
ဒီနေ့” စိတ်အေးငြိမ်းချမ်းသာရေးအတွက် မြတ်ဗုဒ္ဓလမ်းပြမှုများအကြောင်းကို Food for Thought 740 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
စိတ်အေးငြိမ်းချမ်းသာရေးအတွက် မြတ်ဗုဒ္ဓလမ်းပြမှုများ
မြတ်ဗုဒ္ဓကအာရုံမပြားဘဲသတိဖြင့်နေထိုင်ခြင်းက
စိတ်ကိုညစ်ညမ်းစေမှုများ၊ ဆင်းရဲ ဒုက္ခရောက်စေတဲ့အကြောင်းတရားများနှင့်
ယောက်ယက်ခပ်နေမှုများကို ဖယ်ရှားပေး ကြောင်းအလေးအနက်လမ်းညွှန်ခဲ့ပါတယ်။
စိတ်အေးငြိမ်းချမ်းသာရေးအတွက်
မြတ်ဗုဒ္ဓလမ်းညွှန်ပြသခဲ့တဲ့ အရေးကြီးတဲ့လမ်းပြ ချက် (၇) ချက်ကို
အောက်ဘက်မှာဆွေးနွေးမျှဝေထားပါတယ်။ စိတ်အေးငြိမ်းချမ်း သာမှုမှာ
မိမိမှာဖြစ်နေတဲ့စိတ်လှုပ်ရှားခံစားမှုကိုဖြစ်စေတဲ့အကြောင်းများကို သတ်မှတ်
ဖော်ထုတ်နိုင်ပြီး စိတ်ကိုသတိဖြင့်
စောင့်ရှောက်ထိန်းသိမ်းခြင်းဖြင့်သာရရှိနိုင်ကြောင်း
မြတ်ဗုဒ္ဓကလမ်းညွှန်ပြသခဲ့ပါတယ်။
၁။ စိတ်အေးငြိမ်းချမ်းသာမှုနှင့် သင့်အတွေးများ
သင်စဥ်းစားနေတဲ့အတိုင်းသင်ဖြစ်လာ
မှာပါ။ သင်ခံစားနေရတဲ့အတိုင်းသင်ကစွဲဆောင် နေမှာပါ။
သင်စိတ်ကူးနေတဲ့အတိုင်း သင် ကဖန်တီးနေမှာပါ။လို့ မြတ်ဗုဒ္ဓက လမ်းညွှန်ပြ
သခဲ့ပါတယ်။
၂။ စိတ်အေးငြိမ်းချမ်းသာရေးနှင့်ဒေါသကိုထိန်းသိမ်းနိုင်မှု
သင့်စိတ်နှလုံးထဲမှာမကျေမနပ်ဖြစ်နေမှုများထိန်းသိမ်းနေသမျှကာလပတ်လုံးသင့်စိတ်ထဲမှာ
ဒေါသစိတ်ကပျောက်သွားမှာမဟုတ်ပါ။ သင့်စိတ်နှလုံးထဲမှာမကျေမနပ်ဖြစ်နေမှုများ
ကိုလုံးဝမေ့ပျောက်ဖယ်ရှားလိုက်တာနဲ့တစ်ပြိုင်နက် ဒေါသစိတ်တွေလည်း
ပျောက်ကွယ် သွား မှာဖြစ်ကြောင်း မြတ်ဗုဒ္ဓက လမ်းညွှန်ပြသခဲ့ပါတယ်။
၃။စိတ်အေးငြိမ်းချမ်းသာရေးနှင့် တွယ်တာနေမှု
ဆင်းရဲဒုက္ခအားလုံးတို့၏ရေသောက်မြစ်မှာ
တွယ်တာနေမှုပင်ဖြစ်ပါတယ်။ အရာရာ တိုင်းအစရှိတာမှန်သမျှ
အဆုံးသပ်ရမှာဖြစ်ပါတယ်။ အဲဒီသဘော တရားကိုသိနားလည်
ပြီးသင့်မှာစိတ်အေးငြိမ်းချမ်းသာရှိအောင် နေထိုင်ရင်
စိတ်အေးငြိမ်းချမ်းသာလာမှာဖြစ် ပါတယ်။
၄။ စိတ်အေးငြိမ်းချမ်းသာမှုနှင့် ဘဝရဲ့ ဆန်းပြားမှုများကိုနားလည်ခြင်း
သင်ဟာပန်းပွင့်လေးတစ်ပွင့်ရဲ့
ထူးဆန်းအံ့သြဖွယ်ရာများကို မြင်နိုင်ခဲ့ပါက သင့်ဘဝ တစ်ခု
လုံးပြောင်းလဲသွားမှာဖြစ်ပါတယ် လို့ မြတ်ဗုဒ္ဓက လမ်းပြခဲ့ပါတယ်။
၅။ စိတ်အေးငြိမ်းချမ်းသာမှုနှင့်မျက်မှောက်ကာလမှာသာစိတ်ကို ထားတဲ့အလေ့အကျင့်
ကိုယ်စိတ်နှစ်ဖြာကျန်းမားချမ်းသာဖို့အတွက်
လျို့ဝှက်ချက်မှာ အတိတ်ကိုလည်းပြန်နေ ဖို့မဟုတ်ပါ။ အတိတ်ဆိုတာ
မရှိတော့ပါ။ မရောက်သေးတဲ့အနာဂါတ်အတွက်လည်း
တွေးပြီးပူပင်သောကရောက်နေဖို့မဟုတ်ပါ။ သို့မဟုတ်
ဖြစ်လာနိုင်တဲ့ဆင်းရဲဒုက္ခတွေ ကို တွေးပြီး
ပူပန်နေဖို့မဟုတ်ပါ။မျက်မှောက်အချိန်မှာပင် စိတ်အားထက်သန်စွာအသိ
ဥာဏ်ဖြင့်ယှဥ်နေထိုင်နိုင်ရန်
လိုအပ်ကြောင်းမြတ်ဗုဒ္ဓကလမ်းညွှန်ပြသခဲ့ပါတယ်။
၆။ စိတ်အေးငြိမ်းချမ်းသာရေးနှင့် သတိပဌာန်တရားလေ့ကျင့်ရေး
သင်ဟာတည်ငြိမ်အေးချမ်းမှုရှိရှိနေထိုင်မယ်ဆိုရင်
သင်ဟာစကြာဝဠာရဲ့စီးဆင်းနေမှုကို ကြားလာရမှာဖြစ်ပါတယ်။ အဲဒီစီးဆင်းနေမှုရဲ့
စည်းချက်ကိုလည်းကြားလာရမှာဖြစ်ပါ တယ်။ အဲဒီဖြစ်စဥ်နှင့်အတူလိုက်ပါသွားပါ။
မကြာခင်စိတ်အေးချမ်းမှုဆိုတာ တွေ့လာမှာ ဖြစ်ပါတယ်။ သတိပဌနာန်တရားကျင့်
ကြံအား ထုတ်ခြင်းမှာ အဓိကပင်ဖြစ်ပါတယ် လို့ မြတ်ဗုဒ္ဓကလမ်းညွှန်ပြခဲ့ပါတယ်။
၇။ စိတ်အေးငြိမ်းချမ်းသာရေးနှင့်သင့်စိတ်နေစိတ်ထား
ဖြစ်လာနိုင်တဲ့ပြဿနာတွေကိုဖြေရှင်းနိုင်မယ်ဆိုရင်
ဘာကြောင့် စိတ်ပူပင်သောက ရောက်နေစရာလိုပါသလဲ။ တကယ်လို့
ဖြစ်လာနိုင်တဲ့ပြဿနာတွေကိုမဖြေရှင်းနိုင် ဘူးဆိုရင်လည်း အဲဒီအတွက်
စိတ်ပူပင်သောကရောက်နေခြင်းမှာ သင့်အတွက်ဘာမှ
ကောင်းတာမဖြစ်စေနိုင်ပါလို့မြတ်ဗုဒ္ဓကလမ်းညွှန်ခဲ့ပါတယ်။
နိဂုံး
စိတ်ဖိစီးမှုများ၊
ကိုယ်စိတ်နှစ်ပါး ပင်ပန်းတင်းကျပ်မှုများ၊မကျေမနပ်ဒေါသဖြစ်ခြင်းများ၊
စိတ်ပူပန်သောကရောက်ရမှုများမှာဘဝတွင်ပုံမှန်တွေ့ရတဲ့ဖြစ်ရပ်တွေဖြစ်ပါတယ်။
အဲ ဒီလိုဖြစ်တတ်တဲ့သဘောကို နားလည်ပြီး စိတ်အေးချမ်းသာအောင်နေထိုင်တတ်ရန် မိ
မိစိတ်ကိုထိန်းသိမ်းနိုင်ဖို့ လိုအပ်ပါတယ်။ အဲဒီလိုမထိန်းသိမ်းနိုင်ဘဲ
ပေါက်ကွဲတာမျိုး ဖြစ် မယ်ဆိုရင် အဲဒီလိုပေါက်ကွဲခြင်းကြောင့်
ပြဿနာဖြစ်လာပါတော့တယ်။ မိမိမှာဖြစ် နေ
တဲ့စိတ်ဖိစီးမှုကိုဖော်ပြတဲ့အခါမှာမိမိနှင့်
ပတ်ဝန်းကျင်မှလူတွေကိုဘေးဖြစ်စေနိုင်တဲ့နည်း ဖြင့်ဖော်ပြတယ်ဆိုရင်
အဲဒီလိုဖော်ပြခြင်းကပြဿနာဖြစ်လာပါတော့တယ်။ တကယ် တော့ စိတ်အေးချမ်းသာမှုက
လက်လှမ်းမှီနိုင်ပါတယ်။ စိတ်မှာအေးချမ်းပြီးနေနိုင်အောင်
အထောက်အကူပြုတဲ့နည်းလမ်းတွေများစွာရှိပါတယ်။ အခုတင်ပြဆွေးနွေးခဲ့တဲ့နည်း
လမ်း (၇)
ခုကတော့မြတ်ဗုဒ္ဓလမ်းပြခဲ့တဲ့စိတ်အေးချမ်းအောင်လုပ်ဆောင်လေ့ကျင့်နိုင် တဲ့
နည်းလမ်း (၇)သွယ်ဖြစ်ပါတယ်။ အချုပ်အားဖြင့် မြတ်ဗုဒ္ဓလမ်းညွှန်ချက်မှာ
မေတ္တာတရားကို လက်ကိုင်ထားလျက် ပွားများကျင့်သုံးခြင့်ဖြင့်
အမုန်းတရားများကို အဆုံးသတ်စေပြီး
အေးငြိမ်းချမ်းသာမှုကိုရရှိစေမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
မိတ်ဆွေများစိတ်အေးချမ်းအောင် ကျင့်ကြံအားထုတ်နေနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Monday, February 24, 2025
စိတ်အေးငြိမ်းချမ်းသာရေးအတွက် မြတ်ဗုဒ္ဓလမ်းပြမှုများ Food for Thought 740 ဒေါက်တာသိန်းလွင်
Subscribe to:
Post Comments (Atom)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
-
ဒီနေ့ “သင်ကြားရေးတွင်သုံးရန် ဆရာများအတွက် လမ်းညွှန် (5E) ပုံစံ”ကို Food for Thought 896 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြ...
-
မူလတန်း P-2 တက်နေတဲ့မြေးမလေးကျောင်းကသင်္ချာပုစ္ဆာတွက်ခိုင်းတဲ့စာရွက်မှာ အပေါင်းအနှုတ် မေးခွန်းကိုစဥ်းစားရာမှာ အ ဆင့် (၄) ဆင့် ပါတဲ့ (၁) ...
No comments:
Post a Comment