Monday, February 24, 2025

"စိတ်ရဲ့အလိုကို ကိုယ်က မလိုက်ပါနဲ့" Food for Thought 747 ဒေါက်တာသိန်းလွင်

 No photo description available.

ဒီနေ့ သစ္စာရွှေစည်းဆရာတော်ရဲ့တရားမှ "စိတ်ရဲ့အလိုကို ကိုယ်က မလိုက်ပါနဲ့""ကိုယ်ရဲ့အလိုကိုသာ စိတ်က လိုက်ပါစေ" ဆိုတဲ့ဆင်ခြင်စရာအလွန်ကောင်းတဲ့လမ်းညွှန်ချက်ကို Food for Thought 747 အဖြစ်မျှဝေ လိုက်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်


"စိတ်ရဲ့အလိုကို ကိုယ်က မလိုက်ပါနဲ့"
ရလဒ်ကောင်းတစ်ခုခုကို လိုချင်ရင် ထိုရလဒ်ရရှိဖို့အတွက် အခြေခံအကြောင်း တရားတွေကို လုပ် ဆောင်ရန် လိုအပ်ပါတယ်။ အကြောင်းတွေပြည့်စုံမှသာ ရချင်တဲ့ကောင်းကျိုးဆိုတာ ဖြစ်လာမှာဖြစ်ပါ တယ်။ အေး ငြိမ်းမှုလိုချင်ပါတယ်လို့ ဘယ်လောက်ပင်ပြောနေနေ တောင်းတလိုချင်မှုလောဘတွေ များနေ သမျှကာလပတ်လုံး အေးငြိမ်းမှုက ဘယ်လိုမှမရနိုင်ပါ။

"စိတ်ရဲ့အလိုကို ကိုယ်က မလိုက်ပါနဲ့""ကိုယ်ရဲ့အလိုကိုသာ စိတ်က လိုက်ပါစေ"

• မစင်ဆိုတာ အာဟာရကြောင့်ဖြစ်တာ..မစင်ကိုသာ စက်ဆုပ်တတ်ကြပြီးအာဟာရကိုတော့ မစက်ဆုပ်တတ်ကြဘူး..

• စိုးရိမ်ခြင်းဆိုတာ ချစ်ခြင်းကြောင့်ဖြစ်တာ..စိုးရိမ်ခြင်းကိုသာ ကင်းလိုကြပြီးချစ်ခြင်းကိုတော့ မကင်းလိုကြဘူး..

• သေခြင်းဆိုတာ ဘဝကြောင့်ဖြစ်တာ..သေခြင်းကိုသာ ကြောက်လန့်ကြပြီးဘဝကိုတော့ မကြောက်လန့်ကြဘူး..

• ဆင်းရဲဆိုတာ လောဘကြောင့်ဖြစ်တာ..ဆင်းရဲကိုသာ ဖယ်လိုကြပြီးလောဘကိုတော့ မဖယ်လိုကြဘူး..

• ချမ်းသာဆိုတာ ကောင်းမှုကြောင့်ဖြစ်တာ..ချမ်းသာကိုသာ လိုချင်ကြပြီးကောင်းမှုကိုတော့ မပြုချင်ကြဘူး..

• ပူလောင်မှုဆိုတာ ကိလေသာကြောင့်ဖြစ်တာ..အပူကိုသာ ရှောင်လိုကြပြီးကိလေသာကိုတော့ မရှောင်လို ကြဘူး..

• ငြိမ်းချမ်းမှုဆိုတာ ဓမ္မကြောင့်ဖြစ်တာငြိမ်းချမ်းမှုကိုသာ ဆောင်လိုကြပြီးဓမ္မကိုတော့ မဆောင်လိုကြဘူး..

• ဘာကိုမှ မလိုချင်လျှင် ဘာကိုမှကြောက်စရာမရှိ..ရဲရင့်မှုဟာ မလိုချင်ခြင်းမှာရှိတယ်..ဘာကိုမှ မလိုချင်လျှင် ဘယ်လိုမှ ညစ်နွမ်းစရာမရှိ..

• စင်ကြယ်ခြင်းဟာ မလိုချင်ခြင်းမှာရှိတယ်..ဘာကိုမှ မလိုချင်လျှင် ဘယ်လိုမှဆင်းရဲစရာမရှိ..

• ချမ်းသာခြင်းဟာ မလိုချင်ခြင်းမှာရှိတယ်..ဘာကိုမှ မလိုချင်လျှင် ဘယ်လိုမှပူပင်စရာမရှိ..

• အေးချမ်းခြင်းဟာ မလိုချင်ခြင်းမှာရှိတယ်..ဘာကိုမှ မလိုချင်လျှင် ဘယ်လိုမှပင်ပန်းစရာမရှိ..သက်သာခြင်း ဟာ မလိုချင်ခြင်းမှာရှိတယ်..

• အပါယ်လေးပါး စိတ်ကြောင့်သွားသည်..
• နိဗ္ဗာန်ရောက်မှု စိတ်ကပြုသည်..
• စိတ်ကိုလွှတ်ထား ဆင်းရဲပွားမည်..
• စိတ်ကိုထိန်း အေးချမ်းနိဗ္ဗာန်ပြည်..။

ဓမ္မမိတ်ဆွေများ ဆင်းရဲဒုက္ခကိုဖြစ်စေမဲ့စိတ်အလိုကိမလိုက်ဘဲ ချမ်းသာကိုဖြစ်စေတဲ့စိတ်ကိုကောင်းစွာ ထိန်းသိမ်းနိုင်ကြ ပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
No photo description available.

No comments:

Post a Comment

ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)

  ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...