ဒီနေ့မှာတော့
“အဖေါ်ကောင်းရှိပါစေ”ဆိုတဲ့ ပစုပ္ပန်၊ သံသရာနှစ်ခုလုံးအတွက်
အရေးကြီးတဲ့ဝိပဿနာ အဖော်ရှိ အောင် လူတိုင်း၊ မိသားစုရှိသူရော၊
မိသားစုမရှိတဲ့တကိုယ်တည်းရပ်တည်နေသူတိုင်းအတွက် လိုအပ်ကြောင်းကို Food for
Thought 716 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
အဖေါ်ကောင်းရှိပါစေ
လောက
မှာ အဖေါ် ဆိုတာ လိုအပ်တယ်။ပစ္စုပ္ပန် အဖေါ်ရယ် သံသရာ အဖေါ် ရယ်လို့
(၂)မျိုး ရှိပါတယ်။ ပစုပ္ပန်အဖော်ဆိုတာမှာလည်း တဒင်္ဂယာယီအားဖြင့်
ကြုံခိုက်အဖော်ပြုတာမျိုးရှိသလို ဘဝတစ်သက်
တာလုံးလက်တွဲမဲ့အဖော်လည်းရှိကြပါတယ်။
ပစ္စုပ္ပန်မှာ
အဖေ အမေ အကိုအမ ဇနီးမယား သမီး သားရယ်လို့ မိသားစု အဖေါ်တွေ လိုအပ်ပါတယ်။
မိတ် ဆွေသူငယ်ချင်းအဖော်တွေဆိုတာလည်းရှိကြပါတယ်။ အဲ့ဒီ အဖေါ်တွေကတော့
တစ်ဘဝစာ တစ်နပ်စာ အတွက်ရပ်တည်ကြမယ့်သူတွေပါ။ ဒီ အဖေါ်တွေ မှာလည်း ကောင်းတဲ့
အဖေါ်ရှိသလို မကောင်းတဲ့ အဖေါ် လည်း
ရှိပါတယ်။ကောင်းကျိုးလိုလားသူဆိုရင်တော့ ကောင်း တာတွေ
ဖြစ်မယ်။သံသရာအတွက်ပါကောင်း မယ်။မကောင်းတဲ့ အဖေါ်ကတော့ ခုလည်း မကောင်းဘူး။
သံသရာအတွက်လည်း မကောင်းနိုင်ဘူး။
ဒါန
၊ သီလ ၊သမထ၊ ဝိပဿနာ ဆိုတဲ့ လေးမျိုးသော
ကုသိုလ်တရားတွေဟာသံသရာအတွက်အဖေါ်ကောင်း တွေ ဖြစ်ပါတယ်။
ဒီအဖော်ကောင်းတွေကတော့ မိသားစုအလိုက်နေသူတွေရော၊ တစ်ကိုယ်တော်သမားတွေ
အတွက်ရောအဖော်ကောင်းတွေဖြစ်ကြပါတယ်။ အထူးသဖြင့်
ဝိပဿနာအဖော်ကတော့လူတိုင်းအတွက်အ ကောင်းဆုံးအဖော်ဖြစ်ပါတယ်။ ဝိပဿနာအဖော်ကို
ပြုဖို့ဆိုတာကလည်း ထွေထွေထူးထူးအပြင်မှာ လိုက် ရှာ နေရတာမဟုတ်ပါဘူး။
နိုးစေစဥ်မှာဖြစ်စေ၊ အိပ်နေစဥ်မှာပင်ဖြစ်စေ မိမိနှင့်အတူရှိနေတဲ့ဝင်လေထွက်
လေ၊ ကိုယ်ခန္ဓာမှာဖြစ်ပျက်နေတဲ့ ဖြစ်မှုပျက်မှုဝေဒနာ၊ ခံစားမှုသဘောတို့ကို
ဖြစ်နေတဲ့အတိုင်းသတိဖြင့် ရှု မှတ်နေပြီး
အဲဒီသဘောတွေရဲ့ြဖစ်စရာအကြောင်းတွေရှိလိုဖြစ်လာခြင်း၊
ဖြစ်လာတာတွေရဲ့မမြဲတဲ့သဘော၊ ဆင်းရဲတဲ့သဘော၊ အစိုးမရတဲ့သဘောတွေကို
ကောင်းစွာသိ မြင်လာအောင် သတိမလွတ်ဘဲရှုမှတ်နေရန် သာလိုအပ်ပါတယ်။
လောကသဘာဝအရ မွေးလာပြီးခန္ဓာရထားသူတိုင်းဟာ အိုမယ်၊ နာမယ်၊ နောက်ဆုံးသေမှာဖြစ်ပါတယ်။
တကယ်လို့များ
အဖေါ်ကောင်းမရှိခဲ့ရင် ဇာတိကို ရထားတဲ့ ခန္ဓာတိုင်းဟာအိုမှုသဘော
ကိုလည်းကောင်း နာမှုသဘော ကိုလည်းကောင်း ခံစားရတဲ့အခါမှာ
မခံစားနိုင်ဖြစ်ကြတယ်။အဖေါ်ကောင်းရှိထားတဲ့သူ တွေ ကတော့ အိုခြင်းသဘော
နာခြင်းသဘောကို သိရှိပြီးဖြစ်သလိုအဖေါ် ကောင်းရဲ့ အထောက် အပံ့နဲ့
တုန်လှုပ်ခြောက်ခြားမှုကင်းစွာ ရင်ဆိုင်နိုင်ကြပါတယ်။
ဇာတိ ရဲ့နောက်မှာ ဇရာ မရဏ ကပ် ပါလာတာပါ။ခန္ဓာကို ရတဲ့သူတိုင်းဟာ ရုပ်ကိုစွဲလမ်းတတ်တယ်။
ဝေဒနာ
ကိုစွဲလမ်း တတ်တယ်။ အဲ့ဒီလိုစွဲလမ်းတော့ အိုမှုသဘော နာမှုသဘော ရုပ်
ရဲ့ဖေါက်ပြန်မှုသဘော တွေကို မခံစားနိုင်အောင် ဝေဒနာ ဖြစ်တတ်ကြပါတယ်။
ရုပ်နာမ်အစုကိုငါလို့မှတ်ယူထားရင်တော့
ရုပ်သဘောအရဖောက်ပြန်ပျက်စီးနာကျင်တဲ့အခါ ငါနာတယ် ဆိုပြီး
မခံသာအောင်ဖြစ်တတ်ကြပါတယ်။ ခန္ဓာဆိုတာ ရုပ်နာမ်အစုအဝေးမျှသာဖြစ်တယ်။
ငါမဟုတ် သူ မဟုတ်ဘူးလို့ ပိုင်းခြားသိမြင်တဲ့အခါ
ရုပ်တွေဖောက်ပြန်နေလို့နာကျင်တာကို ငါနဲ့မရောဘဲ ခွါကြည့် နိုင်တဲ့ အခါ
ဝေဒနာနဲ့ငါ မရောတော့ကြောင်းမြတ်ဗုဒ္ဓက လမ်းပြခဲ့ပါတယ်။
ခန္ဓာသဘောကို ဟုတ်တိုင်းမှန်စွာအောက်ပါအတိုင်းနားလည်ထားရန် လိုအပ်ပါတယ်။
သေမည့် ခန္ဓာ သေခန္ဓာ မှန်စွာဖြစ်ရမည်။
နာမည့် ခန္ဓာ နာခန္ဓာ မှန်စွာ ဖြစ်ရမည်။
အိုမည့်ခန္ဓာ အိုခန္ဓာ မှန်စွာ ဖြစ်ရမည်။
အိုဖို့ ရလာ အိုခန္ဓာ အိုမှာ မကြောက်နဲ့။
နာဖို့ရလာ နာခန္ဓာ နာမှာ မကြောက်နဲ့။
သေဖို့ ရလာ သေခန္ဓာ သေမှာ မကြောက်နဲ့။ လို့ မြတ်စွာ ဘုရားရှင် ကိုယ်တော်မြတ်ကဆုံးမတော် မူခဲ့ပါတယ်။
ဘုရားရှင်
ဘယ်လောက်ပဲဆုံးမထား ဆုံးမထား ဝိပဿနာ အသိလေးနဲ့
လေ့ကျင့်အားထုတ်ထားခြင်းမရှိရင်တော့ သတိကပ်ပြီး မှတ်နိုင်မှာ
မဟုတ်ပါဘူး။အဖေါ် ကောင်းကို ရှာဖွေ ပေါင်းဖေါ်ထားခြင်းမရှိတဲ့အတွက်
နာရင်နာတယ် လို့ခံစားပြီး ငါနာတယ် ငါကျင်တယ်လို့ ဖြစ်နေကြမှာပါ။
ဝိပဿနာ
အသိလေးနဲ့ သတိလေးကပ်ပြီး နာတာကိုမှတ်မယ်၊ နာခြင်းသဘောကို ဖြစ်ပျက်ရှုမယ်
ဆိုရင်အဖေါ်ကောင်းနဲ့ နေသူဖြစ်တဲ့အတွက် နိဗ္ဗာန်ကို အဲဒီ အဖေါ်ကောင်းက
ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။
ဒါ
ကြောင့် အဖေါ်ကောင်း နဲ့ပေါင်းတတ် သင်းတတ်မှသာ အဲဒီ အဖေါ်ကောင်းက နိဗ္ဗာန်
ပို့မယ်အပယ် တံခါး ကို ပိတ်ပေးပါလိမ့်မယ်။ အဖေါ်ကောင်းရှိမှာသာ ချမ်းသာ ကို
ရပါလိမ့်မယ်။
မိတ်ဆွေများအဖော်ကောင်းရှိနေအောင်ကြိုကြိုတင်တင်ပြင်ဆင်လေ့ကျင့်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Monday, February 24, 2025
အဖေါ်ကောင်းရှိပါစေ Food for Thought 716 ဒေါက်တာသိန်းလွင်
Subscribe to:
Post Comments (Atom)
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...
-
ဒီနေ့ “ကြင်နာတတ်သူများမှာတွေ့ရတဲ့ကိုယ်ရည်ကိုယ်သွေးလက္ခဏာများ” အကြောင်းကို Food for Thought 830 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင် ပါမေ...
-
🔖SKC/ERC 2025 Free Training ပညာဒါနသင်တန်း Preschool Lesson Plan Batch - 6 1/1/2025 to 10/1/2025 နေ့စဉ် ည ၈-၁၀နာရီ ❣️ မည်သူမဆိုတက်ရောက်နိ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
No comments:
Post a Comment