ဒီနေ့“လူတိုင်းအတွက်အသုံးဝင်သော ဗုဒ္ဓ၏လက်တွေ့လမ်းညွှန်ချက်များ” ကို Food for Thought 707 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
တစ်ခါတစ်ရံ
စိတ်ဓာတ်ကျပြီး ဘဝအခက်အခဲများ ရင်ဆိုင်ရန်နှင့် အပြုသဘော ရည်မှန်းချက်များ
ပြီးမြောက် အောင်မြင်ရန် မည်သို့ပြုလုပ်ရမည်ကို စဉ်းစားမရ ဖြစ်တတ်ပါသည်။
အခြားသူများနှင့် မည်ကဲ့သို့ ဆက်ဆံရမည် ကိုပင် ဝေခွဲမရ ဖြစ်တတ်ပါသည်။
ရှေးအစဉ်အဆက် ဗုဒ္ဓဘာသာ တရားတော်များတွင် လူတိုင်း၊ ယဉ်ကျေးမှု တိုင်း
အတွက် အမြဲတမ်း အသုံးဝင်သော လက်တွေ့လမ်းညွှန်ချက် မြောက်မြားစွာရှိပါသည်။
အခြားသူများကို ကူညီရန် ပြုစုပျိုးထောင်ရမည့် အရည်အချင်းများ
• ရက်ရောခြင်း - သင့်အချိန်၊ အကြံဉာဏ်၊ အကူအညီနှင့် ပိုင်ဆိုင်မှုများကိုရက်ရောစွာအခြားသူများအ တွက် မျှဝေ အကူအညီပေးရန်
• မိမိကိုယ်တိုင် လိုက်နာရန်စည်းကမ်း - အပျက်သဘော အပြုအမူ၊ အပြောအဆိုများ ရှောင်ရှားရန်နှင့် အခြားသူများကို တတ်နိုင်သလောက် ကူညီရန်
• သည်းခံခြင်း - အခြားသူများကို ကူညီရန် အခက်အခဲ ရှိပါက ဒေါသထွက်ခြင်း၊ စိတ်အနှောင့်အယှက် ဖြစ်ခြင်းတို့ မဖြစ်စေရန်
• ရဲစွမ်းသတ္တိနှင့် ခံနိုင်ရည် - အရာရာ မည်မျှ ခက်ခဲကြမ်းတမ်းပါစေ ရဲစွမ်းသတ္တိရှိရှိ ခံနိုင်ရည်ရှိရှိ ဆက် လက်လျှောက်လှမ်းရန်
• စိတ်နှင့် စိတ်ခံစားချက် တည်ငြိမ်ခြင်း - စိတ်ကိုတည်ငြိမ်စွာထားလျက်အာရုံစိုက်ထားရန်နှင့် လမ်း ကြောင်းမပြောင်းလဲရန်
• ခွဲခြားသိရှိခြင်း - အကျိုးပြုသောအရာနှင့် အန္တရာယ် ဖြစ်သောအရာ၊ သင့်တော်သောအရာနှင့် မသင့်တော်သောအရာကို ခွဲခြားသိရှိရန်။
အခြားသူများအပေါ် အပြုသဘော အကျိုးပြုနိုင်မည့် နည်းလမ်းများ
• ရက်ရောပါ - သင့်အချိန်၊ စိတ်ပါဝင်စားမှုနှင့် ခွန်အားတို့ အသုံးပြုပါ။
• ကြင်နာစွာ ပြောဆိုပါ - သင်ပြောသမျှကိုကြင်နာစွာပြောဆိုပါ။ မိမိပြောစကားကြောင့် အခြားသူများ အပေါ် သက်ရောက်ပုံကိုလည်း သတိပြုပါ။
• အဓိပ္ပာယ်ရှိသော ပုံစံဖြင့် ပြုမူ၊ ပြောဆိုပါ - အခြားသူများတွင် အပြုသဘော စွမ်းရည်များ ဖော်ထုတ် ပေးရန် သူတို့ကို အားပေးပါ။
• စံနမူနာပြ နေထိုင်ပါ - သင်အကြံပြုသည့်အတိုင်း ကျင့်ကြံနေထိုင်ပါ။
သင်၏ အပြုသဘော ရည်မှန်းချက်များ အောင်မြင်ရန် နည်းလမ်းများ
• သင့်ရည်မှန်းချက် ရှင်းလင်းပြတ်သားရမည် - ၎င်းသည် လက်တွေ့ကျရမည်။ အောင်မြင်ရန် သင့်အစွမ်းအစကို ယုံကြည်မှု ရှိပါ
•
မိမိကိုယ်တိုင် လိုက်နာရန်စည်းကမ်းကို စောင့်ထိန်းပါ - အောင်မြင်မှုကို
တားဆီးမည့် အရာများ ပြုလုပ် ခြင်း သို့မဟုတ် လမ်းကြောင်း
လွဲချော်ခြင်းမရှိဘဲ ရည်မှန်းချက်အပေါ် ဆက်လက်အာရုံစိုက်ပါ။
• ရက်ရောပါ - ရည်မှန်းချက်ရောက်အောင် သင့်အချိန်၊ အားထုတ်မှုတို့ကို ရက်ရောပါ။
• စိတ်ကို ဖွင့်ထားပါ - သင့်ရည်မှန်းချက် အောင်မြင်ရန် ကူညီမည့်အရာကို ဆက်လက်ပိုမိုသင်ယူပါ။
• ကိုယ်ပိုင် ဂုဏ်သိက္ခာ ထိန်းသိမ်းပါ - သင့်ရည်မှန်းချက်ကို နှောင့်ယှက်မည့် အရှက်ရဖွယ် အပြုအမူများ မပြုလုပ်မိအောင် ရှောင်ရှားပါ။
• အလေးထားမှုရှိပါ - တာဝန်မသိသော အပြုအမူတစ်ခုခုက သင့်လုပ်ငန်းအဖွဲ့အပေါ် အပျက်သဘော သက်ရောက်မည်ခြင်းမဖြစ်အောင် အလေးထားပါ။
• သေချာ ခွဲခြားသိရှိပါ - သင့်တိုးတက်မှုကို ကူညီမည့်အရာနှင့် နှောင့်ယှက်မည့်အရာအကြား ခွဲခြား သိရှိပါ။
သင်၏အပြုသဘော ရည်မှန်းချက်များ အောင်မြင်ရန် ပြုစုပျိုးထောင်ရမည့် အရည်အချင်းများ
•
လက်တွေ့ကျသော ရည်မှန်းချက် အောင်မြင်ရန်
ကြိုးစားအားထုတ်မှုကြောင့်ရလာသမျှကို ရောင့်ရဲပါ။ လက်တွေ့မကျသော
အရာတစ်ခုခုကို လောဘမကြီးပါနှင့်။
•
တစ်ခုခု အားထုတ်လုပ်ကိုင်ရင်း အမှားဖြစ်သောအခါ -
စိတ်အနှောင့်အယှက်ဖြစ်ခြင်း၊ နောင်တရခြင်း၊ အခြား သူများကို
ဆန့်ကျင်ရန်လိုခြင်း မဖြစ်ပါစေနှင့်။ အမှားမှသင်ခန်းစာယူပါ။
• ရည်မှန်းချက်ပေါ်တွင် မပြတ်အာရုံစိုက်ပါ - အောင်မြင်ပါက ရရှိမည့် အကျိုးကျေးဇူးများကိုလည်း အာရုံစိုက်ပါ။
• သင့်စိတ်ကို ငြိမ်အောင်ထားပါ - ဘာပဲဖြစ်ဖြစ် တည်ငြိမ်မှုရှိကာ စိတ်ပိုင်းဆိုင်ရာ ဘက်ညီမျှတအောင် ထိန်းထားပါ။
•
အရာအားလုံး ပြောင်းလဲသည်ကို အမြဲအမှတ်ရနေပါ - မည်သည့် စိတ်အခြေအနေတွင်
ရှိသည်ဖြစ်စေ သင့်စိတ်နှင့် စိတ်ခံစားချက် အခြေအနေများသည် တစ်ပုံစံတည်း
တည်မြဲနေသည် မဟုတ်ပါ။ တိုးတက် အောင် ပြုလုပ်၍ရပါသည်။
တိုးတက်အောင်ပြုလုပ်ပါ။
• အကောင်းဆုံး ကြိုးစားနေသည်ဟု သိရှိထားသည့်အတွက် -ဖြစ်လာသည့် စိတ်ငြိမ်းချမ်းမှုကို ထိန်းသိမ်း ပါ။
သင့်ဘဝကို ထိန်းကျောင်းရန် နည်းလမ်းများ
•
သင့်ကိုယ်ပိုင် ဆုံးဖြတ်ချက် ချမှတ်ရန် ခွန်အားမဲ့သော အခြေအနေမျိုး
မရောက်ပါစေနှင့် - သင့်စည်းကမ်းချက်များ ပေါ့လျော့ကာ နောင်တရမည့် အရာများ
ဆောင်ရွက်မိနိုင်ပါသည်။ ထိုသို့မဖြစ်အောင် အထူးသတိထားပါ။
•
သစ္စာမရှိခြင်းကို ရှောင်ရှားပါ။ သင်၏ လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေးအပါအဝင်
သစ္စာမဲ့တဲ့ကိစ္စများကို ရှောင်ရှားပါ - ထိုကိစ္စများပြုမိပါက နောက်ဆက်တွဲ
အရှုပ်အထွေးများနှင့် ဒုက္ခများ ကျိန်းသေဖြစ်လာ ပါမည်
• တာဝန်ဝတ္တရားကြီးမားသော ရာထူးအမြင့်သို့ ရောက်အောင် ကြိုးပမ်းပါ - သင့်အချိန်နှင့် ခွန်အားကို အလုံးစုံ အသုံးပြုရပါမည်။
•
ကျန်းမာသော အာဟာရ စားသုံးခြင်း၊ ဆေးလိပ်မသောက်ခြင်း၊
ကွမ်းမစားခြင်း၊မူးယစ်စေတဲ့သေရည် အရက် မသောက်ခြင်း၊ အားကစားလုပ်ခြင်း စသည့်
သင်၏အပြုသဘော အလေ့အထများ စွန့်လွှတ် အောင် အခြားသူများက
လွှမ်းမိုးမလာပါစေနှင့် - သင့်ကျန်းမာကြံ့ခိုင်ရေးကို ထိခိုက်စေပါလိမ့်မည်။
•
သင်မတတ်နိုင်တာ တစ်ခုခုကို ဆောင်ရွက်ရန် ကတိကဝတ် မပြုပါနှင့် -
မိမိမတတ်နိုင်တာကို လုပ်ပေး ရန်ကတိပေးမိပါက မလုပ်ပေးနိုင်တဲ့အတွက်
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးသွားပါလိမ့်မည်။
• နမော်နမဲ့ ဆောင်ရွက်ခြင်းမှ ရှောင်ရှားပါ - အပျက်သဘော အကျိုးဆက်များသာ ရလာပါလိမ့်မည်။
ခက်ခဲသော အခြေအနေများတွင် ပြဿနာမဖြစ်အောင် ရှောင်ရှားနိုင်အောင် ထားရှိရမည့် အရည်အချင်းများ
• ချီးမွမ်းခြင်း၊ ဝေဖန်ခြင်း ခံရသောအခါ - စိတ်မလှုပ်ရှားပါနှင့်။ စိတ်ကိုတည်ငြိမ်စွာထားပါ။
• သင်တွယ်တာသူ သို့မဟုတ် မနှစ်သက်သူ တစ်ယောက်ယောက်နှင့် ဆုံသောအခါ - တွယ်ငြိခြင်း သို့မဟုတ် ရန်လိုခြင်း မပြုရန် အမြဲသတိရှိပါ။
•
သင့်ပုံမှန် လှုပ်ရှားမှုများ ဆောင်ရွက်သောအခါ - သင့်စည်းမျဉ်းများနှင့်
ဆန့်ကျင်သော နည်းလမ်း များဖြင့်
မပြုမူပါနှင့်။သင်လိုက်နာတဲ့အခြေခံစည်းကမ်းနှင့်အညီလုပ်ဆောင်ပါ။
•
ပိုင်ဆိုင်မှု သို့မဟုတ် ကြွယ်ဝမှု များပြားသောအခါ သင်၏ပိုမိုမြင့်မားသော
ရည်မှန်းချက်ကို လျစ်လျူ ပြုပြီး - ရုပ်ဝတ္ထုပစ္စည်းများကို
စိတ်စွဲညိတွယ်နေခြင်း မဖြစ်ပါစေနှင့်
•
ဖျားနာသောအခါ - သင့်ကိုယ်သင် အားမလျှော့ပါနှင့်။ သို့သော် ထိုအခြေအနေကို
စိတ်ခွန်အားနှင့် ကိုယ်ကျင့်သိက္ခာ စောင့်ထိန်းမှု ရရှိအောင်
ဆက်လက်ကြိုးပမ်းရမည့် အခြေအနေတစ်ခုကဲ့သို့ အသုံး ပြုပါ။
• သင့်အားနည်းချက်များ ကျော်လွှားရန် ကြိုးစားပြီး သင့်အပြုသဘော အစွမ်းအစများ အပြည့်အဝ ပေါ်ထွက်လာပါစေ - အမြဲတမ်း ထိုသို့ကြိုးစားပါ။
မိတ်ဆွေများ မြတ်ဗုဒ္ဓရဲ့ လမ်းညွှန်ချက်များနှင့်အညီ ကျင့်ကြံအားထုတ်နိုင်ပြီးစိတ်အေးချမ်းမှုရရှိကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
No comments:
Post a Comment