Monday, February 24, 2025

ကလေးတွေအတွက်အလေ့အကျင့်ကောင်းများ Food for Thought 708 ဒေါက်တာသိန်းလွင်

No photo description available.

 

ဒီနေ့ကလေးများအတွက်အလေ့အကျင့်ကောင်းများငယ်စဥ်ကလေ့ကျင့်ပေးသင့် ကြောင်းကို Food for Thought 708 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။


ကလေးတွေအတွက်အလေ့အကျင့်ကောင်းများ

အလေ့အကျင့်ကောင်းတွေကို ကလေးတွေငယ်စဥ်အခါမှစတင်လေ့ကျင့်ပေးခြင်းဟာ များ စွာသောခြားနားမှုတွေကိုဖြစ်စေပါတယ်။ အလေ့အကျင့်ကောင်းတစ်ခုရှိလာခြင်းမှာကျွမ်း ကျင်မှုကောင်းတစ်ခုရှိလာတာနှင့်တူပါတယ်။ အလေ့အကျင့်ကောင်းတွေကိုလေ့ကျင့်ပေး တဲ့အခါ ငယ်စဥ်ကလေကျင့်ပေးသင့်ပါတယ်။ ရွံ့ကိုပျော့နေတဲ့အချိန်မှာ လိုရာပုံဖော်လို့ လွယ် ကူသလိုပင် ကလေးတွေမှာအလေ့အကျင့်ကောင်း လေ့ကျင့်ပေးတဲ့အခါ ငယ်စဥ်မှာ လေ့ ကျင့်ပေးရင် ပုံဖော်ရတာလွယ်ကူပါတယ်။ တဖြည်းဖြည်းနဲ့ကလေးတွေဟာရုပ်ပိုင်း၊ စိတ် ပိုင်းဆိုင်ရာလုပ်ငန်းများနှင့်တွေ့လာကြပါတယ်။ ကလေးတွေဆိုတာအလေ့အကျင့်များ ကို လွယ်ကူစွာအတုယူလုပ်တတ်ကြပါတယ်။ အလေ့အကျင့်ကောင်းဖြစ်စေ၊ အလေ့အကျင့် ဆိုး ဖြစ်စေ အတုယူရတာလွယ်ကူကြပါတယ်။

လူကြီးဖြစ်လာတဲ့အခါ ငယ်စဥ်ကတည်းကအမြစ်တွယ်ခဲ့တဲ့အလေ့အကျင့်များမှာ ခိုင်မာ နေတဲ့အတွက် ပြုပြင်ရန်ခက်ခဲလာပါတယ်။ ကလေးဆိုတာအနာဂါတ်မှာမိဘများဖြစ်လာ မည့် သူများဖြစ်ကြပါတယ်။ ဒါကြောင့် အနာဂါတ်လှပတောက်ပြောင်ရေးအတွက် မိဘ များအနေဖြင့် ကလေးတွေကို ကောင်းတဲ့အလေ့အကျင့်များသာငယ်စဥ်က လေ့ကျင့်ပေး သင့်ပါတယ်။

အလေ့အကျင့်ကောင်းဆိုတာလူတစ်ယောက်အတွက်ရုပ်ပိုင်းစိတ်ပိုင်းဖွံ့ဖြိုးတိုးတက်ရေးကိုအကျိုးပြုနိုင်စေတဲ့အလေ့အကျင့်များဖြစ်ပါတယ်။

အဲဒီအလေ့အကျင့်ကောင်းတွေကိုလေ့ကျင့်ပေးတာကစည်းကမ်းပေးခြင်းနှင့်မိမိကိုယ်မိမိ ထိန်းသိမ်းနိုင်အောင်လေ့ကျင့်ပေးမှုနှင့် ဆိုင်ပါတယ်။ အဲဒီလိုလေ့ကျင့်ပေးလိုက်တဲ့အလေ့အ ကျင့်ကောင်းတွေဟာလူတစ်ယောက်အတွက် ဘဝကဏ္ဍအမျိုးမျိုးမှာအမျိုးမျိုး အ ထောက် အကူပြုပါတယ်။ ပြီးတော့အဲဒီအလေ့အကျင့်ကောင်းတွေက သူတို့ကိုယ်တိုင်နှင့် သူတို့ ပတ်ဝန်းကျင်ကို တိုးတက်အောင် ဆက်လက်အထောက်အကူပြုပါတယ်။

အလေ့အကျင့်ကောင်းတွေလေ့ကျင့် ပေးဖို့ ဘာကြောင့်အရေးကြီးတာလဲ။

အောက်ပါအကြောင်းများကြောင့် အလေ့အကျင့်ကောင်းများလေ့ကျင့်ပေမှုကအရေးကြီး ပါတယ်။
၁။ အလေ့အကျင့်တွေက သင်ဘယ်လိုလူမျိုးဖြစ်ကြောင်းပြနေပါတယ်။ လူတစ်ယောက်ရဲ့ အလေ့အကျင့်က အဲဒီလူရဲ့ကိုယ်ရည်ကိုယ်သွေးကိုသတ်မှတ်ပေးပါတယ်။

၂။အလေ့အကျင့်ကောင်းတွေကသင့်ကိုသင့်ရည်မှန်းချက်သို့ရောက်အောင်ပို့ပေးပါတယ်။ ဘဝမှာအောင်မြင်ဖို့အတွက်အရင်ဆုံးလိုအပ်တာကတော့ အလေ့အကျင့် ကောင်းတွေမိမိမှာ ရှိလာအောင်လေ့ကျင့်ဖို့ဖြစ်ပါတယ်။

၃။ အလေ့အကျင့်တွေဆိုတာဘဝမှာ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ သင်ငယ်စဥ်က လေ့ ကျင့်ခဲ့တဲ့အလေ့အကျင့်တွေဟာ သင့်အနာဂါတ်မှာသင်လုပ်ချင်တာတွေလုပ်ဖို့ အတွက် အခြေခံအုတ်မြစ်ဖြစ်ပါတယ်။

၄။ အလေ့အကျင့်တွေက ဟန်ချက်ညီတဲ့ဘဝကိုတည်ဆောက်ရာမှာအထောက်အကူရစေ ပါတယ်။ နယ်ပယ်တစ်ချို့မှာသာအလေ့အကျင့်ကောင်းများလေ့ကျင့်ပြီးအခြားနယ်ပယ် များတွင်လိုအပ်တဲ့အလေ့အကျင့်များကို လစ်လျူရှုထားမယ်ဆိုရင် ရေရှည်မှာ ပြဿနာ များတွေ့လာမှာဖြစ်ပါတယ်။

၅။ အလေ့အကျင့်ကောင်းတွေရှိအောင်လေ့ကျင့်မှုက ပျော်ရွှင်တဲ့ဘဝကို ထူထောင်နိုင်စေရန် အဓိကကျပါတယ်။ ငယ်စဥ်ကတည်းကအလေ့အကျင့်ကောင်းတွေရှိထားရင် ကြီးလာတဲ့ အခါမှာလည်း ထိုအလေ့အကျင့် ကောင်းတွေနှင့်အတူအခြာအလေ့အကျင့် ကောင်းများကို လေ့ကျင့်ပြီးပိုကောင်းတဲ့ဘဝရရှိအောင် ဆက်လက်ထိန်းသိမ်းထားနိုင်စေရန်မိမိကိုယ်မိမိ အားပေးနေပါတယ်။

ကလေးတွေမှာအလေ့အကျင့်ကောင်းတွေဖြစ်လာအောင် ဘယ်လိုလေ့ကျင့်ပေးမလဲ။

ကလေးတွေဆိုတာ သူတို့မိဘနှင့် လူကြီးများထံမှအတုယူသင်ယူကြပါတယ်။ ကလေးတွေ တဖြည်းဖြည်းကြီးပြင်းလာတာနဲ့အမှသူတို့ဖြတ်သန်းရတဲ့ပတ်ဝန်းကျင်အနေအထားမှာ တွေ့ ကြုံခဲ့တဲ့အကောင်းအဆိုးဖြစ်ရပ်များကိုသူတို့ဦးနှောက်ထဲမှာမှတ်သားထားကြပါတယ်။ ဒါ ကြောင့် မိဘနှင့်လူကြီးများအနေဖြင့် ကလေးတွေမှာ အလေ့အကျင့်ကောင်းတွေကို လေ့ ကျင့် ပျိုးထောင်ပေးတဲ့အခါမှာ အထူးသတိထားပြီး နမူနာကောင်းပြသရန် လိုအပ်ပါတယ်။
မိဘလူကြီးများအနေဖြင့်ကောင်းမွန်တဲ့လမ်းပြမှုနှင့် စိတ်ရှည်အားထုတ်မှု ပြုပေးမယ်ဆိုရင် ကလေးငယ်တွေဟာအလေ့အကျင့်ကောင်းတွေကို လွယ်ကူလျင်မြန်စွာသင်ယူနိုင်ကြပါ တယ်။ အလေ့အကျင့်ကောင်းများလေ့ကျင့်ပေးရာမှာအောက်ပါအဆင့်များကို လိုက်နာပါ။

၁။ပထမအဆင့်စံနမူနာကောင်းပြပေးပါ။ ကလေးတွေမှာ အလေ့အကျင့်ကောင်းများလေ့ ကျင့်ပေးရာ မှာ အကောင်းဆုံးနှင့်အထိရောက်ဆုံးနည်းနည်းမှာ မိဘလူကြီးများက စံနမူနာ ကောင်းပြသခြင်း ပင်ဖြစ်ပါတယ်။

၂။ အပြုအမူကောင်းများကိုသင်ကြားပေးပါ။ ကလေးများကို ကောင်းမွန်ယဥ်ကျေး ချိုသာ တဲ့စကားများပြောစေခြင်း၊ကိုယ်လက်လှုပ်ရှားမှုများကိုပျော်ရွှင်စွာပြုလုပ်ရန်တိုက်တွန်းအား ပေးခြင်း၊စာဖတ်ခြင်းကဲ့သို့သောစိတ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုများတိုးတက်စေမဲ့လေ့လာအား ထုတ်မှုများပြုလုပ်ရန် တိုက်တွန်းအားပေးပါ။

၃။ မိသားစုတွင်းအပြန်အလှန် ချစ်ခင်စွာဆက်သွယ်မှုရှိအောင်တည်ထောင်ပါ။ ကလေးစိတ် မှာ သူဟာမိသားစုမှာ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာ သိနားလည်ခံစား ပါစေ။ မိသားစုအတွင် အားလုံးပါဝင်တဲ့အတူတူစားသောက်ခြင်း၊ ပျော်ပွဲစားထွက်ခြင်း၊ ညနေဘက်အတူတူလမ်းလျောက်ခြင်း၊ မိသားစုအစည်းအဝေးပွဲပြုလုပ်ခြင်းများပြုလုပ်ပါ။

၄။ အားကောင်းတဲ့ အ‌ခြေခံလိုက်နာရန်စည်းမျဥ်းများသတ်မှတ်ထားပါ။ နေ့စဥ်ကလေးတွေ လိုက်နာရမဲ့စည်းကမ်းသတ်မှတ်ချက်အချိန်ဇားထားပေးပါ။ လုပ်ဆောင်ရမဲ့လုပ်ငန်းတိုင်း အတွက်အချိန် လျာထားသတ်မှတ်ပေးပါ။

၅။ ကလေးရဲ့ကောင်းတဲ့အပြုအမူများအတွက် အသိအမှတ်ပြုပေးပါ။ တိတိကျကျပြောပြီး အသိအမှတ်ပြုပေးပါက ကလေးတို့ဟာအလားတူကောင်းတဲ့အပြုအမူများကို အချိန်တိုင်း မှာ အကောင်းဆုံးလုပ်ဖြစ်အောင်ကြိုးစားအားထုတ်လာစေပါတယ်။

၆။ ကလေးဘဝမှာ မိဘများအနေဖြင့် ပါဝင်မှုရှိပေးပါ။ ကလေးရဲ့ဘဝမှာမိဘများကပါဝင် နေဖို့အရေးကြီးပါတယ်။ အဲဒီလိုပါဝင်ပေးခြင်းဖြင့် ကလေးစိတ်မှာဖြစ်နေတဲ့စိတ်ခံစားမှု များနှင့် စိတ်လှုပ်ရှားခံစားမှုများကို သိနားလည်ခွင့်ရစေပါတယ်။

၇။ သဘာဝကျတဲ့မျှော်မှန်းချက်ထားပါ။ ကလေးတွေဆိုတာ လုပ်ရင်းကိုင်ရင်အမှားများ လုပ်မိမှာ ဖြစ်ပါတယ်။ အမှားလုပ်မိခြင်းကသဘာဝဖြစ်ပါတယ်။ အဲဒီအခါမျိုးမှာ မိဘက နား လည်ပြီးပြုမိတဲ့အမှားမှ သင်ယူတတ်အောင် ကလေးကို အားပေးလမ်းပြပေးရန် လို အပ်ပါ တယ်။ သဘာဝကျတဲ့ဦးတည်ရည်မှန်းချက်များချမှတ်ပေးရန် လိုအပ်ပါတယ်။ အဲဒီဦးတည် ချက်ကအောက်ပါ လက္ခဏာများနှင့် ကိုက်ညီရန် လိုအပ်ပါတယ်။

S = specific = တိကျမှုရှိခြင်း
M = measurable = တိုင်းတာကြည့်နိုင်ခြင်း
A = attainable = ကြိုးစားလုပ်ရင်ရနိုင်ခြင်း
R -realistic = သဘာဝကျနခြင်း
T = time-bound = ကန့်သတ်ထားတဲ့အချိန်မှာရနိုင်ခြင်း

၈။ သင့်ကလေးပြောပြတာကိုကောင်းစွာနားထောင်ပေးပါ။ ကလေးအရွယ်ဆိုတာ အစစ သင်ယူနေတဲ့အချိန်ဖြစ်ပါတယ်။ ဒါကြောင့် စူးစမ်းလိုတဲ့စိတ်နဲ့ မေးချင်တာတွေ ကလေး စိတ်မှာရှိနေတတ်ပါတယ်။ ဒါကြောင့် ကလေးလိုအပ်တဲ့အကူညီကိုသိရန်နှင့် သူတို့စိတ်မှာ ဖြစ်နေတဲ့သိချင်တာတွေ၊ အခက်အခဲတွေကိုသိနားလည်ကူညီပေးနိုင်ဖို့ ကလေးတွေပြောပြ တာကို ကောင်းကောင်းနားထောင်ပေးရန် လိုအပ်ပါတယ်။

ကလေးတွေမှာ ဘယ်လိုအလေ့အကျင့်ကောင်းတွေလေ့ကျင့်ပေးရန် လိုအပ်တဲ့အကြောင်း ကို ဆက်လက်ပြီးမျှဝေသွားပါမယ်။

မိတ်ဆွေများ ကလေးများကိုငယ်စဥ်ကစပြီးအလေ့အကျင့်ကောင်းတွေကို လေ့ကျင့်ပေးတဲ့ နည်းကို ကောင်းစွာအသုံးပြုနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။


No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...