Monday, February 24, 2025

ရုပ်ပိုင်းနှင့်ကျန်းမာရေးဆိုင်ရာအလေ့အကျင့်ကောင်းများ Food for Thought 710 ဒေါက်တာသိန်းလွင်

 No photo description available.

ရုပ်ပိုင်းနှင့်ကျန်းမာရေးဆိုင်ရာအလေ့အကျင့်ကောင်းများဒီနေ့ ကလေးတွေမှာ ” ရုပ်ပိုင်းနှင့်ကျန်းမာရေးဆိုင်ရာအလေ့အကျင့်ကောင်းများ” လေ့ကျင့်ပေးရေးကို Food for Thought 710 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်


မျက်မှောက်ခေတ်မှာကလေးတွေဟာကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ဘေးတွေအများအပြားနဲ့ရင်ဆိုင်နေရပါတယ်။ အဲဒီဘေးတွေဆိုတာကတော့ ကျန်းမာရေးနှင့်မကိုက်ညီတဲ့ အစားတွေစားနေခြင်း၊အအိပ်အနေမမှန်ကန်ခြင်း၊ အိပ်ချိန်မပြည့်ဝခြင်း၊ ကိုယ်လက်လှုပ် ရှားမှုနည်းပါးခြင်း၊ အိုင်ပက်ကိုအချိန်ကြာမြင့်စွာကြည့်နေခြင်းစတာတွေဖြစ်ပါတယ်။ အဲ ဒါတွေမှကာကွယ်ရန် ကလေးတွေမှာ ကောင်းတဲ့အလေ့အကျင့်များဖြစ်လာအောင် မိဘ နှင့် ကလေးအတူတူလေ့ကျင့်ရန် လိုအပ်ပါတယ်။

အောက်ဘက်မှာကျန်းမာရေးနှင့်ညီညွတ်တဲ့အလေ့အကျင့် (၁၀)မျိုးကို လေ့ကျင့်ပေးနိုင်ရန် ဖော်ပြထားပါတယ်။

၁၁။ လေကောင်းလေသန့်ရတဲ့အပြင်ဘက်မှာကစားတဲ့အလေ့အကျင့်
ကစားခြင်းဟာ အလုပ်လုပ်သလိုအရေးကြီးပါတယ်။ ဒါကြောင့် ကလေးတွေကိုနေ့စဥ် တစ်နေ့မှာ (၁)နာရီ (၁) နာရီခွဲလောက် အပြင်ဘက်မှာ ကစားခွင့်ပေးတဲ့အလေ့အကျင့် ပြုလုပ်ပေးသင့်ပါတယ်။

၁၂။ ကျန်းမာရေးနှင့်ညီတဲ့အစားအစာများကိုသာစားတဲ့အလေ့အကျင့်
အာဟာရရှိပြီးကျန်းမာရေးအတွက်ကောင်းမွန်တဲ့အစာတွေကိုစားတဲ့အလေ့အကျင့်ရှိနေရန် လိုအပ်ပါတယ်။ ကလေးတွေကို လပ်ဆပ်တဲ့အစားအစာများ၊ သစ်သီးများ၊ အသီးအရွက် များ ကိုစားသုံးရန်နှင့် အဆီများတဲ့အစာများ၊ သကြားပါဝင်မှုများတဲ့ မုန့်များ စားသုံးခြင်းကို ရှောင်ရန် လေ့ကျင့်ပေးသင့်ပါတယ်။

၁၃။ ရေများများသောက်တဲ့အလေ့အကျင့်
ရေကကိုယ်ခန္ဓာအတွက်လိုအပ်တဲ့အာဟာရများကို ဆဲလ်များဆီသို့သယ်ဆောင်ပေးပါ တယ်။ အရေးအကြီးဆုံးအနေနဲ့ ကိုယ်ခန္ဓာတွင်းမှာရှိတဲ့အဓိကကျတဲ့ကိုယ်အင်္ဂါအစိတ် အပိုင်းများမှာအညစ်အကြေးများကိုဖယ်ရှားပေးပါတယ်။ကလေးတွေဆိုတာ တစ်နေကုန် တက်တက်ကြွကြွလှုပ်ရှားနေတဲ့အတွက် သူ့တို့ကိုယ်ခန္ဓာရဲ့အပူချိန်ကိုထိန်းနိုင်စေရန် ရေကို များများသောက်ဖို့ တိုက်တွန်းအားပေးလေ့ကျင့်ရန် လိုအပ်ပါတယ်။

၁၄။ သန့်ရှင်းကျန်းမာအောင်နေတဲ့အလေ့အကျင့်
ကလေးတွေဆိုတာ အချိန်များစွာကစားနေတဲ့အတွက် ဂျမ်းတွေ၊ ဘက်တီးရီးယားပိုးတွေ နှင့်ထိတွေ့ဖို့အလားအလာများပါတယ်။ ဒါကြောင့် ကလေးတွေကို သန့်ရှင်းကျန်းမာနေ အောင် ထားပေးတဲ့အလေ့အကျင့်များကို ပြုလုပ်ပေးရန် လိုအပ်ပါတယ်။ ‌ခြေလက်များ ဆေးကြောပေးခြင်း၊ ရေမှန်မှန်ချိုးပေးခြင်း၊ အဝတ်အထည်များကို မှန်မှန်လဲပေးခြင်းများ ပြုလုပ်ရန် လိုအပ်ပါတယ်။

၁၅။ ကျန်းမာရေးနှင့်ညီတဲ့မနက်စာစားတဲ့အလေ့အကျင့်
ကလေးအာဟာရပညာရှင်တိုင်းက နမက်စာကို အာဟာရပြည့်ဝတဲ့အစာစားရန် တိုက်တွန်း အားပေးကြပါတယ်။မနက်အိပ်ယာမှထတဲ့အချိန်မှာ စားတဲ့အစာမှာတစ်နေ့အတွင်း စားတဲ့ အစာများထဲမှာအရေးအကြီးဆုံးအစာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီမနက်စာက စွမ်းအင်အများဆုံးပေးတဲ့အတွက်ဖြစ်ပါတယ်။ ကလေးတွေအနေဖြင့် ကျောင်းမသွားမှိ ကျန်း မာရေးနှင့် ညီညွတ်ပြီအရာသာရှိတဲ့အစာကို စားသောက်တဲ့အလေ့အကျင့်ရှိအောင် လေ့ကျင့်ပေးရန် လိုအပ်ပါတယ်။

၁၆။ သွားများကိုတစ်နေ့ (၂)ကြိမ်တိုက်တဲ့အလေ့အကျင့်
နောက်ကောင်းတဲ့အလေ့အကျင့်တစ်ခုမှာသွားများကိုတစ်နေ့ (၂)ကြိမ်တိုက်တဲ့အလေ့အ ကျင့်ကို လေ့ကျင့်ပေးရန် လိုအပ်ပါတယ်။ အိပ်ယာမဝင်ခင်နှင့်အိပ်ယာမှထတဲ့အချိန်တွေ မှာသွားတွေကို ပုံမှန်အားဖြင့်တိုက်တဲ့အလေ့အကျင့် ပြုလုပ်ပေးရန် လိုအပ်ပါတယ်။ နေ့ စဉ် ပုံမှန် သွားကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် တိုက်မယ်ဆိုရင် အနည်းဆုံးအချိန် (၃)မိနစ်က နေ (၅)မိနစ်ခန့် ကြာအောင်တိုက်ရမှာဖြစ်ပြီး သွားတိုက်တံတစ်ချောင်းကို (၄) လထက် ပို မသုံးသင့်ပါဘူး။ အစာစာပြီးတိုင်း သွားကို (၂)မိနစ်ခန့်ကြာအောင်သွားတိုက် တဲ့အလေ့ အကျင့် ပြုလုပ်ပေး သင့်ပါတယ်။

၁၇။ အစာမစားမှိနှင့်စားပြီးတဲ့အချိန်များတွင် လက်ဆေးခြင်းအလေ့အကျင့်
ဒီအလေ့အကျင့်ကအအေးမိခြင်း၊ ကူးစက်ဖျားနာခြင်းနှင့်အခြားသောကူးစက်မှုကြောင့် ဖြစ်တတ်တဲ့ရောဂါများမဖြစ်အောင် ကလေးများကိုကာကွယ်ပေးပါတယ်။

၁၈။ သန့်သန့်ရှင်းရှင်းသန့်သန့်ပြန့်ပြန့်နေတဲ့အလေ့အကျင့်
ကလေးတွေကို သူတို့ကျောင်းမသွားမှီသူတို့အိပ်ယာကို သိမ်းခြင်းနှင့် သူတို့နေတဲ့ပတ်ဝန်း ကျင်ကို သန့်ရှင်းအောင်ပြုလုပ်တဲ့အလေ့အကျင့်ကို ပြုလုပ်ရန်တိုက်တွန်းအားပေးရန် လို အပ်ပါတယ်။သန့်ရှင်းစွာနေခြင်းဟာ ကျန်းမာစွာရှိဖို့ လိုအပ်ကြောင်းကလေးတွေသိ နား လည်နေရန်လိုပါတယ်။

၁၉။ လမ်းလျောက်တဲ့အလေ့အကျင့်
လမ်းလျောက်တဲ့အလေ့အကျင့်ဟာမိသားစုအလိုက် ပျော်စရာကောင်းတဲ့လုပ်ဆောင်မှုဖြစ် ပါတယ်။ အဲဒီလိုအတူတူလမ်းလျောက်ရင်မိဘတွေအနေဖြင့် ကလေးတွေအကြောင်းပိုနား လည်နိုင်စေပြီး တမိသားစုလုံးကျန်မာရေးကိုလည်းအထောက်အကူပြုပါတယ်။

၂၀။ စားသောက်တဲ့အခါ လိုက်နာသင့်တဲ့အလေ့အကျင့်များ
ကျန်းမာရေးနှင့်ညီညွတ်တဲ့အလေ့အကျင့်များနှင့်အတူ ထမင်းဝိုင်းမှာ အတူတူ စားတဲ့အခါ လိုက်နာသင့်တဲ့အပြုအမူများကို လည်း လေ့ကျင့် သင်ပေးရန် လိုအပ်ပါတယ်။ ကလေးများ အနေဖြင့် ပတ်ဝန်းကျင်မှာစားနေသူတွေကိုမိမိအပြုအမူအပြောအဆိုတို့ကြောင့်အနှောက် အယှက်မဖြစ်အောင်ထိန်းသိမ်းတတ်အောင်လေ့ကျင့်သင်ပေးထားရန် လိုအပ်ပါတယ်။

မိတ်ဆွေများကလေးများမှာရုပိပိုင်းဆိုင်ရာအလေ့အကျင့်ကောင်းများကို လေ့ကျင့်ပေးနိုင် ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...