
ဒီနေ့” ကလေးကောင်းဖို့ လူကြီးကောင်းတွေလိုပါတယ်” ဆိုတာကို Food for Thought 731 အဖြစ်မျှ ဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
ကလေးကောင်းဖို့ လူကြီးကောင်းတွေလိုပါတယ်
သားသမီးမကောင်းမိဘခေါင်း၊
တပ့မကောင်းဆရာခေါင်း ဆိုတဲ့စကားတွေရှိပါတယ်။ ကလေးတွေကောင်းဖို့ အတွက်
အနီးကပ်သွန်သင်လမ်းပြတဲ့လူကြီးတွေကအရေးကြီးကြောင်းကို
ပြသနေတဲ့စကားများဖြစ်ပါတယ်။ အာဖရိကနိုင်ငံတွေမှာဆိုရင် ကလေး
တွေကောင်းဖို့အတွက် လူမှု အ့အစည်းတစ်ခုလုံးကောင်းဖို့ လိုအပ်ကြောင်း
ဖော်ပြချက်များပင်ရှိပါတယ်။
ကလေးဆိုတာ
အနာဂတ်ဖြစ်ပါတယ်။ တစ်ချို့တွေက အဲဒီအဓိပ္ပါယ်ကို
ကောင်းကောင်းနားမလည်ကြပါဘူး။
အကျင့်စာရိတ္တကောင်းမွန်တဲ့လူလိမ္မာလေးဖြစ်ဖို့ ကလေးဘဝထဲက
သွန်သင်ပေးရပါတယ်။ ကလေးဘဝက ကောင်းမွန်တဲ့အကျင့်တွေ၊
စည်းကမ်းတွေနဲ့သွန်သင်ထားတဲ့ကလေးမှသာ လူကြီးဘဝမှာ ကောင်းမွန်တဲ့လူကြီး
အဖြစ် ရှင်သန်နိုင်မှာပါ။ ထိုကဲ့သို့ ကောင်းမွန်တဲ့လူကြီးကနေမှတဆင့်
ကောင်းမွန်တဲ့ကလေးတွေကို တဖန်ပြန် လည်သွန်သင်လာနိုင်မှာပါ။ အဲဒါကြောင့်
ကလေးဆိုတာ အနာဂတ်ဖြစ်ပါတယ်လို့ပြောရတာပါ။ အနာဂတ်မှာ ပညာတော်၊
စိတ်ထားကောင်း၊ လူပီသစွာတန်ဖိုးရှိအောင်နေတတ်ဖို့ အဖက်ဖက်က
သွန်သင်ပေးရပါမယ်။
အားလုံးနဲ့သက်ဆိုင်ပါတယ်။
ကလေးကိုကောင်းအောင်သွန်သင်ခဲ့ရင်
လူကြီးကောင်းတွေပေါ်ထွက်လာမယ်။ လူကြီးကောင်းတွေကမှ ကလေး
ကောင်းတွေဖြစ်အောင်ထပ်ပြီး သွန်သင်နိုင်ပါလိမ့်မယ်။ လူကြီးကောင်းတွေနဲ့သာ
ဖွဲ့စည်းထားရင် လူ့အဖွဲ့အစည်း မှာ
ဒုစရိုက်သမားတွေနည်းပါးသထက်နည်းပါလာပါလိမ့်မယ်။ အဲဒါမှ
ပျော်ရွှင်စရာကောင်းတဲ့ လူအဖွဲ့အစည်း တစ်ခု၊ စည်းကမ်းရှိ
တိုးတက်တဲ့လူ့အဖွဲ့အစည်းတစ်ခုဖြစ်လာရမှာမဟုတ်ပါလား။ အဲဒါကြောင့် ကလေးတွေကို
ဆိုးသွမ်းသွားစေနိုင်တာလဲ လူကြီးတွေပါပဲ။ ကလေးတွေကို
သူရဲကောင်းဖြစ်လာစေနိုင်တာလဲ လူကြီးတွေပါပဲ။ ကလေးတွေကို ပညာရေးမှာ
ထူးချွန်လာစေနိုင်တာလဲ လူကြီးတွေပါပဲ။ ကလေးတွေကို ပေါ့ပျက်ပျက်ရှင်သန်
လာနိုင်စေတာလဲ လူကြီးတွေပါပဲ။ ကလေးကောင်းမှ လူကြီးကောင်းမှာပါ။
လူကြီးကောင်းမှ ကလေးကောင်းတွေ
ပေါ်ထွက်လာပြီးနောင်အနာဂတ်မှာလူကောင်းသူကောင်းတွေပေါများလာမှာပါ။
တစ်ချို့တွေက
ကလေးအမေတွေသာ ကလေးနဲ့သက်ဆိုင်တာလို့ ထင်နေတတ်ကြပါတယ်။ အဲဒါကမှားပါတယ်။
ကလေးအမေနဲ့အဖေကတော့ ကလေးနဲ့အဓိက သက်ဆိုင်နေတာမှန်ပေမယ့်
ကလေးကြီးပြင်းရာပတ်ဝန်းကျင် ကလည်း ကလေးအပေါ်အကျိုးသက်ရောက်မှုရှိပါတယ်။
ပတ်ဝန်းကျင်မှာ နေ့စဉ်လိုလို မကောင်းတဲ့အကျင့် ဆိုးတွေနဲ့ အယူအဆတွေ၊
အဆိုးမြင်ဝါဒတွေနဲ့ ရှင်သန်လာခဲ့ရတဲ့ကလေးဟာ သူငယ်စဉ်ကတည်းက မကောင်းတဲ့
အမူအကျင့်တွေနဲ့ယဉ်ပါးလာတဲ့အတွက် ကလေးကအတုယူဖို့ မခဲယဉ်းပါဘူး။ ဥပမာ။
ရိုင်းစိုင်းတဲ့ ပတ်ဝန်း ကျင်မှာ နေ့စဉ်ရှင်သန်နေရတဲ့ကလေးကို အမိအဖက
မကောင်းတဲ့အကျင့်စရိုက်က မသင်ယူသင့်ကြောင်း အကျိုးသင့်
အကြောင်းသင့်ပြောပြသွန်သင်ပေးရင် ကလေးက နားလည်သွားတဲ့အခါ သင်ယူတော့မှာ
မဟုတ် တော့ပါဘူး။ အဲဒါကမိဘနဲ့ဆိုင်သလိုပတ်ဝန်းကျင်နဲ့ဆိုင်ပါတယ်။
စာရေးသူတို့
ပတ်ဝန်းကျင်တစ်ချို့မှာ မြင်ဖူးပါတယ်။ ကလေးက မပီတပီနဲ့
လူကြီးဆဲသလိုဆဲတာကို မပြုပြင် မဆုံးမပေးတဲ့အပြင် ထစ်ခနဲဆို
“သားရေ….ဘယ်လိုဆဲမလဲ၊ သားရေ ဆဲလိုက်ပါအုံး” ဆိုတာမျိုးနဲ့ ကလေးကို
မြှောက်ပင့်ပေးပြီး ဆဲခိုင်းတာမျိုး၊ ကလေးက မပီတပီဆဲတာကို
ချစ်စရာကောင်းတယ်ဆိုပြီး လက်ခုပ်လက်ဝါး တီးရယ်မောကြတာဟာ ကလေးကို
နောင်တစ်ချိန်မှာ အဆဲသန်တဲ့လူကြီးတစ်ယောက်ဖြစ်လာအောင် ပျိုးထောင်
ပေးလိုက်တာနဲ့တူပါတယ်။ အဲဒါကြောင့် ကလေးတစ်ယောက်
လူကြီးကောင်းတစ်ယောက်ဖြစ်လာဖို့ဆိုတာ
အမိအဖနဲ့တင်ဆိုင်တာမဟုတ်ဘဲအားလုံးနဲ့သက်ဆိုင်သောကိစ္စဖြစ်ပါတယ်။
ငယ်ရွယ်သေးတဲ့အရွယ်မှာတော့ ဒီလိုမဟုတ်တဲ့ရိုင်းဆိုင်းတဲ့ အပြောအဆိုတွေကို
ကလေးများ အနေနဲ့မကြားသင့်တာတော့အမှန်ပါပဲ။
ကလေးဆိုပြီးမလေးစားဘဲ၊အလေးမထားဘဲမနေသင့်ပါ။
တစ်ချို့သောသူတွေက
ကလေးဆိုတာ မလောက်လေးမလောက်စားမို့ သူတို့ရဲ့အသိဉာဏ်ငါတို့လောက်တောင်
မရှိသေးတာမို့ ဆိုတဲ့အတွေးနဲ့ အလေးမထားဘဲ
စနောက်လှောင်ပြောင်တာမျိုးလုပ်တတ်ကြပါတယ်။ အဲဒါက
တကယ်တော့အရမ်းမှားယွင်းတဲ့အယူအဆဖြစ်ပါတယ်။ ကလေးရဲ့အသိဉာဏ်က
လူကြီးလောက်တောင်မဖွံ့ဖြိုး
သေးလို့အသိဉာဏ်ဖွံ့ဖြိုးပြီးသားလူကြီးတွေကကလေးကိုသင်ပေးရတာပါ။
ကလေးတစ်
ယောက်က သူ့ရဲ့အနီးအနားမှာရှိသမျှ လူကြီးတွေဆီကနေ အကုန်လုံးကို
သင်ယူနေတာပါ။ ကလေး ကောင်းတစ်ယောက်ဖြစ်လာဖို့ ကလေးဘေးမှာနေတဲ့လူကြီးတွေက
လူကြီးကောင်းဖြစ်ဖို့လိုပါတယ်။ အသိပညာ
ဉာဏ်ကြွယ်ဝတဲ့လူကြီးတွေဖြစ်ဖို့လိုပါတယ်။ အဲလိုမဟုတ်ဘဲ
“ကလေးပဲဘာဖြစ်လဲ….ဘာမှမသိသေးတဲ့အရွယ် သင်လို့ မရသေးဘူး။
ကလေးအရွယ်ရိုင်းတာဘာမှမဖြစ်ဘူး။ ကြီးလာမှမရိုင်းဖို့အရေးကြီးတယ်၊ ကြီးလာမှ
ဖြေးဖြေးချင်းသင်မယ်”ဆိုတာမျိုးကလည်းအရမ်းကိုမှားပါတယ်။
ကလေးကို
အလေးထားပြီး သွန်သင်ပါ။ ကလေးကို လူကြီးတစ်ယောက်လို ရိုသေမှ ကလေးဟာလည်း
လူကြီး တွေကို ရိုသေရကောင်းမှန်းသိမှာပါ။ ကလေးကို လေးစားစွာ ဆက်ဆံမှ
ကလေးဟာလည်း လေးစားမှုဆိုတာ ဘာလဲဆိုတာ သိမှာပါ။
ကလေးမို့အလေးမထားတတ်သူတွေများလာရင် လူဆိုးလေးတွေပဲပေါ်ထွက်လာမှာ ပါနော်။
ထို့ကြောင့် အသက်အရွယ်ကို ပဓါနမထားပဲ လူလူအချင်းချင်း ရိုသေရမယ် ဆိုတဲ့
အသိကိုငယ်ငယ် လေးထဲသဦးဆောင်လမ်းပြပြီးသင်ကြားပေးရမှာပဲဖြစ်ပါတယ်။
ကလေးရဲ့စိတ်ဓာတ်ကိုအလေးထားပြီးပျိုးထောင်ပေးပါ။
အလှောင်ခံလိုက်ရတဲ့ကလေးတစ်ယောက်က
နောင်တစ်ချိန်မှာ ဘာမဆို ရှက်ကြောက်ပြီး သူရဲ့ကိုယ်ပိုင် ဉာဏ် ကိုတောင်
ထုတ်မသုံးနိုင်တော့တဲ့ကလေးမျိုးဖြစ်လာနိုင်ပါတယ်။ ကလေးကိုတော့
လူကြီးကချစ်လို့စလိုက် တာ ပါပဲ။ ဒါပေမယ့် ကလေးရဲ့စိတ်ထဲမှာ
သူဖန်တီးထားတဲ့အရာတစ်ခုခုကို လူကြီးတစ်ယောက်လှောင်ပြောင် လိုက်မယ်ဆိုရင်
နောက်ထပ်ဘယ်တော့မှ သူဖန်တီးသမျှကို လူတကာကိုချပြရဲတော့မှာမဟုတ်ပါဘူး။
အဲဒါဆို တီထွင်ဖန်တီးမှုတွေလည်း ထပ်မပေါ်လာနိုင်တော့ပါဘူး။
လှောင်ပြောင်ခြင်းဟာ ကလေးရဲ့ဖန်တီးနိုင်မှုစွမ်းအား တွေကို
သတ်ပြစ်လိုက်တာပါပဲ။ ကလေးအရွယ်မှာ သူစိတ်ထဲကထင်သမျှကို သူဖန်တီးတတ်ပါတယ်။
ကလေးဖန်တီးနိုင်စွမ်းကို
အားပေးအသိအမှတ်ပြုပေးခြင်းဖြင့် နောက်ထပ်နောက်ထပ်သော အသစ်တွေ တီ
ထွင်ဖန်တီးချင်စိတ်ဖြစ်လာမယ်၊ တီထွင်ကြံဆမယ်၊ အဲဒီအတွက်
ကလေးဦးနှောက်ကဖွံ့ဖြိုးလာမယ်။ ကလေး ဦးနှောက်ဖွံ့ဖြိုး လာတဲ့အခါ ကလေးဟာ
ဉာဏ်ရည်ထက်မြက်မယ်၊ မှတ်ဉာဏ်ကောင်းလာမယ်၊ အတန်းမှာ ပညာတော်လာမယ်။
စတဲ့အကျိုးတွေအများကြီးရလာမှာပါ။ ကလေးတော်တဲ့အခါ နောင်တစ်ချိန် လူတော်
လူကောင်းတွေတိုးလာမှာပါ။ အဲဒါကြောင့် ကလေးကို ပညာရေးမှာ တော်စေချင်တဲ့အခါ
ကလေးကို မလှောင် ပြောင်ပါနဲ့၊ ကလေးအတွက်
ဖန်တီးနိုင်စွမ်းတွေတိုးလာပါစေ။အဲဒါကကလေးရဲ့ပညာရေးမှာလည်း အကျိုးရှိနိုင်
ပါတယ်။
ကလေးကိုဘဝမှာတန်ဖိုးရှိစွာနေထိုင်တတ်ဖို့သင်ပေးပါ။
ကလေးတွေကို
အထူးသဖြင့် ကိုယ်ချင်းစာစိတ်ရှိအောင် သင်ပေးသင့်ပါတယ်။
ကိုယ်ချင်းစာစိတ်ရှိတဲ့ ကလေး တစ်ယောက်က သနားခြင်း၊ ကြင်နာခြင်း၊
အကျင့်စရိုက်ပျက်စီးခြင်း၊ အခြားသော ကျင့်ဝတ်တွေကိုပါ ဖောက်
ဖျက်ဖို့ဝန်လေးသွားတတ်ကြပါတယ်။
တစ်ချို့မိဘတွေပြောတာကြားဖူးပါတယ်။
သူများလာ လုပ်ရင်ခံမလာနဲ့၊ ပြန်သာချလာခဲ့ဆိုပြီး သင်ပေးတာ မျိုး ပါ။
ဟုတ်ပါပြီ…..သူများကလေးကို အသားလွတ်လိုက်စပြီး
လိုက်လှောင်ပြောင်တတ်တဲ့ကလေးမျိုးရှိလာလို့ မိမိကလေးကို မခံဘဲ ပြန်ချဖို့
သင်ပေးရတာမဟုတ်လား။ ဘာလို့ အဲလိုအသား လွတ်ရန်စပြီး အနိုင်ကျင့်တတ်
တဲ့ကလေးမျိုးရှိလာရပါသလဲလို့ တွေးကြည့်ပါ။ အဲလိုကလေးမျိုးများလာရင်
ဘယ်လိုဆက်ဖြစ်နိုင်မလဲ။ ကိုယ့် ကလေးကိုတော့ ပြန်မချပါနဲ့လို့
သင်လိုက်ပေမယ့် အခြားမိဘကမသင်ထားလို့ ¬အဲလိုကလေးမျိုး တွေရှိလာ ရပါတယ်လို့
ဖြေစရာဖြစ်လာပါတယ်။ အဲဒါဆိုရင် အဲလိုမိဘမျိုး ကိုယ်တိုင်မဖြစ်ပါစေ
နဲ့လို့ပြော ချင်ပါတယ်။
ကလေးကို
နည်းလမ်းမှန်အောင် သွန်သင်နိုင်တဲ့မိဘတွေများလာမယ်ဆိုရင် အဲလိုမျိုး
အသားလွတ်လိုက်ရန်စ၊ လှောင်ပြောင်တတ်တဲ့ကလေးတွေလည်း နည်းပါးလာမှာအမှန်ပါပဲ။
ကလေးတစ်ယောက်က လူကြီးတစ်ယောက် ဆီက တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝှိုက်ပြီးဖြစ်စေ
သင်ယူတတ်ပါတယ်။ အဲလိုအသား လွတ်လိုက်စ တတ်တဲ့ လူ ကြီးမျိုးဆီက
ကလေးကသင်ယူပြီး သူကိုယ်တိုင်ကောင်းတယ်ထင်လို့ အခြားကလေးကို ပြန်ပြီး လုပ်မိ
တာများပါတယ်။ အဲဒါကြောင့် ကလေးကို စနောက်တတ်တဲ့၊ အထင်သေးတတ်တဲ့လူကြီးတွေ
မဖြစ်ပါစေနဲ့၊ လူကြီးတွေဆီကနေ ကလေးတွေက ကောင်းတဲ့အကျင့်တွေသာ
သင်ယူနိုင်အောင် သွန်သင်ပေးကြပါ။
ကိုယ်မကြိုက်တဲ့ကိစ္စ၊
အမူအကျင့်တစ်ခုကို သူများကို သွားလုပ်ရင်ကော သူများက
ကြိုက်ပါ့မလားဆိုတာကို တွေးတတ်အောင် သင်ပေးပါ။ အဲဒါမှ သူများကို
အသားလွတ်လိုက်စတာမျိုး၊ လှောင်ပြောင်တာမျိုး၊ ရန်စတာ မျိုးတွေ
မဖြစ်တော့မှာပါ။ ပြန်သာချခဲ့လို့ သင်ပေးမယ့်အစား ကိုယ်ချင်းစာစိတ်ရှိအောင်
သင်ပေးခြင်းက အခြားသော ကိစ္စရပ်တွေမှာလည်း ကလေးကို
သွန်သင်ပြီးသားဖြစ်စေပါတယ်။ လူကြီးတွေကိုယ်တိုင်က ကလေး အတုယူနိုင်ဖို့
အကျင့်ကောင်းတွေနဲ့ နေထိုင်ပြခြင်းက ကလေးတွေကို စိတ်ထားကောင်း၊
အကျင့်ကောင်းတဲ့ ကလေးတွေဖြစ်လာစေပါတယ်။
အနာဂတ်အတွက်
သူရဲကောင်းကို လိုချင်လား၊ အနာဂတ်အတွက် လူကောင်းလူလိမ္မာလေးတွေလိုချင်လား။
အနာဂတ်အတွက် လူဆိုးလူမိုက်၊ အနာဂတ်အတွက်
စိတ်ထားမကောင်းသောလူမျိုးကိုလိုချင်လား။ ကိုယ်လို ချင်တဲ့ပုံစံကို
ကလေးတွေကို သွန်သင်ပြသရမှာဖြစ်ပြီး လူကြီးတွေပုံဖော်နေတဲ့အတိုင်း ကလေးဆိုတာ
ဖြစ်လာတာများပါတယ်။
အဲဒါကြောင့်
ကလေးကောင်းဖို့ လူကြီးကောင်းတွေလိုပါတယ်။ လူကြီးကောင်းတွေဖြစ်လာဖို့လည်း
ကလေး ဘဝကစပြီးကောင်းအောင် သွန်သင်ဖို့လိုပါတယ်။ နောင်တစ်ချိန် အနာဂတ်မှာ
အဖက်ဖက်က ကောင်းမွန် တဲ့လူငယ်လေးတွေဖြစ်ပေါ်လာစေချင်ရင်
ခုလက်ရှိကလေးသူငယ်တွေကို ပညာရေးပိုင်း၊ သင်ကြားရေးပိုင်း၊ စိတ်ထားပိုင်း၊
အတတ်ပညာပိုင်း၊ လူ့တန်ဖိုး အစစ အကောင်းဆုံးဖြစ်အောင်
သွန်သင်ပြသပေးဖို့လိုပါတယ်။ ကလေးတစ်ယောက်ကို စိတ်ပိုင်းဆိုင်ရာအရကော ၊
ရုပ်ပိုင်းဆိုင်ရာအရကော သွန်သင်ပေးနိုင်မှ လူတော်လူ
ကောင်းလေးတွေဖြစ်လာနိုင်တာပါ။
မိတ်ဆွေများအားလုံး ကလေးတွေကို လူကြီးကောင်းတွေဖြစ်လာအောင်နမူနာကောင်းပြသွန်သင်ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Monday, February 24, 2025
ကလေးကောင်းဖို့ လူကြီးကောင်းတွေလိုပါတယ် Food for Thought 731 ဒေါက်တာသိန်းလွင်
Subscribe to:
Post Comments (Atom)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
-
ဒီနေ့ “သင်ကြားရေးတွင်သုံးရန် ဆရာများအတွက် လမ်းညွှန် (5E) ပုံစံ”ကို Food for Thought 896 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြ...
-
မူလတန်း P-2 တက်နေတဲ့မြေးမလေးကျောင်းကသင်္ချာပုစ္ဆာတွက်ခိုင်းတဲ့စာရွက်မှာ အပေါင်းအနှုတ် မေးခွန်းကိုစဥ်းစားရာမှာ အ ဆင့် (၄) ဆင့် ပါတဲ့ (၁) ...
No comments:
Post a Comment