ဒီနေ့မှာ
ကလေးများအားတက်ပြီးလုပ်ချင်ကိုင်ချင်စိတ်အားကောင်းလာအောင်
အားပေးတိုက်တွန်းမှုကအရေးကြီကြောင်းကို Food for Thought 719
အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
အားပေးတိုက်တွန်းခြင်း
လွဲမှားစွာပြုကျင့်နေသောကလေးတို့သည် အားပေးမခံရသောကလေးများဖြစ်ပါသည်။
သစ်ပင်လေးများရှင်သန်အောင်ရေလိုအပ်သလို ကလေးတို့သည်အားပေးတိုက်တွန်းမှုလို အပ်ပါသည်။ (Rodulf Dreiker)
၁။
လွဲမှားစွာပြုကျင့်နေသောကလေးတို့သည် အားပေးမခံရသော ကလေး များဖြစ်ပါသည်။
အသိအမှတ်ပြုအားပေးခံရသော ကလေးများတွင် လွဲမှားစွာပြုကျင့်မှုများပျောက်
ကုန်ပါ သည်။
၂။ မပြုပြင်မီ ကလေးနှင့်ထိတွေ့ရင်းနှီးဆက်သွယ်မှုရှိအောင် အားပေးတိုက် တွန်းပါ။
၃။ အပြုသဘောဆောင်သောစည်းကမ်းကိရိယာကတ်ပြား တွေမှာဖော်ပြသော သတင်းအချက်အလက်များမှာ
“ကလေးတစ်ယောက်ကို
ပိုကောင်းစွာလုပ်နိုင်စေရန် အရင်ဆုံးသူ့မှာ စိတ်ခံစားချက် မကောင်း အောင်၊
လုပ်ရမည်” ဟူသော အဆီအငေါ်မတည့်သည့်စိတ်ကူးက ဘယ်ကရောက်ရှိလာတာလဲ။
ထိုစိတ်ကူးမှာ ကလေးတွေကိုအပြစ်ပေးအရေးယူရန် ဖြစ်လာသောစိတ်ကူးသာဖြစ်ပါသည်။
အလွန် အပေါက်အလမ်းမတည့်သောစိတ်ကူးဖြစ်ပါသည်။သင့်ကိုအခြားလူကြီတစ်ယောက်ယောက်
က အပြစ်တင်းခြင်း၊ ချိုးနှိမ်ခြင်းခံလိုက်ရသည့်အခြေအနေမျိုးကို
ပြန်စဉ်းစားကြည့်ပါ။ “အိုးအခုလို အချိုးအနှိမ်ခံလိုက်ရတာသိပ်အကူအညီရတာပဲ။
ငါတော့ အခုလိုအပြောခံရတာကိုသိပ်သဘောကျ တာပဲ။
အခုဆိုရင်အဲဒီလိုအပြောခံလိုက်ရတဲ့အတွက်ငါပိုကောင်းအောင်လုပ်နိုင်နေပြီ။
ငါ့မှာတွေ့ကြုံ
သောပြဿနာများအားလုံးအတွက်သင်နှင့်တိုင်ပင်ဆွေးနွေးချင်လာပါတယ်”
လို့များစိတ်ထဲမှစဉ်း စား လာပါသလား။ ဟင့်အင်း မစဉ်းစားလာပါ။
ဖြစ်ရပ်အမှန်မှာ လူကြီးဖြစ်စေ၊ ကလေးဖြစ်စေ သူ့တို့စိတ်မှာခံစားမှုကောင်းရင်
ပိုကောင်းအောင် လုပ်ဆောင်နိုင်ကြပါသည်။
Adlerian
စိတ်ပညာသဘောအရ “မသင့်သောအပြုအမူများကို ပြုလုပ်နေသောကလေးသည့်
အားပေးတိုက်တွန်းမှုမရသောကလေးဖြစ်ပါသည်။” အပြောင်းအလဲဖြစ်လာရန်
အင်အားအကောင်း ဆုံးမှာ အားပေးတိုက်တွန်းအသိအမှတ်ပြုခြင်းဖြစ်ပါသည်။
အသိအမှတ်အပြုမခံရသည့်အတွက် မသင့်သောအပြုအမူများကို
ပြုလုပ်နေသည့်ကလေးတစ်ယောက်အနေဖြင့် သူ့စိတ်မှာအသိ အမှတ်ပြုခြင်း၊
အားပေးတိုက်တွန်းခြင်းကိုခံစားရသောအခါ မသင့်သောအပြုအမူများကို ဖြစ်စေ သည့်
လှုံ့ဆော်အားတွေမှာ ပျောက်ကွယ်သွားကြပါသည်။
ထိုသဘောတရားကိုသားငယ်နှင့်စမ်းသပ်ကြည့်ဘူးပါသည်။
(၂) နှစ်သားအရွယ်ကလေးမှာ ဂျီကျ နေသည့်အတွက်
သူ့ကိုရိုက်ချင်သောစိတ်တောင်ဖြစ်လာမိပါသည်။ သို့သော် အသိအမှတ်ပြု
တိုက်တွန်းအားပေးမှု၏ထိရောက်မှုကိုစမ်းသပ်ကြည့်ရန် ကလေးရှေ့မှာ
ထိုင်လိုက်ပြီး သူ့ကိုနမ်း လိုက်ပါသည်။
ပြီးတော့သားကိုမေမေကသိပ်ချစ်ပါတယ်လို့ ချိုချိုသာသာလေးပြောလိုက်ပါသည်။
ထိုအခါ ကလေးများဂျီကျနေတာကိုရပ်သွားပါသည်။
ကျွန်မမှာဖြစ်နေသာစိတ်တိုနေမှုတွေကလည်း
ကျက်ပျောက်ငှက်ပျောက်အံ့အားသင့်စရာကောင်းလောက်အောင် ပျောက်ကုန်ပါတော့သည်။
ကလေးတစ်ယောက်
ကသင့်ထံလာပြီး”သား။သမီးကကလေးတစ်ယောက်ဖြစ်ပါတယ်။ ဦးဦး၊ ဒေါ်ဒေါ်၊ ဖိုးဖိုး၊
ဖွားဖွား နဲ့ ရင်းနှီးထိတွေ့မှုလိုချင်ပါတယ်” လို့ လာပြောတယ်ဆိုပါစို့။
အဲဒီလို အခြေအနေဆိုရင် သင့်အနေဖြင့် ကလေးကိုစိတ်ဆိုးဒေါသထွက်ပြီး
ထိုကလေးကို အဝေးသွားရန် မောင်းထုတ်မှာလား။ မထုတ်ပါဘူး။ စိတ်လည်းမဆိုးပါဘူး။
မသင့်သောအပြုအမူတွေကိုပြု လုပ် နေ သည့် ကလေးများသည် မသိစိတ်မှ
အောက်ပါအတိုင်းပြောနေသည်ကိုလူကြီးများက သဘော မပေါက်ကြပါ။ “သား၊သမီးက
လူကြီးတွေနှင့် ရင်းရင်းနှီးနှီးချစ်ချစ်ခင်ခင် နွေးထွေးစွာနေချင်တာပါ။
ဒါပေမဲ့သားသမီးက အဲဒီလိုဖြစ်လာအောင် ဘယ်လိုလုပ်ရမှန်းမသိပါဘူး။
ချစ်ခင်မှုရအောင် မှား သောစိတ်ကူးများရှိနေတာပါ”
လို့ပြောနေသည်ကိုသဘောမပေါက်ခြင်းသာဖြစ်နေတာပါ။ ကလေး စိတ်မှာဖြစ်နေသော
အားပျက် နေမှုကိုလူကြီးတွေကသဘောပေါက်ပြီးအသိအမှတ်ပြုတိုက်တွန်း
အားပေးမှုများပြုလုပ်ပေးရန်လို အပ်ပါသည်။ အားပျက်နေသောကလေးကို ထပ်မံအားပျက်
အောင် မတုံ့ပြန်သင့်ပါဘူး။ မသင့်သော ကလေးအပြုအမူများကို
မသင့်သောအပြုအမူဖြင့် ပြန် လည်တုံ့ ပြန်ရတာပိုလွယ်ကူးပါသည်။
အောက်ဘက်တွင်
လူကြီးများကကလေးမှာဖြစ်နေသော မသင့်သည့်အပြုအမူများကို မသင့်သည့်
တုံ့ပြန်မှုပြုသောအခြအနေနှင့်
သင့်သောအပြုအမူဖြင့်တုံ့ပြန်သောအခြေအနေနှစ်ရပ် ကွားခြားမှု
များကိုတွေ့နိုင်ပါသည်။
မိသားစုမှာဖြစ်စေ၊
ကျောင်းမှာဖြစ်စေ ကလေးများမှာမသင့်သောအပြုအမူများတွေ့ပါက အများ အားဖြင့်
လူကြီးများက ကလေးအပြုအမူပြောင်းအောင် အပြစ်ပေးခြင်းနှင့် ဆုပေးခြင်းများကို
ကျင့်သုံးတတ်ကြပါသည်။ ထိုနည်းများကိုကျင့်သုံးသောအခါ ကောင်းသည့်ရလဒ်မှာ
ယာယီအား ဖြင့်သာရတတ်ပါသည်။ ထိုရလဒ်များနှင့်အတူစိတ်အားပျက်စရာတွေများစွာ
ပူးတွဲပါလာတတ်ပါ သည်။ ကလေးတို့သည် အပြစ်ပေးတာမခံရအောင်၊
သို့မဟုတ်ပေးသောဆုလဒ် ရအောင်အမျိုး မျိုးလုပ်ဆောင်လာတတ်ပါသည်။ သို့သော်
ကလေးတွေပေးနေသောတန်ဖိုးများမှာ မိမိအတွင်းစိတ်
မှာထိန်းသိမ်းနိုင်မှုတွေဆုံးရှုံးစေမှုများဖြစ်စေပါသည်။
မိမိကိုယ်မိမိယုံကြည်အားထားမှုလည်းကျ ဆင်းလာစေပါသည်။
ဘဝတွက်တာကျွမ်းကျင်မှုများကိုလည်း သင်ယူနိုင်သောအခွင့်အလမ်းများ လည်း
ဆုံးရှုံးနေပါသည်။ ပေးဆပ်နေရသည့် တန်ဖိုးမှာများစွာကြီးလေးလှပါသည်။
Dreikurs
အလိုအရ အားပေးတိုက်တွန်းအသိအမှတ်ပြုခြင်းသည် ကလေးများကိုကူညီရာတွင်
အလွန်အရေးကြီးသောကျွမ်းကျင်မှုတစ်ခုဖြစ်ပါသည်။ ထို့ကြောင့်
လူကြီးများအနေဖြင့် သင်ယူ သင့်သောကျွမ်းကျင်မှုတစ်ခုဖြစ်ပါသည်။ ကလေးများသည်
အသိအမှတ်ပြုအားပေးမှု လိုအပ် ပါသည်။
သစ်ပင်လေးတွေအတွက်ရှင်သန်ရန်ရေလိုအပ်သလိုပင်ဖြစ်ပါသည်ဟု Dreikurs မကြာ ခဏ
ဖော်ပြခဲ့ပါသည်။ အသိအမှတ်ပြုအားပေးခြင်းမရှိပါက ကလေးများသည်
မရှင်းသန်နိုင်ဟု ဖော်ပြခဲ့ပါသည်။
အသိအမှတ်ပြုတိုက်တွန်းအားပေးသောအခါ
မိမိကိုယ်ကိုဖြစ်စေ၊ အခြားလူများကိုဖြစ်စေ အား ရှိလာအောင် အားထုတ်လာပါသည်။
ဘဝမှာကြုံရသောအခက်အခဲများနှင့် စိန်ခေါ်မှုများကိုရင်ဆိုင်
ကျော်လွှားနိုင်အောင် အားပေးပါသည်။ အပြုသဘောဆောင်သောစည်းကမ်းဖြင့်
ကလေးတွေကို လေ့ကျင့်ပျိုးထောင်ပေးသည့်နည်းလမ်းအနေဖြင့်
အသိအမှတ်ပြုတိုးတက်တွန်းအားပေးခြင်းဆို သည်မှာ
ကလေးများပိုစိတ်အားတက်ကြွစွာပြုလုပ်လာနိုင်စေရန်
ကောင်းသောစိတ်ခံစားမှုရှိလာ စေဖို့ ကူညီပေးခြင်းဖြစ်ပါသည်။ ထို့ကြောင့်
အသိအမှတ်ပြုတိုက်တွန်းအားပေးမှုကို အပြုသဘော ဆောင်သောစည်းကမ်းဖြင့်
ကလေးများလေ့ကျင့်ပျိုးထောင်ပေးသည့် နည်းလမ်းတိုင်းတွင်အခြေခံ
ပါဝင်နေသည်ကိုတွေ့ရမှာဖြစ်ပါသည်။
မိတ်ဆွေများကလေးများအားတက်ပြီးလုပ်ချင်စိတ်များအားကောင်းလာအောင်အားပေးနိုင်ကြပါစေ
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Monday, February 24, 2025
ကလေးများအားတက်ပြီးလုပ်ချင်ကိုင်ချင်စိတ်အားကောင်းလာအောင် အားပေးတိုက်တွန်းခြင်း Food for Thought 719 ဒေါက်တာသိန်းလွင်
Subscribe to:
Post Comments (Atom)
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...
-
ဒီနေ့ “ကြင်နာတတ်သူများမှာတွေ့ရတဲ့ကိုယ်ရည်ကိုယ်သွေးလက္ခဏာများ” အကြောင်းကို Food for Thought 830 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင် ပါမေ...
-
🔖SKC/ERC 2025 Free Training ပညာဒါနသင်တန်း Preschool Lesson Plan Batch - 6 1/1/2025 to 10/1/2025 နေ့စဉ် ည ၈-၁၀နာရီ ❣️ မည်သူမဆိုတက်ရောက်နိ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
No comments:
Post a Comment