ဒီနေ့ “ကယ်ထိုက်တဲ့ဘဝဖြစ်အောင်နေပါ” ဆိုတဲ့အကြောင်းကို Food for Thought 733 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
ကယ်ထိုက်တဲ့ဘဝဖြစ်အောင်နေပါ
လူတစ်ယောက်ဟာသူ့အသက်ကိုဘေးဖြစ်စေနိုင်တဲ့ရေမှာ
ရေစီးနှင့်အတူမျောပါသွားတဲ့ လူငယ်လေး
တစ်ယောက်ကိုအသက်စွန်ပြီးကယ်တင်လိုက်ပါတယ်။ လူငယ်လေးဟာ ရေထဲမြောပါသွားပြီး
ကြောက် လန့်စရာကောင်းတဲ့အတွေ့
အကြုံများမှလွန်မြောက်ပြီးပြန်လည်ကောင်းလာတဲ့အခါ သူ့အသက်ကိုကယ်
တင်ခဲ့တဲ့လူကို “ ကျွန်တော့အသက်ကို ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူး
တင်ပါတယ်ခင်ဗျာ” လို့ ကျေးဇူး တင်စကားပြောလိုက်ပါတယ်။ အဲဒီအချိန်မှာ ကယ်
တင်ခဲ့သူက ကောင်လေးရဲ့မျက်လုံးကိုသေသေ ချာချာစူးစိုက်ကြည့်
လိုက်ပြီးပြောလိုက်တဲ့စကားမှာ “ ကျေးဇူးတင်ကြောင်းပြောတာကြားရလို့ ဝမ်းသာ
ပါတယ်။ ဒါပေမဲ့အရေးကြီးတာကတော့ မင်းအသက်ကို
ကယ်တင်ခံထိုက်သူဖြစ်အောင်ရှင်သန် နေ ထိုင်ဖို့ လိုအပ်ပါတယ်” လို့ဖြစ်ပါတယ်။
ဘဝကိုကယ်တင်ခံထိုက်သူဖြစ်အောင် ဘယ်လိုနေရမလဲဆိုတာကိုကောင်လေးက သူ့အသက်ကိုကယ် လိုက် သူအား ပြန်မေးပါတယ်။
အဲဒီတော့
ကောင်လေးရဲ့အသက်ကိုကယ်တင်လိုက်သူက အောက်ပါအတိုင်းပြန်ဖြေလိုက်ပါတယ်။
“မင်းကိုအကြောင်းပြုပြီး ဘယ်သူမှ စိတ်ဆင်းရဲခြင်း၊
ကိုယ်ဆင်းရဲခြင်းမဖြစ်အောင် မိမိနေထိုင် ပြောဆိုမှုမှာသတိရှိပြီးနေပါ။
မိမိကိုအကြောင်းပြုပြီး အခြားလူတွေကိုယ်စိတ်နှစ်ပါး ချမ်းသာအောင်
တတ်နိုင်သမျှ လုပ်ဆောင်ခြင်းဖြင့် ရှင်သန်နေထိုင်ပါ”
လို့ပြန်ဖြေလိုက်ပါတယ်။
အဲဒီတော့ကောင်လေးက ထပ်မေးပြန်ပါတယ်။ ပတ်ဝန်းကျင်ကကျွန်တော့ကို စိတ်တိုစိတ်ဆိုးအောင် လုပ်နေရင်ကောဘယ်လိုနေရမှာလဲလို့ထပ်မေးပြန်ပါတယ်။
ဒီတော့အသက်ကယ်လိုက်ကသူက
မိမိကိုစိတ်ဆိုးစိတ်တိုအောင်လုပ်နေတဲ့အခါ မိမိက စိတ်ဆိုးစိတ် တိုတယ်ဆိုတာ
ဖြစ်တတ်တဲ့သဘာဝဖြစ်ပါတယ်။ စိတ်ဆိုးစိတ်တိုအောင်လုပ်နေလို့
မိမိကလိုက်ပြီးစိတ် ဆိုးစိတ်တိုနေခြင်းဟာ
မကောင်းသူတွေလုပ်ခိုင်းတဲ့မကောင်းမှုကို ကိုယ်က လိုက်ပြီးသဘောတူလျက်
လုပ်ပေးနေရာရောက်ပါတယ်။ အဲဒီလို
မိမိကိုစိတ်ဆိုးစိတ်တိုအောင်လုပ်နေတာကိုသဘောပေါက်ပြီး
စိတ်မဆိုးအောင်၊စိတ်မတိုအောင်မိမိစိတ်ကိုထိန်း သိမ်းနိုင်ခြင်းကသာ
မိမိမှာကောင်းမြတ်တဲ့အစွမ်းရှိ တာဖြစ်ပါတယ်။ စိတ်မဆိုးစိတ်မတိုတဲ့အတွက်
ဆက်လက်ရန်ပွားစရာလည်းမလိုတော့ပါဘူး။ အဲဒီလို နေနိုင်ခြင်းမှာ
မိမိကိုကယ်တင်ခံထိုက်အောင်အသက်ရှင်နေထိုင်ခြင်းပင်ဖြစ်ပါတယ်လို့ အသက်ကယ်
တင်လိုက်သူလူကြီးက လူငယ်ကိုရှင်းပြလိုက်ပါတယ်။
မိတ်ဆွေများလည်း
ကောင်လေးကိုအသက်ကယ်လိုက်သူလူကြီးရှင်းပြတဲ့အတိုင်း မိမိကိုအကြောင်းပြု
ပြီး သူတစ်ပါးစိတ်ဆင်းရဲခြင်း။ ကိုယ်ဆင်းရဲခြင်းကင်းအောင်နေနိုင်ကြပါစေ။
မိမိကိုအကြောင်းပြုပြီး အခြားသူများစိတ်ချမ်းသာ ကိုယ်ကျန်းမာအောင်
တတ်နိုင်သမျှ အကောင်းဆုံးအထောက်အကူပြု နိုင်အောင်နေနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
No comments:
Post a Comment