ဖျက်ပြီး
ကြိုက်တဲ့ပုံစံဖြစ်လာအောင်ပြန်ရေးပါ။ အဲဒါက ဘဝရဲ့အားကောင်းလှတဲ့ လျို့
ဝှက်ချက်ဖြစ်ပါတယ်။ လူတိုင်းဟာစွမ်းအားအလွန်ကြီးပါတယ်။
လူတိုင်းမိမိကံကြမ္မာကို ကိုယ်တိုင်ရွေးချယ်ရေးနိုင်စွမ်းရှိကြပါတယ်။
အဲဒီမှာအရေးကြီးတာကတော့ မိမိတို့ ဘဝကို ဘယ်လို ရှင်သန် လိုတယ်ဆိုတာကို
သေချာသိဖို့ပင်ဖြစ်ပါတယ်။ ဘဝကိုဘယ်လို
အသုံးချလိုတယ်ဆိုတာသိဖို့ပင်ဖြစ်ပါတယ်။
မိမိကိုယ်တိုင်မိမိကံကြမ္မာကိုရေးနိုင်စွမ်းရှိတယ်ဆိုတာကို
ခိုင်ခိုင်မာမာယုံကြည်ရန် ပထမ အဆင့် လိုအပ်ပါတယ်။ ဒုတိယအချက်ကတော့
မိမိအပေါ်မှာမိမိယုံကြည်မှုရှိရန် လိုအပ် ပါ တယ်။ နောက်တစ်ချက်က
မိမိကိုယ်မိမိပြန်လည်ဆင်ခြင်သုံးသပ်ပြီးမိမိမှာ ရှိနေတဲ့အ ကျင့်
ပိုင်းအားနည်းနေတာတွေကိုပြုပြင်ပေးရန်လိုအပ်ပါတယ်။မကောင်းတာတွေရှောင်၊
ကောင်းတာတွေဆောင်ပြီးစိတ်ကိုဖြူစင်အောင်လေ့ကျင့်ရန် လိုအပ်ပါတယ်။
၉။ သင့်တို့ကိုယ်ကို အာဟာရရှိတဲ့အစားအစာများကျွေးပါ။
လူတိုင်းဟာမိမိကျန်းမာရေး သို့မဟုတ်သေဆုံးရေးအတွက် ကိုယ်တိုင်လုပ်ဆောင်နေသူ များ ဖြစ်ပါတယ်။
“မြတ်ဗုဒ္ဓကဘဝမှာနေနည်းထိုင်နည်းအခြေခံမူတွေကိုလမ်းညွှန်ပြခဲ့ပါတယ်။
ကိုယ်ရော
စိတ်ပါကျန်းမာအောင်နေထိုင်ရန်လမ်းညွှန်ခဲ့ပါတယ်။ကိုယ်နဲ့စိတ်တို့ဟာအပြန်အလှန်
အားကောင်းကျန်းမားမှုကိုဖြစ်စေကြောင်း” လမ်းပြခဲ့ပါတယ်။
ကျန်းမာတဲ့ဘဝနေထိုင်နည်းနဲ့ပတ်သက်လို့
စားသောက်တဲ့အစားအစာနှင့် ကိုယ်လက်
လှုပ်ရှားလေ့ကျင့်မှုတို့ကအရေးကြီးကြောင်လမ်းပြခဲ့ပါတယ်။ ကျန်းမာရေး
နှင့်ညီတဲ့ အစားအစာကို စားရမဲ့အချိန်မှာမှန်မှန်စားခြင်း၊ စားတဲ့အခါ
မိမိအတွက်လုံ လောက်
မျှတတဲ့အတိုင်းအတာသာစားခြင်းတို့မှာမြတ်ဗုဒ္ဓကလမ်းညွှန်ပြခဲ့တာဖြစ်ပါတယ်။
ဗုဒ္ဓဘာသာတွင်အခြားဘာသာများမှာကဲ့သို့ပင်
စားသောက်တဲ့အစားအစာနှင့်ပတ်သက် တဲ့တားမြစ်ချက်များနှင့်
လိုက်နာတဲ့အစဥ်အလာများ ရှိပါတယ်။ အသီးအနှံများကိုအလေးထားစားသောက်ခြင်း၊
အရက်သေစာကိုရှောင် ရှားခြင်းနှင့် အစာမစားဘဲ
ဥပုဒ်စောင့်တဲ့အလေ့အကျင့်လုပ်ခြင်းများကို လမ်းညွှန်ခဲ့ပါတယ်။
အသီးအရွက်အနှံများကို
ဦးစားပေးစားခြင်းနဲ့ပတ်သက်လို့ ဥပမာတစ်ခုတင်ပြချင် ပါ
တယ်။ခြင်္သေ့တွေဟာအသားကိုသာစားပြီးဆင်တွေကစိမ်းတဲ့မြက်နှင့်အသီးအရွက်များကိုသာစားပါတယ်။
ခြင်္သေ့တစ်ကောင်ဟာဆက်တိုက်မမောနိုင်ဘဲ(၃)နာရီတိုက် ခိုက်နိုင် ပါတယ်။
ဆင်တစ်ကောင်ကတော့မမောနိုင်ဘဲ နာရီ (၂၀)ကြာအောင်တိုက်ခိုက်နိုင်ပါ တယ်။ အဲဒီ
အချက်ကစိမ်းလန်းတဲ့အသီးအရွက်တွေစားသုံးခြင်းကအသားစားခြင်းထက် ပိုအင်အား
ကောင်းစေတာကို ပြနေပါတယ်။
အစာစားတဲ့အခါမှာလည်းစားတဲ့အစာမှာသာစိတ်ကို
ထားပြီးသတိဖြင့် စားပါတယ်။ အ စာ ကိုဆေးဝါးသဘောထားပြီးစားပါတယ်။ တကယ်လို
စားတဲ့အစာမှာ စိတ်မရှိဘဲ စိတ် အနှောက်အယှက်တွေဖြစ်နေရင်
အစာချေမှုမှာအနှောက်အယှက်ဖြစ်စေနိုင်ကြောင်း
ခေတ်မှီအာဟာရပညာရှင်များကထောက်ပြနေုပါတယ်။
မြတ်ဗုဒ္ဓကရဟန်းများကိုအောက်ပါအတိုင်းဆုံးမပါတယ်။
“ငါဘုရားဟာဟာ မနက် တစ် ကြိမ်ပဲစားတယ်တဲ့။ တစ်ကြိမ်ပဲ စားသည့်အ တွက်
ကြောင့် ငါဟာ ကျန်းမာတယ်။ ရော ဂါမဖြစ်ဘူး။ခွန်အားလည်းဖြစ်တယ်။ အထိုင် အထ
ပေါ့ပါး သွက်လက်တယ်။ သင်တို့ လည်း တစ်ထပ်ပဲစား။ မနက်ပိုင်း တစ်ထပ်ပဲ
စား။တစ်ခါစားပြီးတာနဲ့ ၁၃ နာရီ ၁၄နာရီ ၁၅နာရီ ၁၆နာရီ အစာမစားနဲ့လို့ပြောတာ။
အဲ့ဒါဆိုရင် ကျန်းမာလာမယ်။လို့မိန့်ခဲ့ပါတယ်။
၁၀။ အစစ်အမှန်တရားကို မခုခံပါနဲ့။
“ကမ္ဘာလောကမှာ
သေခြင်းနှင့် ပျက်စီးခြင်းများဖြစ်နေတာ သဘာဝအမှန်တရားဖြစ်ပါ တယ်။
အဲဒီလိုဖြစ်နေမှုအတွက်အသိဥာဏ်ရှိသူတွေကတော့ သဘာဝဖြစ်စဥ်သဘောကို
နားလည်တဲ့အတွက် စိတ်ပူပင်သောကရောက်ခြင်းမဖြစ်ကြပါဘူး”လို့မိန့်မှာခဲ့ပါတယ်။
လူသားတွေမှာဖြစ်နေတဲ့
ကြီးမားတဲ့ပြဿနာမှာမသိနားမလည်မှုပင်ဖြစ် ကြောင်းမြတ်ဗုဒ္ဓ က
မိန့်ခဲ့ပါတယ်။ အစစ်အမှန်ကို လွဲမှားစွာနားလည်မှုမှာ
အကြီးမားဆုံးပြဿနာဖြစ်ပါ တယ်။ “ငါ” “သူ”စသဖြင့်
သီးခြားစီရှိနေတဲ့လူတွေဖြစ်တယ်လို့ နားလည်မှုလွဲမှားနေကြ ပါတယ်။ အဲဒီလို
ပင်တောတောင်ရေမြေ ပင်လယ်သမုတ္တရာတွေကလည်း ခိုင်မာတဲ့အ ရာ များဖြစ်တယ်လို့
ထင်မြင်နေကြပါတယ်။ အဲဒီလိုထင်မြင်နေမှုတို့မှာမှားယွင်းနေတဲ့
အမြင်များသာဖြစ်ကြပါတယ်။ အဲဒီလိုလွဲမှားနေတဲ့နားလည်မှုတွေကို ပြင်ရန်
လိုအပ်ပါ တယ်။ မမြဲခြင်းသဘော၊ ဆင်းရဲခြင်းသဘော၊ အစိုးမရခြင်းသဘောတွေကို
ဆင်ခြင်နား လည်ပြီး ကောင်းစွာနှလုံသွင်းနိုင်ရန် လိုအပ်ပါတယ်။
မိတ်ဆွေများမြတ်ဗုဒ္ဓလမ်းညွှန်ချက်များများနှင့်အညီကျင့်ကြံနေထိုင်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Monday, February 24, 2025
မြတ်ဗုဒ္ဓလမ်းညွှန်ပြခဲ့တဲ့ဘဝသင်ခန်းစာ (၁၀) ခု Food for Thought 706 ဒေါက်တာသိန်းလွင်
Subscribe to:
Post Comments (Atom)
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...
-
ဒီနေ့ “ကြင်နာတတ်သူများမှာတွေ့ရတဲ့ကိုယ်ရည်ကိုယ်သွေးလက္ခဏာများ” အကြောင်းကို Food for Thought 830 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင် ပါမေ...
-
🔖SKC/ERC 2025 Free Training ပညာဒါနသင်တန်း Preschool Lesson Plan Batch - 6 1/1/2025 to 10/1/2025 နေ့စဉ် ည ၈-၁၀နာရီ ❣️ မည်သူမဆိုတက်ရောက်နိ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
No comments:
Post a Comment