ဒီနေ့
မိသားစုအားလုံးအတွက် “အိမ်မှာလိုက်နာရန်သတ်မှတ်ထားတဲ့ စည်းကမ်း
ကောင်းလေးများ” အကြောင်းကို Food for Thought 714 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
အိမ်မှာလိုက်နာရန်သတ်မှတ်ထားတဲ့ စည်းကမ်း ကောင်းလေးများ
သင်ဟာ
မိဘတစ်ယောက်ဖြစ်နေပြီဆိုရင် သင့်သားလေး၊ သမီးလေးတွေကို အကောင်း ဆုံး
ပြုစုပျိုးထောင်ဖို့ လိုအပ်ပါတယ်။ အကောင်းဆုံးလည်း ဖြစ်စေချင်မှာပါပဲ။ အထူး
သဖြင့် အိမ်ရှင်မ တစ်ယောက် ဖြစ်နေပြီဆိုရင်တော့ သင့်အိမ်မှာရှိတဲ့သူတွေ
အထူးသဖြင့် ကလေးတွေရဲ့ အပြုအမူအပေါ်မှာ
ဘယ်လိုအပြုအမူတွေဖြစ်စေချင်တယ်ဆိုပြီး မျှော် လင့်ထားတာမျိုး ရှိမှာပါ။
အိမ်တွင်းစည်းကမ်း ထုတ်လိုက်ခြင်းကြောင့် သင့်ကလေး အတွက်ရော၊ သင့်အတွက်ပါ
ပိုအဆင်ပြေသွား စေနိုင်ပါတယ်။ စည်းကမ်းထုတ်ရုံတင် မဟုတ်ပါဘူး။
အိမ်မှာထုတ်ထား စည်းကမ်း ကောင်းလေးများကို လိုက်နာဖို့လည်း တိုက်တွန်းရမှာ
ဖြစ်ပါတယ်။
အိမ်တွင်းစည်းကမ်းမထုတ်ခင် ဒါတွေကိုတော့ အရင်စဉ်းစားပါ။
စည်းကမ်းများ
သတ်မှတ်လိုက်ခြင်းကြောင့် သင့်ကလေးအနေနဲ့ အန္တရာယ် ကင်း လုံခြုံ
သွားပါလိမ့်မယ်။ ဒါတင်မကသေးပါဘူး။ အိမ်တွင်းစည်းကမ်းထုတ်ခြင်းဖြင့် သင့်
ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ ကောင်းမွန်စွာ
ဖွံ့ဖြိုးလာနိုင်ပါတယ်။
ဒါပေမဲ့
စည်းကမ်းတွေ အကုန်လုံးကို အိမ်သားအကုန်လုံးက လိုက်နာဖို့ လိုအပ်ပါ လိမ့်
မယ်။ ဥပမာ ည(၉)နာရီ အိမ်ရာဝင်ရမယ်လို့ စည်းကမ်းထုတ်ထားတယ်ဆိုရင် သင်ကိုယ်
တိုင်လည်း (၉)နာရီအိပ်ပါ။ သင်ကိုယ်တိုင် မလိုက်နာနိုင်ရင်တော့
အဲ့ဒီအချက်ကို မထည့် သွင်းပါနဲ့။ တစ်အိမ်နဲ့ တစ်အိမ်တော့ စည်းကမ်းတွေက
တူမှာမဟုတ်ပါဘူး။ ဥပမာ ညဘက်မှာ (၉)
နာရီမှာအိပ်ဖို့သတ်မှတ်ထားပေမဲ့သူငယ်ချင်းထံသွားလည်နေတာ ည ဘက်
သန်းခေါင်းအချိန်ကျော်မှ အိမ်ပြန်လာတာမျိုးဆိုရင်တော့ သတ်မှတ်စည်းကမ်း ကို
ကိုယ်တိုင်ဦးဆောင်ပြီးချိုးဖောက်နေတာသာဖြစ်ပါတယ်။
စည်းကမ်းတစ်ခုကိုချိုးဖောက် လိုက်
ရင်အခြားစည်းကမ်းတွေကိုလည်းချိုးဖောက်လာစေနိုင်ပါတယ်။
ရှုပ်ထွေးပြီး
နားမလည်နိုင်တဲ့ စည်းကမ်းများကို မထုတ်ပါနဲ့။ ရိုးရှင်းပြီး နားလည်ရ လွယ်
ကူတဲ့ အချက်များကိုသာ ထည့်သွင်းရေးသားပါ။ အောက်ပါအချက်များကတော့ အိမ် တွင်း
စည်းကမ်း နမူနာအချို့ပါ။
အိမ်မှာထုတ်ထား စည်းကမ်း ကောင်းလေးများ
(၁) အခန်းထဲမဝင်လာခင် ဦးစွာပထမ တံခါးခေါက်ပြီး ခွင့်တောင်းပါ။
အတွင်းရေးကိစ္စများ၊
ကိုယ်ရေးကိုယ်တာကိစ္စများအပေါ် အလေးထားတတ်ခြင်း (Privacy) ကို
သင်ကြားပေးပါ။ မဝင်ခင် အခန်းတံခါး အရင်ခေါက်ရမယ်ဆိုတဲ့ စည်းကမ်း ကို
ထုတ်ထားတာက သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို အလေးထားတတ် သွားစေရန်
သွယ်ဝိုက်ပြီး သတိပေးလိုက်သလိုပါပဲ။
(၂) ကိုယ်လုပ်ခဲ့တဲ့အရာတွေကို အားလုံးရှင်းသွားအောင် ကောက်သိမ်းပါ။
ထမင်းစားပြီးရင်
ကိုယ်စားထားတဲ့ ပန်းကန်ကို ကိုယ်ကိုယ်တိုင် ပြန်ဆေးကြောသန့်ရှင်း ရမယ်။
ကစားစရာအရုပ်လေးများကို ဆော့ကစားပြီးရင်လည်း ကိုယ်တိုင်ပြန်လည်
သိမ်းဆည်းရမယ်ဆိုတဲ့ အကျင့်ကို မွေးမြူပေးပါ။
ဒီစည်းမျဥ်းဟာမိမိလုပ်ထားတာတွေအတွက်
တာ ဝန်ရှိမှု၊ တာဝန်သိမှု၊ တာဝန်ယူတတ်မှု ရှိအောင်
တာဝန်သိတတ်သူဖြစ်အောင်လေ့ကျင့် ပေး တာဖြစ်ပါတယ်။ အိမ်တွင်းသပ်ရပ်
သန့်ရှင်းစွာ နေတတ်စေရန်နဲ့ အိမ်အတွက် လုံခြုံစိတ်ချ ရစေရန် ဖြစ်ပါတယ်။
မိဘကို မမှီခိုတော့ဘဲ မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်လာတဲ့
အလေ့အကျင့်ကောင်းကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။
(၃) လျှပ်စစ်ပစ္စည်းသုံးစွဲချိန်ကို ကန့်သတ်ထားပါ။
မိသားစုတော်တော်များများမှာ
ဒီလိုစည်းကမ်းကို လိုက်နာကျင့်သုံးနေကြပါပြီ။ တချို့ မိသားစု
တွေမှာဆိုရင်တော့ တစ်နေ့မှာ ဖုန်း၊ ကွန်ပြူတာ၊ ဂိမ်း စတာတွေကို ဘယ်နှနာရီ
ပဲပြုလုပ်ရမယ်ဆိုပြီး ကန့်သတ်ထားကြပါတယ်။ ဘယ်လိုအချိန်မှာတော့ ဖုန်းမကြည့်
ရဘူး၊ ကွန်ပျူတာမနှိပ်ရဘူး စသဖြင့်ပါ။ သတ်မှတ်ထားမှုကိုတစိမိသားစုလုံးက
လိုက်နာ ရန် လိုအပ်ပါတယ်။
ထမင်းလက်ဆုံစားချိန်တွေမှာ
ဖုန်းကိုလုံးဝမကိုင်ပါနဲ့။ မအိပ်စက်ခင်မှာလည်း ဖုန်းမ ကြည့်မိပါစေနဲ့။
အိပ်ချိန်မတိုင်ခင် ဖုန်းမကိုင်ခြင်းဟာ ကလေးတွေရော မိဘတွေအတွက်
အလွန်ကောင်းပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်စွာ စောစောအိပ်စက်သွားနိုင်ပြီး
နှစ်နှစ် ခြိုက်ခြိုက်လည်း အိပ်ပျော်စေ နိုင်မှာပါ။
(၄) တစ်ဦးတစ်ယောက်ကို နာကျင်အောင်လုပ်မိပါက တာဝန်ပြန်ယူခိုင်းပါ။
ကလေးအချင်းချင်း
ဆော့ကစားကြတဲ့အခါ အမှတ်မထင် ထိမိခိုက်မိအောင် ပြုလုပ်မိ လိုက်တာမျိုး
ရှိတတ်ပါတယ်။ ဒီအခါမှာတော့ အမှားကျူးလွန်သူကို ပြန်လည်တောင်း
ပန်ခိုင်းသင့်ပါတယ်။
တချို့သော
အခြေအနေတွေမှာ လျော်ကြေးအနေနဲ့ ပေးဆပ်ခိုင်းတာမျိုး ပြုလုပ် သင့်ပါ တယ်။
ဥပမာ မုန့်ဖိုးလျှော့ပေးလိုက်တာမျိုးပါ။ ဒီလိုအချက်ကြောင့် ကလေးဟာ မိမိ
အမှားအတွက် အပြည့်အဝ တာဝန်ယူတတ်သူ တစ်ယောက်အဖြစ် ကြီးပြင်းလာ မှာပါ။
(၅) အမှန်တရားကိုသာ ပြောဆိုခိုင်းပါ။ လိမ်မပြောရဘူးဆိုတဲ့အချက်ကို ထုတ်ဖြစ် အောင် ထုတ်ပါ။
ဘယ်လိုအခြေအနေမျိုးမှာမဆို
ကလေးကို လိမ်မပြောမိပါစေနဲ့။ သင်ကိုယ်တိုင်စံပြ ပုဂ္ဂိုလ် ဖြစ်အောင်နေပါ။
သင်ဟာ ကလေးအတွက် လက်ဦးဆရာပါ။ သင့်ကလေးကို လည်း လိမ်မပြောတတ်အောင်
သင်ကြားထားပါ။ အခန့်မသင့်ဘဲ ကလေးလိမ်ပြောတာ ကို မိသွားခဲ့ရင်လည်း
(ဒေါသပေါက်ကွဲတာမျိုးမဖြစ်ဘဲ) စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ပြန်
လည်တည့်မတ်ပေးပါ။ ဒီစည်းမျဉ်းစည်းကမ်းဟာ ရိုးသားတဲ့လူတစ်ယောက်ဖြစ်ဖို့ အခြေ
ခံကျလှတဲ့ အချက်ပါပဲ။
(၆) တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ခံတွင်းသန့်ရှင်းမှုကို မပျက်မကွက် ပြုလုပ်ခိုင်းပါ။
လက်ကို
ပုံစံစနစ်တကျဆေးကြောခြင်း၊ သွားတိုက်ခြင်း (မနက်တစ်ခါ၊ ညတစ်ခါ) ရေချိုး
ခြင်း စတာတွေဟာ ကျန်းမာရေးကောင်းဖို့ အတွက် အခြေခံကျတဲ့ အချက်တွေပါပဲ။
အကျင့်ကောင်းတွေ ကို မွေးမြူပေးပါ။ သင်ကိုယ်တိုင်လည်း မပျက်မကွက်
ပြုလုပ်ပေး ပါ။
(၇) မိသားစုအစည်းအဝေးတွေ့ဆုံပွဲကို တစ်ပတ်တစ်ကြိမ် အနည်းဆုံး မဖြစ်မနေ တက်ရောက် ခိုင်းပါ။
မိသားစု
စုံစုံလင်လင်တွေ့ဆုံမှုလေးကို တစ်ပတ်တစ်ခါတော့ အနည်းဆုံးတစ်လ တစ်ခါတော့
အချိန်ပေးပြီး ပြုလုပ် ပေးပါ။ အစည်းအဝေးမှာ စည်းမျဉ်းစည်းကမ်းတွေကို
လိုအပ်သလို ညှိနှိုင်းပြီး အလျှော့အတင်း ပြုလုပ် နိုင်ပါတယ်။
(မြန်မာမိသားစု တွေမှာမိသားစုအစည်းအဝေးလုပ်တာရှားပါးလှပါတယ်။
အစည်းအဝေးဆိုတာ ရုံးတွေ မှာတော့ လုပ်နေကြပြီးမိသားစုမှာကော ဘာကြောင့်
မလုပ်ကြတာလဲ။)
မိမိသဘောကျတဲ့
အချက်၊ မကျတဲ့အချက်တွေကိုလည်း ထုတ်ဖော်ပြောကြားနိုင်သလို အနာဂတ်
အစီအစဉ်တွေကိုလည်း အပြန်အလှန် ပြောကြားနိုင်ပါတယ်။ တစ်ပတ်တစ်ခါ
မပြုလုပ်နိုင်လည်း တစ်လတစ်ခါတော့ ပြုလုပ်သင့်ပါတယ်နော်။
အဲဒီလိုပြုလုပ်ပေးရင် ကလေးတွေအနေဖြင့်
အစည်းအဝေးပွဲမှာပြောဆိုဆွေးနွေးချက်များကိုကောင်းစွာနား ထောင်
တတ်တဲ့အလေ့အကျင့် ရလာစေပြီးမိမိပြောပြချင်တာကိုလည်း ဘယ်လို
ထုတ်ပြောနိုင်ကြောင်းသိနားလည်လာစေနိုင်ပါတယ်။ အသက်အရွယ်မရွေးမိသားစုထဲ တွင်
မိသားစုဝင်တိုင်းကိုလေးစားစွာနားထောင်ပေးခြင်း၊
ပြောဆိုခွင့်ပေးခြင်းစတဲ့ကောင်း မြတ်တဲ့၊
လူတိုင်းကိုတန်ဖိုးထားတဲ့အလေ့အကျင့်ကို လေ့ကျင့်ပေးရာလည်းရောက် ပါ တယ်။
(၈) မိသားစုဝင်အချင်းချင်း အပြန်အလှန်လေးစားမှုရှိပါစေ။ တစ်ဦးတစ်ယောက်ချင်းစီ ရဲ့ အားသာ ချက်တွေကိုလည်း လေးစားသမှုရှိပါ။
•
မောင်နှမအချင်းချင်း စိတ်ခံစားမှုကို မနောက်ပြောင်ပါစေနဲ့
(အော်ဟစ်တာမျိုး၊ ရုပ်ရည်သွင်ပြင်ကို လှောင်ရယ်တာမျိုး၊
နှိမ့်ချဆက်ဆံတာမျိုး၊ မကြိုက်တဲ့နာမည် ပြောင် ခေါ်တာမျိုးတွေကို လုံးဝ
(လုံးဝ) ပေးမလုပ်ပါနဲ့)။
• မနာကျင်ပါစေနဲ့။ တစ်ယောက်နဲ့ တစ်ယောက် မရိုက်ပါနဲ့။ ကစားနေရင်းပဲဖြစ်ဖြစ် မတွန်းပါနဲ့။ မကန်ပါစေနဲ့။
• မွေးချင်းဖြစ်နေပါစေ၊ တစ်ယောက်ယောက်ရဲ့ ပစ္စည်းကိုယူတော့မယ်ဆိုရင် ခွင့်ပြု ချက် တောင်းခံခိုင်းပါ။
•
အပြစ်ပြုလုပ်ခဲ့ရင် ပညာသားပါပါ ချက်ချင်း အပြစ်ပေးပါ။ အငယ်ဆုံးမို့ သက်ညှာ
အလို လုပ်လိုက်တာမျိုး မလုပ်ပါနဲ့။ လုပ်တဲ့အပြစ်နဲ့ဆီလျော်တဲ့
အပြစ်ကိုပေးပါ။ ဥပမာ ကစားစရာကို ပြစ်ထုတ်တာမျိုးပြုလုပ်လိုက်တယ်ဆိုရင်
ပြစ်ထုတ်လိုက်တဲ့ ကစားစာကို ပြန်ကောက်စေပြီး ပြစ်ထုတ်လိုက်မိတဲ့အတွက်
ပြန်တောင်းပန် ခိုင်းပါ။ ကစားစရာတွေကိုပွအောင်ရှုပ်အောင် လုပ်မိမှုအတွက်
ပြန်ရှင်းအောင်ပြု လုပ်ခိုင်းပါ။
ဒီလိုလုပ်ခြင်းအားဖြင့်
အနာဂတ်မှာ သင့်ကလေးရဲ့ ဆုံးဖြတ်ချက်တွေဟာ မှန်ကန်နေ မှာပါ။
မိမိအိမ်မှာလည်း ကောင်းတဲ့စည်းမျဉ်းစည်းကမ်းလေးတွေ ချမှတ်လိုက်နာစေ
ခြင်းဖြင့် လှပတဲ့အနာဂတ်ကို ပိုင်ဆိုင်နိုင်အောင် သင့်ကလေးကို ကူညီပေးရင်း
လက် ဆောင်ကောင်းကိုပေးရာရောက်ပါတယ်။
မိတ်ဆွေများ ကလေးများအတွက် အကောင်းဆုံးလက်ဆောင်စည်းကမ်းများကို ချမှတ် ပေးပြီး အကောင်းဆုံးလက်ဆောင်များအဖြစ်ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Monday, February 24, 2025
အိမ်မှာလိုက်နာရန်သတ်မှတ်ထားတဲ့ စည်းကမ်း ကောင်းလေးများ Food for Thought 714 ဒေါက်တာသိန်းလွင်
Subscribe to:
Post Comments (Atom)
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...
-
ဒီနေ့ “ကြင်နာတတ်သူများမှာတွေ့ရတဲ့ကိုယ်ရည်ကိုယ်သွေးလက္ခဏာများ” အကြောင်းကို Food for Thought 830 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင် ပါမေ...
-
🔖SKC/ERC 2025 Free Training ပညာဒါနသင်တန်း Preschool Lesson Plan Batch - 6 1/1/2025 to 10/1/2025 နေ့စဉ် ည ၈-၁၀နာရီ ❣️ မည်သူမဆိုတက်ရောက်နိ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
No comments:
Post a Comment