
ဒီနေ့ “ကလေးများစွမ်းဆောင်ရည်တက်လာအောင်အကူညီနိုင်သောနည်းလမ်းများ” အကြောင်းကို Food for Thought 722 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
ကလေးများစွမ်းဆောင်ရည်တက်လာအောင်အကူညီနိုင်သောနည်းလမ်းများ
မိတ်ဆွေတစ်ယောက်က
အပြုသဘောဆောင်သောစည်းကမ်းသည် မိဘများအနေဖြင့် သူတို့
ကလေးများကိုစီမံခန့်ခွဲတတ်အောင် သင်ပေးတာလားဟုမေးဘူးပါသည်။ အပြုသဘောဆောင်
သောစည်ကမ်းမှာ မိဘများအနေဖြင့်
သူတို့သားသမီးများစွမ်းဆောင်နိုင်မှုတွေတိုးတက်လာအောင်
လေ့ကျင့်ပေးသောချဉ်းကပ်နည်းဖြစ်ပါသည်ဟုပြန်ဖြေလိုက်ပါသည်။
ကလေးတွေကိုယ်တိုင် သူ တို့ကိုယ်သူတို့စီမံနိုင်အောင်
လေ့ကျင့်ပေးခြင်းဖြစ်ပါသည်။
ကလေးများစွမ်းဆောင်ရည်တက်လာအောင်အကူညီနိုင်သောနည်းလမ်းများ
ကလေးများအနေဖြင့်
သူတို့ဘဝမှာ သူတို့ကိုယ်သူတို့ထိန်းသိမ်းနိုင်ပောင် ထိန်းသိမ်း စောင့်
ရှောက် နည်းကိုကလေးများနှင့် အတူတူအလုပ်လုပ်ရင်းလေ့ကျင့်သင်ပေးပါ။
၁။ ဘဝတွက်တာကျွမ်းကျင်မှုများကိုသင်ပေးပါ။
၂။ ပြဿနာထက် ဖြေရှင်းမှုကိုအလေးထားသင်ပေးပါ။
၃။ သင့်ကလေးအပေါ်မှာယုံကြည်မှုထားပါ။
၄။ ကလေးကိုယ်တိုင်လုပ်ဆောင်ခွင့် ပေးပါ။ (အဆင့်ငယ်များအလိုက်)
၅။ ကလေးအနေဖြင့် မိမိအခြေအနေကိုပိုသိရှိလာစေရန် အောက်ပါမေးခွန်းများမေး ပေးပါ။ သားသမီးဘယ်လိုခံစားရသလဲ။
တစ်ချို့လူတွေက
ကလေးတွေလုပ်ဆောင်နေသောတုံ့ပြန်မှုများကိုအခြေပြုပြီး ကလေးများဖွံ့ဖြိုး
အောင် ကျွမ်းကျင်စွာကူညီပေးနိုင်ကြပါသည်။ သို့သော်လည်း
တစ်ချို့ကမူကလေးတွေကို စွမ်း ဆောင်နိုင်အားတက်လာအောင်လေ့ကျင့်ပေးသောနေရာမှာ
သူတို့ကိုယ်သူတို့ ကျွမ်းကျင် မှုမရှိ ကြောင်းသိကြပါသည်။ သားသမီးများကို
ဘေးမဖြစ်အောင် အမျိုးမျိုးကယ်တင်ပေးနေ သော မိဘများ၊ ကလေးများကို အစဉ်သဖြင့်
ထိန်းချုပ်သောမိဘများအနေဖြင့် ကလေးတွေကိုစွမ်းဆောင် ရည် တိုးတက်အောင်
အားပေးဖော်ပြချက်များကိုကြားရသောအခါ သူတို့စိတ်မှာမသက်မသာဖြစ် ကြပါသည်။
ကလေးတွေမှာစွမ်းအားတက်စေသောဖော်ပြချက်များနှင့်လုပ်ငန်းများအကြောင်းမပြောခင်
ကလေး တွေ လုပ်ဆောင်နိုင်သည့် လုပ်ငန်းများနှင့်
ဖော်ပြချက်များအကြောင်းစတင်ပြောပြပါမည်။
စွမ်းဆောင်နိုင်မှု(Enabling) ဆိုသည်မှာ(ကလေးတွေလုပ်နိုင်အောင် လူကြီးတွေကဆောင်ရွက်ပေး သော လုပ်ငန်းများ)ဖြစ်ပါသည်။
လက်ရှိ
စွမ်းဆောင်နိုင်မှုဆိုသည်မှာ ငယ်သောကလေးများနှင့်
သူတို့ဘဝအတွေ့အကြုံများကြားမှာ ဝင်ပြီးကလေးတို့ကိုယ်တိုင်ပြုလုပ်သော
ရွေးချယ်မှုနောက်ဆက်တွဲအကျိုးဆက်များ နည်းနိုင်သမျှ
နည်းအောင်စီစဉ်ပေးခြင်းဖြစ်ပါသည်။ ကလေးတွေလုပ်နိုင်အောင်
လူကြီးတွေကဆောင်ရွက်ပေး သော လုပ်ငန်းများတွင်အောက်ပါတို့ပါဝင်ပါသည်။
၁။
ကလေးတွေအတွက်အများကြီးလုပ်ပေးနေခြင်း၊
ကလေးတွေကိုယ်တိုင်သူတို့လုပ်နိုင်သော လုပ်ငန်းများကိုလူကြီးက
များများဝင်လုပ်ပေးနေခြင်း ဖြစ်ပါသည်။ လူကြီးက ကလေး အတွက် ဝင်လုပ်ပေးနေပြီး
အောက်ပါအတိုင်းအပြစ်တင်ပြောတတ်ပါသည်။ “ သားက အခုလို အချိန်တွေ
အီးလေးဆွဲနေလိမ့်မယ်လိုဖေဖေမမျှော်လင့်ခဲ့ဘူး။ အဲဒီလိုအချိန်ဆွဲ နေရင်
သားဘယ်တော့ အလုပ် ပြီးတော့မှာလဲ။ဒီတစ်ခါတော့ထားလိုက်ပါတော့။ ဖေဖေသား အတွက်
လုပ်ပေးလိုက်ပါတယ်။ ဒါပေ မဲ့နောက်ဆိုရင်အခုလိုမလုပ်ရင်တော့နောက်ဆက်တွဲ
အကျိုးဆက်တွေသားကိုယ်တိုင်ခံရပါလိမ့် မယ်။”လို့ပြောပါသည်။
၂။ကလေးတွေလိုတာတွေအများကြီးဝယ်ပေးခြင်း။
တစ်ချို့မိဘများသည် သားသမီးများ လိုတာ တွေအားလုံးလိုလိုဝယ်ပေးတတ်ကြပါသည်။
မော်တော်ကား၊ ဆဲလက်ကိုင်ဖုန်း၊ စီဒီခွေများ၊ အဝတ် အထည်များ၊
စားချင်သောအာဟာရတန်ဖိုးမရှိသည့်အစာများ၊နှင့် မုန့်ဖိုး
ခွင့်ပြုငွေတွေအများကြီး တို့ကို ပေးတတ်ပါသည်။
ပြီးတော့အောက်ပါအတိုင်းပြောတတ်ပါသည်။ “ဖေဖေကကားတို့၊ ဖုန်းတို့
သားလိုချင်တာတွေအားလုံးဝယ်ပေးတာတောင် သားကအိမ်စာတွေကိုမှန်မှန်မလုပ်ဘူး”
လို့ပြော တတ်ပါသည်။
၃။
လာဘ်ထိုးခြင်း၊ သို့မဟုတ် ဆုပေးခြင်း။ သားအနေနှင့် နောက်ထပ်စီဒီတစ်ခု၊
လက်ကိုင် ဆဲဖုန်း၊ မုန့်ဖိုးစတာတွေထပ်လိုချင်တယ်ဆိုရင်
အိမ်စာတွေမှန်မှန်လုပ်ဖို့လိုပါတယ်။ မလုပ် ရင်တော့မရနိုင်ဘူး
လို့သတ်မှတ်ခြင်းမျိုးဖြစ်ပါသည်။ အိမ်စာမှန်မှန်လုပ်ရင် ပြောတာ တွေ ဝယ်
ပေးမည်ဟုဆို လိုခြင်းဖြစ်ပါသည်။
၄။
လိုတာထက်ပိုပြီးအကာအကွယ်ပေးထားခြင်း၊ ကလေးအနေဖြင့်ဘယ်အချိန်မှာ မအေး
အောင်ကွပ်အင်္ကျီဝတ်ဆိုတာမျိုးတောင် လိုက်ပြောနေပါသည်။ ကလေးကမသိသည့်အတိုင်း
လိုတာ ထက်ပိုအကဲပိုနေခြင်းဖြစ်ပါသည်။ ဥပမာ “သမီးရေဖေဖေကားထဲမှာ အနွေးဓာတ်
လွှတ်ထားတယ်။ သမီးကားမောင်းသွားတဲ့အခါ မအေးအောင်လို့လေ” လို့ ပြောတတ်ပါသည်။
“သမီးလမ်းမှာ အအေး မမိအောင် ကျောင်းအရောက်ဖေဖေကားမောင်းပို့ ပေးမယ်”
ဆိုတာမျိုးတွေမှာ လိုသည်ထက်ပို အကာအကွယ်ပေးနေခြင်းဖြစ်ပါသည်။
၅။
ကလေးသက်သာအောင်ဖူးဖူးမှုတ်ပစားအလွန်ပေးထားခြင်း၊ ကလေးတွေအတွက် အဝတ်
လျော်သောလုပ်ငန်း၊ မနက်အိပ်ယာမှထရန်နှိုးသောလုပ်ငန်း၊ နေ့လည်စာကိုပြင်
ဆင်ပေးခြင်း လုပ်ငန်း၊ သူတို့သွားချင်သောနေရာသို့စက်ဘီးစီးသွားခြင်း
လမ်လျောက်သွား ခြင်းများပြုလုပ်နိုင် ပါလျက်ကားမောင်းပို့နေခြင်း၊
ကျောင်းကပေးလိုက်သောအိမ်စာတွေလုပ် ရန် ရှိသည်ဟု
အကြောင်းပြလျက်အိမ်မှုအလုပ်တွေမှာဝင်မလုပ်စေခြင်းများပြုလုပ်ပါသည်။ပြီးတော့အောက်ပါအတိုင်းပြောတတ်ပါသည်။
“မေမေတော့နားမလည်နိုင်အောင်ဖြစ်နေ ပြီ။သမီးကိုအိမ်မှုကိစ္စတွေမလုပ်
ရအောင်စီစဉ်ပေးတယ်။ မနက်စောစောအိပ်ယာမှနှိုးပေး တယ်။
သမီးသွားချင်တဲ့နေရာတိုင်းကား မောင်းပို့ ပေးတယ်။
သမီးစားဖို့နေ့လည်စာကိုပြင် ပေးတယ်။သမီးကျောင်းစာတွေလုပ်ဖို့အချိန်ပိုရ
အောင် လုပ်ပေးတာလေ။ အခုတော့ ဒါရမှတ်အဆင့်က ဘယ်လိုဖြစ်လာတာလဲ” လို့ စိတ်မသက်
မသာမေးတတ်ပါသည်။
၆။
သားသမီးအတွက်မိဘက လိမ်ညာပြောပေးခြင်း၊ ဆရာကိုလိမ်ညာပြောပေးတတ်ပါသည်။
ဖေဖေကိုမပြောနှင့်။ သူအိပ်သောအခါ
ဆရာထံနေမကောင်းလို့ကျောင်းမတက်နိုင်ကြောင်း စာတို လေးမေမေ ရေးပေးမယ်ဆိုပြီး
ကလေးအတွက် အုပ်ထိန်းသူကလိမ်ညာ ပေးတတ် ပါသည်။
အခုလိုရေးပေးပြီးတော့သမီးကတော့ “အိမ်စာတွေကိုပြီးအောင်လုပ်ရန်လိုပါတယ် “
လို့ သတိပေး ပေးပါသည်။
၇။
အပြစ်ပေးခြင်း၊ ထိန်းချုပ်ခြင်းများပြုလုပ်ခြင်း-
အိမ်မှထွက်ခွင့်မပေးခြင်း၊ ပေးထားသော အခွင့်အရေးကိုပြန်လည်ရုတ်သိမ်းခြင်း၊
မိမိဖြစ်စေလိုသောအစီအစဉ်ကို ကလေးအတွက် ဖန်တီး ချမှတ်ခြင်း၊
ပြီးတော့အောက်ပါအတိုင်းပြောတတ်ပါသည်။ “’အခုအချိန်မှစပြီးအိမ်မှ ဘယ်မှ
မထွက်ရဘူး။ ရုပ်ရှင်ကား၊ ရုပ်မြင်သံကြားအစီအစဉ်မကြည့်ရဘူး။
ဘယ်သူငယ်ချင်းနှင့်မှ လည်း အဆက်အသွယ်မလုပ်ရဘူး။ အိမ်စာတွေမပြီးမချင်း
အဲဒီအခွင့်အရေးတွေအားလုံး ပိတ်တယ်လို့ သတ်မှတ်တတ်ပါသည်။
၈။
ရှည်ရှည်ဝေးဝေး ပြောဟောနေခြင်း- ကလေးများကို ဘာတွေဖြစ်ပျက်ခဲ့ကြောင်း၊ ဘာ
ကြောင့် ဖြစ်ရကြောင်း၊ အဲဒီလိုဖြစ်သည့်အတွက် ကလေးအနေဖြင့် ဘယ်လိုခံစား သင့်
ကြောင်း၊
ထို့အတွက်ဘာတွေပြုလုပ်သင့်ကြောင်းတို့ကိုရှည်လျားစွာဟောပြောနေတတ်ပါသည်။အောက်ပါအ
တိုင်းပြောအပြစ်တင်တတ်ပါသည်။ “သမီးက Myspace မှာအချိန်တွေ
သိပ်ဖြုန်းနေတာမေမေတွေ့ ပါတယ်။ ပြီးတော့ သူငယ်ချင်းတွေနဲ့တယ်လီဖုန်းစကား
ပြော တာလည်းသိပ်ကြာတယ်။ အဲဒီလို အချိန်တွေဖြုန်းပြီးအိမ်စာတွေမပြီးတာ
သိပ်ရှက်စရာ ကောင်းတယ်။ သမီးကိုယ်သမီးပြင်ရန်လိုပါ တယ်။မပြင်ရင်တော့
လမ်းဘေးကိုရောက်နေသူ တွေလိုဖြစ်လာလိမ့်မယ်” လို့ပြောတတ်ပါသည်။
၉။
ဘာကို၊ ဘာကြောင့်၊ ဘယ်လိုမလုပ်နိုင်တာလဲဆိုပြီးဟောပြောနေခြင်း -
သမီးအိမ်စာ တွေ ကို စောစောပြီးအောင် လုပ်ပါလို့မေမေ
ဘယ်နှစ်ကြိမ်ပြောနေရမှာလဲ။ သမီးက ဘာ ကြောင့် သမီးမောင်လေးလို
အလုပ်မလုပ်နိုင်တာလဲ။ သမီးက ဘာကြောင့် တာဝန်ပို မယူနိုင်တာလဲ။ ဒီပုံစံ
ဆိုရင်သမီးကြီးလာတဲ့အခါ ဘာဖြစ်လာမှာလဲ။
၁၀။
အပြစ်တင်ခြင်းနှင့်အရှက်ရစေခြင်း - “ဒီလောက်အထိစာတွေကိုသားကဘာကြောင့်
မလုပ် နိုင်တာလဲ။ သားကဘာကြောင့် ဒီလောက်တောင်အပျင်းထူနေရတာလဲ။ မေမေ
တော့မယုံနိုင်အောင် ဖြစ်နေပြီ”
လိုအပြစ်တင်ခြင်းနှင့်အရှက်ရအောင်ပြောခြင်းများ ပြုလုပ် တတ်ပါသည်။
၁၁။
မိမိသားသမီးအပေါ်ယုံကြည်ပြီးမဖြစ်နိုင်ဟုဇွတ်မှိတ်ငြင်းခြင်း-မိမိသားကအဲဒါမျိုး
ဘယ်လို မှမလုပ်နိုင်ဟု မျက်စိမှိတ်လျက်ယုံနေခြင်း။ ဥပမာ လိင်ကိစ္စများ၊
မူးယစ်ဆေး သုံးသည့် ကိစ္စ များတွင် ယဉ်းကျးမှုအရသတ်မှတ်ထားသည်ကိုသားက
လိုက်နာသည်ဟု လက်ခံထားခြင်း၊ ထိုကိစ္စ များမှာ
ဘေးအန္တရာယ်များကြောင်းသိလျက် မိမိကိုယ်တိုင်အသိ
အမြင်ကျယ်ကျယ်ပြန့်ပြန့်ရှိအောင် ပညာယူလေ့လာထားခြင်းမရှိကြပါ။ “ အို သားရေ။
အိမ်စာတွေမလုပ်လဲကိစ္စမရှိပါဘူး။ ဆရာတွေ
ကအဲဒါတွေလုပ်ဖို့မျှော်လင့်ထားတာမလိုအပ်ပါဘူး။ အဲဒါတွေကအလကားဟာတွေပါ။ သားက
ပင်ကိုယ်အတိုင်းစမတ်ကျ နေပါ တယ်။” လို့မိခင်ကပြောပါသည်။
၁၂။
ကယ်တင်ဖြည့်ဆည်းပေးနေခြင်း - ဥပမာကလေးများပျောက်သွားသောပစ္စည်းများကို
ပြန် လည်ဖြည့်ဆည်းဝယ်ပေးခြင်း၊ ညဉ့်နက်သည့်အထိ ကလေးနှင့်အတူနေပြီးအိမ်စာတွေ
လုပ်ရန် စောင့်ပေးခြင်း၊
ကလေးလုပ်လာသည်များကိုဖြေရှင်းရန်ဥပဒေအကျိုးဆောင်ငှား ပေးခြင်း၊ အိမ်စာ
တွေကိုနောက်ဆုံးအချိန်ရောက်မှ ကူလုပ်ပေးခြင်း၊ သားအင်္ကျီလဲနေပြီး
မနက်စာစားနေချိန်မှာ မေမေအိမ်စာတွေပြီးအောင် လုပ်ပေးမယ်
လို့ပြောပြီးရေးကြီးသုတ် ပြာ လုပ်ပေးခြင်း၊ “နောက် နေ့ဆိုရင်
သားအိမ်စာတွေကိုသားကိုယ်တိုင်လုပ်နိုင်လိမ့်မယ်လို
မေမေမျှော်လင့်ကြောင်း”ပြောရင်း သားအတွက်
ထမင်းချိုင့်မှာထည့်စရာအစာတွေကိုပြင် ထည့် ပေးပါသည်။
စွမ်းအားမြှင်တင်ပေးခြင်း
(empowering) ဆိုသည်မှာ ကလေးအနေဖြင့် သူတို့ဘဝကို သူတို့ ကိုယ်
တိုင်ထိန်းသိမ်နိုင်သည့်အချိန်မှစပြီး
သူတို့ကိုယ်တိုင်ထိန်သိမ်းနိုင်အောင်လေ့ကျင့် သင်ပေးခြင်းဖြစ် ပါသည်။ ဥပမာ
အိမ်စာမလုပ်သည့်ကိစ္စများနှင့်အခြားသောစိန်ခေါ်သည့် အတွေ့ အကြုံ များတွင်
အောက်ပါကဲ့သို့သောတုန့်ပြန်မှုများ ကို ပြုလုပ်နိုင်ပါသည်။
၁။
ကလေးအပေါ်ယုံကြည်မှုရှိကြောင်းပြပါ။
“မေမေကသမီးအပေါ်မှာယုံကြည်မှုရှိပါတယ်။ မေမေကသမီးကိုယုံကြည်ပါတယ်။
သမီးအတွက်ဘာကအရေးကြီးတယ်ဆိုတာကို သမီး သိတယ် လို့မေမေယုံကြည့်ပါတယ်။
သမီးအတွက် လိုအပ်ချက်ရှိတဲ့အခါ သမီးကိုယ်တိုင် အကောင်းဆုံး
ရွေးချယ်လုပ်နိုင်တယ်ဆိုတာမေမေယုံကြည်ပါတယ်။” လို့ပြောပြပါ။
၂။
သီးသန့်လွတ်လပ်မှုကိုလေးစားပါ။-”သားကိုယ်ပိုင်လွတ်လပ်မှုကိုမေမေ ကလေးစားပါ
တယ်။ သားမှာ တစ်ခုခု လိုအပ်လာတယ်ဆိုရင်မေမေကသားနှင့်ဆွေးနွေးရန်
အဆင်သင့်ရှိ နေတယ် ဆိုတာ သိထားပါ။”
၃။
သင့်မှာရှိနေသာအကန့်အသတ်ကိုဖော်ပြထားပါ။ - “သားကျောင်းကိုလိုက်လာပြီး သား
အတွက်ဆရာကိုဖြေရှင်းမပြနိုင်ပါဘူး။ ဆရာမကဖုန်းဆက်လာရင် သားနှင့် ပြောရန်
သားကို ဖုန်း ပေးလိုက်ပါမယ်။” လို့ပြောသည့်အခါတွင်
ပြောပုံပြောနည်းကလေးစားပြီး အသံနေအသံထားက လည်းလေးစားသည့်
အသွင်ဆောင်ရန်လိုအပ်ပါသည်။
၄။
ဝေဖန်သုံးသပ်ခြင်းမလုပ်ဘဲနားထောင်ပေးခြင်း၊ အခုကိစ္စကသားအတွက် ဘယ်လို
အဓိပ္ပါယ်သက်ရောက်မှုရှိနေတယ်ဆိုတာသိချင်ပါတယ်လို့သာပြောပါ။ ပြီးတော့ ကလေး
ပြောပြ တာကိုကောင်းစွာနားထောင်ပေးပါ။
၅။
သင့်အပြုအမူကိုထိန်းသိမ်းပါ။“မေမေတို့ကြိုတင်သဘောတူထားသည့်အတိုင်းစာကြည့်
တိုက်နေရာသို့ မေမေသမီးကိုခေါ်သွားပါမယ်။ ဒါပေမဲ့နောက်ဆုံးအချိန်အထိ မေမေက
တော့
အဲဒီကိစ္စမှာမပါဝင်ချင်ပါဘူး။”“သမီးအိမ်စာတွေနဲ့ပတ်သက်လို့အကူအညီလိုရင်တော့
မေမေကိုကြို တင်အသိပေးပါ။”
၆။
သင့်အနေဖြင့် ဘာလုပ်မည်ကိုလေးလေးစားစား ဂုဏ်သိက္ခာရှိရှိ ဆုံးဖြတ်ထားပါ။
မေမေ ကတော့ အင်္ဂါနှင့်ကြာသပတေးနေ့တွေဆိုရင် ည (ရး၀၀) နာရီမှ (ဂး၀၀) အထိ
အိမ်စာတွေ ကိုကူညီပေးနိုင်ပါတယ်။ သမီးလုပ်ရတဲ့ပရောဂျက်တွေကို
နောက်ဆုံးအချိန်နားကပ်နေမှ ကူညီပါ ဆိုရင်တော့မကူညီနိုင်ပါဘူး။
၇။
ဆက်လက် လုပ်ဆောင်စရာတွေကိုကြင်ကြင်နာနာခိုင်ခိုင်မာမာဆက်လုပ်ဆောင်ပါ။
-“သား အနေနဲ့နောက်ဆုံးအချိန်အထိ စောင့်နေတဲ့အတွက်
စိတ်တော်တော်ဖိစီးနေတာတွေ့ ရပါတယ်။
သားကိုယ်တိုင်ဖြေရှင်းနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။ အကူအညီလိုတ်ဆိုရင်
တော့ မေမေက တော့ အင်္ဂါနှင့်ကြာသပတေးနေ့တွေဆိုရင် ည (ရး၀၀) နာရီမှ (ဂး၀၀)
အထိ အိမ်စာတွေကို ကူညီ ပေးနိုင်ပါတယ်။”လို့ပြောပါ။
၈။
သူတို့ကိစ္စသူတို့ကိုယ်တိုင်ဆုံးဖြတ်ပါစေ။“သားကကောလိပ်ကိုတော့ဆက်တက်လိမ့်မယ်လို့
မျှော်လင့်ပါတယ်။ ဒါပေမဲ့ဖေဖေတော့သိပ်မသေချာပါဘူး။ သားအတွက် ကောလိပ်ဆက်
တက်ဖို့ကိစ္စကအရေးကြီးသလားအရေးမကြီးဘူးလားဆိုတာ မသေချာပါဘူး။”
၉။
သဘောတူညီချက်သာဖြစ်ပါတယ်။ စည်းမျဉ်းမဟုတ်ပါဘူး။ “ “သားအိမ်စာတွေလုပ်တာနဲ့
ပတ်သက်လို့သားနဲ့ဖေဖေအတူတူထိုင်ပြီး ဘယ်လိုအစီအစဉ်နှင့် လုပ်မယ်ဆိုတာကို
အတူတူ စဉ်းစားကြည့်ရအောင်။ အဲဒီအစီအစဉ်ဟာသားအတွက်ရောဖေဖေအတွက်ပါ အဆင်ပြေတဲ့
အစီ အစဉ်တစ်ခုဖြစ်အောင်ပေါ့။”လို့ပြောပြနိုင်ပါသည်။
၁၀။
ချစ်ချစ်ခင်ခင်တိုက်တွန်းအားပေးပါ။ “သားအနေနှင့် အကောင်းဆုံးရွေးချယ်တာ
ကိုဖေဖေ အနေနှင့် လေးစားတန်ဖိုးထားပါတယ်။ သားဆုံးဖြတ်တာကိုဖေဖေကလေးစား
တန်ဖိုးထားပါတယ်”
၁၁။
အကူအညီတောင်းခံခြင်း - “မေမေသားရဲ့အကူအညီတစ်ခုလိုနေပါတယ်။ သား အနေနဲ့
အိမ်စာတွေကို သားလုပ်ဖို့ ဘာကြောင့်အရေးကြီးတယ်ဆိုတဲ့ သားအမြင်ကို
သိချင်ပါတယ်။”
၁၂။
သင့်ခံစားချက်ကိုမျှဝေပြောပြပါ။သင့်စိတ်မှာဖြစ်နေသောခံစားမှုကို
အောက်ပါအတိုင်းပြော ပြပါ။ မေမေကတော့ ဒီလို ------- စိတ်မှာခံစားရပါတယ်။
ဘာကြောင့်လဲဆိုတော့ -------- မေမေကဖြစ်စေချယ်လို့ပါ။ လို့ပြောပြနိုင်ပါသည်။
မိမိစိတ်ဆန္ဒအတိုင်းဖြစ်လာစေချင် သည့် သဘောဖြင့် မိမိစိတ်ခံစားမှုကို
ပြောပြခြင်းဖြစ်ပါသည်။ ထိုသို့ပြောပြခြင်းမှာ ကလေးများ
အတွက်သူတို့စိတ်ခံစားမှုများကို ဘာကိုမှမျှော်လင့်ချက်မထားဘဲ ဖော်ပြနိုင်
သည့်နမူနာ ကောင်း တစ်ခုဖြစ်ပါသည်။ “သားကအိမ်စာတွေကိုကောင်းကောင်းမလုပ်တော့
မေမေစိတ် မှာမကောင်း ပါဘူး။ ဘာကြောင့် လဲဆိုတော့ မေမေက ပညာရေးကို
တန်ဖိုးထားပါတယ်။ အိမ်စာတွေလုပ်တဲ့
လုပ်ငန်းဟာအရေးကြီးတဲ့ပညာရေးလုပ်ငန်းဖြစ်ပြီးသားဘဝနောက်
ပိုင်းမှာအများကြီးအကျိုး ပြု နိုင်မယ်လို့မေမေကယုံကြည့်တဲ့အတွက်ဖြစ်ပါတယ်။
သားက လေးလေးစားစားအိမ်စာတွေကို ပြု လုပ်စေချင်ပါတယ်။”
လို့ပြောပြနိုင်ပါသည်။
၁၃။
အတူတကွပြဿနာကိုဖြေရှင်းခြင်း- သားအနေနဲ့သားလုပ်ရမဲ့အိမ်စာတွေနဲ့ ပတ်သက်လာ
ရင် ဘယ်လိုဖြစ်နေတယ်ဆိုတာကိုသားကဘယ်လိုမြင်ပါသလဲ။ မေမေစိတ် မှာဖြစ်နေတာကို
သားကနားထောင်ချင်ပါသလား။ မေမေတို့နှစ်ယောက်အတူတူတိုင်ပင် ဆွေးနွေးပြီး
ဖြေရှင်းနိုင် တဲ့နည်လမ်းတစ်ခုခု ထွက်လာအောင် လုပ်ကြရအောင်။
၁၄။
တစ်ယောက်နှင့်တစ်ယောက်လေးလေးစားစား အပြန်အလှန်ဆက်သွယ်ခြင်း -မေမေ
တော့အခုအချိန်မှာအဲဒီအကြောင်းပြောဖို့စိတ်တွေသိပ်ပျက်နေပါတယ်။ မေမေတို့
မိသားစုဆွေးနွေး တဲ့အခါမှာဆွေးနွေးရန်ထည့်ထားလိုက်ပါ။
ဒါမှမေမေတို့စိတ်လှုပ်မှုတွေမရှိတဲ့ အချိန်မှာ အဲဒီ
အကြောင်းဆွေးနွေးနိုင်မှာဖြစ်ပါတယ်။
၁၅။
သတင်းအချက်လက်များ (သို့မဟုတ်) အမိန့်များ၊ “သားကအိမ်စာတွေကိုဘေးချ
ထားပြီး သူငယ်ချင်းတွေနဲ့စကားတွေအကြားကြီးပြောတယ်။ ပြီးတော့လဲ
ရုပ်မြင်သံကြား အစီအစဉ်ကို
အကြာကြီးကြည့်တာမေမေတွေ့ရတယ်။သားကအိမ်စာတွေကိုနောက်ဆုံးအ ချိန်အထိမလုပ်ဘဲ
ထားတတ်တယ်။နောက်ဆုံးအချိန်ရောက်လာတော့ ပြီးအောင်လုပ်ချင်တဲ့
စိတ်မျိုးမရှိတော့ဘူး။”
၁၆။
လုပ်မိသောအမှားကနေပြီး သင်ယူနိုင်အောင်တိုက်တွန်းအားပေးပါ။ “မေမေတွေ့ နေတာက
တော့သမီးကအခုရတဲ့အဆင့်တွေနိမ့်နေတာကိုသဘောမကျဘူး။ ဒီကနေ သမီး
အနေနဲ့သင်ခန်းစာ ကောင်းကောင်းသင်ယူနိုင်လိမ့်မယ်လို့မေမေယုံကြည့်ပါတယ်။
သမီးလို ချင်တဲ့အဆင့်အမှတ်တွေရ အောင်
ဘယ်လိုလုပ်နိုင်တယ်ဆိုတာသမီးကိုယ်တိုင်စဉ်းစား
လုပ်ကိုင်နိုင်မယ်လို့မေမေကယုံပါ တယ်။” လို့ပြောနိုင်ပါသည်။
မိဘအနေဖြင့်ရေတိုကိုသာကြည့်ပြီး
ထိန်းချုပ်ခြင်းကယ်တင်ခြင်းစတဲ့နည်းတွေကို ကျင့်သုံးနေမယ် ဆိုရင်
ကလေးတွေစွမ်းဆောင်ရည်တိုးတက်အောင်ဖော်ပြချက်များကို ကြားရသည့်အခါ ထိုဖော်
ပြချက်များမှာ ဘယ်လောက်အထိ အင်အားကောင်းသည်ကိုနားမလည်နိုင်ကြပါ။
စွမ်းအားကောင်း လာစေသည့်ဖော်ပြချက်များနှင့် လုပ်ငန်းများသည်ကလေးများဘဝမှာ
ကောင်းသောအကျိုး သက်
ရောက်မှုများရှိစေပြီးသူတို့ဘဝကိုသူတို့ထိန်းသိမ်းရာမှာများစွာအထောက်အကူဖြစ်စေပါသည်။
ထို
စွမ်းဆောင်ရည်သည်တစ်ခါတစ်ရံအမှားများ၊ကျရှုံးမှုများသို့လည်းဦးတည်သွားတတ်ပါသည်။
သို့ သော်လည်းအမှားတွေ၊ကျရှုံးမှုတွေဆိုသည်မှာ ဘဝမှာ
သင်ယူစရာအခွင့်အလမ်းများဖြစ်ကြောင်း သိနားလည်ထားသောအခါ ၎င်းတို့သည်
အခွင့်အလမ်းကောင်းများဖြစ်လာပြီးအောင်မြင်သော
ဘဝအစိတ်အပိုင်းများဖြစ်လာပါတော့သည်။
မိတ်ဆွေများ ကလေးများကို စွမ်းအားကောင်းတဲ့ကလေးများဖြစ်လာအောင် လေ့ကျင့်မြှင့်တင်ပေး နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
No comments:
Post a Comment