Monday, February 24, 2025

ထိန်းချုပ်မှာလား။ သို့မဟုတ် ပူးပေါင်းဆောင်ရွက်မှာလား Food for Thought 723 ဒေါက်တာသိန်းလွင်

No photo description available.
ဒီနေ့မှာ ကလေးတွေကိုလေ့ကျင့်ပျိုးထောင်ပေးတဲ့အခါမှာ မိဘအုပ်ထိန်းသူများအနေဖြင့် ထိန်း ချုပ်တဲ့နည်းသုံးမှာလား၊ ပူပေါင်း လုပ်ဆောင်တဲ့နည်းသုံးမှာလားဆိုတာကို ရွေးချယ်နိုင်ရန် ထို နည်းလမ်းနှစ်မျိုးကြောင့် ဖြစ်လာတဲ့အကျိုးဆက်များကို စဥ်းစားနိုင်ရန် Food for Thought 723 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်


ထိန်းချုပ်မှာလား။ သို့မဟုတ် ပူးပေါင်းဆောင်ရွက်မှာလား

ပူးပေါင်းဆောင်ရွက်ခြင်း

သူတို့၏အမြင်များနှင့် ခံစားချက်များကိုလေးစာပြီးနားလည်ပေးသောအခါ ကလေးများသည် စိတ်အားတက်ကြွစွာ ပူးပေါင်းပါဝင်လာပါသည်။
၁။ ကလေး၏စိတ်ကူးနှင့်ခံစားမှုများကိုနားလည်ကြောင်းပြပါ။
၂။ လစ်လျူမရှုဘဲ စာနာနားလည်စိတ်ဖြင့် သူတို့နေရာမှဝင်ကြည့်ပေးပါ။
၃။ သင်ကိုယ်တိုင်အလားတူပြုမိခဲ့မိစဉ်၊ ခံစားရသည်များကိုမျှဝေပြောပြပါ။
၄။ သင့်စဉ်းစားမှုများနှင့်စိတ်ခံစားမှုများကိုမျှဝေပြောပြပါ။ (ကလေးများသည် သူတို့ကိုလူကြီး ကအရင်ကောင်းစွာနားထောင်သည်ကိုတွေ့သောအခါ လူကြီးပြောသည်ကိုလည်းကောင်းစွာ နား ထောင်တတ်ပါသည်။ )

မိဘများအနေဖြင့် ကလေးတွေထိန်းချုပ်နိုင်အောင်လုပ်မှာလား။ ကလေးတွေနှင့်အတူထိန်းသိမ်း နိုင် အောင်လုပ်မှာလား။ ကလေးတွေအပေါ်မှာထိန်းချုပ်နိုင်အောင် လုပ်ရန်မှာ ခက်ခဲလှပါသည်။ သင့် အနေဖြင့် ထိန်းချုပ်သည့် နည်းတွေကိုသုံးသည့်အခါမှာ ကလေးများ၏အပြုအမူလုပ် ဆောင် ချက်များကိုရဲသားလိုစောင့်ကြည့်နေရန်လိုအပ်ပါသည်။ အထူးသဖြင့် အပြစ်ပေးခြင်းနှင့် ဆူလာဘ် ပေးသောနည်းလမ်းများကိုကျင့်သုံးရကြပါသည်။ ကလေးတွေကောင်းစွာ ပြုကျင့်ချိန်မှာမိအောင်ဖမ်းရန်လိုအပ်ပါသည်။ ထို့ကြောင့် ဆုလာဘ်ပေး သော နည်းကိုကျင့်သုံးပါသည်။ ကလေးတွေဆိုးသည့်ပြုမူချိန်တွင်မိအောင်ဖမ်းရပါသည်။ ထိုအခါ အပြစ်ပေးအရေးယူရပါသည်။

ထိုလုပ်ငန်းစဉ်မှာ ဝိုင်းကြီးပတ်ပတ်လည်နေပါသည်း အဆုံးမရှိပါ။ သူတို့ အနားမှာသင်မရှိနိုင်သည့်အချိန်တွင် ဘာလုပ်မလဲ။ တကယ်လို့သင့်အနေဖြင့် ကလေးတွေ ကို ထိန်းသည့်နည်းမကောင်းဘူးဆိုရင် ကလေးတွေက ဘာတွေသင်ယူကြမှာလဲ။ သူတို့အနေ ဖြင့်မိမိကိုယ်တိုင်လိုက်နာသည့်စည်းကမ်းကိုသင်ယူပါသ လား။ မိမိကိုယ်ကိုယ်နှင့် အခြားလူများ အပေါ်လေးစားတန်ဖိုးထားတတ်မှုများကိုသင်ယူခဲ့ပါသလား။ တာဝန်ယူတတ်မှု၊ ပြဿနာဖြေရှင်း တတ်မှု၊ ပူးပေါင်းလုပ်ဆောင်တတ်မှုစသည့် ကျွမ်းကျင်မှုများကိုသင်ယူခဲ့ပါသလား။

ကလေးတွေအပေါ်ထိန်းချုပ်နိုင်အောင်အားထုတ်ခြင်းသည် မလေးမစားလုပ် ဆောင်မှုဖြစ်ပြီး ပူး ပေါင်း လုပ်ဆောင်ရာတွင် အောင်မြင်နိုင်သောအခွင့် အလမ်းကျစေပါသည်။ မလေးမစားဆက်ဆံ သည့်နည်းလမ်းများနှင့် တစ်ယောက်နှင့် တစ်ယောက်အလှမ်းဝေစေပြီးရိုင်းပြမှုများကိုဖြစ်လာ စေ တတ်ပါသည်။ ထိန်းချုပ်လျှင် လွှမ်းမိုးနိုင်အားကျဆင်းစေပါသည်။ တော်လှန်ပုန်ကန်တတ်မှု၊ ကလှည့်စားခြေတတ်မှု၊ မမိအောင် တိတ်တိတ် လေးလုပ်ဆောင်တတ်မှု၊ ခိုးကြောင်ခိုးဝှက် လုပ်ဆောင်တတ်မှုများဖြစ်စေတတ်ပါသည်။ အဆိုးဆုံး သက်ရောက်မှုကတော့ကလေးအနေဖြင့် သူ့ကိုယ်သူ “ငါက လူဆိုးပါလား”လို့မြင်သွားစေခြင်းဖြစ် ပါသည်။ သို့သော်လေးလေးစားစွာ ဆက်ဆံသည့်နည်းမှာ ပူးပေါင်းဆောင်ရွက်မှု၊ ချစ်ခင်ရင်းနှီးမှုနှင့် အပြန်အလှန်ယုံကြည်မှုများကို ဖြစ်လာစေပါသည်။

ပူးပေါင်းဆောင်ရွက်ခြင်း

Rudolf Dreikurs ကကလေးများနှင့်အတူတူ လေးစားစွာလုပ်ဆောင်ခြင်းဖြင့်် ကလေးများပူးပေါင်း အောင်လုပ်ဆောင်နိုင်မှုအရေးကြီးပုံကိုအလေးအနက်ထားပြခဲ့ပါသည်။ ကလေးများကို ပြုပြင်မှု မလုပ်ခင် သူတို့နှင့်ရင်းနှီးစွာထိတွေ့ဆက်သွယ်မှုရှိအောင် ပြုလုပ်ခြင်းဖြစ်ပါသည်။ ကလေးများနှင့် ကောင်းသောထိတွေ့ရင်းနှီးမှုရှိအောင်အကောင်းဆုံးလုပ်နိုင်သောနည်းမှာကလေးများကိုလေးလေး စားစားဆက်ဆံခြင်းဖြစ်ပါသည်။ ကလေးကမ္ဘာတဲဝင်ကြည့်ပြီးကလေးဘယ်လိုခံစားနေရသည်ကို နားလည်အောင်လေ့လာရန်လိုအပ်ပါသည်။ သူတို့နေရာမှဝင်မြင်တတ်ကြည့်တတ်ရန် လိုအပ်ပါ သည်။ ကလေးကိုကြင်နာသည့် စိတ်ဖြင့် ထိပေးကိုင်ပေးခြင်းသည် မိမိအနေဖြင့်လည်း ကလေး ခံစားသလို ထပ်တူခံစားနေရကြောင်း ပြသခြင်းဖြစ်ပါသည်။ ထိုလုပ်ရပ်များသည် ကလေးနှင့် ထိတွေ့ရင်းနှီးမှုတည်ဆောင်ရန်လိုအပ်ချက်များဖြစ်ပါသည်။ ထိုသို့ဆက်ဆံရေးကိုဖန်တီး တည် ဆောက်ထားသည့်အခါ ကလေးမှာရှိနေသောမသင့်သည့်အပြုအမူကိုပြုပြင်ပေးနိုင်သော အခွင့် များပိုများလာပါသည်။ ကလေးတို့သည် သူတို့ကိုနားလည်အောင်ကောင်းစွာနားထောင်သည်ဟု စိတ်မှာ ခံစားရသောအခါ လူကြီးပြောသည်ကိုလည်းကောင်းစွာနားထောင်တတ်ပါသည်။

ပြုပြင်ပေးမှုတွင် အပြစ်ဒါဏ်ပေးခြင်းမပါဝင်ပါ။

အများအားဖြင့်မိဘများအနေဖြင့် ပြုပြင်ဆုံးမရာတွင် ရှည်ရှည်ဝေးဝေးပြောဆိုနေခြင်း၊ နောက် ဆက်တွဲအကျိုးဆက်ကိုခံစားစေခြင်း ဆိုပြီး ဟန် ဆောင်ထားသည့် အပြစ်ပေးအရေးယူမှုမျိုးတွေ မလုပ်ပါက မိဘတာဝန်မကျေသလိုခံစားနေတတ်ကြပါသည်။ ထိုသို့ပြုလုပ်သည့်အတွက် ကလေး များကလည်းနောက်ဆက်တွဲအကျိုးဆက်များအဖြစ် မနာခံခြင်း၊ ခုခံခြင်း၊ ပုန်ကန်ုခြင်း စသည်များ ပြုလုပ်လာခြင်းဖြစ်ပါသည်။

လူကြီးရောကလေးအတွက်ပါ အဆင်ပြေသောဖြေရှင်းမှု တစ်ခု ရအောင် ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် ကလေးများသည် ဘာတွေကိုသင်ယူသွားပါသလဲ။ ကလေး တွေရသွားသည်များမှာ
-စဉ်းစားတတ်မှု၊
-ပြဿနာဖြေရှင်းတတ်မှု၊
-မိမိကိုယ်မိမိနှင့်အခြား လူများ အပေါ်လေးစားတတ်မှု၊
-မိမိကိုယ်တိုင်စည်းကမ်းထိန်းသိမ်းနိုင်မှု၊
-တာဝန်ယူတတ်မှု၊
-နား ထောင်နိုင်မှု၊
-သဘောတူချမှတ်ထားသော သတ်မှတ်ချက်များအတိုင်းလိုက်လုပ်ဆောင်ရန် စိတ် အား ထက်သန်မှုဆိုင်ရာကျွမ်းကျင်မှုများဖြစ်ပါသည်။ ထိုဖြစ်စဉ်မှကလေးတွေရသော ကျွမ်း ကျင်မှုများ စာရင်းကို ဆက် လက်ဖော်ပြနိုင်ပါသည်။

ကျွမ်းကျင်မှုများစွာရရှိသွားပါသည်။ ကလေးနှင့် ရင်းနှီး သောဆက်သွယ်မှုရှိပြီး အတူတကွဖြေရှင်းနိုင်သောနည်းလမ်းကိုဖော်ထုတ်နိုင်သောအခါ ပူးပေါင်း ပါဝင်မှုကိုဖန်တီးနိုင်ခြင်းဖြစ်ပါသည်။

မိတ်ဆွေများ ကလေးများကိုပူးပေါင်းပါဝင်ဆောင်ရွက်လာအောင် လေ့ကျင့် ပျိုးထောင်ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...