ဒီနေ့မှာ
“တရားဘာဝနာပွားများခြင်းက
ကျန်းမာရေးနှင့်ကိုက်ညီတဲ့အကျိုးသက်ရောက်မှုများ”အကြောင်းကို
သုသေသနပြုထားချက်အရတွေ့ရှိထားချက်များကို Food for Thought 717
အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
တရားဘာဝနာပွားများခြင်းက ကျန်းမာရေးနှင့်ကိုက်ညီတဲ့အကျိုးသက်ရောက်မှုများ
ကမ္ဘာ့နိုင်ငံများတွင်တရားဘာဝနာပွားများတဲ့လုပ်ငန်းကို
စိတ်ဖိစီးမှုများနှင့် စိတ်ပူပင်သောကရောက်မှု များ
ကိုလျော့ချတဲ့နည်းလမ်းအဖြစ် အများကအသိအမှတ်ပြလက်ခံထားနေကြပါပြီ။
တရားဘာဝနာပွားများခြင်း အလေ့အကျင့်က စိတ်နေစိတ်ထားကောင်းအောင်၊
ကျန်းမာရေးနှင့်ကိုက်ညီတဲ့အိပ်စက်နားနေမှုများနှင့် သိမှု
ပိုင်းဆိုင်ရာကျွမ်းကျင်မှုများကိုလည်းတိုးမြှင့်ပေးနိုင်အောင်အထောက်အကူပြုကြောင်း
သက်သေအထောက် အထားများတွေ့လာနေပြီဖြစ်ပါတယ်။
တရားဘာဝနာပွားများတဲ့အလေ့အကျင့်မှာစိတ်နှင့်
အတွေးများကိုစူးစူးစိုက်စိုက်အာရုံပြုပြီးထိန်းသိမ်းလေ့ကျင့်
ပေးတဲ့အလေ့အကျင့်ဖြစ်ပါတယ်။ တရားဘာဝနာပွားများတဲ့အလေ့အကျင့်
ကကျန်းမားရေးကိုအထောက်အကူ ပြုတဲ့ အထောက်အထားတွေတွေ့လာတာနဲ့အမျှ လူတွေက
ပိုစိတ်ဝင်စားလာကြပါတယ်။ မိမိကိုယ်မိမိပို သိနား လည်လာစေခြင်း၊
မိမိပတ်ဝန်းကျင်ကို ပိုသိနားလည်လာစေခြင်း၊
စိတ်ဖိစီးမှုနှင့်စိတ်ပူပင်သောကရောက်မှု များကိုလျော့ချနိုင်ခြင်းနှင့်
အာရုံစူးစိုက်လုပ်ဆောင်နိုင်စေခြင်း စတဲ့အကျိုးကျေးဇူးများအတွက် တရားဘာဝနာ
ပွားများတဲ့အလေ့အကျင့်ကို ပြုလုပ်နိုင်ပါတယ်။
အပြုသဘောဆောင်တဲ့စိတ်နေစိတ်ထား၊ ကိုယ်တိုင်လိုက် နာတဲ့စည်းကမ်း၊
ကျန်းမာရေးနှင့် ကိုက်ညီပြီးကောင်းစွာအိပ်စက်နိုင်မှု၊
ကိုယ်မှာဖြစ်တဲ့နာကျင်မှုများကို ပို သည်းခံ နိုင်စွမ်းရှိလာဖို့တို့အတွက်
တရားဘာဝနာပွားများတဲ့အလေ့အကျင့်ကိုပြုလုပ်လာတာလေ့လာ တွေ့ရှိရ ပါတယ်။
ယ္ခုဆောင်းပါးမှာတော့ တရားဘာဝနာပွားများခြင်းကြောင့် ရတဲ့ကျန်းမာရေးနှင့်
ကိုက်ညီတဲ့အကျိုး (၁၂) မျိုး ကိုတင်ပြမှာဖြစ်ပါတယ်။
၁။ စိတ်ဖိစီးမှုများကိုလျော့ချပေးခြင်း
စိတ်ဖိစီးမှုများကိုလျော့ချပေးနိုင်မှုအတွက်
တရားဘာဝနာပွားများတဲ့အလေ့အကျင့်ကို လူအများ လေ့ကျင့်လာ
စေတဲ့အကြောင်းတစ်ခုဖြစ်ပါတယ်။ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့
ကော်လက်စထရောများခြင်းနှင့် နှလုံးခုန်နှုန်း မြင့်မားခြင်းတို့ကြောင့်
သွေးတိုးမြင့်မားခြင်း၊
အိပ်စက်နားနေမှုတွိင်အနှောက်အယှက်ဖြစ်ခြင်းစတာမျိုးတွေဖြစ် စေပါတယ်။
၂၀၁၇
ခုနှစ်က အားထားနိုင်တဲ့လေ့လာချက် (၄၅) ခုအရ
တရားဘာဝနာပွားများတဲ့နည်းလမ်းအမျိုးမျိုးတို့ဟာ
စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ကော်လက်စထရောကျစေခြင်းနှင့်နှလုံးခုန်နှုန်းမြင့်မားခြင်းတို့ကို
လျော့ကျစေကြောင်း တွေ့ရှိထားပါတယ်။
အခြားသောလေ့လာချက်သုတေသနများကလည်း စိတ်ဖိစီးမှုကြောင့် ဖြစ်စေနိုင်တဲ့အောက်ပါအခြေအနေများကို လျော့ကျစေနိုင်ကြောင်းထောက်ပြခဲ့ပါတယ်။
• irritable bowel syndrome (၀မ်းဗိုက်အူများထဲမှာ ကသိကအောက်ဖြစ်ခြင်း)
• post-traumatic stress disorder (စီတ်ဖိစီးမှုကြောင့်စိတ်ကစဥ့်ကလျားဖြစ်မှုနောက်ပိုင်းနောက်ဆက်တွဲအခြေ အနေများ)
၂။ စိတ်ပူပင်သောကရောက်မှုကိုထိန်းသိမ်းနိုင်ခြင်း
တရားဘာဝနာပွားများခြင်းအလေ့အကျင့်ကစိတ်ဖိစီးမှုအဆင့်
ကိုလျော့ချနိုင်စေပါတယ်။ စိတ်ဖိစီးမှုအဆင့်ဆိုတာ
ကိုလျော့ချစေနိုင်တယ်ဆိုတာကို စိတ်ပူပင်သောကရောက်မှုကို လျော့ကျစေတယ်လို့
အဓိပ္ပါယ်ပြန်ဆိုပါတယ်။
၂၀၁၄
ခုနှစ်ကပြုလုပ်ခဲ့တဲ့ အားထားနိုင်တဲ့ သုတေသနလေ့လာချက်မှာ လူကြီး ၁၃၀၀
ပါတင်ခဲ့ ပါတယ်။ အဲဒီ လေ့လာချက်မှာတွေ့ရှိချက်အရ
တရားဘာဝနာပွားများတဲ့အလေ့အကျင့်က စိတ် ပူပင်သောကကိုလျော့ကျ စေနိုင်တယ်လို့
ဖော်ပြထားပါတယ်။ အထူးသဖြင့် စိတ်ပူပင်သောကရောက်မှု အမြင့် မားဆုံးလူတွေမှာ
လျော့ချ
နိုင်တဲ့အကျိုးသက်ရောက်မှုကအထင်ရှားဆုံးအားအကောင်းဆုံးတွေ့ရကြောင်းလည်းဖော်ပြထားပါတယ်။
နောက်အားထားနိုင်တဲ့လေ့လာချက်တစ်ခု
မှာတော့ တရားဘာဝန်ပွားများတဲ့အလေ့အကျင့် ကို သီတင်း (၈)ပတ် ကြာအောင်
လေ့ကျင့်ထားသူတွေမှာ စိတ်ပူပင်သောကကြောင့် စိတ်တွေယောက်ယက်ခပ်
ဖြစ်နေသူတွေမှာ စိတ် ယောက်ယက်ခပ်မှုတွေလျော့ကျကြောင်းလေ့လာတွေ့ရှိထားပါတယ်။
ပြီးတော့ အဲဒီလူတွေမှာမိမိနှင့်ပတ်သက် ပြီး ဖော်ပြချက်များမှာ ပိုပြီးအပြု
သဘောဆောင်လာပြီးစိတ်ဖိစီးမှုဖြစ်လာတဲ့အခါ စိတ်ကိုတည်ငြိမ်စွားထား လျက်
ရင်ဆိုင်နိုင်လာတာကိုလည်းတွေ့ရပါတယ်။
တရားဘာဝနာပွားများတဲ့အလေ့အကျင့်
က အလုပ်နှင့်ပတ်သက်တဲ့စိတ်ပူပင်သောကရောက်မှုများကိုလည်း
ထိန်းသိမ်းနိုင်တာကိုလေ့လာတွေ့ရှိခဲ့ပါတယ်။အားထားနိုင်တဲ့လေ့လာမှုတစ်
တွင်သီတင်း (၈)ပါတ်ကြာအောင် တရားဘာဝန်ပွားများတဲ့အလေ့အကျင့်ကို ပြုလုပ်
ထားတဲ့ အလုပ်တာဝန်ထမ်းဆောင်နေသူများဟာ ပို နေထိုင်
ကောင်းတဲ့စိတ်ခံစားမှုကိုခံစားရကြောင်း၊ အလုပ်ကြောင့်စိတ်ဖိစီးမှုနှင့်
စိတ် မ သက်မသာဖြစ်မှုများလျော့ကျ ကြောင်း၊ ဖော်ပြကြပါတယ်။
ဒီလေ့လာမှုမှာတော့ တရာဘာဝနာပွားတဲ့အ လေ့အ ကျင့်ရှိသူများနှင့် အလေ့အ
ကျင့်မရှိသူများကိုနှိုင်းယှဥ်လောလာခဲ့တာဖြစ်ပါတယ်။
၃။ စိတ်လှုပ်ရှားခံစားမှုဆိုင်ာကျန်းမာရေးကောင်းအောင် အထောက်အကူပေးခြင်း
တစ်ချို့သော
တရားဘာဝနာပွားများတဲ့နည်းလမ်းတွေက မိမိအပေါ်
ပိုပြီးအပြုသဘောဆောင်တဲ့စိတ်ကူးပုံ ရိပ်
များဖြစ်လာစေပြီးဘဝအပေါ်မှာလည်းပိုအပြုသဘောဆောင်တဲ့ရှုထောင့်အမြင်များဖြစ်လာအောင်အထောက်အကူပေးတာကိုတွေ့ခဲ့ပါတယ်။
ဥပမာအားဖြင့်
အားထားရတဲ့လေ့လာသုံးသပ်ချက်တစ်ခုအရ
တရားဘာဝနာပွားများတဲ့အလေ့အကျင့်ပြုလုပ်တဲ့ လူကြီး (၃၅၀၀)
မှာစိတ်ဓာတ်ကျတဲ့လက္ခဏာများလျော့ကျလာတာကိုတွေ့ရကြောင်းဖော်ပြထားပါတယ်။
၂၀၁၅
ခုနှစ်ကပြုလုပ်တဲ့အားထားရတဲ့လေ့လာချ က်အရ တရားဘာဝနာပွားများတဲ့သတ်မှတ်
ထားတဲ့ အလေ့အ ကျင့် ပြီးဆုံးသွားတဲ့လူတွေမှာ တရားဘာဝနာပွားများမှုမရှိတဲ့
ထိန်းချုပ်အဖွဲ့ဝင်များထက် မိမိအပေါ်မိမိ အပျက်
သဘောရှုမြင်မှုများလျော့ကျလာတာကိုတွေ့ရပါတယ်။
၄။ မိမိကိုယ်မိမိသိနားလည်မှု တိုးတက်လာခြင်း
တစ်ချို့သောတရားဘာဝန်ပွားများတဲ့နည်းများက
မိမိကိုမိမိပိုနားလည်မှုအားကောင်းလာစေပြီး မိမိကိုယ်မိမိ
အကောင်းဆုံးဖြစ်အောင်အားထုတ်ရာတွင် အထောက်အကူပြုတာကိုလေ့လာတွေ့ရှိရပါတယ်။
ဥပမာမိမိ ကိုယ်မိမိစူးစမ်းလေ့လာတဲ့တရားဘာဝနာပွားများတဲ့နည်း (self-inquiry
meditation) ဖြင့် တရားဘာဝနာပွားများ သူတွေဟာ
မိမိကိုယ်မိမိပိုနားလည်လာစေပြီး ပတ်ဝန်းကျင်မှလူတွေနှင့်
ဘယ်လိုဆက်သွယ်လုပ်ဆောင်ရမှာ ကို လည်း ပိုနားလည်လာစေကြောင်းထောက်ပြထားပါတယ်။
အခြားသောတရားဘာဝနာပွားများတဲ့နည်းလမ်းတွေကတော့
မိမိကိုယ်မိမိ ဘေးဖြစ်စေပြီး မိမိကိုယ်မိမိချိုးနှိမ် မြင်နေမှုများကို
ပိုသိနားလည်လာစေပါတယ်။ ဆိုလိုတဲ့သဘောကတော့ အဲဒီတရားဘာဝနာပွားတဲ့နည်းတွေက
မိမိကိုယ်မိမိ စဥ်းစားနေတဲ့အလေ့အကျင့်ပုံစံများရှိနေကြောင်း
ပိုသိနားလည်အောင်အထောက်အကူပြုစေ ပါ တယ်။
အဲဒီလိုအဖျက်သဘောဆောင်တဲ့စဥ်းစားမှုအလေ့အကျင့်မှ
ပိုအပြုသဘောဆောင်တဲ့အလေ့အကျင့် ဖြစ် လာအောင်
ပြုပြင်ယူရမှာဖြစ်ကြောင်းသိနားလည်လာစေပါတယ်။
၂၀၁၉
ခုနှစ်ကပြုလုပ်ခဲ့တဲ့အားထားနိုင်တဲ့လေ့လာချက် အရ
တရားဘာဝနာပွားများတဲ့အလေ့အကျင့်ကိုသီတင်း (၂)ပါတ်ကြာလေ့ကျင့်ပြီးသူတွေဟာ
တရားမထိုင်တဲ့ထိန်းချုပ်အုပ်စုဝင်များနှင့်နိုင်းယှဥ်လိုက်တဲ့အခါ အထီးကျန်
တဲ့စိတ်ခံစားမှုများလျော့ကျလာပြီး လူမှုအဆက်အသွယ်များ ပိုရရှိတဲ့အကြောင်း
လေ့လာတွေ့ရှိထားပါတယ်။
၅။ အာရုံစူးစိုက်နိုင်မှု ပိုကြာကြာလုပ်လာနိုင်ခြင်း
အာရုံစူးစိုက်နိုင်အောင်
လေ့ကျင့်ပွားများတဲ့အခါ ပိုကြာကြာအာရုံစူးစိုက်နိုင်လာစေပါတယ်။
အလေးမလေ့ကျင့် တဲ့ လူတွေလိုပင် အလေးချိန် ပိုမလာနိုင်သလို
အာရုံကိုပိုကြာကြာစူးစိုက်လာနိုင်တာကိုတွေ့ရပါတယ်။ စူးစူးစိုက် စိုက်
လုပ်ဆောင်နိုင်စွမ်းလည်းတိုးတက်လာစေပါတယ်။
ဥပမာ
အားထားနိုင်တဲ့လေ့လာမှုတစ်ခုအရ
တရားဘာဝနာပွားများမှုနဲ့ပတ်သက်တဲ့တရာခွေကို နားထောင် တဲ့အတွေ့အ
ကြုံရှိသူတွေက အဲဒီလိုအလေ့အကျင့်မရှိကြတဲ့ထိန်းချုပ်အဖွဲ့ဝင်များထက်
အချိန်ပိုကြာကြာ အာရုံစိုက်နိုင်ကြပြီး အလုပ်ကိုလည်း ပိုတိတိကျကျ
လုပ်ဆောင်နိုင်စွမ်း ပိုကောင်းတာကိုလေ့လာတွေ့ ရှိ ရပါတယ်။
နောက်မတူတဲ့အားထားနိုင်တဲ့လေ့လာမှုတစ်ခုအရ
တရားဘာဝနာပွားများတဲ့အလေ့အကျင့်ကို ပုံမှန် လေ့ ကျင့် သူတွေဟာအဲဒီလို
အလေ့အကျင့်ကိုပုံမှန်မပြုလုပ်သူများထက်အမြင်အာရုံကိုပိုကြာရှည်စွာအာရုံပြုနိုင်ကြောင်း
လေ့လာတွေ့ရှိထားပါတယ်။
ဒါကြောင့်တရားဘာဝနာပွားများတဲ့အလေ့အကျင့်ကို
တစ်နေ့မှာအချိန်နည်းနည်းလေ့ကျင့်မှုကပင် လေ့ကျင့် သူ
အတွက်အကျိုးများနိုင်ပါတယ်။ လေ့လာချက်တစ်ခုမှာ တစ်နေ့ကိုအချိန်
(၁၃)မိနစ်သာတရားဘာဝနာပွားတဲ့ အလေ့ အကျင့်ကိုသီတင်း (၈)ပတ်ကြာအောင်လေ့ကျင့်
လိုက်သူတွေမှာအာရုံစူးစိုက်နိုင်မှုနဲ့မှတ်မိမှုတို့တွင် တိုး
တက်မှုများရှိလာစေကြောင်းတွေ့ရှိထားပါတယ်။
၆။တရားဘာဝနာပွားများတဲ့အလေ့အကျင့်ကအသက်ကြီးလာလို့မှတ်မိမှုအားနည်းလာမှုကိုလျော့ကျစေနိုင်ခြင်း
အာရုံစူးစိုက်နိုင်အားပိုကောင်းလာခြင်းနှင့်
ရှင်းလင်းစွာစဥ်းစားနိုင်မှုတို့မှာသင်ရဲ့စိတ်ကို နုပျိုလန်းဆန်းစေပါ တယ်။
Kirtan Kriya ဆိုတာ တရားဘာဝနာပွားများတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။
အဲဒီနည်းလမ်းမှာ မန္တန် ကိုရွတ် ဖတ်ရပြီး စဥ်းစားတဲ့စိတ်ကူးတွေကို
တည်ငြိမ်နေအောင် လက်ညှိုးဖြင့် အာရုံစူးစိုက်နေရတဲ့အရာကို ညွှန်ပြရင်း
လက်ညှိုးကို အထက်အောက်လှုပ်ပေးနေရတဲ့အလေ့အကျင့် ဖြစ်ပါတယ်။ အားထားနိုင်တဲ့
လေ့လာ ချက်တစ်ခု အရ အသက်အရွယ်ကြီးနေသူများဟာ စိတ်ပိုင်း
စစ်ဆေးလွှာများဖြေဆိုတဲ့အခါအသက်အရွယ် ကြီး လာမှုကြောင့်
ဖြစ်တတ်တဲ့မှတ်မိမှုလျော့ကျမှုများ နည်းပါးလာကြောင်းတွေ့ရှိထားပါတယ်။
စိတ်ပိုင်းဆိုင်ရာစစ် ဆေး မှုများမှာ
စွမ်းဆောင်အားကောင်းကြောင်းလေ့လာတွေ့ရှိထားပါတယ်။
၂၀၁၄
ခုနှစ်က လေ့လာသုံးသပ်ချအရ
တရားဘာဝပွားများတဲ့နည်းအမျိုးမျိုးကိုလေ့ကျင့်ထားသူများဟာ အာရုံ
စူးစိုက်နိုင်မှု၊ မှတ်မိနိုင်မှု၊
စိတ်ပိုင်းအလုပ်လုပ်ရာတွင်လျင်မြန်လာမှုများရှိကြောင်း လေ့လာစမ်းသပ်မှုမှာ
ပါဝင်လို တဲ့ အသက်အရွယ်ကြီးနေသူများကိုလေ့လာစမ်းသပ်မှုအရတွေ့ရှိထားပါတယ်။
၇။ ကြင်နာစွာပြောဆိုဆက်ဆံမှုကိုဖြစ်လာစေခြင်း
တစ်ချို့သောတရာဘာဝနာပွားများတဲ့အလေ့အကျင့်များကမိမိကိုယ်မိမိနှင့်အခြားလူများအပေါ်အပြုသဘောဆောင်တဲ့ကောင်းတဲ့စိတ်များဖြစ်လာစေပါတယ်။
ဥပမာမေတ္တာဘာဝနာပွားများတဲ့အလေ့အကျင့်က အရင်ဆုံး မိမိအပေါ်မှာ
မေတ္တာပို့တဲ့လေကျင့်မှုမှစရပါတယ်။
အလေ့အကျင့်
ပြုလုပ်ဖန်များလာတဲ့အခါ အဲဒီလိုလေ့ကျင့်ထားသူတွေဟာမေတ္တာပို့ခြင်း၊
အခြားလူတွေအ ပေါ်မှာခွင့်လွှတ်ခြင်းအလေ့အကျင့်များဖြစ်လာပါတယ်။
မိမိကိုယ်မိမိမေတ္တာပို့ပြီး၊ မိမိနှင့် ချစ်ခင်သူများ၊ ထို့ နောက်
မိမိနှင့်သိသူများ၊ နောက်ဆုံးမိမိရန်သူများကိုမေတ္တာပို့ကြရပါတယ်။
မေတ္တာဘာဝနာပွားများခြင်းရဲ့အကျိုးကိုလေ့လာတဲ့လေ့လာချက်
(၂၂) ခုအရ မေတ္တာဘာဝနာပွားများတဲ့အလေ့ အကျင့်ဟာ မိမိအပေါ်နှင့်
အခြားလူတွေ၊သတ်ရှိတွေအပေါ်မှာကောင်းစေလိုတဲ့ မေတ္တာ၊ ဂရုဏာစိတ်များ တိုး
ပွားလာကြောင်းထောက်ပြထားပါတယ်။ လေ့လာမှုများထပ်တလဲလဲလုပ်ဆောင်ခဲ့ရာမှာလည်း
အလားတူတွေ့ ရှိချက်များသာတွေ့ရကြောင်းဖော်ပြထားကြပါတယ်။
၈။ မူးယစ်စေတတ်တဲ့စိတ်စွဲလမ်းနေမှုများကို လျော့ကျစေခြင်း
စိတ်ကို
ကောင်းစွာထိန်းသိမ်းစောင့်ရှောက်စည်းကမ်းထားခြင်းဖြင့်
မူးယစ်စေတတ်တဲ့အရာများအပေါ်မှိခို နေ ခြင်းမှ လွတ်မြောက်လာစေနိုင်ပါတယ်။
အဲဒီလို ဘာကြောင့် လွတ်မြောက်လာနိုင်သလဲဆိုရင် မိမိကိုယ်မိမိ ထိန်း
သိမ်းနိုင်စွမ်းအားကောင်းလာပြီး၊ မူးယစ်ဆေးတဲ့အရာအပေါမှာ
မှိခိုနေရတဲ့မိမိတို့ရဲ့အပြုအမူများကိုသဘော ပေါက် လာတဲ့အတွက်ခြစ်ပါတယ်။
၂၀၁၈
ခုနှစ်က လေ့လာခဲ့တဲ့အားထားနိုင်တဲ့လေ့လာချက်အရ အရက်ကိုစွဲလန်းနေတဲ့ လူ
(၆၀) ကို ရုပ်ပိုင်းထက် စိတ် ပိုင်းကို
အလေးထားပြုပြင်ပေးရန်ဦးတည်ထားတဲ့တရားဘာဝနာပွားများတဲ့နည်းကို အချိန် (၃)
လာကြာ အောင်လေ့ကျင့်ပေးတဲ့အခါ၊ စိတ်ဖိစီးမှုလျော့ကျလာခြင်း၊
စိတ်ပိုင်းဆိုင်ရာစိတ်ပျက်အားငယ်မှုများလျော့ကျ လာခြင်း၊
အရက်ကိုစွဲလမ်းနေမှုလျော့ကျလာခြင်း၊ အရက်သောက်သုံးမှုလျော့ကျခြင်းများကို
တွေ့လာရပါတယ်။
တရားဘာဝနာပွားများတဲ့အလေ့အကျင့်က
တစ်ခုခုကိုစွဲလမ်းနေမှုများကိုလည်းလျော့ကျစေနိုင်ပါတယ်။ ဥပမာ
အားထားနိုင်တဲ့လေ့လာမှု (၁၄) ခုအရ
တရားဘာဝနာပွားများတဲ့အလေ့အကျင့်ကစိတ်လှုပ်ရှားခံစားမှုကြောင့် ဖြစ်
နေတဲ့စိတ်ဖိစီးမှုများနှင့် အလွန်အမင်းအစာစားတဲ့အကျင့်များကို
လျော့ကျလာစေကြောင်းထောက်ပြထား ပါ တယ်။
၉။ တရားဘာဝနာပွားများတဲ့အလေ့အကျင့်က ကောင်းစွာအိပ်စက်နားနေမှုကိုဖြစ်စေခြင်း
၂၀၁၄
ခုနှစ်ကပြုလုပ်တဲ့ အားထားနိုင်တဲ့ လေ့လာချက်အရ
တရားဘာဝနာကိုမှန်မှန်ပွားများအားထုတ်သူများက အားမထုတ်သူများထက်
ပိုကြာရှည်စွာအိပ်နိုင်ခြင်း၊
အိပ်မပျော်မှုများလျော့ကျခြင်းများရှိကြောင်းတွေ့ရှိထား ပါ တယ်။
တရားဘာဝနာပွားများတဲ့အလေ့အကျင့်ကိုကောင်းစွာလုပ်ဆောင်နိုင်တဲ့အခါ
သင့်တို့စိတ်မှာဖြစ်နေတဲ့ယောက် ယက်ခပ်အတွေးများကို
ထိန်းသိမ်းနိုင်လာြပီးထိုအတွေးများကြောင့် ဖြစ်စေတဲ့အိပ်မပျော်ခြင်းကိုလည်း
လျော့ ကျစေပါတယ်။
ဒါအပြင်းတရာဘာဝနာပွားများအားထုတ်တဲ့အလေ့အကျင့်ကြောင့်
ကိုယ်ခန္ဓာမှာ သက်သောင့် သက်သာရှိလာခြင်း၊
ကိုယ်စိတ်မှာဖြစ်နေတဲ့တင်းကျပ်မှုများလျော့ကျလာခြင်း၊ စိတ်မှာ
အနှောက်အယှက်ကင်းပြီးအေးငြိမ်း လာတဲ့အတွက် ကောင်းစွာအိပ်ပျော်ခြင်း
များဖြစ်လာပါတယ်။
၁၀။ နာကျင်မှုများကိုထိန်းသိမ်းနိုင်စေခြင်း
နေ့စဥ်ပုံမှန်
လုပ်ဆောင်တဲ့အလုပ်တွေမှာတရားဘာဝနာပွားများတဲ့အလေ့အကျင့်ကို
ထည့်သွင်းလေ့ကျင့် ခြင်း ဖြင့် ကိုယ်လက်များနာကျင်မှုကို
ထိန်းသိမ်းရာတွင်အထောက်အကူပြုနိုင်ကြောင်း တစ်ချို့လေ့လာချက် များက
ထောက်ပြထားကြပါတယ်။ ဥပမာ ၂၀၁၇ ခုနှစ်က ပြုလုပ်ခဲ့တဲ့အားထားနိုင်တဲ့
လေ့လာချက် (၃၈)ခုအရ တရား ဘာဝနာပွားများတဲ့အလေ့အကျင့်ကို နေ့စဥ်ပုံမှန်
လေကျင့်မှုက ကိုယ်လက်များနာကျင်မှုကိုလျော့ကျစေပြီး၊ ဘဝအရည်
အသွေးတိုးတက်မြင့်မားစေမှုနဲ့ ရေရှည်
ကိုယ်လက်နာကျင်တဲ့ရောဂါခံစားနေရသူများအတွက် စိတ် ဓာတ်ကျမှုများကို
လျော့ကျစေ ကြောင်းထောက် ပြထားပါတယ်။
အလားတူပင်
၂၀၁၄ ခုနှစ်ကပြုလုပ်ခဲ့တဲ့တရားဘာဝနာပွားများတဲ့အလေ့ အကျင့်နှင့်
ကိုယ်လက်နာကျင်မှုတို့ ဆက်စပ်ပုံကိုလေ့လာရာမှာ လေ့လာမှုတွင်
ပါဝင်သူအရေအတွက် (၃၅၀၀) ပင်ရှိခဲ့ပြီးအလားတူတွေ့ရှိချက်များ
ပင်တွေ့ခဲ့ပါတယ်။
၁၁။ တရားဘာဝနာပွားမျာတဲ့အလေ့အကျင့်က သွေးတိုးခြင်းကိုလျော့ကျစေခြင်း
တရားဘာဝနာပွားများတဲ့အလေ့အကျင့်က နှလုံးအလုပ်ဆောင်ရမှုအပေါ် သက်သာစေခြင်းကြောင့် ကိုယ်လက် များ ကျန်းမာရေးအတွက်အထောက် အကူပြုစေပါတယ်။
သွေးတိုးရောဂါရှိသူတွေဟာ
သွေးညှစ်ထုတ်ရန်နှလုံးကို ပိုအလုပ်လုပ်စေတဲ့အတွက် ကြာလာတဲ့အခါမှာ နောက်
ဆုံးနှလုံးသွေးညှစ်အားကျဆင်းလာစေတတ်ပါတယ်။
သွေးတိုးရောဂါရှိသူတွေမှာ
atherosclerosis ရောဂါ၊ သို့မဟုတ် သွေးကြောများကျဥ်းတဲ့အခြေအနေများဖြစ်လာ
စေတတ်ပြီး အဲဒီလိုအခြေအနေတွေကြောင့် နှလုံးပုံမှန်အလုပ်မလုပ်နိုင်တော့ဘဲ
ရုတ်တရက်နှလုံးဖောက်မှု ဖြစ်လာ စေနိုင်ပါတယ်။
ရုတ်တရက်လေဖြတ်တာမျိုးဖြစ်လာစေနိုင်ပါတယ်။
၂၀၁၅
ခုနှစ်ကပြုလုပ်ခဲ့တဲ့အားထားနိုင်တဲ့လေ့လာချက် (၁၂) ခုမှာ လေ့လာခံ
(၁၀၀၀)ပါဝင်ပြီး တရားဘာဝနာပွား များတဲ့အလေ့အကျင့်က
သွေးတိုးတာကိုလျော့ချပေးနိုင်ကြောင်းတွေ့ရှိထားပါတယ်။ တရားဘာဝနာပွားများတဲ့
အလေ့အကျင့်က သက်ကြီးသူများနှင့်သွေးတိုးရောဂါရှိနေသူများအတွက်
ပိုထိရောက်မှုရှိစေကြောင်း လေ့လာ ချက် (၄၂) ခုကထောက်ပြနေပါတယ်။
တရားဘာဝနာပွားများတဲ့အလေ့အကျင့်က
သွေးတိုးမှုကိုထိန်းသိမ်းနိုင်စေပါတယ်။ နှလုံးအလုပ်လုပ်တာကို
အချက်ပြပေးတဲ့နပ်ကြောသင်္ကတအချက်ပြများကို သက်သာစေပြီး၊
သွေးကြောများတင်မာနေမှုကိုလည်း လျော့ကျစေပါတယ်။
ဒါအပြင်းစိတ်ဖိစီးမှုဖြစ်တဲ့အခါ “တိုက်ရင်တိုက်
မတိုက်ရင်ပြေး”တဲ့တုံ့ပြန်မှုများလည်း တရားဘာဝနာပွားများနေတဲ့အတွက်
ကျဆင်းလာပါတယ်။
၁၂။ တရားဘာဝနာပွားများတဲ့အလေ့အကျင့်ကိုနေရာတိုင်းမှာ လေ့ကျင့်နိုင်ခြင်း
လူတွေက
တရားဘာဝနာပွားမှားတဲ့အလေ့အကျင့်အမျိုးမျိုးကိုလေ့ကျင့် ကြပါတယ်။
အဲဒီလိုလေ့ကျင့်တဲ့အခါ
တိကျစွာသုံးရန်သတ်မှတ်ထားတဲ့ဘာပစ္စည်းမှမလိုတဲ့နည်းများကိုသုံးကြပါတယ်။
နေရာအားဖြင့်လည်းတိတိ ကျ ကျ သတ်မှတ်မထားကြပါ။ သင့်အနေဖြင့်
လည်းတရားဘာဝနာပွားများမှုကို နေ့စဥ်မိနစ်အနည်းငယ်လေ့ ကျင့်
ပွားများနိုင်ပါတယ်။
မိတ်ဆွေများ တရားဘာဝနာပွားများတဲ့အလေ့အကျင့် ကို ပြုလုပ်ပြီး အကျိုးကောင်းများခံစားနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Monday, February 24, 2025
တရားဘာဝနာပွားများခြင်းက ကျန်းမာရေးနှင့်ကိုက်ညီတဲ့အကျိုးသက်ရောက်မှုများ Food for Thought 717 ဒေါက်တာသိန်းလွင်
Subscribe to:
Post Comments (Atom)
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...
-
ဒီနေ့ “ကြင်နာတတ်သူများမှာတွေ့ရတဲ့ကိုယ်ရည်ကိုယ်သွေးလက္ခဏာများ” အကြောင်းကို Food for Thought 830 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင် ပါမေ...
-
🔖SKC/ERC 2025 Free Training ပညာဒါနသင်တန်း Preschool Lesson Plan Batch - 6 1/1/2025 to 10/1/2025 နေ့စဉ် ည ၈-၁၀နာရီ ❣️ မည်သူမဆိုတက်ရောက်နိ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
No comments:
Post a Comment