Monday, February 24, 2025

ကလေးတွေသူတို့ကိုယ်သူတို့ပိုနားလည်လာအောင်မေးနိုင်တဲ့မေးခွန်း (၃၀) Food for Thought 713 ဒေါက်တာသိန်းလွင်

No photo description available.

ဒီနေ့” ကလေးတွေသူတို့ကိုယ်သူတို့ပိုနားလည်လာအောင်မေးနိုင်တဲ့မေးခွန်း (၃၀)” ကို Food for Thought 713 အဖြစ်မျှဝေချင်ပါတယ်။ 

 ဒေါက်တာသိန်းလွင် 

ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်

ကလေးတွေသူတို့ကိုယ်သူတို့ပိုနားလည်လာအောင်မေးနိုင်တဲ့မေးခွန်း (၃၀)

မိဘအုပ်ထိန်းသူများအနေဖြင့် မိမိတို့သားသမီးကို ပိုသိနားလည်စေနိုင်ပြီး ကလေးတွေ အနေနဲ့လည်းသူတို့ကိုသူတို့ ပိုနားလည်လာစေနိုင်တဲ့မေးခွန်းလေးတွေကို ဆွေးနွေးတင် ပြထားပါတယ်။ အောက်ဘက်မှာဖော်ပြထားတဲ့မေးခွန်း (၃၀) ကိုတစထိုင်တည်းမှာ က လေးကို‌ဖြေခိုင်းဖို့မဟုတ်ပါ။ ကလေးနှင့်အတူတူအရည်အသွေးရှိတဲ့အချိန်ပေးတဲ့အခါတိုင်းမှာ တစ်ချိန်ကို သင့်တဲ့မေး ခွန်း (၁) ခု (၂) ခုသာကလေးနှင့် ဆွေးနွေးရန်ဖြစ်ပါတယ်။ အားလုံးကို‌ဖြေခိုင်း လိုက်ရင်က လေးအတွက်ဝန်ပိသလိုမျိုးဖြစ်သွားပြီးနောက်ဆက်လက်မ‌ဖြေချင်တာမျိုးတွေဖြစ် သွား နိုင်ပါတယ်။ ကလေး‌ဖြေထားတာတွေကိုနားထောင်ထားတဲ့အပြင် မှတ်သားထားရန် နှင့် ကလေးကိုယ်တိုင်လည်း မှတ်စုမှာမှတ်သားထားတဲ့အလေ့အကျင့်ရှိအောင်လေ့ကျင့်ပေး သင့်ပါတယ်။ မေးခွန်းတွေကိုဖြေတဲ့အ‌ဖြေတွေကို တဖြည်းဖြည်းပြန်လည်စုစည်းလိုက် ရင်ကလေးနှင့်ပတ်သက်တဲ့ အခြေအနေတွေကိုပိုပြည့်စုံစွာမြင်တွေ့လာရမှာဖြစ်ပါတယ်။ ပြီးတော့အဲဒီတွေ့ရှိချက်များကလည်းအသေမဟုတ်ကြပါ။အချိန်အားလျော်စွာပြောင်း နေမှာကိုလည်းသတိပြုရန်လိုအပ်ပါတယ်။ လေ့လာ၊ ‌လေ့ကျင့်၊ သင်ယူနေတိုင်းတိုးတက် ပြောင်းလဲမှုများဖြစ်နေမှာဖြစ်ပါတယ်။

ကလေးတွေသူတို့ကိုယ်သူတို့ပိုနားလည်လာအောင်မေးနိုင်တဲ့မေးခွန်း (၃၀) မျိုး
၁။ သားသမီးမှာ အားကောင်းတာတွေကဘာတွေလဲ။
၂။ ဒီကမ္ဘာကြီးအတွင်းမှာ သားသမီးနေချင်တဲ့နေရာမှာနေနိုင်မယ်ဆိုရင် ဘယ်မှာနေ ချင်သလဲ။ ဘာကြောင့်လဲ။
၃။ သားသမီးကျောင်းတက်နေတာ ဘယ်လိုရည်ရွယ်ချက်များ၊ ဦးတည်ချက်များ ရှိပါသလဲ။
၄။ သားသမီးမှာ အခက်အခဲပြဿနာတစ်ခုခုရှိလာတဲ့အခါ ဘယ်သူံထံမှာအကူအညီသွား တောင်းတတ်သလဲ။ သူတို့က သာသမီးကို ဘယ်လိုကူညီတတ်ပါသလဲ။
၅။ သားသမီးကစိတ်ပျော်အောင် ဘာကိုလုပ်ချင်ပါသလဲ။
၆။ သားသမီးအနေနဲ့ စိတ်ပူးပင်မှုအရှိဆုံးက ဘာတွေလဲ။
၇။ သားသမီးအကြောင်းနဲ့ပတ်သက်ပြီးသားသမီးမိဘတွေသိစေချင်တာဘာများရှိပါ သလဲ။
၈။ သားသမီးရဲ့အတန်းသားသူငယ်ချင်းတွေအနေနဲ့သားသမီးအကြောင်း ဘာများသိ စေချင်ပါသလဲ။
၉။ သားသမီးမှာ စိတ်ဆန္ဒရှိတိုင်းပြည့်စုံမယ်ဆိုရင် အဲဒီစိတ်ဆန္ဒက ဘာပါလဲ။
၁၀။ သားသမီးက ဘယ်လိုဖြစ်မှာကို ရှက်ကြောက်ပါသလဲ။
၁၁။ ဘယ်အ‌ခြေအနေမှာဆိုရင် ဘေးအကင်းဆုံးစိတ်အချရဆုံးလို့ ယူဆပါသလဲ။
၁၂။ ကြောက်စရာဘာမှမရှိဘူးဆိုရင်သားသမီးအနေဖြင့် ဘာကို လုပ်ချင်ပါသလဲ။
၁၃။ ကျရှုံးခြင်းဆိုတာ သားသမီးအတွက် ဘယ်လိုနားလည်ပါသလဲ။ သားသမီးဘဝမှာ ကျရှုံးတာဘာများရှိခဲ့ပါသလဲ။
၁၄။ အခက်အခဲတွေကြုံလာတဲ့အခါ သားသမီးအနေဖြင့်ဘယ်လို ဖြေရှင်းပါသလဲ။
၁၅။ သားသမီးစိတ်ဆိုးနေတဲ့အခါ သားသမီးစိတ်မှာ ဘယ်လိုခံစားနေရပါသလဲ။ သားသမီးကိုယ်ခန္ဓာမှာကော ဘယ်လိုဖြစ်နေပါသလဲ။ အဲဒီအချိန်မှာသားသမီးက ဘာတွေစဥ်းစားနေပါသလဲ။
၁၆။ သားသမီးက အခြားလူတွေနဲ့မတူခြားနားတာ ဘာများရှိပါသလဲ။
၁၇။ လူကြီမိဘအဖိုးအဘွားများနှင့်ဆရာတို့က သားသမီးနဲ့ပတ်သက်ပြီးပြောတာကို သားသမီးစိတ်ထဲမှာ စွဲနေတာဘာများရှိပါသလဲ။ သူတို့ပြောတာက မှန်တယ်လို့ထင် ပါသလား။
၁၈။ လူတွေကသားသမီးကို မနှစ်သက်ဘူးလို့ ထင်ရတဲ့အခါ သားသမီးအနေနဲ့ဘာ လုပ်တတ်ပါသလဲ။
၁၉။ သားသမီးအနေနဲ့ ဂုဏ်အယူဆုံးလုပ်ဆောင်အောင်နိုင်မှုကဘာပါလဲ။
၂၀။ သားသမီးစိတ်တိုင်းကျထိန်းချုပ်လုပ် နိုင်တာတွေကဘာတွေရှိသလဲ။ သားသမီး ထိန်းချုပ်မလုပ်နိုင်တာတွေက ဘာတွေရှိသလဲ။ သားသမီးအနေနဲ့မထိန်းချုပ်နိုင်တဲ့အခါ သားသမီးစိတ်ထဲမှာ ဘယ်လိုခံစားရပါသလဲ။
၂၁။ သားသမီးနေတဲ့ကျောင်းနဲ့ပတ်သက်ပြီးသားသမီးသဘောကျတာဘာများရှိသလဲ။ သားသမီးနေတဲ့ကျောင်းနဲ့ ပတ်သက်ပြီး သဘောမကျတာဘာများရှိပါသလဲ။။
၂၂။ စိတ်ဖိစီးမှုတွေသိပ်များတဲ့အခါ သားသမီးအနေနဲ့ ဘာများပြုလုပ်တတ်ပါသလဲ။
၂၃။ သားသမီးအနေနဲ့သားသမီးနဲ့ပတ်သက်လို့ ကောင်းတာပြောပြချင်တာဘာများ ရှိပါသလဲ။
၂၄။ သားသမီးအတွက်အပျော်ရွှင်ဆုံးမှတ်မိမှုက ဘာပါလဲ။
၂၅။ သားသမီးအနေနဲ့စိတ်ဓာတ်တွေကျတဲ့အခါမှာ ဘာလုပ်တတ်ပါသလဲ။ စိတ်ဓာတ် တွေသိပ်ကျတဲ့အခါ ငိုလိုက်တာ ကောင်းတဲ့လုပ်ရပ်လို့ထင်ပါသလား။
၂၆။ အော်လိုက်ဟောက်လိုက်တာကောင်းတဲ့အပြုအမူဟုတ်ပါသလား။ ဘယ်လို ထင်မြင်ပါသလဲ။
၂၇။ သားသမီးအတွက် အနှစ်သက်ဆုံးရုပ်ရှင်ကဘာပါလဲ။ အနှစ်သက်ဆုံးတေးသီချင်း၊ အနှစ်သက်ဆုံးတီးဝိုင်း၊ အနှစ်သက်ဆုံးအစားအစာ၊ အနှစ်သက်ဆုံးအရောင်၊အနှစ်သက် ဆုံး တိရစ္ဆာန်က ဘာပါလဲ။
၂၈။ သားသမီးအတွက်ကျေးဇူးတင်စရာဘာတွေရှိပါသလဲ။
၂၉။ သားသမီးအနေနဲ့မိမိကိုယ်မိမိ နှစ်သက်တာ ဘာတွေရှိပါသလဲ။
၃၀။ သားသမီးအနေနဲ့မိမိကိုယ်မိမိ ပြုပြင်ရန် လိုအပ်တာဘာများရှိပါသလဲ။

မိတ်ဆွေများသားသမီးများအကြောင်း ပိုသိနားလည်အောင်နှင့် သူတို့ကိုယ်တိုင်လည်း သူတို့ အကြောင်း ပိုနားလည်အောင်မေးသင့်တဲ့မေးခွန်းတွေကို မေးပြီး ပိုနားလည်လာ နိုင်ကြပါစေ။ မိဘနှင့် သားသမီးကြားအပြန်အလှန်ဆက်ဆံရေးပိုချစ်ခင် နွေးထွေးမှုရှိကြ ပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင် 

ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...