
ဒီနေ့လိမ္မာယဥ်ကျေးတဲ့ကလေးဖြစ်အောင်လေ့ကျင့်ပျိုးထောင်ပေးတဲ့နည်းကို Food for Thought 744 အဖြစ်မျှ ဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
လိမ္မာယဉ်ကျေးသောကလေးဖြစ်အောင်
“ကလေးလေးက
လိမ္မာလိုက်တာ…..ယဉ်ကျေးလိုက်တာ….” ဆိုတဲ့စကားမျိုးကို သင်လည်း
နှစ်သက်မိမှာပါ။ သင့်ကလေးကိုယ်တိုင်လည်း ထိုစကားမျိုးကိုကြားရတဲ့အခါ
ပျော်ရွှင်သွားသလို၊ နှစ်သက်မှာလည်းအသေ အချာပါပဲ။ လိမ္မာတယ်ဆိုတာက
အိမ်မှာတော့ ဗြောင်းဆန်အောင်ဆော့လွန်းလို့၊ ထိန်းမရချော့မရချောက်မရလို့၊
ဘာလုပ်လုပ်ဂရုမစိုက်တတ်ဘဲ ရိုက်လဲရိုက်၊
လုပ်ချင်တာလုပ်မှာပဲဆိုတဲ့အကျင့်နဲ့တော့ လူရှေ့သူရှေ့ရောက်မှ
လိမ္မာစေချင်လို့တော့မရပါဘူး။ လိမ္မာယဉ်ကျေးတဲ့ကလေးတစ်ယောက်ဖြစ်အောင်
လိမ္မာတဲ့အကျင့်ကို အိမ်မှာ ကတည်းက သွန်သင်ဆုံးမထားမှရတာပါ။
(ကလေးသဘာဝအဆော့မက်တာနဲ့ လိမ္မာယဉ်ကျေးတာက မတူပါဘူး)
အိမ်မှာအမေမိဘကိုလိမ္မာသိတတ်ယဉ်ကျေးတဲ့ကလေးက လူမှုဝန်းကျင်မှာ
တကူးတကထပ်ပြီး သွန်သင်နေစရာ လိုတော့မှာမဟုတ်ပါဘူး။ ကလေးသဘာဝအဆော့အမက်၊
အစားမက်တာကတော့ ဆိုးသွမ်းတယ်လို့ သတ်မှတ်လို့မရပါဘူး။
လိမ္မာယဉ်ကျေးတယ်ဆိုတာ…..
လိမ္မာယဉ်ကျေးတယ်ဆိုတာက
လူကြီးမိဘကို သိတတ်ပြီး၊ မရိုမသေအပြုအမူ၊ အပြောအဆိုမျိုး၊ မပြုလုပ်
တာမျိုး၊ လူကြီးမိဘဆုံးမတဲ့အခါ နားဝင်လွယ်ပြီး၊
ပြုပြင်ရကောင်းမှန်းသိတာမျိုး စသည်ဖြင့် အများကြီးပါဝင် ပါသေးတယ်။
ကလေးသဘာဝလွတ်လပ်စွာဆော့ကစားချင်တာမျိုးကို (အန္တရာယ်မရှိဘူးဆိုရင်တော့ )
လူကြီးက အတင်းအကြပ်တားတာကြောင့် သူကချိုးဖောက်တာမျိုးတော့
ဆိုးသွမ်းတယ်လို့သတ်မှတ်လို့မရပါဘူး။ ဘာလို့လဲဆိုတော့သင်တို့ငယ်ငယ်ကလည်း
ဆော့ကစားခဲ့ဖူးတာပဲမဟုတ်လား။ ကလေးအရွယ်ဆော့ကစား ချင်တာက သဘာဝပါပဲ။
လူကြီးကို ပြန်အော်တာ၊ ပြန်ဆဲနေတာ၊ ပြန်ရိုက်ပုတ်တာ၊
မထီမဲ့မြင်လုပ်နေတာမျိုး နဲ့ သူထင်ရာသူလုပ်ပစ်လိုက်တာမျိုးကတော့
ဆိုးတယ်လို့ပြောလို့အကျုံးဝင်ပါတယ်။လိမ္မာဖို့ကို ငယ်စဉ် ကတည်း က
သင်ကြားပေးမှရပါတယ်။ ကလေးမို့ငယ်တုန်းမို့ မသိသေးပါဘူးဆိုပြီး လွှတ်ထားလို့
မရပါဘူး။ ငယ်စဉ်က အကျင့်တောင် သင် မနည်းရအောင်ဖျောက်ခဲ့ရတာမဟုတ်ပါလား။
အဲလိုပါပဲ…..လိမ္မာယဉ်ကျေးတဲ့ကလေး ဖြစ်အောင် ငယ်စဉ်ကတည်းက သင်ပေးရပါတယ်။
ကလေးက မသိတာမှန်ပါတယ်။ ကလေးရဲ့ဘဘာဝကိုက ပတ်ဝန်းကျင်ကလူတွေဆီက
သင်ယူတတ်ပါတယ်။ ထိုကဲ့သို့ သင်ယူတဲ့ကလေးကို ကောင်းတဲ့အကျင့်တွေချည်း၊
လိမ္မာယဉ်ကျေးတဲ့အကျင့်တွေချည်း သင်ယူနိုင်အောင် သင်ပေးဖို့က
ကလေးဘဝတည်းကစရပါတယ်။ သူမသိ သေးလို့လွှတ်ထားလိုက်မယ်လို့ တွေးတာကမှားပါတယ်။
မသိသေးတာကို ထိုအရွယ်လေးထဲက သိအောင် သင်ပေးရပါမယ်။
၁)လူကြီးကိုယ်တိုင်စံနမူနာဖြစ်အောင်နေပါ။
ဘယ်သူကတော့လိမ္မာလိုက်တာ၊
ယဉ်ကျေးလိုက်တာလို့ ပြောနေတာထက် သင်ကိုယ်တိုင် လိမ္မာပြတာ၊ ယဉ် ကျေး
ပြတာကို ကလေးကအတုယူမှာပါ။ ဘာလို့လည်းဆိုတော့ ကလေးက သူနဲ့အနေနီးတဲ့မိဘတွေ၊
လူကြီးတွေဆီက သင်ယူတာမို့ပါ။ သင့်ဆီက နေ့ဒဓူဝကြားနေရတဲ့အသံတွေကို ကလေးက
နားရည်ဝလာတဲ့အခါ
သင်တို့လူကြီးတွေပြောတဲ့အတိုင်းကလေးကလိုက်ပြောတတ်တော့တာပါပဲ။
၂)သင်ကိုယ်တိုင်ကကလေးကိုလေးစားစွာဆက်ဆံပါ။
ကလေးက
သင့်ကိုတစ်ခုခုကူညီတဲ့အခါတိုင်း “ကျေးဇူးတင်ပါတယ် သားရယ်”
လို့ပြောပေးတာမျိုး၊ သင်တစ်ခု ခုမှားသွားတဲ့အခါ “ဆောရီးပါ သားရေ”
လို့ပြောပေးတာမျိုး၊ လူကြီးတစ်ယောက်ယောက်က ကူညီပေးတဲ့အခါ
“ကျေးဇူးတင်ပါတယ်…..” လို့ပြောတတ်ဖို့သင်ပေးပါ။ သင်ကိုယ်တိုင်လည်း အိမ်မှာ
မိသားစုချင်းလည်း အဲလို ဆက်ဆံပေးပါ။ အဖေဖြစ်သူက
အမေဖြစ်သူကိုအကူအညီတောင်းတဲ့အခါမျိုးမှာလည်း “ဒါလေးကူညီပေး ပါမေမေ….”
“ကျေးဇူးတင်ပါတယ်မေမေ…” စသည်ဖြင့် အသေးအဖွဲကအစ ပေါ့ပေါ့မထားဘဲ ဂရုတစိုက်
ကျေးဇူးတင်ပါ၊ အကူအညီတောင်းရင်လည်း
ယဉ်ကျေးချိုသာစွာပြောဆိုဆက်ဆံတာမျိုးပေ့ါ။ ထိုကဲ့သို့ ယဉ်ကျေး
စွာပြောဆိုဆက်ဆံတတ်တဲ့အထိအတွေ့ကြောင့် ပြင်ပလောကမှာလည်း
ယဉ်ကျေးစွာပြောဆိုဆက်ဆံတာက ကလေးအတွက်အကျင့်တစ်ခုဖြစ်သွားစေပါတယ်။ အဲဒါဆို
အခြားသူတွေနဲ့ဆက်ဆံရာမှာ ရိုင်းစိုင်းတဲ့အပြုအမူ
ကြောင့်သင်စိတ်ထိခိုက်ရတာမျိုးဖြစ်လာမှာမဟုတ်တော့ပါဘူး။
၃)သင်ကိုယ်တိုင်ကကလေးနဲ့အပေးအယူလုပ်တတ်ပါစေ။
အပေးအယူလုပ်တတ်ဖို့လည်း
လိုပါတယ်။ အရာရာတိုင်းကို အပေးအယူလုပ်လွန်းရင်လည်းမကောင်းပါဘူး။
လုပ်သင့်တဲ့နေရာမှာလည်း လုပ်ဖို့လိုပါသေးတယ်။ ပြောချင်တာက ကလေးကို
အပေးအယူလုပ်သင့်တဲ့နေရာမျိုး ဥပမာ။ သကြားလုံးစားချင်တယ်….ဆိုပါတော့။
ကလေးချောင်းဆိုးမှာကို စိုးတယ်၊ မစားဘဲနေခိုင်းလို့လည်း မရဘူးဆိုပါတော့။
ထိုနေရာမျိုးမှာ အပေးအယူလုပ်လို့ရပါတယ်။ “အိုကေ…..မေမေက သားကို သကြားလုံး
တစ်လုံးကျွေးမယ်။ ဒါပေမယ့် ကကြီးရေးတာပြီးအောင်ရေးပြီးမှကျွေးမယ်။
ကကြီရေးပြီးတာ နဲ့ သားကြိုက်တဲ့ သကြားလုံး တစ်လုံးစားရမယ်နော်။ ဒါပေမယ့်
သကြားလုံးက အများကြီးစားရင် ချောင်းဆိုးမယ်၊ ရင်ကြပ်မယ်၊ နေမကောင်းဖြစ်မယ်၊
အဲဒါဆို ဆရာဝန်ကြီးဆီသားသွားရမယ်၊ ဆေးခါးခါးကြီးသောက်နေရမှာစိုးလို့
အများကြီး မကျွေးတာဟုတ်လား။ မေမေပြောတာနားလည်တယ်နော်….” ထိုကဲ့သို့
သေချာနားလည်အောင်ရှင်းပြပြီး အပေး အယူလုပ်လို့ရပါတယ်။ ဒါပေမယ့်
သင်ကပေးထားတဲ့အတိုင်း ကတိတည်ဖို့တော့လိုပါတယ်။ အဲဒါဆို ကလေးက တခါတည်း
“ငါ့မေမေက ငါ့ကို ဒါပြီးရင်ပေးမယ်ပြောတယ်၊ ပြီးအောင်လုပ်မယ်”
ဆိုတဲ့စိတ်မျိုးဖြစ်သွားသလို၊ နောက်ထပ်
ဖြေရှင်းရခက်တဲ့ပြဿနာမျိုးဖြစ်လာတဲ့အခါမှာလည်း သင့်စကားကိုကလေးက
အလေးထားသွား ပါတယ်။ ဘာလို့ဆို သင်ကပြောရင်ပြောတဲ့အတိုင်းလုပ်တာကိုး။ အဲဒါက
တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်ပါပဲ။ သင်တကယ်မလုပ်ရဘူး …….
အပြစ်ပေးမယ်ပြောတဲ့အခါမျိုးကျရင်လည်း ကလေးကမှတ်ထားတတ်သွားပါ တယ်။
ဘာလို့လဲဆိုတော့ သင်က တကယ်အပြစ်ပေးမယ်ပြောရင်တကယ်လုပ်မှာကို သူသိနေတာကိုး။
အပြင်း အထန်တားမြစ်ရမယ့်နေရာမျိုးဆိုရင်တော့ လုံးဝကို အပေးအယူမလုပ်ဘဲနဲ့
“မလုပ်သင့်ဘူး……ဘာကြောင့်” ဆိုတာမျိုးရှင်းပြပြီး တားမြစ်ပါ။
တားမြစ်တဲ့ကြားထဲက လုပ်ရင်တော့ ကောင်းကောင်းအပြစ်ပေးမယ့် အကြောင်း
ပါသေချာရှင်းပြထားပါ။ အဲဒါမှ တားမြစ်ရမယ့်ကိစ္စမျိုးမှာ သင့်စကားကို
မလွဲမသွေနားထောင်ပါလိမ့်မယ်။
၄)အကျိုးသင့်အကြောင်းသင့်ရှင်းပြပေးပါ။
တခုခုဆို
ဒါမလုပ်ရဘူး….ဆိုတာမျိုးထက် ဘာလို့မလုပ်သင့်တာလဲဆိုတာကို ရှင်းပြပေးပါ။
အဲဒါက သင့် ကလေးကို တစ်ခါရှင်းပြထားရင် နောက်အခေါက်တွေမှာ
ထပ်လုပ်တာမျိုးမဖြစ်စေတော့ပါဘူး။ သင်ကလေးက ရေချိုးတာအကြာကြီးချိုးရတာ
ကြိုက်တယ်ဆိုပါစို့…….။ ရေချိုးတာကို တားမြစ်ရင်းနဲ့ တခါတည်းရှင်းပြပေးပါ။
ရေအကြာကြီးချိုးတဲ့အခါ နေမကောင်းဖြစ်တတ်ကြောင်း၊ အဆုတ်အအေးပတ်တတ်ကြောင်း၊
နေမကောင်းဖြစ် ရင် ဆေးသောက်ရမည့်အကြောင်း၊ ဆေးသောက်ချင်သလား….မေးကြည့်ပါ။
ရေချိုးဖို့တော့ လိုအပ်ကြောင်း၊ လိုတာထက်ပိုလာရင်
ဖြစ်တတ်တဲ့ဆိုးကျိုးတွေအကြောင်း စသည်ဖြင့်ပေါ့။ သူ့အသိဉာဏ်အလိုက်
နားလည်နိုင် မယ့်စကားလုံးမျိုးကိုရွေးပြီး သူ့ကိုသေချာရှင်းပြပေးပါ။
နောက်အခေါက်တွေကျရင် “သားရေ…..ရေအကြာ ကြီးချိုး ရင် ဘာဖြစ်မလဲ။
သိတယ်နော်……၊ ဖြစ်ရင်တော့ မေမေက ဆေးသောက်မှာရလား၊ သားကဆေးသောက် ရမှာလား”
အဲလိုလေးမေးလိုက်တာနဲ့တင် သင့်ကလေးက နားလည်သွားမှာပါ။ (ကလေးတွေကိုတော့
ပုံသေ တွက်လို့ မရပေမယ့် ထိုနည်းတူ၊ ရှင်းပြပေးခြင်းမျိုးက
ကလေးတွေအပေါ်ထိရောက်မှုရှိတာကိုပြောပြပေးတာပါ) အခြေအနေနဲ့ အချိန်အခါကို
လိုက်ပြီးတော့ ထိန်းကျောင်းတတ်ဖို့တော့လိုပါတယ်။ ကလေးရဲ့သဘာဝကိုက
မလုပ်နဲ့…..လို့တားရင် ပိုလုပ်ချင်တတ်တာမျိုးပါ။ အဲဒါကြောင့်
ဘာကြောင့်မလုပ်ခိုင်းတာလဲဆိုတာကို နားလည်အောင် ရှင်းပြလိုက်တာက
သူလည်းတကယ်နားလည်သွားသလို၊ သင့်နောက်ကွယ်မှာလည်း သူဆင်ခြင် သွားတတ်ပါတယ်။
အဲဒါက ကလေးကို သွယ်ဝှိုက်သောနည်းနဲ့ လိမ္မာစေနည်းပါပဲ။ဒါပေမယ့် ကလေးနဲ့ပတ်
သက်ရင် စိတ်ရှည်ဖို့တော့လိုပါတယ်။
တစ်ခါရှင်းပြတယ်…..ထပ်လုပ်တယ်…..နှစ်ခါရှင်းပြ တယ်….ထပ် လုပ်တယ်ဆိုရင်
သူ့ကို “ မေမေရှင်းပြတာ နှစ်ခါရှိပြီနော်…..နောက်တကြိမ်ဆို
မေမေလုံးဝခွင့်မလွှတ်တော့ဘူး။
အပြစ်ပေးရမှာပဲ….မေမေနားလည်အောင်ရှင်းပြထားရဲ့သားနဲ့။
ထပ်လုပ်တာ….သားအပြစ်နော်။” အဲလိုမျိုး သတိ
ပေးပါ။အဲဒါကကလေးကိုကိုယ့်ကိုကိုယ်သတိထားတတ်စေပါတယ်။
၅)ကလေးကိုနားလည်ပေးသင့်တာနားလည်ပေးပါ။အမိန့်ပေးတာမျိုးထက်ညှိယူပေးပါ။
ကလေးကို
ပုံစံခွက်နဲ့တော့ အမြဲတစေထိန်းကျောင်းလို့မရတဲ့အတွက်
နားလည်ပေးသင့်တာမျိုးကျရင်တော့ နားလည်ပေးပါ။ ဥပမာ။ သင်က စာဖတ်နေတဲ့အချိန်၊
သူက ကာတွန်းကားကိုအသံအကျယ်ကြီးဖွင့်တာမျိုးဆိုရင် “သားရေ….မေမေစာဖတ်တာကို
သားကာတွန်းကားအသံက အနှောင့်အယှက်ဖြစ်တယ်၊ သားလည်း ကြိုက်တာ လုပ် လို့ရသလို၊
မေမေလည်း ကြိုက်တာလုပ်ခွင့်ရှိတယ်နော်။ ဒါပေမယ့်
အနှောင့်အယှက်တော့မဖြစ်အောင် သတိထားရမယ်။
ကာတွန်းကားကြည့်လို့ရတယ်နော်….အသံတော့နည်းနည်းတိုးပေးပါလား” ဒါမျိုး
အချင်းချင်း ညှိုယူတတ်အောင် ကိုယ်က စပြီးသင်ပေးပါ။အမြဲတစေ ကိုယ်ကမိဘမို့
ကိုယ်ပြောတာ ကို နားထောင် ရမယ်၊ ကိုယ့်စည်းကမ်းအတိုင်း
အမြဲလိုက်နာရမယ်ဆိုပြီး အမိန့်ပေးတာထက် ကိုယ့်အလှည့်ကျရင်လည်း သူ့ကို
နားလည်ပေးသင့်တာနားလည်ပေးရပါမယ်။ သူ့အလှည့်ကျရင်လည်း
ကိုယ့်ကိုနားလည်ပေးသင့်ကြောင်း ရှင်းပြ ပေးပါ။ အမိန့်လိုမျိုးထက်
ဆွေးနွေးတဲ့သဘောမျိုးနဲ့က ကလေးကိုထိန်းကျောင်းရပိုလွယ်စေပါတယ်။ အမိန့်
ပေးပါများရင် ကလေးက သူဖြစ်ချင်တာ၊ သူလုပ်ချင်တာလုပ်ခွင့်မရဘူးလို့
ထင်မြင်လာတတ်တဲ့အတွက် ကလေးကို ထိန်းကျောင်းရတာပိုခက်လာတတ်ပါတယ်။ ဥပမာ။
သားစက်ဘီးစီးချင်တယ်…..လို့ပြောလာတယ် ။ကိုယ်ကလည်း
သူ့ကိုလိုက်မကြည့်နိုင်ဘူး၊ ဟင်းချက်နေတယ်ဆိုပါတော့။ “အိုကေ….မေမေခုတော့
ဟင်းချက် ရမယ်။ ဟင်းချက်ဖို့
သားကူညီနိုင်သလောက်ကူညီပေး….မြန်မြန်ဟင်းချက်ပြီး သားကိုစက်ဘီးစီးလိုက်
သင်ပေး မယ်။ သားကြိုက်တာသားလုပ်ပြီးရင်တော့
မေမေစာဖတ်ရင်မနှောင့်ယှက်ရဘူးနော်။ သဘောတူလား…..” ဒါမျိုး
တရားသေမဟုတ်ပေမယ့် ကလေးနဲ့ကိုယ်ကြား လိုချင်တာလေးတွေ
ညှိုယူလို့ရပါတယ်။အဲလိုမျိုး အချင်းချင်း ညှိုယူနိုင်တဲ့အခါ မိဘကို ကလေးက
ပုန်ကန်တာမျိုး၊ ကလန်ကဆန်လုပ်တာမျိုး မရှိနိုင်တော့ပါဘူး။ စကားတော့
များများပြောပြ၊ ရှင်းပြပေးရပါတယ်။ အဲဒီ့အကျင့်ကို
စိတ်ရှည်ပြီးကျင့်ယူပေးလိုက်ရင် သင့်ကလေးက
သင်အပေါ်ဆိုးတဲ့၊ပေတဲ့၊ဂျစ်တဲ့ကလေးမဖြစ်လာနိုင်တော့ပါဘူး။
အထက်ပါအချက်လေးတွေက
အက်မင်ရဲ့ကိုယ်တိုင်အတွေ့အကြုံလေးတွေအရ ရေးပေးထားတာပါ။ ကလေး ချင်းကတော့
မတူတဲ့အချက်လေးတွေရှိမှာပါ။ အခြေအနေနဲ့အချိန်အခါအရ လူကြီးက အဆင်ပြေသလို
ထိန်းကျောင်းတတ်ဖို့တော့ လိုပါတယ်။ အားလုံးပဲ
လိမ္မာယဉ်ကျေးသောကလေးတွေဖြစ်အောင် ပျိုးထောင်နိုင် ကြပါစေနော်။
မိတ်ဆွေများ လိမ္မာယဥ်ကျေးတဲ့ကလေးတွေလေ့ကျင့် ပျိုးထောင်ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Monday, February 24, 2025
လိမ္မာယဉ်ကျေးသောကလေးဖြစ်အောင် Food for Thought 744 ဒေါက်တာသိန်းလွင်
Subscribe to:
Post Comments (Atom)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
-
ဒီနေ့ “သင်ကြားရေးတွင်သုံးရန် ဆရာများအတွက် လမ်းညွှန် (5E) ပုံစံ”ကို Food for Thought 896 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြ...
-
မူလတန်း P-2 တက်နေတဲ့မြေးမလေးကျောင်းကသင်္ချာပုစ္ဆာတွက်ခိုင်းတဲ့စာရွက်မှာ အပေါင်းအနှုတ် မေးခွန်းကိုစဥ်းစားရာမှာ အ ဆင့် (၄) ဆင့် ပါတဲ့ (၁) ...
No comments:
Post a Comment