
ဒီနေ့မိဘများအနေဖြင့်
“ကလေးတွေကိုထိရောက်စွာသွန်သင်လမ်းပြစည်းကမ်းသင်ပေးခြင်း” အကြောင်းကို Food
for Thought 737 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
ကလေးတွေကိုထိရောက်စွာသွန်သင်လမ်းပြစည်းကမ်းသင်ပေးခြင်း
ကလေးတွေကိုထိရောက်စွာသွန်သင်လမ်းပြစည်းကမ်းသင်ပေးခြင်းအကြောင်းကိုမျှဝေပေးဖြစ်စေတဲ့အကြောင်းရှိပါတယ်။
မနေ့က မြေးလေးရဲ့ကျောင်းကိုမရောက်တာကြာပြီဖြစ်တဲ့အတွက် လိုအပ်ရင်ကြိုပို့
လုပ်တဲ့အခါ အဆင် ပြေရန်ဆိုတဲ့ရည်ရွယ်ချက်ခြင့် သွားကြည့်ခဲ့ပါတယ်။
အရင်ကကျောင်းကိုရောက်ခဲ့ပေမဲ့မိဘတွေအတွက် သတိ ပေးထားတဲ့စာမတွေ့မိခဲ့ပါဘူး။
ကလေးတွေလမ်း ဖြတ်ကူးရင် ဘယ်လိုသတိထားကူးရန် လိုအပ်ကြောင်း၊ ပညာ
ထူးချွန်တဲ့ကလေးတွေအကြောင်း အသိပေးထားတာတွေသာတွေ့မိပါတယ်။ မနေ့ကတော့
မိဘတွေအနေ ဖြင့် စံ နမူနာကောင်း ပြသရန်
သတိပေးဆိုင်းဘုတ်ကြီးကိုရေးထားတာတွေ့ခဲ့တော့ မိဘတွေအနေဖြင့် ဘယ်လိုစံ နမူ
နာပြသင့်ကြောင်း
ဆောင်းပါးလေးတစ်ခုရေးရရင်ကောင်းမယ်လို့စိတ်ကူးပေါက်ပြီးဒီဆောင်းပါးကိုမျှဝေလိုက်
တာဖြစ်ပါတယ်။
ကလေးတွေကိုထိရောက်စွာသွန်သင်လမ်းပြစည်းကမ်းသင်ပေးခြင်း
မိဘများအနေဖြင့်
ကလေးတွေကိုထိရောက်စွာသွန်သင်လမ်းပြစည်းကမ်းသင်ပေးခြင်းပြုလုပ်တဲ့အခါမှာ
အောက်ပါအချက်များကို အထူးသတိထားလျက် ဆုံးမသွန်းသင်လေ့ကျင့်ပေးရန်
လိုအပ်ပါတယ်။
၁။ မိဘအနေဖြင့် တည်တည်ငြိမ်ငြိမ်ရှိပါ။ ဆူတာအော်တာတွေမလုပ်ပါနဲ့။
၂။ ကလေးနားလည်အောင်ရှင်းပြတဲ့အခါ ရိုးရှင်းတဲ့စကားဖြင့် ကျိုးကြောင်းပြရှင်းပြပါ။
၃။ ကလေးတွေကိုယ်ချင်းစာနာပြီးသူတို့နေရာမှမြင်သလိုမြင်နိုင်အောင် ဝင်ကြည့်ပါ။
၄။
ကလေးရဲ့မသင့်တဲ့လုပ်ဆောင်မှုအတွက်ငြင်သာတဲ့နောက်ဆက်တွဲအကျိုးဆက်ကိုခံစေတာမျိုး
ဥပမာ အချိုပွဲမစားရတာမျိုး၊ တစ်ယောက်တည်းထားပြီး မိမိလုပ်ရပ်ကို
ပြန်စဥ်းစားခိုင်းတာမျိုးပြုလုပ်ခိုင်းပါ။
၅။ စံနမူနာကောင်းပြပြီးဦးဆောင်လမ်းပြပါ။
၆။ မိမိရဲ့ခံစားမှုများကိုဖော်ပြပြီး ကလေးတွေရဲ့ခံစားမှုများကိုလည်းနားလည်အောင်ကြိုးစားပါ။
၇။ အကန့်အသတ်၊ ဘောင်၊ စည်းကမ်းများကို ထိုက်သင့်သလို သတ်မှတ်ပေးပါ။ သတ်မှတ်ပေးထားတာတွေကို ကလေးတွေသေချာသိနားလည်အောင် ရှင်းပြပါ။
၈။ ကလေးတွေလုပ်ကိုင်ရင်းမှားသွားတဲ့အခါ နောက်တစ်ကြိမ် ထပ်လုပ်ဆောင်ခွင့် ပေးပါ။
၉။ မိဘနှင့်ကလေး သဘောတူညီချက်ရအောင်ညှိနှိုင်းယူပါ။
၁၀။ အပြစ်ပေးအရေးယူခြင်းအစား လုပ်တတ်အောင်လမ်းပြသင်ပေးပါ။
၁၁။ ဘယ်လို လုပ်ဆောင်ရတယ်ဆိုတာကို လက်တွေ့လုပ်ဆောင်ပြပါ။
၁၂။ ကလေးတွေသူတို့လုပ်မိတဲ့အမှားတွေမှ သင်ယူပါစေ။
၁၃။ ကလေးတွေကို သတိပေးတဲ့အခါ ရိုးရှင်းတဲ့စကားလုံးနည်းနည်းနှင့် သဲလွန်စကိုသုံးပါ။
၁၄။ ကလေးကိုအခြားကလေးများနှင့် ဘယ်တော့မှမနှိုင်းယှဥ်ပါနှင့်။
၁၅။ ကလေးတွေပြောတာကိုကောင်းကောင်းနားထောင်ပြီး အားကောင်းတဲ့အပြန်အလှန်ဆက်သွယ်မှုကို ထူထောင်ထားပါ။
မိတ်ဆွေများ သားသမီးများကိုအကောင်းဆုံးစံနမူနာပြပြီး လေ့ကျင့် ပျိုးထောင်ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Monday, February 24, 2025
ကလေးတွေကိုထိရောက်စွာသွန်သင်လမ်းပြစည်းကမ်းသင်ပေးခြင်း Food for Thought 737 ဒေါက်တာသိန်းလွင်
Subscribe to:
Post Comments (Atom)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
-
ဒီနေ့ “သင်ကြားရေးတွင်သုံးရန် ဆရာများအတွက် လမ်းညွှန် (5E) ပုံစံ”ကို Food for Thought 896 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြ...
-
မူလတန်း P-2 တက်နေတဲ့မြေးမလေးကျောင်းကသင်္ချာပုစ္ဆာတွက်ခိုင်းတဲ့စာရွက်မှာ အပေါင်းအနှုတ် မေးခွန်းကိုစဥ်းစားရာမှာ အ ဆင့် (၄) ဆင့် ပါတဲ့ (၁) ...
No comments:
Post a Comment