ဒီနေ့မှာ” ကြင်နာတတ်တဲ့မိခင်တစ်ယောက်ဖြစ်စေဖို့ နည်းလမ်း ၅သွယ်” အကြောင်းကို Food for Thought 728 အဖြစ်မျှဝေချင်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
ကြင်နာတတ်တဲ့မိခင်တစ်ယောက်ဖြစ်စေဖို့ နည်းလမ်း ၅သွယ်
မိခင်တစ်ယောက်ဖြစ်ဖို့အကောင်းဆုံးအကြံပေးစကားမျိုး
ကြားဖူးပါသလား။ ဒီဆောင်း ပါးမှာတော့ အကောင်း
ဆုံးမိခင်တစ်ယောက်ဖြစ်နိုင်မယ့်နည်းလမ်းလေးတွေဖော်ပြ ပေး ချင်ပါတယ်။
သင့်ရဲ့သားသမီးလေးတွေကို စိတ် ဓာတ်ခွန်အားပေးပြီး သူတို့ကို ချစ်ခင်
ကြောင်းပြပါ။ သူတို့ကိုယ်သူတို့ယုံကြည်မှုရှိအောင် ကြိုးစားပေးခြင်းက
ကြင်နာတတ်တဲ့ မိခင်ကောင်းတစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့အချက်ပါပဲ။
မိခင်တိုင်းလိုလိုက အလုပ် သိပ်များတတ်သူတွေပါ။ အဲဒါကြောင့်ကိုပဲ
အော်တတ်တဲ့မိခင်၊ ဆူတတ်တဲ့မိခင်၊ ပွစိပွစိ လုပ်တတ်သူ၊ အဖြစ်ပြောင်းသွားတတ်
ကြပါတယ်။ ဒါပေမယ့် အားလုံးလိုလိုကတော့ ကြင်နာတတ်သူတွေချည်းပါပဲ။ ဟုတ်ပါပြီ
အဲဒါဆိုရင် ကြင်နာ တတ်တဲ့မိခင်ဖြစ်ဖို့က သင့်ရဲ့စကားလုံးလေးတွေ၊
သင့်ရဲ့အပြုအမူလေးတွေကို သတိထားရွေးချယ်လိုတာနဲ့ ဖြစ် လို့ရပါတယ်။
ဘယ်လိုလုပ်ကြည့်ရမလဲ ဖတ်ကြည့်လိုက်ပါနော်။
၁)ကလေးတွေကိုမအော်မိအောင်ထိန်းပါ။
ကလေးတွေကို
ဒေါသထွက်တဲ့အခါ ကြင်နာမှုတွေကို ပြတင်းပေါက်ကနေလွှင့်ပစ်လိုက် မိသလိုပါပဲ။
ကြင်နာမှု တွေဘယ်ရောက်လို့ရောက်သွားမှန်းတောင်မသိတော့ပါဘူး။ သင်
ကိုယ်တိုင်လည်း အော်ပြီးကာမှ စိတ်မကောင်း ဖြစ်နေတတ်တယ်မဟုတ်လား။ အဲဒီ့တော့
မအော်ခင်ချုပ်ထိန်းကြရင်မကောင်းဘူးလား။ အသက်ကိုပြင်းပြင်း ရှုသွင်းတာ အခါခါ
လုပ်ကြည့်လိုက်ပါ။ ပြီးမှ လေသံအေးအေးလေးနဲ့ ကလေးကို ရှင်းပြဖို့ ကြိုးစား
ကြည့် ပါနော်။
၂)ကလေးတွေဘက်ကနေတွေးတောစဉ်းစားကြည့်ပါ။
ကြင်နာခြင်းဆိုတာက
အခြားတစ်ဖက်ကို တွေးတောပေးခြင်းပါပဲ။ အဲဒါကြောင့် ကိုယ့်
ရဲ့ကလေးတွေနေရာကနေ စဉ်းစားပေးကြည့်လိုက်ပါ။ ဒေါသထွက်မယ့်အစား ကိုယ်ချင်း
စာပေးလိုက်တဲ့အခါ အကြင်နာတရားဖြစ်ပေါ်လာ ပါလိမ့်မယ်။ သူတို့ရဲ့အပြူအမူတွေ၊
ခံစားချက်တွေက သင့်ရဲ့အခုအရွယ်နဲ့ မအပ်စပ်လို့ မှားတယ်လို့ထင်နေပေ မယ့်
သူတို့ အရွယ်တုန်းကတော့ သင်လည်း သူတို့လိုပြုမူခဲ့တာပဲမဟုတ်လား။
အဲဒါကြောင့် ကလေး တွေကို ကိုယ်ချင်း စာပြီး သူတို့နေရာကနေ
ဝင်တွေးပေးလိုက်ပါ။ အဲဒါဆို ကလေးကို နားလည်အောင် ဘယ်လိုပြောပြနိုင်မလဲ
ဆိုတဲ့အဖြေပါ သင်တခါတည်းရသွားပါလိမ့် မယ်။
၃)ချစ်ခင်ကြောင်းပြပါ။
သင့်ကလေးရဲ့
ပါးပြင်ကို နမ်းတာ၊ “အချစ်ဆုံးလေး….” လို့ပြောလိုက်တာ၊ချစ်ခင်ကြောင်း
တဖွဖွပြောပေးတာ စတဲ့အပြုအမူမျိုးနဲ့ ကလေးကို ချစ်ခင်ပြတာက သင့်ကိုကြင်နာ
တတ်တဲ့မိခင်တစ်ယောက်ဖြစ်စေပါတယ်။ အဲ ဒါအပြင် သင်အဲလိုချစ်ခင်ပြခြင်း
ကြောင့် လည်း သင့်ကလေးနဲ့ ပိုရင်းနှီးစေသလို၊ သင့်ကလေးရဲ့စိတ်ခံစားချက်
ကိုလည်း မြင့်တင် ပေးနိုင်ပါတယ်။ သင့်ကလေးမှာ ကိုယ့်ကိုကိုယ်ပိုပြီး
ယုံကြည်မှုရှိလာစေသလို ပိုလည်း ရဲဝင့် လာနိုင်ပါတယ်။ ဘယ်ကိစ္စမဆိုလည်း
သင့်ကို ရင်ဖွင့်တိုင်ပင်ဖို့ ဝန်မလေးတော့ ပါဘူး။ အဲဒီလိုဖြစ်လာရင်မိဘ
အနေဖြင့် ကလေးမှာဖြစ်နေတဲ့စိတ်ခံစားမှုများကို ပိုသိ လာမှာဖြစ်ပြီး
လိုအပ်တာကိုလည်းကူညီပေးနိုင်မှာဖြစ် ပါတယ်။ မိဘကချစ်ခင်တာ
ကိုခံစားရတဲ့ကလေးဟာ မိဘပြောတဲ့စကားကိုလည်း ပိုလေးစားလိုက်နာလာပါတယ်။
၄။ငြင်းဆန်ရမယ့်ကိစ္စမျိုးမှာသတိပေးလိုက်ပါ။
ပထမတစ်ခါ
သင်သတိပေးထားပြီးသားကိစ္စမျိုး၊ ဒါမှမဟုတ် သင်ငြင်းဆန်သင့်တဲ့ ကိစ္စ
မျိုးမှာ မဖြစ်မနေ ငြင်း ဆန်ပါ။ “ဟုတ်ပြီ ဖုန်းသုံးတာကို
ဒီနေ့လုံးဝခွင့်မပြုနိုင်ဘူးလို့ ပြော ထားပြီးသားနော်။ ကြိုတင်ပြောပြထားတာ
ကိုမှသားနားမထောင်ရင်တော့ မေမေဒေါ သထွက်မိမှာပဲ” ကလေးနဲ့ကိုယ်နဲ့
ပဋိပက္ခမဖြစ်ခင် ကြိုတင်သတိပေး ထားလိုက်တာက ကလေးလည်း နားလည်ပါလိမ့်မယ်။
မိခင်ဒေါသမထွက်ခင် မှာကြားထားတာကို လိုက် နာခြင်း က မိခင်ဒေါသကို
ထိန်းပေးမယ်ဆိုတာ သူနားလည်မှာပါ။ အဲလိုမဟုတ်ဘဲ သတိ ပေးတားမြစ်ထားတဲ့ကြားက
လုပ်လာရင်တော့ ကလေးကို သူမှတ်သားထားစေမယ့် အပြစ်တခုခုပေးဖြစ်အောင်ပေးပါ။
ဒါသည် သင့်နဲ့သင့် ကလေးကြားမှာ နားလည်မှု တခုထားရှိတဲ့သဘောပါပဲ။
သင်တားမြစ်သတိပေးထားသားနဲ့ လုပ်မိရင် အပြစ်ခံရ မှာကို သူသိသွားတဲ့အခါ
နောက်အခေါက်တွေမှာ သင်နဲ့ကလေးကြားမှာ အချင်းများစရာမလို တော့ပါဘူး။
၅။ပွေ့ဖက်ပေးပါ။
ကလေးကို
ပွေ့ဖက်ပြီး ချစ်ခင်ကြောင်းပြသခြင်းက ကလေးနဲ့သင့်ကို
ပိုပြီးချစ်ခင်ရင်းနှီး စေနိုင်သလို၊ ကြင်နာ တတ်တဲ့မိခင်တစ်ယောက်ဖြစ်ဖို့
နည်းလမ်းတစ်ခုပါပဲ။ သင့်ကို ကလေးက ချစ်ခင်ရင်းနှီးနေတဲ့အခါ သင့်ကို
ဘာမဆိုရင်ဖွင့်တိုင်ပင်တတ်လာပါတယ်။ အဲဒါကြောင့်ကိုပဲ ကလေးရဲ့အမှန်အမှားကို
သင်က အသေးစိတ်သွန် သင်ဆုံးမ ခွဲခြားပြနိုင်ပါတယ်။ အဲဒါက
သင့်ကလေးရဲ့တစ်ဘဝလုံးအတွက်လိုအပ်တဲ့ အမှားပြုပြင်
ပေးနိုင်မယ့်နည်းလမ်းတစ်ခုပါပဲ။ကလေးကို ရင်အုပ်မကွာ
ပြုစုစောင့်ရှောက်နိုင်တဲ့ အ ရွယ်မှာ ကလေးရဲ့အမှားအမှန်ကို
သင်ခွဲခြားပေးနိင်မှာပါ။ ဒါပေမယ့် ကလေးအရွယ် ရောက်လာတဲ့အခါမှာတော့
သင့်နဲ့သင့်ကလေးဆက်ဆံရေးကို ပိုပြီးခိုင်မြဲစေဖို့ အ ထက်က နည်းလမ်းတွေက
အများကြီးအသုံးဝင်ပါလိ့မ်မယ်နော်။ ကြင်နာတတ်တဲ့မိခင် တစ်ယောက်က
ကလေးရဲ့ဘဝတစ်လျှောက်လုံးကို ကြင်နာစွာဖေးမကူညီခွင့်ရလာပါလိမ့် မယ်။
မိတ်ဆွေများ ကြင်နာတတ်တဲ့မိခင်များဖြစ်အောင် ကျင့်ကြံနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Monday, February 24, 2025
ကြင်နာတတ်တဲ့မိခင်တစ်ယောက်ဖြစ်စေဖို့ နည်းလမ်း ၅သွယ် Food for Thought 728 ဒေါက်တာသိန်းလွင်
Subscribe to:
Post Comments (Atom)
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...
-
ဒီနေ့ “ကြင်နာတတ်သူများမှာတွေ့ရတဲ့ကိုယ်ရည်ကိုယ်သွေးလက္ခဏာများ” အကြောင်းကို Food for Thought 830 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင် ပါမေ...
-
🔖SKC/ERC 2025 Free Training ပညာဒါနသင်တန်း Preschool Lesson Plan Batch - 6 1/1/2025 to 10/1/2025 နေ့စဉ် ည ၈-၁၀နာရီ ❣️ မည်သူမဆိုတက်ရောက်နိ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
No comments:
Post a Comment