
ဒီနေ့
မိဘအုပ်ထိန်းသူများအနေဖြင့် သားသမီးများကိုလေ့ကျင့် ပျိုးထောင်ရာတွင်
စိတ်မရှည်နိုင်ဘဲ စိတ်လိုက်မာန်ပါ လုပ်ဆောင်တတ်ကြပါတယ်။ ကလေးတွေကို
လေ့ကျင့်ပျိုးထောင်ပေးတဲ့မိဘ လူ ကြီးများ အနေဖြင့်
မိမိတို့အပြုအမူကိုထိန်းသိမ်းရန်အရေးကြီးကြောင်းကို Food for Thought 739
အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
သင့်အပြုအမူကိုထိန်းသိမ်းပါ။
မိမိကိုယ်မိမိထိန်းသိမ်းခြင်းမှာအပြောလွယ်သလောက်
လက်တွေ့လုပ်ဆောင်ရန်ခက်ခဲတတ်ပါသည်။ သင့်ကလေးတွေနှင့် အဆင်မပြေသည့်အတွက်
ဒေါသပေါက်ကွဲထွက်ဘူးပါသလား။ ထိုသို့ဖြစ် သော အခါ အမှားမှနေသင်ယူနိုင်ပါသည်။
သို့သော်လည်း ထိုသို့ဒေါသ ပေါက်ကွဲ ထွက်တာမျိုး၊မဖြစ် အောင်
ကြိုတင်ပြင်ဆင်ခြင်းက ပိုကောင်းပါသည်။ အောက်ပါအကြံပြုချက်များကို
လိုက်နာနိုင်ပါသည်။
၁။ သင့်ကိုယ်တိုင်စိတ်ကိုဖြေရန် နေရန်သတ်မှတ်ထားပါ။ ထိုသို့သတ်မှတ်ထားကြောင်း ကလေး တွေလည်းသိပါစေ။ လိုအပ်သည့်အခါ သုံးပါ။
တစ်ချို့လူတွေအတွက်
ဤဖြေရှင်းနည်းမှာ မသက်မသာဖြစ်စေပါသည်။ အထူးသဖြင့် အသက်ငယ် သည့်
ကလေးများနှင့် ဆက်သွယ်ရသောအခါ မသက်မသာဖြစ်စေပါသည်ဟုယူဆတတ်ပါသည်။
သို့သော်လည်းအသက်ကြီးသောကလေးများနှင့် ဆိုပါက ဤစနစ်ကို
ချမှတ်ကျင့်သုံးခြင်းမှာ ထိရောက် သည့်နည်းလမ်းတစ်ခုဖြစ်ပါသည်။
ပြဿနာဖြစ်နေသည့်အချိန်တွင် မိဘရော သားသမီး တွေပါ စိတ်မထိန်းနိုင်သည့်အတွက်
ပြဿနာကိုဖြေရှင်းရန်မှာမဖြစ်နိုင်ပါ။ ထိုအချိန်တွက်ဖြေရှင်းပါက ရလဒ်
ကောင်းမှာပိုဝေးကွာခြင်းနှင့် စိတ်မသက် မသာခံစားရမှုများသာဖြစ်စေပါသည်။
နောက်ပိုင်းတွင် မိမိမှာအပြစ် ရှိသည်ဟုဆက်လက်ခံစားရစေတတ်ပါသည်။
သင့်အနေဖြင့်
စိတ်ကိုထိန်းနိုင်ရန် အပန်းဖြေအနားယူနေသည်ကို သင့်ကလေးတွေသိအောင်
မလုပ်ထားသင့်ဘူးလား။သင့်ကိုယ်သင်ဖြစ်နေသောအခြေအနေမှ
ခဏကင်းကွာအောင်ပြုလုပ်လိုက်ပြီး စိတ်အေးအောင်ပြင်ဆင်ပါ။ ထို့နောက်မှ
ဖြစ်နေသောပြဿနာကိုဖြေရှင်းပါ။ သင့်စိတ်ကို ထိန်းနိုင်
အောင်လုပ်သည့်နည်းများအမျိုးမျိုးဖြစ်နိုင်ပါသည်။သင့်အခန်းထဲဝင်ပြီးခဏအနားယူခြင်း၊
အပြင်ထွက်
လမ်းလျောက်လိုက်ခြင်းစတာတွေဖြစ်နိုင်ပါသည်။သို့မဟုတ်ရင်းနှီးသောမိတ်ဆွေတစ်ယောက်ကို
ဆက် သွယ်ပြီးအကြံတောင်းနိုင်ပါသည်။ အဓိကလိုအပ်သည်မျာ ပြဿာနာမဖြေရှင်းခင်
သင့်စိတ်ကို အေး အောင် ထိန်းသိမ်းရန်လိုအပ်ပါသည်။
၂။သင့်အနေဖြင့်ဖြစ်နေသောအခြေနေမှကွာဝေးသွားအာင်မလုပ်နိုင်ပါက တစ်မှ တစ်ဆယ်အ ထိရေ တွက်ရင်းအသက်၀၀ရှုပါ။
ဤနည်းမှာ
ကလေးငယ်များနှင့် ပတ်သက်လာရင် ပိုအဆင်ပြေပါသည်။ ဖြစ်နေသောအခြေအနေတွင်
သင်ရှိနေရန်လိုအပ်ပါက ဤနည်းမှာ လိုသင့်တော်ပါသည်။
ထိုအချိန်တွင်သင့်မှာဖြစ်နေသောစိတ်ခံစား မှုကို မျှဝေပြောပြနိုင်ပါသည်။
သို့သော် ကလေးတွေဘာတွေလုပ်သည်ကို အပြစ်ပြောဖို့မှာ အစဉ် အမြဲအဆင်မပြေပါ။
သင့်စိတ်ခံစားမှုကိုပြောပြခြင်းမှာ သူတို့လုပ်ဆောင်ထားမှုများကို တုံ့ပြန်
ပြော ဆိုနေခြင်းမဟုတ်ဘဲ စိတ်အေးစွာပြောပြခြင်းဖြစ်ပါသည်။
နမူနာအဖြစ်ပြောပြခြင်းဖြစ်ပါသည်။
ကလေးတွေကိုအပြစ်တင်ပြောခြင်းလုံးဝရောက်ပါသည်။ ဥပမာ
သားတို့သမီးတိုလုပ်လိုက်လို့ ဖေဖေ သိပ်စိတ်ဆိုးသွားတယ်
ဆိုတာမျိုးမပြောပါနှင့်။
၃။ သင်ကိုယ်တိုင်အမှားလုပ်မိသောအခါ ကလေးများအား တောင်းပန်ပါ။
မိဘများက
စိတ်ကိုမထိန်းသိမ်းနိုင်ဘဲ လုပ်ဆောင်ပြောဆိုမိမှုများကို စိတ်ရင်းခံဖြင့်
ပြန်လည် တောင်းပန်သောအခါ ကလေးများသည်အလွန်ခွင့်လွှတ်တတ်ကြပါသည်။
မိဘတော်တော်များများ
ကလည်းသူတို့လုပ်မိသောအမှားများအတွက်တောင်းပန်တတ်ကြပါသည်။
ကလေးတွေကိုတောင်းပန် လိုက်သောအခါ ကလေးများက “အဲဒါအိုကေပါတယ်မေမေ”
လို့ပြန်ပြောတတ်ကြပါသည်။
ပြန်လည်တောင်းပန်လိုက်ခြင်းဖြင့်
ကလေးနှင့်လူကြီးကြားတွက်ရင်းနှီးမှု၊ နီးကပ်မှု၊ ပွင့်လင်းမှုနှင့်အပြန်
အလှန် ယုံကြည်မှုကို ပိုအားကောင်းလာစေပါသည်။
ထိုသို့တောင်းပန်လိုက်ခြင်းဖြင့် မိမိပြုမိသော
အမှားကိုသင်ယူရန်အခွင့်အလမ်းအဖြစ် သဘောထားလိုက်ကြောင်းပြသရာရောက်စေပါသည်။
ပြီး တော့ ပြဿနာကိုမီးမောင်းမထိုးဘဲ အဖြေရအောင်
အလေးထားစဉ်းစားကြောင်းကိုလည်း ကလေတွေ လက်တွေ့သိအောင်
ပြသလိုက်ခြင်းလည်းဖြစ်ပါသည်။
မိတ်ဆွေများ ကလေးများကိုလေ့ကျင့်ပျိုးထောင်ပေးတဲ့အခါမှာ မိမိအပြုအမူကိုထိန်းသိမ်းနိုင်ပြီးစံ နမူနာ ကောင်းပြနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Monday, February 24, 2025
သင့်အပြုအမူကိုထိန်းသိမ်းပါ။ Food for Thought 739 ဒေါက်တာသိန်းလွင်
Subscribe to:
Post Comments (Atom)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
-
ဒီနေ့ “သင်ကြားရေးတွင်သုံးရန် ဆရာများအတွက် လမ်းညွှန် (5E) ပုံစံ”ကို Food for Thought 896 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြ...
-
မူလတန်း P-2 တက်နေတဲ့မြေးမလေးကျောင်းကသင်္ချာပုစ္ဆာတွက်ခိုင်းတဲ့စာရွက်မှာ အပေါင်းအနှုတ် မေးခွန်းကိုစဥ်းစားရာမှာ အ ဆင့် (၄) ဆင့် ပါတဲ့ (၁) ...
No comments:
Post a Comment