ဒီနေ့ “ဗိုက်မဆာဘူး၊ မျက်စိပဲဆာတယ်” ဆိုတဲ့မြေးကလေးပြောလိုက်တဲ့စကား အကြောင်း ကို Food for Thought 742 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
ဗိုက်မဆာဘူး၊ မျက်စိပဲဆာတယ်
မနေ့မနက်ကမြေးလေးကအိပ်ယာမှထလာတော့
မနက် (၉)နာရီခန့်ရှိနေပါပြီ။ ခေါင်းမှ ဆံပင် တွေဖီးနေတဲ့အချိန်မှာ
သမီးလေးဗိုက်မဆာဘူးလားလို့ ကျွန်တော်က သူ့ကိုမေး လိုက် တဲ့အခါ
သူပြန်ဖြေလိုက်တဲ့စကားကြောင့် ကျွန်တော်တို့လူကြီးအားလုံးမျက်လုံး ပြူးကုန်
ကြပါတယ်။ သူက “ဗိုက်တော့မဆာဘူး။ မျက်လုံးပဲဆာတယ်” လို့ပြန်ဖြေလိုက် လို့
ဖြစ်ပါတယ်။ အခုခေတ်မှာ အိုင်ပက်တွေ၊ ရုပ်မြင်သံကြားစက်တွေ၊ လက်ကိုင်ဖုန်း
တွေ၊ ကွန်ပျူတာတွေကို ကလေးတွေကသုံးတာများလာတော့ အဲဒါတွေကိုကြည့်တဲ့ အလေ့
အကျင့်က တော်တော်များလာပါတယ်။ ဒါ ကြောင့်အိပ်ယာမှထလာပြီး ဗိုက်ဆာတယ်လို့
ပြောရမဲ့အစား မျက်စိပဲဆာတယ်လို့ပြောလာခြင်းဖြစ်ပါတယ်။
ခေတ်မှီအိုင်ပက်တွေ၊
လက်ကိုင်ဖုန်းတွေ၊ လက်တော့ကွန်ပျူတာတွေ၊ ယူကျုတွေမှာ ကြည့်
လိုက်ရင်စိတ်ဝင်စားစရာတွေများစွာကိုအလွယ်တကူတွေ့နေရပါတယ်။ ပြီးတော့
အဲဒီပစ္စည်း တွေမှာ ကလေးတွေအလွယ် တကူ သုံးနိုင်တဲ့အထောက်အကူပစ္စည်းတွေ က
လည်း အမျိုးမျိုးစုံနေပါတယ်။ ပုံဆွဲ ခြင်း၊ အရောင်ခြယ်ခြင်း၊ ဂိမ်းအ
မျိုးမျိုးကစားခြင်း၊ ပုံမှာပါတာတွေကို အရောင်အသွေးပြောင်းခြင်း၊
ပုံတွေကိုနေရာရွှေ့ပြောင်းခြင်း၊ အရွယ် အကြီးအသေး
ပြုပြင်ခြင်းစတဲ့ကလေးတွေစိတ်ဝင်စားစရာ မြင်ကွင်းတွေ၊ အကြောင်း
အရာတွေအမျိုးစုံနေအောင် ပါနေတဲ့အတွက် အဲဒါတွေနဲ့ထိတွေ့တာများလာပြီး အဲဒါတွေ
ကိုကြည့်လိုတဲ့စိတ်က ဖြစ်နေပါတယ်။ ဒါကြောင့်မြေးလေးက မနက်လင်းလာတာနဲ့ မျက်
စေ့ပဲ ဆာတယ်လို့ပြောလာတာဖြစ်ပါတယ်။
တစ်ခါတစ်ရံကျောင်းကပြန်ရောက်လာတာနဲ့အိမ်အရောက်မှာအရင်ဆုံးကိုင်တဲ့ပစ္စည်းက
အိုင်ပက်၊ လက်ကိုင်ဖုန်း တို့ဖြစ်နေတတ်ပါတယ်။
သူ့ကိုအင်္ကျီလဲပေးနေတဲ့အချိန်မှာ တောင်မျက်လုံးက
လက်ထဲမှာကိုင်ထားတဲ့အိုင်ပက်ကိုကြည့်နေတတ်ပါတယ်။ ခေါင်းမှ
နေပြီးအင်္ကျီကိုစွပ်ချလိုက်တဲ့အခိုက်အတံ့ကလေးများတောင် သူက လက်ကိုင်
ဖုန်း၊ အိုင် ပက်ကို အောက်ခဏမချလိုပါဘူး။ ခဏလေးချပြီးရင်ချက်ခြင်းပြန်ကောက်
ကိုင်တတ် ပါ တယ်။
အဲဒီလို
သုံးနိုင်အောင်ဖန်တီးထားတဲ့အတွက် ကလေးတွေစိတ်မှာဖြစ်တာကို ဆန်းသစ်
တီထွင်ဖန်တီးနိုင်တဲ့အခွင့်အလမ်းတွေရစေပါတယ်။ စိတ်ကူးတွေကို
မျက်စိဖြင့်မြင်နိုင် တဲ့ပုံတွေအဖြစ်ဖာ်ထုတ်လာနိုင်စေပါတယ်။ အဲဒီအချက်က
ကောင်းတဲ့အချက်ဖြစ်ပါ တယ်။
ဒါပေမဲ့
လက်ကိုင်ဖုန်းတို့ အိုင်ပက်တို့ကိုသုံးတာက တန်ဆေးလွန်ဘေးဆိုသလို အနှုတ်
လက္ခဏာပြလာတာတွေလည်းတွေ့နေရပါတယ်။ ဥပမာ မြေးလေးက အိုက်ပက်၊
လက်ကိုင်ဖုန်းကိုကြည့်နေတဲ့အချိန် ဆိုရင် သူ့ကိုစကားပြောတာမေးတာကို
ပြန်မဖြေ တော့တာမျိုးတွေဖြစ်လာပါတယ်။ထမင်းစားတဲ့အခါမှာ
အစာကိုဇွန်းနဲ့ကော်တဲ့အချိန်မှာ တော့ မျက်လုံးကအစာကိုကြည့်ပါတယ်။
ဇွန်းထဲပါလာတဲ့အစာကိုပါးစပ်ထဲထည့်တဲ့အခါ မှာတော့
အစာကိုမျက်လုံးကမကြည့်တော့ပါဘူး။ မျက်လုံးက မှန်းသားပြင်ပေါ်မှကြည့် စရာကို
လှမ်းကြည့်နေတတ်ပါတယ်။ မှန်သားပြင်ကိုကြည့်နေတဲ့အချိန်တွေဆိုရင် အခြား
အာရုံတွေကို အလေးမထားတော့တာမျိုးဖြစ်လာတာတွေ့ရပါတယ်။
ခက်နေတာကတော့
ကလေးကိုအချိန်အကန့်အသတ်နဲ့ လက်ကိုင်ဖုန်းတို့၊ အိုင်ပက်တို့၊
ရုပ်မြင်သံကြားကိုကြည့်ခွင့် ပေးတာတွေကို အချိန်သတ်မှတ်ထိန်းပေးရန်ကလည်း
ခက်ခဲ နေပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကလေးပတ်ဝန်း ကျင်မှာရှိနေတဲ့လူကြီး
တွေ အားလုံးကလည်း လက်ကိုင်ဖုန်းတွေ၊ အိုင်ပက်တွေကို ကိုင်ပြီးအမျိုးမျိုး
သုံးနေကြတဲ့ အတွက်ဖြစ်ပါတယ်။ လူကြီးတွေကတော့
အချိန်မရွေးသုံးနေကြပြီးကလေးကိုတော့ အကန့်အသတ်တွေများများလုပ်နေမယ်ဆိုရင်
ကလေးကလည်း မတရားဘူးလို့ပြောလာ မှာ အသေအချာဖြစ်ပါတယ်။
ခေတ်ပေါ်ပစ္စည်းတွေကစိတ်ဝင်စားစရာကောင်းအောင်အမျိုးမျိုးဖန်တီးထားကြပါတယ်။
စိတ်ဝင်စားစရာကောင်းသလိုအကျိုးပြုနိုင်တာတွေရှိပေမဲ့
အသုံးများလွန်းရင်ပညာသင်
ကြားလေ့လာရေးမှာအနှောက်အယှက်အဟန့်အတားတွေဖြစ်လာနိုင်ပါတယ်။ သုံးတဲ့ ပစ္စည်း
တွေက ထွက်လာတဲ့အရောင်ကြောင့်မျက်လုံးတွေထိခိုက်လာနိုင်ပါတယ်။ အချိန်
ကုန်မှန်းမသိ အချိန်တွေကုန်ဆုံးလာစေနိုင်ပါတယ်။ အာရုံစူးစိုက်မှုအပိုင်းမှာ
ကောင်းတဲ့ အပိုင်းတွေရှိလာနိုင်သလို
အပြန်အလှန်ပြောဆိုဆက်သွယ်တဲ့အပိုင်းမှာ အာရုံထားနိုင်မှု
အားနည်းလာနိုင်ပါတယ်။ ဒါကြောင့်တန်ဆေးလွန်ဘေးဆိုတဲ့မြန်မာစကားအတိုင်း ဘေး
ဖြစ်စေနိုင်လောက်အောင်အချိန်တွေကုန်နေတာမျိုးမဖြစ်အောင်
ဝိုင်းဝန်းထိန်းသိမ်းပေး သင့်ပါတယ်။
မြေးကလေးခေတ်ပေါ်ဒစ်ဂျစ်တယ်ပစ္စည်းများကို အလွန်မှိခိုသုံးနေမှုမှ မြန်မြန်ကင်းဝေး နိုင်ပါစေ။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
No comments:
Post a Comment