ဒီနေ့မြတ်စွာဘုရားကသားတော်ရာဟုလာကို
လိမ်ညာပြောခြင်းနှင့် ကိုယ် ကျင့်တရား တို့ဆက်စပ်နေပုံကို Food for
Thought 736 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
မြတ်စွာဘုရားက သားတော်ရာဟုလာကိုလိမ်ညာမပြောရန်ဆုံးမပုံ (မုသာဝါဒ)
မြတ်စွာဘုရားက
ရာဟုလာကိုခေါ်တယ်၊ ရာဟုလာ ငါနဲ့လိုက်ခဲ့ဆိုပြီး ခေါ်သွားတယ်၊
မြတ်စွာဘုရားက ခြေဆေးတဲ့နေရာမှာထိုင်ပြီး ခြေဆေးဖို့ခပ်ထားတဲ့ ရေအိုးထဲက
ခွက်ကလေးနဲ့ ရေခပ်ယူလိုက်တယ်၊ ခပ်ယူ ပြီးတဲ့အခါ ရေကလေးကို တစ်၀က်သွန်ပြီး
မြတ်စွာဘုရားက မေးတယ်
"ရာဟုလာတွေ့လား ဟောဒီမှာ ရေခွက်ထဲမှာ ရေတစ်၀က်ပဲ ရှိတယ် တွေ့လား" ဆိုတော့
"တွေ့ပါတယ် ဘုရား" တဲ့၊
"လောကမှာ လိမ်ပြောတတ်တဲ့လူဆိုတာ ကိုယ်ကျင့်တရား ပြည့်ပြည့်၀၀ မရှိဘူး" တဲ့၊
ကိုယ်ကျင့်တရားဟာ မပြည့်၀ဘူးပေါ့၊
"ဒီခွက်ထဲကရေတွေ မပြည့်သလိုပဲ လိမ်တတ်ပြီဆိုရင် မင်း ကိုယ်ကျင့်တရားတွေ မပြည့်နိုင်ဘူး" တဲ့။
အဲဒီလို
ကလေးငယ်နားလည်တဲ့ စကားလုံးသုံးပြီး ရှင်းပြတယ်။
ပြောဆိုတဲ့စကားကိုနားလည်အောင် ရေခွက်နဲ့ရေကိုလည်း သုံးပါတယ်။ မြတ်စွာဘုရားက
ခွက်ထဲကရေတွေကို သွန်လိုက်တယ်၊
"ရာဟုလာ ဟောဒီခွက်ထဲမှာ ရေတွေရှိသေးလား"
"မရှိတော့ဘူး ဘုရား"
ရေတွေ သွန်လိုက်တယ်၊
"အေး အဲဒီလို သွန်လိုက်သလိုပဲ လိမ်ပြောတဲ့ ပုဂ္ဂိုလ်ဟာ ကိုယ်ကျင့်တရားတွေကို အကုန်လုံး စွန့်ပစ် လိုက်တာနဲ့ အတူတူပဲ" တဲ့။
မြတ်စွာဘုရားက ခွက်ကို မှောက်ပြီးတော့ မေးတယ်၊
"ရာဟုလာ တွေ့လား ငါခွက်ကလေးကို မှောက်ထားတာ၊ အဲဒီ ခွက်ကလေး
မှောက်လိုက်သလိုပဲ လိမ်ပြောတတ်တဲ့ ပုဂ္ဂိုလ်ရဲ့ အကျင့်တရားတွေဟာ
အကုန်လုံးဇောက်ထိုးပဲ၊ ဘာမှမရှိတော့ ဘူးပေါ့၊ အကျင့်တရားတွေကို
အကုန်လုံးမှောက်ပစ်လိုက်တာနဲ့ အတူတူပဲ" တဲ့။
နောက်တခါ မြတ်စွာဘုရားက ခွက်ကလေးကို ပြန်လှန်လိုက်တယ်၊
"ဟောဒီခွက်ထဲမှာ
ဘာရှိလဲ ဘာမှမရှိဘူး၊ အေးခွက်ထဲမှာ ဘာမှမရှိသလိုပဲ လိမ်ပြောတတ်တဲ့
ပုဂ္ဂိုလ် သန္တာန်မှာ ကိုယ်ကျင့်တရားဆိုတာ ဘာမှမရှိဘူးတဲ့၊ ဒါကြောင့်
ရယ်စရာ အနေနဲ့တောင် လိမ်တာဟာ အင်မတန်အပြစ်ကြီးတယ်"
ကဲ
ဘုရားဆုံးမတဲ့ စကားနဲ့ ဒီကနေ့ ခေတ်ပြောနေကြတာတွေနဲ့ ဘယ်လိုများ
ကွာခြားနေကြလဲ၊ ဒီကနေ့ ခေတ်ကြတော့ အေး "မုသားမပါ လင်္ကာမချော" တဲ့နော်၊
လင်္ကာချောအောင် မုသားလေး ထည့်ထည့်ပြီး တော့ ပြောနေကြရတာ။ မြတ်စွာဘုရားက
ကြည့် - လိမ်ပြောတတ်လို့ ရှိရင်တဲ့ ဘာမှ ကိုယ်ကျင့် တရားမရှိ တော့ဘူးလို့
ဒီလိုကို ဟောထားတာ၊ လိမ်မှာ စိုးလို့နော်။
လိမ်ပြောတတ်တဲ့ပုဂ္ဂိုလ်
မလုပ်တဲ့ အကုသိုလ်မရှိဘူး၊ သူ အကုန်လုပ်မယ်လို့ ပြောတာနော်၊ ဒါ လိမ်ခြင်း
ရဲ့ အပြစ်ကိုပြောတ၊ မုသားစကားပြောပြီ ဆိုမှတော့ ကျန်တဲ့ အကုသိုလ်တွေလည်း
သူလုပ်မှာဘဲတဲ့၊ ဒါပြော တာ၊ ဘာဖြစ်လို့တုန်းဆိုတော့ ကြည့်လေ ဘာလုပ်လုပ်
လိမ်လိုက်ရင် ပြီးသွားတာကိုး။ အဲတော့ လုပ်ဖို့ရာ အတွက် ဘာမှ ၀န်မလေးတော့ဘူး
လို့ပြောတာ။
ဒါကြောင့်မို့
ရာဟုလာကို မြတ်စွာဘုရားက လိမ်ပြောတဲ့ အပြစ်မျိုးတွေ ဖြစ်မှာစိုးလို့
မလိမ်ရအောင် သား တော်လေးကိုသေချာနားလည်အောင် ပြောပြတယ်၊ ပြီးတော့ ပြီးတော့
စိတ်ထဲမှာ စွဲသွားအောင် ရေခွက် ထဲမှရေကို အနည်းငယ်သွန်ခြင်း၊
အားလုံးသွန်ခြင်း၊ မှောက်ပြခြင်းများ ကို မြင်သာအောင် ပြုလုပ်ပြသ
သင်ကြားပေးပါတယ်။ အကြားနှင့်အမြင်အာရုံနှစ်ခုကိုသုံးပြီးရှင်းပြပါတယ်။
စကားပြောတဲ့အခါမှာလည်း
ပြောမဲ့စကားကို အကျိုးရှိတဲ့စကားဟုတ်သလားဆိုတာကိုဆင်ခြင်ဖို့ မြတ်စွာ
ဘုရားက သားတော်ရာဟုလာကိုဆင်ခြင်စဥ်းစားရန် လ်အပ်ကြောင်း၊
ပြောနေတဲ့အချိန်မှာပင် ပြောနေတာ
ကိုခဏလေးရပ်ပြီးမိမိပြောနေတာတွေကအကျိုးရှိတာမှန်သလားဆိုတာကို
စဥ်းစားဆင်ခြင်ရန်လိုအပ် ကြောင်းနှင့်
ပြောဆိုပြီးသွားတဲ့အခါမှာလည်းမိမိပြောဆိုခဲ့တဲ့စကားတွေဟာအကျိုးရှိတဲ့စကားတွေဟုတ်
သလား ဆိုတာကိုပြန်လည်ဆင်ခြင်ရန် လို အပ်ကြောင်း ဆုံးမခဲ့ပါတယ်။
မိတ်ဆွေမိဘဆရာများအနေဖြင့် ကလေးတွေမှန်တာကိုပြောတတ်အောင် ရိုးရှင်းလွယ်ကူတဲ့နည်းဖြင့် လမ်းပြသွန်သင်ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Monday, February 24, 2025
မြတ်စွာဘုရားက သားတော်ရာဟုလာကိုလိမ်ညာမပြောရန်ဆုံးမပုံ (မုသာဝါဒ) Food for Thought 736 ဒေါက်တာသိန်းလွင်
Subscribe to:
Post Comments (Atom)
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...
-
ဒီနေ့ “ကြင်နာတတ်သူများမှာတွေ့ရတဲ့ကိုယ်ရည်ကိုယ်သွေးလက္ခဏာများ” အကြောင်းကို Food for Thought 830 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင် ပါမေ...
-
🔖SKC/ERC 2025 Free Training ပညာဒါနသင်တန်း Preschool Lesson Plan Batch - 6 1/1/2025 to 10/1/2025 နေ့စဉ် ည ၈-၁၀နာရီ ❣️ မည်သူမဆိုတက်ရောက်နိ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
No comments:
Post a Comment