ဒီနေ့မှာ
ကလေးများကို “အားပေးတိုက်တွန်းမှု နှင့် ချီးကျူးမှု” များပြုလုပ်ရာမှာ
ကလေးအနေ ဖြင့်မိမိကိုယ်မိမိယုံ ကြည်အားသူဖြစ်လာအောင်
အားပေးတိုက်တွန်းမှုကိုသာပြုလုပ်သင့် ကြောင်းကို Food for Thought 720
အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
အားပေးတိုက်တွန်းမှု နှင့် ချီးကျူးမှု
• ကလေးများမှာ အခြားလူများအပေါ်မှိခိုအားထားမှုအစား မိမိကိုယ်ကိုအားကိုးတတ် အောင် လေ့ကျင့်သင်ပေးပါ။
• အားပေးတိုက်တွန်းခြင်းသည်ကလေးများအနေဖြင့် မိမိလုပ်ဆောင်ချက်များကို ပြန်လည် သုံးသပ်အကဲဖြတ်လာစေပါသည်။
• ချီးကျူးမှုကတော့ အခြားလူတွေက အသိအမှတ်ပြုပေးတာကိုသာစောင့်နေတတ် စေပါ သည်။
• ချီးကျူးခြင်း (ဥပမာ) -မေမေကတော့သားအတွက် သိပ်ဂုဏ်ယူပါတယ်။ ဒီမှာသားအတွက် ဆုလာဘ်။
• အားပေးတိုက်တွန်းမှု (ဥပမာ) - သားကအလုပ်တွေအများကြီးလုပ်လို့အခု လိုဖြစ်လာတာ သားတော့ မိမိကိုယ်ကိုဂုဏ်ယူမှာပဲ။
သစ်ပင်တစ်ပင်ရှင်သန်ရန်
ရေလိုအပ်သလို ကလေးတွေအတွက်လည်း အသိအမှတ်ပြုပေးမှု လို အပ်ပါသည်။
အားပေးတိုက်တွန်းမှုမရှိရင်တော့ ကလေးတွေကသေတော့မသွားပါဘူး။ သို့သော် လည်း
မပျော်ရွှင်နိုင်ပါဘူး။ စိတ်ညှိုးနွမ်းမှုရှိနေမှာဖြစ်ပါသည်။
စိတ်အားငယ်နေနိုင်ပါသည်။ အား ပေးတိုက်တွန်းမှုသည် လိုအပ်သည့်အတွက်
မိဘတွေအနေဖြင့် အားပေးတိုက် တွန်းမှုသဘောကို နားလည်သင့်ပါသည်။
အားပေးတိုက်တွန်းမှုကိုလည်း ဘယ်လိုလုပ်နိုင်ကြောင်း လုပ်သင့်ကြောင်း
သိရန်လိုအပ်ပါသည်။
ချီးကျူးခြင်းလော၊ အားပေးတိုက်တွန်းခြင်းလော။
ကိုလံဗိယာတက္ကသိုယ်မှပါမောက္ခဖြစ်သူ
Carol Dweek (PH.D) ပြုလုပ်ခဲ့သောသုတေသနက Adler
နှစ်ပေါင်းများစွာကပြောပြချက်မှန်ကြောင်းတွေ့ရပါသည်။ ချီးကျူးခြင်းသည်
ကလေးများ အတွက် မကောင်းပါ။ တွေ့ရှိချက်အရ ချီးကျူးခြင်းသည် ကလေးများအား
အခက်အခဲကိုရင် ဆိုင်စေရန် အ
ဟန့်အတားဖြစ်စေပါသည်။အခက်အခဲဘေးဖြစ်စေနိုင်သည်ကို ပြုလုပ်ချင်စိတ်မရှိ
တော့ပါ။ လုပ် ဆောင်ချက်ကောင်းသည့်အတွက်ချီးကျူးခံရသောကလေးများသည်
အလားတူချီး ကျူးခံ ရအောင် နောက်ပိုင်းတွင် လွယ်ကူသော
အလုပ်မျိုးကိုသာရွေးချယ်လုပ်ဆောင် တတ်ကြ ပါသည်။ ခက်ခဲ သော အလုပ်များကို
မရွေးချယ်ကြတော့ပါ။ ခက်သောအလုပ်ကိုရွေးချယ်လိုက်ပါက အမှားလုပ်မိ
နိုင်သည့်အတွက် ထိုအခက်အခဲကိုရင်ဆိုင်ခြင်းမလုပ်တော့ပါ။
သို့သော်အားပေးတိုက်တွန်းခြင်းခံရသောကလေးများသည်
အခွင့်ပေးပါက နောက်ပိုင်းတွင်စိန်ခေါ် သောလုပ်ငန်းများကို ပိုရွေးချယ်
လုပ်ကိုင်လာကြပါသည်။
Dreikurs
ကပြောခဲ့ပါသည်။ လုပ်ရပ် (အားထုတ်မှု) ကိုအားပေးပါ။ ပြုလုပ်သူကိုမဟုတ်ပါ။
အခြား စကားဖြင့် ပြောရပါက ကလေးက အဆင့် အေ ရအောင်အားထုတ်ထားပါက။
“ဝမ်းသားတယ်ဟေ့။ သားက ကြိုးစားထားတော့ အဆင့် အေ ရတာပေ့ါ။
သားရတာထိုက်တန်ပါတယ်” လို့ အားပေး နိုင် ပါသည်။ “သားက အေ ရတဲ့အတွက်
သားအတွက် မေမေဂုဏ်ယူပါတယ်” လို့ ပြောခြင်းမှာ ချီးကျူး ခြင်းဖြစ်ပါသည်။
အသိအမှတ်ပြုခြင်းနှင့် ချီးကျူးခြင်း ခြားနားမှုရှိပါသည်။
အသိအမှတ်ပြုအားပေး ခြင်းသည် ကလေးသူ့ကိုယ်သူအမြင်ပြောင်းလဲလာစေမှာဖြစ်ပါသည်။
အားထုတ်ရင်ရ တာကိုနား လည်လာစေမှာဖြစ်ပါသည်။
ချီးကျူးခြင်းနှင့်အသိအမှတ်ပြုတိုက်တွန်းအားပေးမှုတို့၏ကွဲပြားခြားနားမှုကို
တစ်ချို့ကမမြင်နိုင် ကြပါ။ အထူးသဖြင့် ချီးကျူးခြင်း၏ရေတိုရလဒ်ကို
မြင်တတ်သူများက ပို မြင်ရန်ခက်ခဲပါသည်။
သူတို့ကကလေးတွေမျက်နှာမှာပြုံးပျော်သွားတာကို
ချီးကျူးခြင်းနှင့်တွဲမြင်တတ်ပါသည်။ သို့သော် ရေရှည်အကျိုးကို
ထည့်မစဉ်းစားကြပါ။ ချီးကျူးခြင်းသည် အသိအမှတ်ပြုအားပေးတိုက်တွန်း
ခြင်းမဟုတ်ပါ။ ချီးကျူးခြင်းက အပြင်ပလူ၏လက်ခံအတည်ပြုမှုကို
သဘောကျခြင်းသာဖြစ်စေ ပါသည်။ ကလေးတို့သည်
သူတို့တန်ဖိုးရှိမှုကိုအခြားအပြင်လူ၏အကဲဖြတ်မှုအပေါ်တွင်သာမှိခို
လာစေပါသည်။ အသိအမှတ်ပြုတိုက်တွန်းအားပေးခြင်းက မိမိလုပ်ရပ်ကိုမိမိ
ပြန်လည်သုံးသပ် အကဲဖြတ်နိုင်လာစေပါသည်။
ချီးကျူးခြင်း = မိမိတန်ဖိုးရှိမှုကိုအခြားအပြင်လူ၏အကဲဖြတ်မှုအပေါ်တွင်သာမှိခိုနေပါသည်။
အားပေးတိုက်တွန်းခြင်း = မိမိလုပ်ရပ်ကိုမိမိ ပြန်လည်သုံးသပ် အကဲဖြတ်နိုင်လာစေပါသည်။
ကလေးတွေသည်ချီးကျူးသည်ကိုနှစ်သက်ကြပါသည်။
လူကြီးတွေလည်းနှစ်သက်ပါသည်။ချီးကျူး ခြင်းမှာ
သကြားလုံးစားရသည်နှင့်တူပါသည်။ နည်းနည်းလေးစားရပါကအလွန်ကျေနပ်စရာကောင်း
ပါသည်။ သို့သော် အများကြီးစားပါက ပြဿနာဖြစ်လာတတ်ပါသည်။
ကလေးတွေသည်ချီးကျူးခြင်းကို စွဲလမ်းသွားပါက အချိန်ပြည့်
ချီးကျူးခံလိုတတ်ကြပါသည်။
ချီးကျူးခံရသည့်
အလေ့အကျင့်ရှိသောကလေးများကို အားပေးတိုက်တွန်းသည့်အခါ အခက်အခဲ တွေ့
ရတတ်ပါသည်။ သူတို့အနေဖြင့် ဖော်ပြချက်များသည် သူတို့ကိုချီးကျူးနေတာလား၊
အသိ အမှတ်ပြုတိုက်တွန်အားပေးနေတာလားဆိုတာကို ပြန်စဉ်းစားစေပါသည်။
• ငါ့လုပ်ရပ်ကိုငါ့ဘာသာအကဲဖြတ်သုံးသပ်နေတာလား။ ဒါမှမဟုတ်အခြားလူ၏အကဲဖြတ်မှု အပေါ် မှာမှိခိုနေတာလား။
• ငါ့ကိုယ်ငါ့လေးစားတန်ဖိုးလားပါသလား။ သို့မဟုတ် သွေးကြီးမွေးကြီး လုပ်နေတာလား
• ကလေးရှုထောင့်ကနေကြည့်နေတာလား။ သို့မဟုတ် မိမိလူကြီးရှုထောင့်ကနေကြည့်နေ တာ လား။
•
ဒီလိုသဘောထားမှတ်ချက်မျိုးကို သူငယ်ချင်းအပေါ်မှာ ပေးမှာလား။
(နောက်ဆုံးမေးခွန်း မှာ အလွန်အသုံးဝင်ပါသည်။
သူငယ်ချင်းများအပေါ်ပေးသောမှတ်ချက်များသည် အသိအ မှတ်ပြု
အားပေးတိုးတက်တွန်းသည့်စံများနှင့်ကိုက်ညီတတ်ပါသည်။)
ဘယ်လိုအသိအမှတ်ပြုတိုက်တွန်းအားပေးမလဲ။
အသိအမှတ်ပြုတိုက်တွန်းအားပေးခြင်းဆိုသည်မှာ
ကလေးတွင်သတ္တိရှိလာအောင် လုပ် ပေးခြင်း ဖြစ်ပါသည်။
မိမိကိုယ်မိမိယုံကြည်မှုရှိအောင် ပြုလုပ်ပေးခြင်းဖြစ်ပါသည်။ ဘယ်လို သတ္တိ
လဲဆို ပါက မိမိတို့ဖြစ်ချင်သူဖြစ်လာအောင် မိမိတို့လုပ်နိုင်စွမ်းလိုသည်များ
လုပ်နိုင် စွမ်း လာ အောင်၊ ဘဝကိုနှစ်သက်ပျော်ရွှင်လာအောင်၊
လူမှုအသိုင်းအဝိုင်းကိုအကျိုးပြုနိုင်သူဖြစ်အောင်၊ အမှားတွေ
ကိုလည်းလုပ်ရင်းဖြေရှင်းတတ်အောင် လိုအပ်သောသတ္တိရှိ အောင် လေ့ကျင့်ပေးခြင်း
ဖြစ်ပါသည်။ Dreikurs ၏သဘောထားမှတ်ချက်အရ အသိ
အမှတ်ပြုတိုက်တွန်းအားပေးခြင်း ဆို သည်မှာ မိမိ မပြည့်စုံသည်ကို
လုပ်ရင်းကိုင်ရင်း သိလာ စေပြီး ပိုကျွမ်းကျင်၊ ပိုအားကောင်း လာ အောင် လေ့လာ
သင်ယူနိုင်စွမ်းရှိလာအောင် လေ့ ကျင့်ပေးခြင်းဖြစ်ပါသည်။
အပြုသဘောဆောင်သည့် စည်းကမ်းဆိုင်ရာလေ့ကျင့်ပေးသည့်နည်းအရ အောက်ပါနည်း များမှာ ကလေးများကိုအသိအမှတ်ပြုတိုက်တွန်းအားပေးခြင်းဖြစ်ပါသည်။
၁။
မိသားစုဆွေးနွေးပွဲများ- မိသားစုဝင်အချင်းချင်း အသိအမှတ်ပြုခြင်းနှင့်
စုပေါင်းပြီးအခက် အခဲ
ပြဿနာများဖြေရှင်းခြင်း၊ဉာဏ်ဖွင့်ဆွေးနွေးအဖြေရှာခြင်းများပြုလုပ်ပါသည်။
၂။
စူးစမ်းလေ့လာစေသောမေးခွန်းများမေးခြင်း -ကလေးများအနေဖြင့် ဘာကိုစဉ်းစားမလဲ
ဆိုသည်ထက် ဘယ်လိုစဉ်းစားမလဲ ဆိုပြီး စဉ်းစားတတ်လာစေပါသည်။ လူမှုရေးတာဝန်
ယူမှုနှင့် အပြန်အလှန်ဆက်ဆံရေး ထူထောင်နိုင်စေရန်
မှန်ကန်သောရွေးချယ်မှုများကို မိမိတို့စဉ်းစားထား သည်များမှ
ရွေးချယ်ဆုံးဖြတ်နိုင်စေလာပါသည်။
၃။ လုပ်ခွင့်ပေးခြင်း- ကလေးများအနေဖြင့် သင်ယူလေ့လာခွင့်များရကြပါသည်။ မိမိလုပ်မိ သောအမှားများမှနေပြီး သင်ယူခွင့်များရစေပါသည်။
၄။
ကလေးအပေါ်ယုံကြည်မှုရှိကြောင်းပြသခြင်း-ကလေးများအနေဖြင့်
သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိလာစေရန် လူကြီးမိဘများက
ကလေးများအပေါ်တွင်ယုံကြည်မှု ရှိကြောင်း ပြသ ပေးခြင်းများပြုလုပ်ပါသည်။
၅။
ကလေးအတွက်အထူးသီးသန့်အချိန်သတ်မှတ်ပေးခြင်း- ကလေးအပေါ်မှာမိဘက ချစ်ခင်
တန်ဖိုးထားကြောင်းကလေးအနေဖြင့်အသေအချာသိနားလည်စေခြင်းများပြုလုပ်ပါသည်။
ကလေးများကို အပြုသဘောဆာင်သည့်နည်းများဖြင့် လေ့ကျင့်ပျိုထောင်ပေး နည်များ
အသိအမှတ်ပြုတိုက်တွန်းအားပေးမှုကိုအောင်မြင်စွာသုံးနိုင်ရန်မိဘလူကြီးများအနေဖြင့်
ကလေး များ အပေါ်ထားသည့် စိတ်နေသဘောထား၊ လေးစားတန်ဖိုးထားမှု၊
ကလေးရှုထောင့်မှ နေကြည့် တတ်မှု ကလေးများအတွက်
ဘဝတွက်တာကျွမ်းကျင်မှုများတိုးတက်စေရန် အခွင့် အလမ်းများ
ဖန်တီးပေးလိုမှုများ ပေါ်မှာတည်နေပါသည်။ ထိုကဲ့သို့ လုပ်ဆောင်ပေးပါက ကလေး
များသည် သူတို့ကိုသူတို့ယုံကြည်မှုများရှိလာမည်ဖြစ်ပါသည်။
အခြားလူများကချီးကျူးနေတာမျိုး ကိုအား ကိုး နေတာမျိုးမဟုတ်တော့ဘဲ
ကိုယ်အားကိုယ်ကိုးစိတ်များတိုးတက်လာမှာဖြစ်ပါသည်။
မိတ်ဆွေများကလေးများမိမိကိုယ်မိမိအားကိုးယုံကြည်သူများဖြစ်လာစေရန် အသိအမှတ်ပြု တိုက်တွန်းအားပေးကြပါ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
No comments:
Post a Comment