Monday, February 24, 2025

ထိရောက်စွာဆက်သွယ်ပြောဆိုနိုင်ရန် လိုအပ်တဲ့စီ (၇) လုံး Food for Thought 734 ဒေါက်တာသိန်းလွင်

 May be a graphic of text

ဒီနေ့မှာ“ထိရောက်စွာဆက်သွယ်ပြောဆိုနိုင်ရန်လိုအပ်တဲ့စီ (၇) လုံး” အကြောင်း ကို လူတိုင်းကောင်းစွာအသုံးပြုနိုင်စေရန် Food for Thought 734 အဖြစ်မျှဝေလိုက်ပါ တယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်


ထိရောက်စွာဆက်သွယ်ပြောဆိုနိုင်ရန် လိုအပ်တဲ့စီ (၇) လုံး

သင်လိုအပ်တဲ့ခွင့်တောင်းခံတဲ့ကိစ္စကို သင့်မန်နေဂျာက ငြင်းပယ်လိုက်တာကိုခံရဘူးပါ သလား။ ဘာကြောင့် လို့ထင်ပါသလဲ။ အဲဒီလိုဖြစ်ရတာကတော့ သင့်တင်ပြလိုတဲ့ အချက်ကို ထိ ရောက်အောင် ရှင်းလင်းစွာမတင်ပြနိုင်တဲ့အတွက်ဖြစ်ပါတယ်။ ဒါကြောင့် လူတွေနှင့် ဆက်သွယ်ပြောဆိုတဲ့အခါမှာ မှန်ကန်ထိရောက်တဲ့ပြောဆိုတဲ့ကျွမ်းကျင်မှုများ လိုအပ်ပါတယ်။ စီ (၇) လုံးကိုကိုယ်စားပြုတဲ့အပြန်အလှန် ပြောဆိုဆက်သွယ်နည်းကို လိုက်နာရင် မိမိပြောလိုတာကို ထိရောက်စွာပြောနိုင်မှာဖြစ်ပါတယ်။

The Pyramid Principle မူအရအရေးအကြီးဆုံးအချက်များကိုအရင်ဆုံးပြောရန် လိုအပ် ပါတယ်။ ပြီးတော့ မှ ထိုအရေးကြီးတဲ့အချက်ကို အထောက်အကူပေးတဲ့ အချက် များကို ဆက်လက်တင်ပြရန် လိုအပ်ပါတယ်။

အောက်ဘက်မှာ ထိရောက်စွာဆက်သွယ်ပြောဆိုနိုင်ရန် လိုအပ်တဲ့စီ (၇) လုံးကို နမူနာ များ ပေးပြီးဆွေးနွေးတင်ပြထားပါတယ်။ ပြောဆိုနည်းတတ်ရင် လူတွေရဲ့ပုဂ္ဂိုလ်ရေး ဘဝနဲ့ အသက်မွေးဝမ်းကျောင်းမှု ဘဝတွေမှာ အလွန်းအား ကောင်းတဲ့စွမ်းအားဖြစ်စေ ပါတယ်။ အဲဒီလိုပြောရင် ဆက်သွယ်ပြောဆိုနေသူကို ဆွဲဆောင်နိုင်စေပါတယ်။ အမြင် ပြောင်း လာအောင် ဖန်တီးပေးနိုင်ပါတယ်။

၁။ ပြည့်စုံမှုရှိခြင်း (Completeness)

အပြန်အလှန်ပြောဆိုနေသူကမိမိပြောတဲ့စကားကို ကောင်းစွာနားမလည်သူဖြစ်နိုင်ပါ တယ်။ အဲဒီလိုအဖြစ်မျိုးက နေ့စဥ်ဘဝမှာကြုံတတ်ပါတယ်။ အပြန်အလှန်စကားတွေ ပြောရင်း ပြောတဲ့အကြောင်းအရာတွေက တစ်ခုမှအခြားတစ်ခုသို့ပြောင်းပြောင်းသွား တတ်ပါတယ်။ အဲဒီအခါမှာ ပြောခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်တဲ့သတင်းစကား တွေ က မပြီးပြတ်ဘဲကျန်နေတတ်ပါတယ်။

ဒါကြောင့် တစ်ယောက်ယောက်နှင့် အပြန်အလှန်စကားပြောတဲ့အခါမှာ ပေးလိုက်တဲ့ သ တင်းစကားမှာပြည့်စုံတဲ့သတင်းစကားဖြစ်ရန် လိုအပ်ပါတယ်။ အဲဒီသတင်းစကားကို အ ထောက်အကူဖြစ်စေတဲ့အချက်အလက်များနှင့်ရှင်းလင်းချက်များပါရန် လိုအပ်ပါတယ်။

၂။ တိကျမှုရှိခြင်း (Concreteness)

တိကျမှုရှိပြီး ခိုင်မာတဲ့ သတင်းအချက်ဆိုတာ မိမိဆက်သွယ်ပြောဆိုသူတွေနှင့် ထိ ရောက်စွာဆက်သွယ်မှုကိုဖြစ်စေပါတယ်။ ပြောဆိုဆက်သွယ်နေသူများအနေဖြင့် မိမိ ပြောဆိုချက်ကို ကောင်းစွာနားလည်သွားစေပါတယ်။ မိမိပြောဆိုချက်ကို ဆက်သွယ် ပြောဆိုနေသူများကောင်းစွာရှင်းရှင်းလင်းလင်းလွယ်ကူစွာနားလည်သွားစေရန်မိမိပြောဆိုချက်တွင် ဝေဝေဝါးဝါးပြောဆိုချက်မျိုးတွေမပါပါစေနဲ့။

၃။ ယဥ်ကျေးရည်မွန်စွာလေးလေးစာစားပြောခြင်း (Courteous)

မိမိအနေဖြင့် ပြောနေတဲ့သတင်းစကားကိုပေးနေတဲ့အခါမှာ နားထောင်နေသူရဲ့စိတ်ခံစား နေရမှုနှင့် ရှုထောင့်အမြင်များကို ထည့်သွင်းစဥ်းစားပါ။ အဲဒီလိုပြောဆိုပြီး သင့်ပြောဆို ချက်က ဘယ်လောက်အောင်မြင်သလဲဆိုတာ နားထောင်သူတွေ ဘယ်လောက်နား လည် သွားသလဲဆိုတဲ့အချက်ဖြင့် တိုင်းတာအကဲဖြတ်မှာဖြစ်ပါတယ်။

၄။ ကျစ်လစ်ပြီးလိုရင်းတိုရှင်းရောက်မှု (Concise)

အပြန်အလှန်စကားတွေပြောကြတဲ့အခါမှာပြောနေတဲ့အကြောင်းအရာအပေါ် နစ်မြောပါ သွားပြီး ပြောနေတဲ့အချိန်တွေလိုအပ်တာထက် ပိုကြာရှည်သွားတတ်ကြပါတယ်။ အဲဒီ လိုမဖြစ်အောင် ပေးချင်းတဲ့သတင်းစကားကို ကျစ်လစ်ပြီးလိုရင်းတိုရှင်းဖြစ် အောင် စီ စဥ်ပါ။ ဒါမှနားထောင်သူအနေဖြင့်ရှင်းလင်းလွယ်ကူစွာနားလည်မှာဖြစ်ပါတယ်။ ပေးတဲ့ သတင်းစကားက တိုပြီးပြည့်စုံမှုရှိရန်အရေးကြီးပါတယ်။

၅။ နားထောင်နေသူကိုထည့်သွင်းစဥ်းစားပေးမှု (Consideration)

သင့်အနေဖြင့် အစည်းအဝေးတက်စဥ်ပြောဆိုဆွေး‌နွေး ချက်များကရှည်လျားလွန်းတဲ့ အတွက် စိတ်မဝင်စားတော့ဘဲပျင်းလာတာမျိုး၊ အစည်းအဝေးခန်းမှအပြင်ဘက်သို့ ထွက်သွားချင်တဲ့စိတ်မျိုးဖြစ်လာတာမျိုး ခံစားဘူးပါသလား။ ထိရောက်စွာပြောဆို တတ် သူဆိုတာ နားထောင်သူများစိတ်ပါဝင်စားပြီး ပေးနေတဲ့သတင်းစကားကိုကောင်းစွာ နား လည်အောင် ပြောဆိုနိုင်ခြင်းပင်ဖြစ်ပါတယ်။ အဲဒီလို ပရိတ်သတ်အနေဖြင့် ပြော နေတဲ့ သတင်းစကားကိုစိတ်ဝင်စားပြီးကောင်းစွာနားလည်သွားစေရန်အတတ်ပညာပိုင်း ဆိုင်ရာ ဗဟုသုတ၊ ပညာအဆင့်အတန်းနှင့် လုပ်ဆောင်နေတဲ့လုပ်ငန်းမှာစိတ်ဝင်စားမှုတို့မှာ အရေးကြီးပါတယ်။

၆။ ပြောဆိုတဲ့အကြောင်းအရာမှန်ကန်မှု (Correctness)

မိမိပြောဆိုမည့်အချက်အလက်မှားမှန်ကန်မှုရှိအောင် မပြောခင် သေချာပြန်လည်စစ် ဆေးရန်လိုအပ်ပါတယ်။ တကယ်လို့ပြောနေတဲ့အချက်အလက်တွေက မှန်ကန်ခြင်း မရှိဘူးဆိုရင် ဖြစ်စေလိုတဲ့ထိရောက်မှု အကျိုးသက်ရောက်မှုဖြစ်စေမှာမဟုတ်ပါဘူး။ နမူနာအားဖြင့် လူမှုကွန်ယက်မှာတင်ထားတဲ့သတင်းတုသတင်းမှားများဟာ မဟုတ်မမှန် ဘဲ ဖတ်မိသူလူထုအတွက် စိတ်ပူပင်သောကရောက်တာမျိုးတာဖြစ်စေတတ်ပါတယ်။ သတင်းအချက်အလက်မှန်ကန်ရေး၊ စာလုံးပေါင်းမှန်ကန်ရေး သဒ္ဒါအထားအသိုမှန်ကန် ရေးတို့မှာလည်းအရေးကြီးပါတယ်။

၇။ ရှင်းလင်းမှုရှိခြင်း ( Clarity)

သင်တင်ပြပြောဆိုတဲ့အခါ အထက်မှာဖော်ပြခဲ့တဲ့ စီ (၆) လုံးနှင့် ကိုက်ညီအောင် ကြိုးစား ပြောပေမဲ့ သင့်ပြောဆိုချက်မှာ ရှင်းလင်းမှုမရှိဘူးဆိုရင် သင်ပေးချင်တဲ့သတင်းစကားက အားကောင်းတဲ့အကျိုးသက်ရောက်မှုကိုဖြစ်စေမှာမဟုတ်ပါဘူး။ ဒါကြောင့်အား ကောင်း တဲ့အကျိုးသက်ရောက်မှုဖြစ်စေရန် ပြောမဲ့အကြောင်းအရာကိုရှင်းလင်းမှုရှိ အောင် ပြင်ဆင်ရန်အထူးလိုအပ်ပါတယ်။

စကားပြောဆိုမှုနှင့်ပတ်သက်ပြီး မြတ်ဗုဒ္ဓကလည်း အောက်ပါအချက် (၅)ချက်နှင့်အညီ ရှီရန် လမ်းညွှန်ခဲံတာကိုလည်း မျှဝေလိုက်ပါတယ်။

၁။ ဟုတ်မှတ်တဲ့အချက်ဖြစ်ရန် လိုအပ်ခြင်း
၂။ မိမိသူတစ်ပါးနှစ်ဦးသားအတွက်အကျိုးိ့စကားဖြစ်ခြင်း
၃။ အချိန်အခါကိုြည့် ပြီးသင့်တဲ့အချိန်မှပြောဆိုခြင်း (ဒီအချက်ကအလွန်အရေးကြီးပါတယ်)
၄။ ပြောဆိုတဲ့အခါ မေတ္တာဖြင့် ယှဥ်ပြီးပြောဆိုခြင်းနှင့်
၅။ စကားကို သိမ်မွေ့စွာပြောဆိုခြင်းတို့ဖြစ်ပါတယ်။
(အချုပ်အားဖြင့် မှတ်ရန်မှာ စကားပြောရာတွင် - ဟုတ်မှန်ကျိုးရှိ၊ ချိန်ခါသိ၊ မေတ္တာနှင့်ယှဥ်ကာ၊ သိမ်မွေ့စွာအစဥ်အမြဲပြောဆိုပါ။)

မိတ်ဆွေများစကားကိုကောင်းစွာအကျိုးရှိရှိ ပြောဆိုနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...