Monday, February 24, 2025

ကိုယ်ချင်းစာတရားရှိပါ။ Food for Thought 738 ဒေါက်တာသိန်းလွင်

 No photo description available.

ဒီနေ့ဗုဒ္ဓ ၏အဆုံးအမများမှ “ကိုယ်ချင်းစာတရားရှိပါ” ဆိုတာကို Food for Thought 738 အဖြစ်မျှဝေလိုက်ပါတယ်။ ကံ (၃) ပါးလုပ်ဆောင်ရာမှာ ကိုယ်ချင်းစာတရား လက်ကိုင်ထားခြင်းဖြင့် မိမိသူတစ်ပါး ကိုယ်စိတ်နှစ်ဖြာချမ်းသားမှုကိုဖြစ်စေရန်ရည်ရွယ် ခြင်း ဖြစ်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်


ကိုယ်ချင်းစာတရားရှိပါ။

လောကမှာ လူတော်လူကောင်းဖြစ်ဖို့ဆိုရင်...
၁။ ကိုယ်ချင်းစာတရား ရှိဖို့
၂။ ကံ၊ကံ၏အကျိုးကို ယုံကြည်ဖို့အဲ့ဒီ (၂) ခုဟာ အရေးပါတယ်။လူတွေဟာ အရာရာမှာ ကိုယ်ချင်းစာတတ်ပြီဆိုရင် မကောင်းတာတွေ လုပ်မှာမဟုတ် ဘူး။မိမိမကြိုက်တဲ့အရာ ကို သူတပါးကို ပြုလုပ်ကြမှာ မဟုတ်တော့ဘူး။ကိုယ်ချင်းစာ ဆိုတာ ဘယ်အ ရာပဲ ဖြစ်ဖြစ်ကိုယ်ကြိုက်ခြင်း၊ မကြိုက်ခြင်း အပေါ်အခြေခံပြီးတဖက်သားပေါ်ကို စာနာထောက် ထားခြင်း စဥ်းစားခြင်းကိုဆိုလိုပါတယ်။

ဆင်းရဲဒုက္ခကို လူတိုင်းက ရွံမုန်းကြတယ်။ချမ်းသာတာကို လူတိုင်းနှစ်သက်တယ်။ကိုယ် က ဆင်းရဲတာကို မနှစ်သက်ဘူးဆိုရင် သူများဆင်းရဲဒုက္ခ ရောက်အောင် မလုပ် တော့ ဘူး။ ဒါကိုယ်ချင်းစာတတ်တယ်လို့ခေါ်ပါတယ်။ကိုယ်မကြိုက်တာကို သူများကို လုပ်တာ ကိုယ်ချင်းစာ တရားမရှိလို့ဖြစ်တယ်လို့ကိုယ်ကိုယ်တိုင်က ခံယူချက်ရှိရမယ်။ကောင်း တာ လုပ်ရင် ကောင်းကျိုးချမ်းသာ ရမယ်။ကံ ကံ အကျိုးကို ယုံကြည်လက်ခံ ရမယ်။

မြတ်စွာဘုရား ကောသလတိုင်းမှာ ဟောကြားခဲ့သောတရားတော် ဖြစ်တယ်။မြတ်စွာ ဘုရားရဲ့တရားတော်တွေဟာ စ၊လယ်၊ဆုံး ပြည့်စုံကောင်းမွန်တယ်။ ဒီဘဝ၊နောင်ဘဝ ချမ်းသာစေမည့်တရားကိုဟောပေးပါလို့မြတ်စွာဘုရားကိုလျှောက်ထားကြတယ်။

လူအများစုရဲ့ ဆန္ဒကချမ်းချမ်းသာသာနေချင်ကြတယ်။ မနေရလို့ သေတဲ့အခါ ကောင်းရာ သုကတိဘုံရောက်ချင်တယ်။ ဒီဘဝ၊နောင်ဘဝ ချမ်းသာစေရန်ကိုယ်ချင်းစာတရားပဲ နား စိုက်ပြီးထောင်ရန် မြတ်စွာဘုရားကဟောကြားလမ်းညွှန်ခဲ့ပါတယ်။

လူတွေဟာပြောဆိုခြင်းနဲ့ ဆက်ဆံတယ်။ အလုပ်နဲ့ ဆက်ဆံတယ်။စိတ်ကောင်းနှလုံး ကောင်း ရှိသူတွေက ကိုယ်ချင်းစာတရားကို လက်ကိုင်ထားစဥ်းစားကြပါတယ်။

ကာယကံ (၃)ပါး
စိတ်ကောင်းနှလုံးကောင်း ရှိသူတွေရဲ့စဥ်းစားပုံကိုမြတ်စွာဘုရားကအောက်ပါအတိုင်း ညွှန်ပြခဲ့ပါတယ်။ “ဒီလို စဥ်းစားတယ်တဲ့။ ငါဟာ ချမ်း သာချင်တယ်၊ဆင်းရဲ မှာ မလို လားဘူး၊ အသက်ရှင်ချင်တယ်၊ သေရမှာ ကို မကြိုက်ဘူး။ ငါမကြိုက်တဲ့ အလုပ်သည် သူများလည်းမကြိုက်တဲ့ အရာပဲဖြစ်တယ်။ငါမကြိုက်တဲ့ အလုပ်ကို သူများကို ဘာဖြစ်လို့ လုပ်ရမှာလဲ။”လို့ကိုယ်ချင်းစာပြီးစဥ်းစားတယ်။

“သူတပါးရဲ့ အသက်ကို သတ်ခြင်းမလုပ်ဘူး။ကိုယ်တိုင်လည်းမသတ်ဘူး၊ သူများကိုမ သတ် ခိုင်းခြင်း၊ သတ်ဖြတ်တာကို မချီးမွမ်း၊မတိုက်တွန်းခြင်း ကြောင့်သူရဲ့ ကိုယ်ကျင့် တရား လုံးဝ စင်ကြယ်နေ တယ်။”

ခိုးယူခြင်းသည်လည်း ထို့အတူပဲစဥ်းစားပါတယ်။ ကိုယ့် ပစ္စည်းကို သူများယူရင် ကိုယ်မကြိုက်ဘူး။ ကိုယ်မကြိုက်တာကို သူများကို ဘာဖြစ်လို့ လုပ်ရမှာလဲ ဆိုပြီး တွေး တောနိုင်တာ ကိုယ်ချင်းစာတရားပဲ)။

လူ့ဂုဏ်သိက္ခာကို စော်ကားခြင်း။သူတပါး အိမ်ထောင်ဖက်ကို လွန်ကျုးစော်ကားမူ။သူတ ပါးက ကိုယ်ရဲ့ အိမ်ထောင်ဖက်ကို လွန်ကျုးရင် ကိုယ်မကြိုက်ဘူး..ကိုယ်မ ကြိုက် တာကို သူများကို ဘာဖြစ်လို့ လုပ်ရမှာလဲလို့ ကိုယ်ချင်းစာပြီးစဥ်းစားရှောင်ပါတယ်။

ဝစီကံ (၄)ပါး
နောက်တခုကဝစီကံ။လူတစ်ယောက်ဟာ လိမ်ညာပြီး ကိုယ့်အကျိုးစီးပွား၊ပျက်စီးအောင် လုပ်ရင်မကြိုက်ဘူး။ကိုယ်မကြိုက်တာကို သူများလည်း ကြိုက်မှာ မဟုတ်ဘူး။ သူတပါး အကျိုးစီးပွား၊ ပျက် စီးသွားအောင် ပြောတဲ့မုသားဝါဒကိုဆိုလိုတယ်။မြတ်စွာဘုရား က ရယ်စရာ အဖြစ် တောင် မုသားဝါဒ မပြောရဘူးလို့သားတော်ရာဟုလာကိုဆုံးမခဲ့ပါတယ်။ အခုခေတ်မှာဆိုရင်သတင်းတွေကိုခေါင်းစဥ်မှာဖော်ပြထားတာနဲ့အတွင်းမှာပါတဲ့သတင်းတွေတလွဲဖြစ်နေတာတွေအလွန်များပါတယ်။ သတင်းကိုဖတ်နေသူတွေ၊ နားထောင်နေ သူတွေရဲ့အချိန်တွေကို ဆုံးရှုံးအောင်လုပ်နေတာနဲ့တူနေပါတယ်။

အခုခောတ်မှာတော့ လူတွေဟာအချင်းချင်း ဂျင်းထည့်တတ်တယ်လို့ပြောတတ်ကြ ပါတယ်။ ပိသုဏဝါစာ လို့ခေါ် တယ်။ ကုန်းတိုက်ပြောဆိုခြင်းကို ဆိုတယ်။ငါနဲ့ငါ့မိတ်ဆွေ ကွဲသွားအောင် ကုန်းတိုက် ပြောဆိုခြင်းကို ငါမကြိုက်သလို သူတပါးတို့လည်း သူတို့ ချစ်ခင်တဲ့မိတ်ဆွေနဲ့ကွဲသွားမယ် ဆိုရင်လည်းကြိုက်မှာမဟုတ်ဘူး။ ဒါကြောင့် ကုန်း တိုက် ပြောဆိုခြင်းကို မလုပ်ဘူးလို့ စဥ်းစားရှောင်ပါတယ်။

နောက်တစ်ခုကဖရုသဝါစာ၊ကြမ်းတမ်းတဲ့စကား၊ဆဲရေးတဲ့စကားဖြစ်ပါတယ်။အခုခေတ် လူမှုကွန်ယက်စာမျက်နှာနှာ ကြမ်းကြမ်းတမ်းတမ်းဆဲရေးတာမျိုးတွေတွေ့နေရပါတယ်။ အမည်ကိုအမျိုးမျိုးဖျက်ပြီးဆဲတာမျိုးတွေရှိနေပါတယ်။ ဆဲရေးခြင်းကမျိုးစုံရှိတယ်။ အသားမည်းပြီး ဝတာကိုမည်းတုတ်လို့ခေါ်ရင်ဆဲရေးတာပဲ..ပုတယ်..ဝတယ်...နှာဗူး..အရူး လို့ ပြောတာ ဆဲရေးတာပဲ။ ငါ့ကို သူများကဆဲရေးတိုင်းထွာ ရင်ငါလည်းမကြိုက်ဘူး ...ငါမကြိုက်တဲ့ အရာ သူမကြိုက်တဲ့အရာဖြစ်တယ်။ သူမကြိုက် တဲ့အရာကို ငါဘာလို့ ပြောရမလဲ လို့ ကိုယ်ချင်းစာတရားဖြင့် စဥ်းစားလိုက်ပါ လို့မြတ် ဗုဒ္ဓက လမ်းညွှန်မှာ ကြားခဲ့ပါတယ်။

နောက်တစ်ခုက သမ္ဖပ္ပလာပ၊ သိမ်ဖျင်းသောစကား၊ မဟုတ်မမှန်ပြောဆိုတာ၊ အကျိုးမရှိ၊ အနှစ်သာရမရှိတဲ့စကား၊ လူတွေရဲ့ အတွေးကို လွဲချော်သွားစေတဲ့ စကားမျိုးတွေကို မိမိကိုလာပြောရင်မနှစ်သက်သလို အခြားလူတွေလည်းအဲဒီစကားမျိုးကြားရရင်နှစ် သက်မှာမဟုတ်ဘူး။ ဒါကြောင့် အဲဒီလို သိမ်ဖျင်းတဲ့စကားမျိုးတွေမပြောဖြစ်အောင် ရှောင်မယ်လို့ဆုံဖြတ်ပါလိုမြတ်ဗုဒ္ဓကလမ်း ညွှန်ခဲ့ပါတယ်။

မနောကံ (၃) ပါး
နောက်တစ်ခုကမနောကံဖြစ်ပါတယ်။ မနောကံ (၃)ပါးတို့မှာ မိမိအတွက်သာလွန်ကဲ စွာအလိုရှိခြင်း။သူတစ်ပါးပျက်စီးစေရန်ကြိမ်ဆဲခြင်းနှင့် အယူမှားခြင်းတို့ပင်ဖြစ်ပါတယ်။

မနောကံ (၃)ပါးတွင်လည်း မိမိအတွက်သာလွန်ကဲစွာအလိုရှိနေသူတွေကို မိမိအနေ ဖြင့်မနှစ်သက်နိုင်ပါ၊ ဒါကြောင့် မိမိမနှစ်သက်တာမျိုးကိုမိမိမပြုလုပ်ဘူးဆို့ စဥ်းစား ရှောင်ရန် လိုအပ်ပါတယ်။ လွန်ကဲစွာမိမိအတွက်အလိုရှိနေခြင်းမျိုးမဖြစ်အောင် နေထိုင် ပါတယ်။

မိမိပျက်းစီးအောင်အခြားလူတွေကြိမ်ဆဲတယ်ဆိုရင်မိမိအနေ ဖြင့် မနှစ်သက်ပါ။ မိမိမ နှစ်သက်သလို အခြားသူတွေလည်း သူတို့ပျက်စီးကြောင်းကြိမ်ဆဲရင်နှစ်သက်မှာ မဟုတ် ဘူးလို့ စဥ်းစားပြီး သူတစ်ပါးပျက်စီးစေရန် ကြိမ်ဆဲခြင်းကိုရှောင်ရှားရန် လိုအပ်ပါတယ်။

အခြားလူတွေကအယူမှားပြီး မဟုတ်မမှန်မှားယွင်းတဲ့လုပ်ရပ်တွေပြုလုပ်နေရင် မိမိ အပါအဝင်ပတ်ဝန်းကျင်တစ်ခုလုံးကိုပါ ထိခိုက်နိုင်စေနိုင်သဖြင့် မနှစ်သက်သလို မိမိအနေဖြင့်အမြင်မှားအယူမှားတွေ ဖြင့် မသင့်တာတွေပြုလုပ်နေရင် လည်းအခြား လူတွေက မနှစ်သက်မှာကို စဥ်းစားပြီး မှန်ကန်တဲ့အယူ၊မှန်ကန်တဲ့အမြင်ဖြင့် အသက်ရှင်နေထိုင်ရန်လိုအပ်ပါတယ်။

အဲ့ဒီလို ကိုယ်ချင်းစာ တရားရှိတဲ့သူဟာမြတ်ဗုဒ္ဓ အပေါ်နှစ်နှစ်ကာကာယုံကြည် တယ်။ တရားပေါ်၊ သံဃာအပေါ် သီလကို မြတ်မြတ်နိုးနိုးထိန်းသိမ်းစောင့်ရှောက်တယ်ဆို တဲ့အရည်အချင်းနဲ့ ပြည့်စုံသူဟာလက်ရှိဘဝမှာသာ ကောင်း မြတ်တဲ့ဘဝကိုထူထောင်နိင် ပြီး နောင်တမလွန်ဘဝမှာလည်းကောင်းတဲ့ဘဝမျိုးကိုသာရောက်နိုင်ကြောင်း မြတ်စွာဘု ရား က လမ်းညွှန်ဟောကြားခဲ့ပါတယ်။

မိတ်ဆွေတရားချစ်ခင်သူတော်စင်အပေါင်းတို့ကိုယ်ချင်းစာတရား ထားခြင်းအားဖြင့်မိမိ တို့ကိုယ်မိမိတို့လူတော်လူကောင်းအဖြစ်.....စဥ်းစားတွေးခေါ်ပြီး....အကောင်းဆုံးဖြစ်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...