Monday, February 24, 2025

ချစ်မေတ္တာစွမ်းအားလွန်ကြီးမား ဗုဒ္ဓလမ်းညွှန်ပြလို့ထား Food for Thought 741 ဒေါက်တာသိန်းလွင်

No photo description available.

ဒီနေ့ ” ချစ်မေတ္တာစွမ်းအားလွန်ကြီးမား ဗုဒ္ဓလမ်းညွှန်ပြလို့ထား” ဆိုတာကို Food for Thought 741 အဖြစ် မျှဝေလိုက်ပါတယ်။


ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်

ချစ်မေတ္တာစွမ်းအားလွန်ကြီးမား ဗုဒ္ဓလမ်းညွှန်ပြလို့ထား

လူသားတွေကိုချစ်ခင်မေတ္တာထားကြရန်မြတ်ဗုဒ္ဓကအောက်ပါလမ်းညွှန်မှုများဖြင့် လမ်းညွှန်ပြသပေးခဲ့ပါတယ်။

• လောကကြီးကိုချစ်ခင်ပါ တစ်ဦးတည်းသောသား/သမီးကိုမိခင်ချစ်သလိုပါ။

• အမုန်းတရားကိုဖယ်လို့ရယ်ချစ်မေတ္တာတရားကိုရွေးပါကွယ်၊ အစဥ်အမြဲသာရယ်။

• ဘာကြောင့်လည်းဆိုတော့ ချစ်မေတ္တာတရားကသာ ငြိမ်းအေးချမ်းသာမှုကိုဖန်တီးပေးနိုင်တာ၊ အဲဒါအသေအချာ။

• ချစ်မေတ္တာကင်းတဲ့အခါ ဆင်းရဲဒုက္ခအတိရောက်ကြမှာ၊ အဲဒါသဘာဝပါ။

• ဒါကြောင့်ကွယ်သင့်နှလုံးသားမှာ ချစ်မေတ္တာဖြည့်ထားကာ အေးချမ်းစွာနေထိုင်ပါ။

• ပြောဆိုလုပ်ကိုင်မှုတိုင်းမှာ ချစ်မေတ္တာတရားကိုလက်ကိုင်ထားခါ လမ်းပြအဖြစ်ခံယူကျင့်သုံးပါ။

• ချစ်ခြင်းမေတ္တာတရားဟာသင်ပေးနိုင်၊ယူနိုင်တဲ့အကြီးမားဆုံးနဲ့အမြင့်မြတ်ဆုံးလက်ဆောင်ပါ။

• ချစ်ခြင်းမေတ္တာပြတဲ့အခါ အချိန်မရွေးချစ်ခင်ပါ။ မိမိအတွက်ဘာမှ ပြန်လည်မမျှော်လင့်ရာ။

• ချစ်ခြင်းမေတ္တာထားတဲ့လမ်းကြောင်ဆိုတာ အသိဥာဏ်ကိုဖြစ်စေတဲ့လမ်းကြောင်းမှန်ပါ။

• ချစ်ခြင်းမေတ္တာဆိုတာ နှလုံးသားတွေအချင်းချင်းဆက်သွယ်ပေးတဲ့ပေါင်းကူးတံတားပါ။

• ဒါကြောင့်ကွယ် သင့် ကိုယ်သင်လည်းချစ်မေတ္တာထားပါ။ လူအများအပေါ်လည်းချစ်မေတ္တာထားပါ။

• ဘာကြောင့်လည်းဆိုတော့ ချစ်မေတ္တာဆိုတာ ဘဝရဲ့ အနှစ်သာရမို့ပါ။

• ချစ်မေတ္တာတရားကို သင့်ရင်မှာပွေ့ဖက်ထားရင်းစစ်မှန်တဲ့ပျော်ရွှင်ချမ်းမြေ့မှုကို ထိတွေ့ခံစားပါ။

မိတ်ဆွေများ ချစ်မေတ္တာတရားကို ပွားများအားထုတ်နိုင်ကြပါစေ။ အမုန်းတရားတွေဖယ်ရှားပြီးမေတ္တာတရားကို လက်ကိုင်ထားလျက် ငြိမ်းအေးချမ်းသာတဲ့လောကကို တည်ဆောက်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ် No photo description available.

No comments:

Post a Comment

ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)

  ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...