ဒီနေ့”
ထိန်းချုပ်လွန်းတဲ့ မိဘတွေကြောင့် ပျက်စီးသွားသောကလေးတို့ရဲ့ဘဝမှာ
ဘာတွေဖြစ်လာနိုင်သလဲ။” ဆိုတာကို Food for Thought 730
အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
ထိန်းချုပ်လွန်းတဲ့ မိဘတွေကြောင့် ပျက်စီးသွားသောကလေးတို့ရဲ့ဘဝမှာ ဘာတွေဖြစ်လာနိုင်သလဲ။
ကလေးကို
အရမ်းထိန်းချုပ်လွန်းတဲ့မိဘတွေဆိုတာက ကလေးရဲ့လှုပ်ရှားတိုင်းကို ကြည့်ပြီး
ဟန့်တားနေတတ် တာမျိုးပေါ့။ ကလေးထိုင်ထိုင်နေလို့၊
ကလေးခုန်နေရင်ခုန်နေလို့၊ ကလေးကပုံဆွဲရင်ဆွဲနေလို့စသဖြင့် ကလေးကို
သူတို့ဖြစ်စေချင်တဲ့အတိုင်း အရမ်းကို ထိန်းချုပ်ဖို့
အမိန့်ပေးပြောဆိုတတ်သူတွေပါပဲ။ အဲဒီလို အထိန်းချုပ် လွန်တဲ့မိဘတွေမှာ
တခါတလေ စိတ်ပိုင်းဆိုင်ရာအားဖြင့် ထိခိုက်အောင် ပြောဆိုတတ်သလို၊ တခါတလေလည်း
သူတို့စိတ်နဲ့မတွေ့တဲ့အခါ ရုပ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်အောင်
ရိုက်နှက်တတ်ကြပါသေးတယ်။
ကလေးဆိုတာ
ကလေးပဲဖြစ်နေတဲ့အတွက်ကြောင့်ကို “ငါတို့ကလေးဘဝတုန်းကသာဆိုရင် ဒါမှမဟုတ်
ငါသာ ကလေးဆိုရင် ဒီလိုတွေး၊ ဒီလိုဆော့မှာပဲ” ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေးနဲ့
ကလေးနေရာကဝင်တွေး တတ်တဲ့ မိဘတွေအတွက်တော့ အလွန်အကျွံ့ထိန်းချုပ်တာမျိုး
မလုပ်မိစေတော့ပါဘူး။ ဒါပေမယ့်အချို့သော မိဘတွေက တော့ သူတို့ကိုယ်တိုင်
ထိန်းချုပ်ခံသားသမီးဘဝကနေ ဆင်းသက်လာတဲ့အတွက် သူတို့ကိုယ်တိုင်တောင်
မသိလိုက်တဲ့အချိန်တွင်းမှာပဲ
သူတို့ကိုယ်တိုင်ထိန်းချုပ်သူမိဘတွေဖြစ်နေစေပါတယ်။ ကလေးတစ်ယောက်အ တွက်
ကလေးတစ်ယောက်လို လွတ်လပ်စွာ ဆော့ကစားခွင့်၊ တွေးတောခွင့်၊ ပြောဆိုခွင့်၊
ဖန်တီးခွင့် မရတော့ ဘူးဆိုရင် ကလေးရဲ့အခွင့် အရေးဆုံးရှုံးခြင်းပါပဲ။
အဲဒီ့အခါ ကလေးရဲ့စိတ်မှာ နာကျင်မှုတွေဖြစ်လာစေနိုင်ပါတယ်။
ဘယ်လိုဆိုးကျိုးတွေဖြစ်လာနိုင်သလဲဆိုတာကိုဖတ်ကြည့်လိုက်ပါအုံးနော်။
၁)အမှားလုပ်မိမှာကြောက်တတ်လာပါတယ်။
များသောအားဖြင့်
သူတို့မိဘတွေ၊ အုပ်ထိန်းသူတွေက သူတို့ကို ထိုင်ဆိုထိုင်၊ ထဆိုထ မိဘတွေ
ဖြစ်စေချင် တဲ့အတိုင်း နေရတာများပြီး
ကလေးသဘာဝအမှားအသေးအဖွဲလေးတွေလုပ်မိရင်တောင် အကြီးအ ကျယ်
အပြစ်တင်တတ်ကြတာမို့ ထိန်းချုပ်လွန်းတဲ့မိဘတွေရဲ့ကလေးတွေဟာ
သူတို့အသစ်အဆန်းတစ်ခုခုကို လုပ်ချင် ရင်တောင် မှားသွားမှာကို
အရမ်းစိုးရိမ်ကြောက်ရွံ့နေတတ်ကြပါတယ်။ အဲဒါကြောင့် အမှားအသေး အဖွဲလေး
လုပ်မိမှာကိုတောင် ကြောက်တတ်ကြပါတယ်။ ကလေးသဘာဝလုပ်မိရင်တောင် မိဘမဆူအောင်
ဖုံးကွယ် လိုက်တာမျိုး၊လိမ်ညာလိုက်တာမျိုးတွေထိဖြစ်လာနိုင်ပါတယ်။
၂)နည်းနည်းလေးမှအမှားမခံတတ်တဲ့ကလေးတွေဖြစ်လာပါတယ်။
တနည်းအားဖြင့်
အမှားလုပ်မိမှာကြောက်တဲ့အတွက်၊ မိဘရဲ့ဆိုးဝါးတဲ့အပြစ်တင်ခံရမှာကို
ကြောက်တဲ့အတွက်ကို အမှားမရှိ၊ အရာအားလုံးမှာ ပြီးပြည့်စုံပြီး perfect
ဖြစ်ချင်တဲ့စိတ်များတဲ့စိတ်ခံစားချက်မျိုးအစွဲကြီးလာပါတယ်။
perfectionisticဖြစ်လာတဲ့အခါအသေးအဖွဲလေးကအစအမှားမခံနိုင်တော့ဘဲ
ပြီးပြည့်စုံအောင်ကောင်းမွန်နေတာ၊
မှန်ကန်နေတာမျိုးတွေကိုသာလိုချင်တဲ့လူမျိုးဖြစ်လာတော့တာပါပဲ။
သဘာဝမကျအောင်အမှားကင်းစေ ချင်တဲ့
စိတ်ဖြစ်လာတဲ့အတွက်အခက်အခဲအမျိုးမျိုးဖြစ်လာပါတော့တယ်။
မလုပ်ရဲမကိုင်ရြဖြစ်ခြင်း၊ လုပ်တဲ့အခါမှာ
လည်းတွန့်ဆုတ်နေတဲ့သဘောဖြစ်နေတတ်ပါတယ်။
၃)အခြားသူကိုလည်းပြန်ပြီးထိန်းချုပ်တတ်လာကြပါတယ်။
ငယ်ငယ်ကတည်းက
သူတို့မြင်တွေ့နေရတဲ့အုပ်ထိန်းသူရဲ့ အကျင့်စရိုက်အတိုင်းပဲ ကလေးတွေက
ဖြစ်လာတာမို့
သူတို့ကိုယ်သူတို့မသိလိုက်ခင်မှာပဲအခြားသူကိုထိန်းချုပ်တတ်သူတွေဖြစ်လာတတ်ပါတယ်။
ကိုယ်တိုင်အလွန် အမင်းထိန်းချုပ်တာခံခဲ့ရတဲ့အတွက် အဲဒီလို
ထိန်းချုပ်တာလုပ်သင့်တဲ့ကိစ္စလို့မြင်လာပြီးအခြားလူတွေအပေါ်မှာ
လည်းထိန်းချုပ်လာတတ်ကြပါတယ်။ ကိုယ်တိုင်မနှစ်သက်ခဲံတာကို
အခြားလူများအပေါ်မှာ ပြန်လည်ပြု လုပ်လာတတ်ကြပါတယ်။
၄)အခြားတစ်ယောက်ကိုမှီခိုတတ်လာပါတယ်။
အရမ်းအမှားမခံဘဲ
ထိန်းချုပ်တတ်တဲ့မိဘတွေက ကလေးရဲ့မှားနိုင်ချေရှိသမျှအခြေအနေတွေတိုင်းကို
သူတို့ ကိုယ်တိုင်ဝင်ဖြေရှင်းပေးသွားတတ်ပါတယ်။ အဲဒီ့အခါက ကလေးက
အမှားလုပ်မိမှာကို ကြောက်တတ်သလို မိဘကိုလည်း အားကိုးတကြီးမှီခိုလာတတ်ပါတယ်။
မြန်မာမိသားစုမှာအများဆုံးတွေ့ရတတ်တဲ့အကျင့်ဖြစ်ပါ တယ်။ တခုခုဆို
မလုပ်နဲ့မှားသွားမယ်၊ မေမေလုပ်ပေးမယ်ဆိုတာမျိုးပေါ့။ ဥပမာ။
ပန်းကန်သယ်ခိုင်းမယ်ဆိုရင် မသယ်နဲ့ကျကွဲမယ်၊ မေမေတို့ပဲသယ်လိုက်မယ်၊
ခုံပေါ်မတက်နဲ့ ခဏခဏပြုတ်ကျမယ်၊ မေမေကိုယ်တိုင် ခုံပေါ်
တင်ပေးမယ်စသဖြင့်ပေါ့။အဲဒီလိုနဲ့ကလေးဟာအခြားတစ်ယောက်ကိုမှီခိုတတ်သူဖြစ်လာပါတယ်။
ကိုယ်တိုင် ကိုယ်အားကိုယ်ကိုးမလုပ်ဆောင်နိုင်ကြတော့ပါဘူး။
၅)စိုးရိမ်ကြောက်လန့်မှုအမြဲလွှမ်းမိုးနေတတ်ပါတယ်။
ကလေးသဘာဝအရ
လုပ်ချင်စိတ်နဲ့လုပ်လိုက်မိရင်တောင် သူတို့မှာ စိုးရိမ်ထိတ်လန့်မှုက
ကြီးစိုးနေတတ်တာမို့
အမြဲထိတ်လန့်နေပါတယ်.။ကလေးပီပီဘာအနှောင့်အဖွဲမှမရှိဘဲမပျော်ရွှင်နိုင်ပါဘူး။
ထိပ်လန့်စိတ်ရှီနေတဲံအတွက် တစ်ခုခုကို
လုပ်မယ်စိတ်ကူးလိုက်ရင်အဲဒီထိပ်လန့်နေတဲ့စိတ်ကြောင့်
ကောင်းစွာမလုပ်ဆောင်ရဲတော့ပါဘူး။
၆)ကိုယ့်ကိုယ်ကိုယ်ထိခိုက်အောင်လုပ်တတ်သူဖြစ်လာပါတယ်။
မိဘတွေက
အမြဲ အမှားလုပ်မိတိုင်းဆူပူတတ်သူမို့ စိတ်ပိုင်းဆိုင်ရာထိခိုက်နေတတ်ပြီး
မိဘက လူညံ့၊ ငတုံး ဒါလေးတောင်အဖြစ်မရှိဘူး
စသဖြင့်ပြောဆိုခြင်းခံနေရတတ်တာမို့ သူတို့ကိုယ်သူတို့ အသုံးမကျသူလိုခံစား
တတ်လာပြီး သူတို့ကိုယ်သူတို့တောင် တန်ဖိုးမထားတတ်တော့ဘဲ
ထိခိုက်နာကျင်အောင်လုပ်မိလာနိုင်ပါတယ်။
မိတ်ဆွေများကလေးများကိုလွန်လွန်ကဲကဲ
ထိန်းချုပ်ခြင်းမပြုလုပ်ဘဲ သူတို့ကိုယ်တိုင် ကိုယ့်အားကိုကိုးလုပ် တတ်
သူများဖြစ်အောင်လေ့ကျင့်ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
No comments:
Post a Comment