Monday, February 24, 2025

အလွန်အလိုလိုက် ဖူးဖူးမှုတ်ထာခြင်းကိုရှောင်ရှားပါ။ Food for Thought 718 ဒေါက်တာသိန်းလွင်

 No photo description available.
ဒီနေ့မှာ ကလေးများကို ” အလွန်အလိုလိုက် ဖူးဖူးမှုတ်ထာခြင်းကိုရှောင်ရှားပါ။” ဆိုတဲ့အကြောင်းကို Food for Thought 718 အဖြစ်မျှဝေချင်ပါတယ်။ ကလေးတွေဟာ သူတို့အရွယ်နှင့် လိုက်ဖက် တာတွေကို သူတို့ကိုယ်တိုင် လုပ်တတ်အောင်လေ့ကျင့်သင်ပေးရန် လိုအပ်ပါတယ်။ ဒါမှာ ကြီးလာ တဲ့အခါ ကိုယ်အားကိုယ်ကိုးလုပ်ဆောင်နိုင်သူများဖြစ်လာကြမှာဖြစ်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်


အလွန်အလိုလိုက် ဖူးဖူးမှုတ်ထာခြင်းကိုရှောင်ရှားပါ။

ကလေးများအားအလွန်အလိုလိုက်ဖူးဖူးမှုတ်ထားခြင်းကိုရှောင်သည့်နည်းသည် ကလေးမျာအပေါ် တွင်ယုံကြည်မှုရှိပါဆိုသောကလေးလေ့ကျင့်ပျိုးထောင်နည်းနောက်မှ အသေအချာသုံးရမည့် နည်း လမ်းတစ်ခုဖြစ်ပါသည်။ ကလေးများအပေါ်အလွန်အလိုလိုက်ခြင်း၊ဖူးဖူးမှုတ်ခြင်းကိုရှောင် လိုက်ခြင်း ဖြင့် ကလေးမျာအပေါ်ယုံကြည်ကြောင်းပြလိုက်ခြင်းပင်ဖြစ်ပါသည်။

အရင်ဆုံးကလေးများအားအလွန်အလိုလိုက်ဖူးဖူးမှုတ်ထားခြင်းကိုရှောင်သည့်နည်းဆိုတာ ဘာကို ဆိုလိုတာပါလဲ။

အခုလိုပြောတာချစ်ခင်မှုအကြောင်း၊ မိဘနှင့်သာသမီးအပြန်အလှန်ဆက်သွယ်မှုအကြောင်း မဟုတ် ပါ။ ကလေးကိုချစ်ခင်သည့်အတွက်ပွေ့ပိုက်ပြီးနမ်းခြင်းသည် အလွန်အလိုလုပ်ခြင်းမဟုတ် ပါ။ ကလေးကိုတော်ကြောင်း၊ လုပ်ဆောင်မှုများကောင်းကြောင်းပြောပြခြင်းသည် အလွန် အလိုလိုက် ဖူးဖူးမှုတ်ထားခြင်းမဟုတ်ပါ။ ကလေးများဖြစ်နေစောစိတ်ခံစားမှုများကို မှန်ကန်ကြောင်း ပြောပြ ခြင်းသည်လည်း အလွန်အလိုလိုက်ခြင်းမဟုတ်ပါ။

အလွန်အလိုလိုက်ခြင်းဆိုသည်မှာ ကလေးကောင်းစွာလုပ်နိုင်သည်ကို ကလေးအတွက်လူကြီးက လိုက်လုပ်ပေးနေခြင်းဖြစ်ပါသည်။ ကလေးလုပ်နိုင်တာကိုမိဘက လိုက်လုပ်ဆောင်ပေးနေမှုဖြစ်ရပ် တစ်ခုကို မျှဝေချင်ပါတယ်။ ရန်ကုန်မှာရှိတဲ့နာမည်ကြီးကျောင်းတစ်ကျောင်းမှာဖြစ်ပါတယ်။ အဲဒီ ကျောင်းက ကျောင်းကြိုပို့ လုပ်တဲ့အခါ ကလေးအမည်းပါတဲ့ကားတွေဖြင့် ကြိုပို့ လုပ်ကြပါတယ်။ ကားမှာရေးထားတဲ့အမည်ကတော့ မောင်ပြည့်စုံထွဋ်ခေါင် လို့ရေးထားပါတယ်။ အဲဒီကလေးကို ကျောင်းလိုက်ပို့တဲ့အခါ ကလေးကျောင်းကားပေါ်မှအဆင်းမှာ မိခင်က ကလေးနောက်ကျော ပိုးအိပ်ကိုမပြီး ကားပေါ်မှဆင်းပေးပါတယ်။ ပြီးတော့ ကျောင်းဝန်းထဲအဝင်ဂိတ်အထိကလေး ကျောပိုးအိပ်ကို လိုက်ပို့ပေးရင်း ဂိတ်ဝအရောက်မှာ ကျောင်းထဲမှထွက်လာတဲ့အလုပ်သမားလက် ထဲသို့ ကလေးကျောပိုအိပ်ကို လှမ်းပေးလိုက်ပါတယ်၊ အဲဒီကျောင်းအလုပ်သမားကိုလည်း ကလေး ကျောပိုးအိပ်ကို သယ်ပေးဖို့ ကြိုတင်စီစဥ်ထားတာဖြစ်ပါတယ်။ ဒီတော့ ကလေးက သူနိုင်တာကို တောင် ဘာမှမလုပ်ရတော့တဲ့အနေအထားဖြစ်သွားပါတယ်။

ကလေးတွေမှာမွေးကတည်းကသူတို့လုပ်ဆောင်နိုင်တာတွေ ကိုသူတို့ကိုယ်တိုင်လုပ်ဆောင်လိုသော စိတ် ရှိကြပါသည်။ ထိုစိတ်နေသဘောထားကိုအသက် (၂) နှစ် လောက်အရောက်တွင် စတင်ပြ သလာပါသည်။ တော့တီး တော့တာစတင်ပြေးသောကလေးက သားသမီးလုပ်မယ်လို့ပြောတာ ကိုကြားဖူးမှာဖြစ်ပါသည်။

ကလေးငယ်တစ်ယောက်ကခုလေးအပေါ်အတင်းတွယ်တက်နေသည်ကိုမြင်သောမိခင်က ကလေး ထိုင်ခုံပေါ်ရောက်ချင်မှန်းသိသည့်အတွက် ကလေးကိုမပြီးထိုင်ခုံပေါ်တင်ပေးလိုက်ပါသည်။ ထိုင် ခုံပေါ်ရောက်သွားသောအခါ ကလေးက ထိုင်ခုံပေါ်မှ ပြန်ဆင်းပြီးပြန်တက်နေပြန်ပါသည်။ နောက် ပိုင်းမှ မိခင်ကသဘောပေါက်လာသည်မှာ ကလေက သူ့စွမ်းအားဖြင့် ထိုင်ခုံပေါ်ရောက်အောင် တင်ချင်မှန်းသိသည့်အတွက် အောက်ပြုတ်မကျအောင် သတိဖြစ့်စောင့်ရင်း ရောက်တော့မယ်ဟေ့ ရောက်တော့မယ်လို့ဘေးမှအားပေးသောအခါ ကလေးကသူ့ဘာသာခုံ ပေါ်ရောက်အောင်တက် သွားနိုင်ပါသည်။ အောက်ပါပုံတွင်ပြထားသည့်အတိုင်း ကလေးလုပ်နိုင်သည်များကို လုပ်ကိုင် ခွင့်ပေးလျှင် လုပ်ကိုင်ရင်း လုပ်ကိုင်နိုင်စွမ်းများတိုးလာပြီးမိမိကိုယ်မိမိယုံကြည့်မှုတိုးလာမှာ ဖြစ်ပါ သည်။

သို့သော်လည်းမိဘအများက “သားသမီးကသိပ်ငယ်သေးတယ်။ မတက်နိုင်ပါဘူး။ မလုပ်နိုင် သေးပါဘူး” လို့ပြောတတ်ကြပါသည်။ သွားကစားနေပါလို့သာပြောတတ်ကြပါသည်။ နောက်ပိုင်း ကလေးကြီးလာသောအခါ သူတို့ကိုအလုပ်လုပ်ခိုင်းသောအခါကလေးက ကစားနေပါတယ်လို့သာ ပြန်ပြောသည့်အခါမှသူတို့အံ့သြကြပါသည်။

မိဘများကကလေးများလုပ်ဆောင်နိုင်သည်ကို အမြန်လိုသည့်အတွက် သူတို့ကိုယ်တိုင်လုပ် ဆောင် ပေးတတ်ကြပါသည်။ ကလေးကမှန်အောင်မလုပ်နိုင်မှာကိုလည်းစိုးရိမ်တတ်ကြပါသည်။ မိဘတွေ ကိုယ်တိုင်ကစောင့်မနေနိုင်အမြန်လိုနေသည့်အတွက်ကြောင့်လည်းကလေးများလုပ်နိုင်သောအလုပ် များကိုမိဘများက လုပ်ဆောင်ပေးနေကြပါသည်။

ထို့ကြောင့် ကလေးများအနေဖြင့် မှန်မှန်နှင့် မြန်မြန်ဆန်ဆန်သေသေသပ်သပ် လုပ်တတ်အောင် အချိန်ယူလေ့ကျင့်သင်ပေးရန် လိုအပ်ပါသည်။ ဆိုလိုသည့်သဘောမှာ ဘယ်လိုလုပ်ဆောင်ရသည် ကိုပြပေးရန်နှင့် သူတို့ကိုယ် တိုင်လက်တွေ့လုပ်ကိုင်တတ်အောင်များများလေ့ကျင့်စေရန်လိုအပ်ပါ သည်။ လေ့ကျင့်ပေးတဲ့အခါမှာ ကလေးတွေအတွက် ထိခိုက်မှုမဖြစ်အောင် သတိထားရန်တော့ လိုအပ်ပါတယ်။ ဥပမာ ကလေးက သူကိုယ်တိုင်ထိုင်ခုံပေါ်အရောက်တက်နေတဲ့အခါမျိုးမှာ နောက် ပြန်ကျလာနိုင်ပါတယ်။ မိဘက အဲဒါမျိုးမဖြစ်အောင် သတိဖြင့် စောင့်ပေးရန် လိုအပ်ပါတယ်။

ကလေးများနှင့်အတူအလုပ်လုပ်ရန်အချိန်များများလိုအပ်ပါသည်။ ကလေးများအနေဖြင့် အသက် အရွယ်ရလာပြီးသူတို့ကိုယ်တိုင်လုပ်နိုင်ကိုင်နိုင်သည့်အနေအထားရောက်အောင် လေ့ကျင့်ပေးရန် လိုအပ်ပါသည်။ ထိုသို့လေ့ကျင့်ပေးသည့်တိုင်အောင် ပြီးပြည့်စုံမှုမရရှိတတ်ပါ။ သို့သော်စိတ်မ ပျက်ပါနှင့်။ ရေရှည်အကျိုးရလဒ်အတွက် လေကျင့်ပေးနေခြင်းဖြစ်ပါသည်။ စိတ်ရှည်ရန်နှင့် အချိန်ပေးလေ့ကျင့်ရန် လိုအပ်ပါသည်။ ကလေးများအနေဖြင့် တာဝန်သိတတ်သူများ၊ တတ် ကျွမ်းသူလူငယ်များဖြစ်လာစေရန်အခွင့်လမ်းများပေးရန်လိုအပ်ပါသည်။

မိတ်ဆွေများကလေးများသူတို့အရွယ်နှင့်အညီလုပ်ဆောင်နိုင်သည်များကိုသူတို့ကိုယ်တိုင်လုပ်တတ် လာအောင် စိတ်ရှည်ရှည်ဖြင့် သည်းခံလေ့ကျင့်ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...