
ဒီနေ့ “စိတ်ကောင်းရှိဖို့ကပထမ”အရေးကြီးကြောင်းကို Food for Thought 746 အဖြစ်မျှဝေ လိုက်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
စိတ်ကောင်းရှိဖို့က ပထမ
မြတ်စွာဘုရားက
ဟောတယ်၊စိတ်ကလေး ညစ်နွမ်းနေလို့ရှိရင်အခြေအနေ ဆိုးလိမ့်မယ်။အခြေအနေ
ဆိုးကိုပဲ မျှော်လင့်ရမယ်။စိတ်ကလေး ဖြူစင်နေလို့ရှိရင် အကောင်း ကို ပဲ
မျှော်လင့်လို့ရမယ် ။ ဒီလိုင်းနှစ်လိုင်းကိုပဲ
ခွဲခြားထားတာ။မကောင်းတာတွေနဲ့ ပေါင်းတဲ့စိတ်သည် အဆိုး ဘက်ကို သွားလိမ့်
မယ်ကောင်းတာတွေနဲ့ ပေါင်းတဲ့စိတ်သည် အကောင်းဘက်ကို သွားလိမ့်မယ်။
အဲဒါကြောင့်
စိတ်ကောင်းရှိဖို့ ပထမလို့ ဆိုတာ။ဘာဖြစ်လို့ ပထမနေရာမှာ
ထားရတုန်းလို့ဆိုရင် မကောင်း တဲ့စိတ်လေး ဝင်လာလိုက်တာနဲ့ တပြိုင်နက်
ဘာဖြစ်လဲ။မကောင်းတဲ့အတွေး အရင်တွေးမှာ ပဲ။မကောင်းတဲ့အတွေး
တွေးထားတဲ့ပုဂ္ဂိုလ်က မကောင်းတာပဲ ပြောမယ်။သူ့လမ်းကြောင်းက ဒီဘက်
ရောက်သွားပြီမကောင်းတာပြောတဲ့လူက မကောင်းတာပဲလုပ်မယ် ဆိုတော့
မကောင်းတဲ့လိုင်းဘက် ရောက်သွားတယ်။စိတ်ကောင်းရှိဖို့ ပထမ။
စိတ်ကလေးကကောင်းတယ်ဆိုရင်
ကောင်းတဲ့အတွေးတွေ တွေးလာတယ်။ကောင်းတဲ့အတွေးတွေ တွေးလာသည့်အတွက် ကြောင့်
ကောင်းတဲ့အပြော ပြောမှာပဲ ။ကောင်းတဲ့အလုပ်ကို လုပ်မှာပဲ။
အဲဒီလို
နှစ်လိုင်းရှိတယ်ဆိုတာ ကိုယ့်ကိုယ်ကို ဒီအမြဲတမ်း စည်းတားထားဖို့
လိုတယ်။ငါ့စိတ်လေးဟာ အကောင်းတွေ တွေးနေလား ။အဆိုးတွေ တွေးနေလား။ငါ့စိတ်ဟာ
စိတ်ကောင်းလား။စိတ်ဆိုး စိတ် ယုတ်မာလားဆိုတာ ဆင်ခြင်စဉ်းစားရမယ်။အဲဒီလို
စဉ်းစားပြီး အဆိုးဘက်ကို မသွားအောင် အကောင်း ဘက်လှည့်အောင် လုပ်ပေးရမယ်။ဒါက
လေ့ကျင့်တာ။
ဟုတ်ပြီ..
စိတ်ကောင်းဆိုသည်မှာ သဒ္ဓါနဲ့ ယှဉ်တွဲလာတဲ့ စိတ် ဟီရိ နဲ့ သြတ္တပနဲ့
ယှဉ်တွဲလာတဲ့ စိတ်၊ သတိနဲ့ပညာနဲ့ ယှဉ်တွဲလာတဲ့ စိတ်။ ဒီစိတ်တွေကို
စိတ်ကောင်းလို့ဆိုရမယ်။သူများအပေါ် အနိုင် ကျင့်တာမျိုး
မရှိဘူး။သူများပစ္စည်း မတရားလိုချင်တာ မရှိဘူး။သူတစ်ပါး သားမယား
ပြစ်မှားချင်တာ မရှိဘူး။ကိုယ်ချင်းစာတယ်ကိုယ်ချင်းစာစိတ် ရှိတယ်။
ကိုယ်ချင်းစာနာတာ
မရှိဘူး ကိုယ်ချင်းစာစိတ် မရှိဘူး။ဘယ်သူသေသေ ငတေမာ ပြီးရောဆိုတဲ့စိတ်
ထားမျိုး အရှက်မဲ့တဲ့ စိတ်ထားမျိုး၊သဒ္ဓါတရား ကင်းမဲ့တဲ့
စိတ်ထားမျိုးပြောချင်ရာပြော၊ လုပ်ချင်ရာ လုပ်တဲ့ စိတ်ထားမျိုး တွေကိုတော့
စိတ်ယုတ်မာ လို့ ဒီလိုပြောရမှာပဲ။
မဟာဂန္ဓာရုံဆရာတော်ကြီးက"စိတ်ကောင်းရှိဖို့
ပထမ လို့ ပြောတာ။ မဟာဂန္ဓာရုံ ကျောင်းတိုက်မှာ
လိုက်နာရန်သတ်မှတ်ထားတဲ့စည်းကမ်းတွေမှာစိတ်ကောင်းရှိဖို့ကပထမသတ်မှတ်ထားပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Monday, February 24, 2025
စိတ်ကောင်းရှိဖို့က ပထမ Food for Thought 746 ဒေါက်တာသိန်းလွင်
Subscribe to:
Post Comments (Atom)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
-
ဒီနေ့ “သင်ကြားရေးတွင်သုံးရန် ဆရာများအတွက် လမ်းညွှန် (5E) ပုံစံ”ကို Food for Thought 896 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြ...
-
မူလတန်း P-2 တက်နေတဲ့မြေးမလေးကျောင်းကသင်္ချာပုစ္ဆာတွက်ခိုင်းတဲ့စာရွက်မှာ အပေါင်းအနှုတ် မေးခွန်းကိုစဥ်းစားရာမှာ အ ဆင့် (၄) ဆင့် ပါတဲ့ (၁) ...
No comments:
Post a Comment