ဒီနေ့ “ယေဘူယျအားဖြင့် ကလေးတို့အတွက်ကောင်းတဲ့အလေ့အကျင့်များ” အကြောင်း ကို Food for Thought 709 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
ယေဘူယျအားဖြင့် ကလေးတို့အတွက်ကောင်းတဲ့အလေ့အကျင့်များ
မိဘအများစုမှာကလေးတွေနှင့်ပတ်သက်လာရင်ပညာသင်ကြားရေးကိုအလေးထားတတ်ကြပါတယ်။
ကလေးတွေကိုအကျင့်ကောင်းအောင်နှင့် ပညာတော်အောင်ဆိုတဲ့ကြီးမား
ကျယ်ပြန့်တဲ့ဦးတည်ချက်ကိုမေ့နေတတ်ကြပါတယ်။
ကလေးတွေကိုကောင်းတဲ့အလေ့အကျင့်တွေလေ့ကျင့်ပေးဖို့မေ့နေရင်
သူတို့ရဲ့အပြုအမူနဲ့
စိတ်နေစိတ်ထားအပေါ်မှာအပျက်သဘောဆောင်တာတွေဖြစ်လာစေနိုင်ပါတယ်။ ကလေး
တို့အတွက်ယေဘူယျအားဖြင့်ကောင်းတဲ့အလေ့အကျင့်တစ်ချို့မှာအောက်ပါတို့ဖြစ်ကြပါ
တယ်။
၁။ အိပ်ချိန်မှန်မှန်အိပ်ခြင်းအလေ့အကျင့်
ကလေးတို့အတွက်အနည်းဆုံးတစ်နေ့မှာ
(၈)နာရီအိပ်ချိန်ရှိရန် လိုအပ်ပါတယ်။ ကလေးတွေ ဟာမနက်စောစောထရန်
လိုအပ်ပါတယ်။ ဒါကြောင့် နောက်ကျမှအိပ်ယာဝင်တာမျိုးမပြု လုပ် သင့်ပါဘူး။
၂။ အိမ်မှုအလုပ်များဝိုင်းကူလုပ်ခြင်းအလေ့အကျင့်
ကလေးတွေဆိုတာအိမ်မှုအလုပ်တွေကို
လုပ်နိုင်တဲ့အရွယ်မှစတင် ကူညီလုပ်နိုင်ကြပါတယ်။
မိဘတွေလုပ်ဆောင်နေရတဲ့တစ်နေ့တာအလုပ်တွေမှာ ကလေးတွေပါဝင် လုပ်ဆောင်ပါစေ။
အဲဒီလိုပါဝင်
လုပ်ဆောင်ခြင်းမှာလုပ်တတ်ကိုင်တတ်တဲ့ကျွမ်းကျင်မှုများလျင်မြန်စွာတတ် လာ
မှာဖြစ်ပါတယ်။
၃။ လူတွေနှင့်နေရတဲ့အခါ ပြသင့်တဲ့အပြုအမူများလိုက်နာတဲ့အလေ့အကျင့်
ဥပမာလမ်းဖြတ်ကူးတဲ့အခါ
လိုက်နာရန်သတ်မှတ်ထားတဲ့စည်းကမ်းကိုလိုက်နာခြင်း၊ စျေးသည်၊ အစောင့်
စသူတွေကိုမလေးမစားပြောဆိုခြင်းများမပြုလုပ်ခြင်း၊ လူအများ
သုံးတဲ့အဆောက်အဦးများနေရာများကို မဖျက်စီးခြင်းစတာမျိုးတွေကို လိုက်နာရန်
လို အပ်ပါတယ်။
၄။ နေ့စဥ်စာဖတ်ခြင်းအလေ့အကျင့်
ကလေးတွေကိုနေ့စဥ်စာဖတ်တဲ့အလေ့အကျင့်ရှိလာအောင်လေ့ကျင့်ပေးရန်
လိုအပ်ပါ တယ်။
အဲဒီအလေ့အကျင့်ဖြစ်လာရင်အပြန်အလှန်ဆက်သွယ်တဲ့ကျွမ်းကျင်မှုများတိုးလာ
ပြီးဝေါဟာရကြွယ်လာပါမယ်။အမြင်အာရုံကို နားလည်နိုင်မှုလည်းတိုးစေပြီး ပညာသင်
ကြားရေးမှာ လည်းအောင်မြင်ဖို့ လိုအပ်တဲ့အလေ့အကျင့် ဖြစ်ပါတယ်။
၅။ ငွေကြေးစီမံတတ်တဲ့အလေ့အကျင့်
ငွေကြေးစီမံခန့်ခွဲတတ်တဲ့အလေ့အကျင့်ကလည်း
ငွေကြေးကိုတာဝန်ရှိရှိသုံးဖို့နဲ့စိတ်လို လက်ရ
သုံးဖြုန်းတာမျိုးတွေဖြစ်မလာအောင်တားမြစ်ရန် လိုအပ်ပါတယ်။ ကလေးတွေကို
မုန့်ဖိုးသတ်မှတ်ပေးတဲ့အလေ့အကျင့် ပြုလုပ်ပါ။ ပြီးတော့ရထားတဲ့မုန့်ဖိုးကို
ဘယ်လိုသုံး နေကြောင်းမှန်တမ်းထားတဲ့အလေ့အကျင့် လေ့ကျင့်ပျိုးထောင်ပေးပါ။
၆။ ကျေးဇူးတရားသိတတ်တဲ့အလေ့အကျင့်
လူတိုင်းကိုလေးလေးစားစားနှုတ်ဆက်တတ်အောင်ကလေးကိုသင်ပေးထားပါ။
ကျေးဇူးပြု လို့၊ ကျေးဇူးတင်ပါတယ်၊
ဝမ်းနည်းပါတယ်။ခွင့်လွှတ်ပါစတဲ့စကားမျိုးတွေကိုသုံးတတ် အောင်သင်ပေးပါ။
လူအမျိုးမျိုးနှင့်ပြောဆိုဆက်သွယ်တဲ့အခါ ယဥ်ကျေးပြီထိရောက်စွာ
ဘယ်လိုပြောဆိုရမည်ကိုသင်ပေးရန် လိုအပ်ပါတယ်။
၇။အမှန်ကိုပြောတဲ့အလေ့အကျင့်
ကလေးတွေကိုအမှန်ကိုသာပြောအောင်လေ့ကျင့်ပေးရန်
လိုအပ်ပါတယ်။ လိမ်ညာပြောဆို ခြင်းမှာမကောင်းတဲ့အကျင့်ဖြစ်ပြီး ဘယ်သောအခါမှ
လိမ်ညာမပြောရန် ကလေးတွေကို သင် ပေးထားရန် လိုအပ်ပါတယ်။
၈။ တာဝန်သိမှုနှင့်တာဝန်ရှိမှု၊ တာဝန်ယူတတ်တဲ့အလေ့အကျင့်
လူတိုင်းဟာမိမိလုပ်ဆောင်မှုများအတွက်
တာဝန်ရှိပါတယ်။ အဲဒီအတွက်တာဝန်ယူတတ် ရန် လိုအပ်ပါတယ်။ ကလေးတွကို သူတို့
လုပ်ရပ်အတွက်သူတို့ကိုယ်တိုင်တာဝန်ယူတတ် အောင်သင်ပေးခြင်းဟာ
သူတို့ကောင်းဖို့အတွက်အလွန်အရေးကြီးလှပါတယ်။
၉။ အကောင်လေးတွေကိုနာကျင်အောင်မလုပ်ဘဲချစ်ခင်စွာဆက်ဆံခြင်းအလေ့အကျင့်
အကောင်းငယ်လေးတွေဆိုတာလည်းသက်ရှိလေးတွေဖြစ်ကြောင်း၊
ဒါကြောင့် သူတို့လေး တွေကို နာကျင်အောင်မလုပ်ရန် လိုအပ်ကြောင်းသင်ပေးရန်
လိုအပ်ပါတယ်။ သူတို့လေး တွေက သူတို့တတ်တဲ့နည်းဖြင့် လူတွေကို
ဆက်သွယ်ကြကြောင်း၊ သူတို့နှင့် ချစ်ခင်ရင်းနှီး စွာဆက်ဆံသင့်ကြောင်း
သင်ပေးသင့်ပါတယ်။
၁၀။ အချိန်ကိုတန်ဖိုးထားတတ်တဲ့အလေ့အကျင့်
အချိန်ဆိုတာ
ငွေဖြစ်တယ်ဆိုတဲ့စကားကိုကလေးတွေနားလည်အောင်သင်ပေးရန် လိုအပ်ပါ တယ်။
ကုန်လွန်သွားတဲ့အချိန်ဆိုတာ ဘယ်တော့မှပြန်မလာတော့ပါဘူး။ ဒါကြောင့် ကလေး
များအားအချိန်ကိုအကျိုးရှိစွာအသုံးချတတ်ရန်နှင့် အချိန်နှင့်
အညီအချိန်မှန်အလုပ်လုပ် တတ် အောင်သင်ပေးရန် လိုအပ်ပါတယ်။
မိတ်ဆွေများကလေးများမှာယေဘူယျ ကောင်းတဲ့အလေ့အကျင့်များကို လေ့ကျင့် ပျိုး ထောင် ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်။
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Monday, February 24, 2025
ယေဘူယျအားဖြင့် ကလေးတို့အတွက်ကောင်းတဲ့အလေ့အကျင့်များ Food for Thought 709 ဒေါက်တာသိန်းလွင်
Subscribe to:
Post Comments (Atom)
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...
-
ဒီနေ့ “ကြင်နာတတ်သူများမှာတွေ့ရတဲ့ကိုယ်ရည်ကိုယ်သွေးလက္ခဏာများ” အကြောင်းကို Food for Thought 830 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင် ပါမေ...
-
🔖SKC/ERC 2025 Free Training ပညာဒါနသင်တန်း Preschool Lesson Plan Batch - 6 1/1/2025 to 10/1/2025 နေ့စဉ် ည ၈-၁၀နာရီ ❣️ မည်သူမဆိုတက်ရောက်နိ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
No comments:
Post a Comment