ဒီနေ့ “သင့်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကျိုးပြုနိုင်စွမ်းအတွက် လိုအပ်တဲ့ စွမ်းရည်ပြကိန်း (၇)မျိုး” အကြောင်းကို Food for Thought 727 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
သင့်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကျိုးပြုနိုင်စွမ်းအတွက် လိုအပ်တဲ့ စွမ်းရည်ပြကိန်း (၇)မျိုး
စွမ်းဆောင်ရည်နှင့်ပတ်သက်ရင်ဥာဏ်ရည်တစ်ခုတည်းသာရှိတာမဟုတ်ပါ။
သင့်ဖွံ့ဖြိုးတိုးတက်ရေး နှင့်အကျိုး ပြုနိုင်ရေးအတွက် စွမ်းရည်ပြကိန်း
(၇)မျိုးရှိပါတယ်။ အဲဒီစွမ်းရည်ပြကိန်းတွေကို အစဥ်တိုးတက်နေအောင် လေ့
ကျင့်ပျိုးထောင်ရန် လိုအပ်ပါတယ်။ လေ့ကျင့်ရင်တိုးတက်နေပါတယ်။
အောက်ဘက်မှာဖော်ပြထားတဲ့
စွမ်းရည်ပြကိန်း (၇)မျိုးတို့မှာဘဝနှင့် လုပ်ငန်းအပေါ် အကျိုးသက်ရောက်မှုအ
များဆုံးသော စွမ်းရည်ပြကိန်းများဖြစ်ပါတယ်။ စွမ်းရည်ပြကိန်းဆိုတာ
အရည်အသွေး သို့မဟုတ်လက္ခဏာ တစ် ရပ်ရဲ့
အတိုင်းအတာဒီဂရီပမာနကိုရည်ညွှန်းပါတယ်။
အောက်ဘက်မှာဖော်ပြထားတဲ့စွမ်းရည်ပြကိန်းအတိုင်းအတာပမာနကို
တိုတက်အောင် အားထုတ်ပြီးသင်ဘဝနှင့်
လု်ငန်းစွမ်းဆောင်နိုင်မှုအစဥ်တိုးတက်နေအောင် လုပ်ဆောင်အားထုတ်ရန်
လိုအပ်ပါတယ်။
၁။ ဥာဏ်စွမ်းရည်ပြကိန်း (Intelligence Quotient)
ဥာဏ်ရည်ပြကိန်းမှာ
ဖော်ပြတဲ့စွမ်းရည်ပြကိန်း (၇) ခုအနက်
လူအများဆုံးသိနေတဲ့ပြကိန်းတစ်ခုဖြစ်နိုင်ပါတယ်။ အဲဒီစွမ်းရည်မှာ
ကျိုးကြောင်းဆက်စပ်စဥ်းစားခြင်း၊ ပြဿနာဖြေရှင်းခြင်းစတဲ့လုပ်ငန်းများအတွက်
လိုအပ်တဲ့ အ သိအမြင်ဗဟုသုတများကို
သင်ယူလေ့လာပြီးပြန်လည်အသုံးချနိုင်တဲ့စွမ်းရည်ဖြစ်ပါတယ်။ လူတွေရဲ့ဥာဏ် ရည်
ဟာ အသေဖြစ်နေခြင်းမရှိတဲ့အချက်မှာစိတ်ဝင်စားစရာကောင်းပါတယ်။
သက်ဆိုင်သူရဲ့ဖွံ့ဖြိုးတိုးတက် လိုတဲ့ စိတ် နေစိတ်ထားနှင့်
သက်ဆိုင်သူရဲ့ပတ်ဝန်းကျင်မှာရှိတဲ့အရေးပါတဲ့အချက်များဖြစ်တဲ့
လမ်းပြပေးမဲ့ဆရာ၊ အ နီးကပ်ကြီးကြပ်သူ၊ ငယ်စဥ်ကတည်းက လေ့ကျင့်
ပျိုးထောင်ပေးမှု၊နှင့် နေထိုင်ကြီးပြင်းတဲ့ယဥ်ကျေးမှုပိုင်း ဆိုင်
ရာများရဲ့လွှမ်းမိုးမှုတွေအပေါ်မှာတည်နေပါတယ်။
၂။ စိတ်လှုပ်ရှားခံစားမှု ထိန်းသိမ်းနိုင်မှုဆိုင်ရာစွမ်းရည်ပြကိန်း (Emotional Quotient)
စိတ်လှုပ်ရှားခံစားမှု
ထိန်းသိမ်းနိုင်မှုဆိုင်ရာစွမ်းရည်မှာစိတ်လှုပ်ရှားခံစားမှုများကိုသိနားလည်တဲ့စွမ်းရည်ပင်
ဖြစ်ပါတယ်။ စိတ်လှုပ်ရှားခံစားမှု
ထိန်းသိမ်းနိုင်မှုဆိုင်ရာစွမ်းရည်ဆိုတာကိုပိုတိကျအောင်သတ်မှတ်ပေး ရ
မယ်ဆိုရင် ဖြစ်နေတဲ့စိတ်လှုပ်ရှားခံစားမှုများကို သိနားလည်ခြင်း၊
အခြားလူများနှင့် ပိုကောင်းမွန်စွာလုပ် ကိုင် နိုင်စေရန်
မိမိစိတ်လှုပ်ရှားခံစားမှုများကို
ထိန်းသိမ်းပြီးဆက်သွယ်လုပ်ဆောင်နိုင်စွမ်းပင်ဖြစ်ပါတယ်။ အထူးသ ဖြင့်
ဒီစွမ်းရည်မှာ အသင်းအဖွဲ့လိုက်အလုပ်လုပ်တဲ့အခါမှာဖြစ်စေ၊
သို့မဟုတ်အခြားလူတွေကိုဦးဆောင်လုပ်
ဆောင်ရာမှာဖြစ်စေအလွန်အရေးကြီးတဲ့စွမ်းရည်ဖြစ်ပါတယ်။
၃။ အတွေ့အကြုံပိုင်းဆိုင်ရာစွမ်းဆောင်ရည်ပြကိန်း (Experience Quotient)
အတွေ့အကြုံပိုင်းဆိုင်ရာစွမ်းဆောင်ရည်ပြကိန်းကလည်းအလွန်စိတ်ဝင်စားစရာကောင်းလှပါတယ်။
စီးပွား ရေး လုပ်ငန်းတစ်ခုတိုးတက်အောင်မြင်အောင်ဦးဆောင်လုပ်တဲ့အခါမှာ
လာဆက်သွယ်တဲ့ မိတ်ဖက်ဖောက်သည်တွေ ရဲ့မျှော်မှန်းထားတာတွေကို
အကောင်းဆုံးပြည့်ဝအောင် ဖြည့်ဆည်းပေးနိုင်မှုဟာ မိမိလုပ်ငန်းတိုးတက်ရေး
နှင့် ရေရှည်တည်တံ့နိုင်ရေးအတွက်အရေးကြီးလှပါတယ်။ ဒါကြောင့်
မိမိအဖွဲ့အစည်းမှာ အလုပ်လုပ်မဲ့လူတွေကို
လေ့ကျင့်ပေးတဲ့အခါမှာလည်းဖော်ပြပါသဘောတရားကို
နားလည်ပြီးကျင့်သုံးနိုင်အောင်အလေးထားလေ့ကျင့် ပေးရန် လိုအပ်ပါတယ်။
၄။ ဒစ်ဂျစ်တယ်နည်းပညာပိုင်းဆိုင်ရာစွမ်းရည်ပြကိန်း (Digital Technology Quotient)
ဒစ်ဂျစ်တယ်နည်းပညာပိုင်းဆိုင်ရာစွမ်းရည်ပြကိန်းကလည်းခေတ်နှင့်တပြေးညီတိုးတက်ပြောင်းလဲနေတဲ့ဒီဂျစ်
တယ်နည်းပညာရပ်ပို မိမိတို့လုပ်ငန်းမှာ ကောင်းစွာသုံးနိုင်ပြီး
အားပေးကြတဲ့မိတ်ဖက်ဖောက်သည်များအပေါ် ထိ ရောက်စွာအကျိုးပြု
စွဲဆောင်သုံးနိုင်မှုမှာအလွန်အရေးကြီးလှပါတယ်။ ဒီ
ဒစ်ဂျစ်တယ်နည်းပညာပိုင်းဆိုင်ရာစွမ်း ရည်ပြကိန်းကောင်းမွန်မှသာ
အပြောင်းအလဲမြန်ဆန်တဲ့စျေးကွက်ရဲ့ တောင်းဆိုမှုလိုအပ်ချက်များကိုအမြန် ဆုံး
ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။
၅။ ဆန်းသစ်တီထွင်မှုဆိုင်ရာစွမ်းရည်ပြကိန်း (Creativity Quotient)
ဆန်းသစ်တီထွင်မှုဆိုင်ရာစွမ်းရည်ပြကိန်းမှာလည်း
အပြိုင်အဆိုင်များတဲ့ကာလမှာ တောင်ဆိုမှုအများဆုံးရှိတဲ့လို အပ်ချက်
တစ်ခုပင်ဖြစ်ပါတယ်။ အပြောင်းအလဲတောင်းဆိုချက်များကို
ကောင်းစွာတုံ့ပြန်ပေးနိုင်ရန် ဆန်းသစ်တီ
ထွင်မှုများကိုစူးစမ်းဖော်ထုတ်ဖန်တီးပေးနိုင်ရန် လိုအပ်ပါတယ်။
ဆန်းသစ်တီထွင်ဖန်တီးမှုများကို စျေးကွက်အရ ဖန်တီးနိုင်လေလေ
အဖွဲ့အစည်းတိုးတက်ရေးအတွက်အခွင့်အလမ်းတွေပွင့် လာလေလေဖြစ်ပါတယ်။
၆။ အခက်အခဲများကိုရင်ဆိုင်ကျော်လွှားနိုင်တဲ့စွမ်းရည်ပြကိန်း (Adversity Quotient)
အခက်အခဲများကုရင်ဆိုင်ကျော်လွှားနိုင်တဲ့စွမ်းရည်ပြကိန်းဆိုတာကတော့
ဘဝမှာကြုံတွေ့လာတဲ့ အခက်အခဲ အမျိုးမျိုးကို ရင်ဆိုင်းကျော်လွှားပြီး
ကြုံလာတဲ့ခက်ခဲမှုများမှအပြုသဘောဆောင်တဲ့ အကျိုးများရှိလာအောင်
အကျိုးသက်ရောက်မှုများရှိလာအောင် ဖန်တီးနိုင်စွမ်းပင်ဖြစ်ပါတယ်။ ဥပမာ
မေခမြစ်တစ်လျောက်တောင်
ထိပ်ပိုင်းမှစပြီးအရှိန်အဟုန်ဖြင့်စီးဆင်းလာတဲ့မြစ်ရေမှာ
ပြတ်ထွက်လာတဲ့ကျောက်ခဲများများစွာရှိပါတယ်။ အဲဒီကျောက်ခဲတွေမှာ
အစွမ်းအနားတွေမှာ ထိုးထိုးထောင်ထောင်မညီမညာပုံအမျိုးမျိုးပါလာပါတယ်။ အချင်း
ချင်း ရေလမ်းကြောင်းတစ်လျောက်ထိတွေ့ပွတ်တိုက်မှုများကြောင့်
အစွန်အဖျားထိုးထိုးထောင်ထောင်မညီ မညာတွေပြုတ်ထွက်ကုန်ပြီး
မြစ်ကြီးနားမြစ်ဆုံရောက်တဲ့အခါ ကမ်းမှာတင်လာတဲ့ကျောက်တုံးတွေကိုကြည့်
လိုက်ရင် လုံးချောညီတဲ့ကျောက်တုံးတွေဖြစ်နေတာကို တွေ့ရပါတယ်။
နောက်ဥပမာတစ်ခုကလည်း
ကော်ဖီဟာသူ့အတိုင်းနမ်းကြည့်ရင်ကော်ဖီအနံ့ရပါတယ်။ ဒါပေမဲ့ ဆူပွက်နေ
တဲ့ရေနဲ့ကော်ဖီမှုန့်ကိုရောမွှေနှောက်လိုက်တဲ့အခါ မွေးတဲ့ကော်ဖီနံ့က ပို
မွှေးလာပြီးသောက်ကြည့်တဲ့အခါမှာ လည်း အရသာပိုထူးလာတဲ့သဘောပင်ဖြစ်ပါတယ်။
ဆူပွက်နေတဲ့ရေဆိုတာ အခက်အခဲဖြစ်ပါတယ်။ ဒါပေ မဲ့ကော်ဖီမှုန့်က
အဲဒီရေနဲ့တွေ့လိုက်တဲ့အခါ မွှေးတဲ့အနဲ့ပိုထွက်လာပြီးအရသာထူးလာစေပါတယ်။
မျက်မှောက်လောကက
အလွန်လျင်မြန်တဲ့နှုန်းဖြင့်ပြောင်းလဲမှုများဖြစ်နေပါတယ်။
အဲဒီအပြောင်းအလဲတွေကို ကြံ့ကြံ့ခံနိုင်ပြီး အဆိုးထဲမှ
အကောင်းကိုရှာယူနိုင်ရန် တစ်ယောက်ချင်းမှာ လိုအပ်သလိုအသင်းအဖွဲ့လိုက်လည်း
လိုအပ်ပါတယ်။ ကြုံလာတဲ့အခက်အခဲပြဿနာများကလည်း ပိုရှုပ်ထွေးလာပါတယ်။
ဒါကြောင့်အခက်အခဲများ ကိုရင်ဆိုင်ကျော်လွှားပြီး အဆိုးထဲမှာ အကောင်းများကို
ထုတ်ယူနိုင်စွမ်းတိုးတက်နေဖို့မှာအထူးလိုအပ်ပါတယ်။
၇။ လိုချင်တဲ့အနာဂါတ်အမြင်ပုံရိပ် ကိုမြင်နေအောင်ဖန်တီးထားနိုင်တဲ့စွမ်းရည် (Vision Quotient)
လိုချင်တဲ့အနာဂါတ်အမြင်ပုံရိပ်ကိုမြင်နေအောင်
ဖန်တီးထားနိုင်ပြီးအဲဒီပုံရိပ်ကို လုပ်ဆော်ကိုင်ဖက်များတွင် ရှိနေအောင်
ဖန်တီးပေးနိုင်ခြင်းမှာ အရေးကြီးတဲ့ဦးဆောင်နိုင်စွမ်းပင်ဖြစ်ပါတယ်။
လိုချင်တဲ့အမြင်ပုံရိပ် ကို မြင်နေအောင် ဖန်တီးထားနိုင်တဲ့စွမ်းရည်
ဆိုတာကတော့လက်ရှိအနေအထားနှင့် အနာဂါတ်မှာ မြင်လိုတဲ့ပုံရိပ် တို့ကို တံတား သ
ဖွယ်ဆက်သွယ်ပေးနိုင်တဲ့စွမ်းရည်ဖြစ်ပါတယ်။ လက်ရှိအနေအထားမှအနာဂါတ်မှာ
ရောက် လိုတဲ့အနေအထားသို့ ရောက်လာအောင်
ကြိုတင်တွက်ဆလုပ်ဆောင်နိုင်စွမ်းပင်ဖြစ်ပါတယ်။ ဒီစွမ်းဆောင်ရည် က
ဆန်းသစ်တီထွင် ဖန် တီး နိုင်စွမ်းရည်၊
အခက်အခဲများကိုရင်ဆိုင်ကျော်လွှားပြီးအခက်အခဲမှ အပြုသဘော ဆောင်
တဲ့အခွင့်အလမ်းများ ထုတ်ယူနိုင်စွမ်းရည်များနှင့် နီးကပ်စွာဆက်စပ်နေပါတယ်။
အဲဓီစွမ်းဆောင်ရည် တွေ အားကောင်းစွာအလုပ်လုပ် နိုင်စေဖို့
အတွက်အသင်းအဖွဲ့လိုက် လက်တွဲညီညီ လုပ်ဆောင်နိုင်ရန် လိုအပ် ပါတယ်။
အချုပ်အားဖြင့်ဆိုသော်ဖော်ပြပါ
စွမ်းရည် အားလုံးမှာ လူတစ်ဦးချင်းနှင့်
လုပ်ငန်းတစ်ခုလုံးတိုးတက်အောင်မြင် ရန်အရေးကြီးပါတယ်။ ပြီးတော့
အဲဒီစွမ်းဆောင်ရည်တွေတိုးတက်လာအောင်လည်းပြုလုပ်နိုင်ကြပါတယ်။
မိတ်ဆွေများဖော်ပြပါစွမ်းရည်များတိုးတက်အောင်လေ့ကျင့် နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
No comments:
Post a Comment