Monday, February 24, 2025

အမှားနှင့်အမှန်ခွဲခြားမသိတဲ့ သနားစရာကောင်းတဲ့တပည့် Food for Thought 748 ဒေါက်တာသိန်းလွင်

No photo description available.

ဒီနေ့ စျင်ပုံပြင်များမှ ” အမှားနှင့်အမှန်ခွဲခြားမသိတဲ့ သနားစရာကောင်းတဲ့တပည့်” အကြောင်းကို Food for Thought 748 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်

အမှားနှင့်အမှန်ခွဲခြားမသိတဲ့ သနားစရာကောင်းတဲ့တပည့်

ရည်ရွယ်တာကတော့ ဆိုးတဲ့အမူအကျင့်ကြောင့် လူတွေကို အပြစ်ပေးစွန့်လွှတ်တာမျိုး၊ အကြမ်းဖက်ချိုးနှိမ်တာမျိုးမလုပ်ဘဲ အပြုသဘောစိတ်ဖြင့် စိတ် ရှည်သည်း ခံပြီးချစ်ခင်ကြောင်းပြတာကကာယကံရှင်ရဲ့နှလုံးသားကို ညင်ညင်သာသာနက်ရှိုင်းစွာထိစေ ပြီး ကိုယ် တိုင်နားလည်သဘောပေါက်ခါအပြုသဘောကောင်းတဲ့အမူအကျင့်များဖြစ်လာစေကြောင်း သိစေလိုတဲ့ အတွက် ဒီစျင်ပုံပြင်လေးကိုမျှဝေတာဖြစ်ပါတယ်။ လူတွေကိုပြုပြင်ပေးတဲ့အခါမှာ အကြင်နာဆုံး ညင်သာမှု၊ စိတ်အရှည်ဆုံးသည်းခံမှုဖြင့် အကောင်းဆုံးပြုပြင်ပေးနိုင်ကြောင်း မျှဝေချင်တာဖြစ်ပါတယ်။

အမှားနှင့်အမှန်ခွဲခြားမသိတဲ့ သနားစရာကောင်းတဲ့တပည့်

ဈင်ဆရာကြီးဘင်ကီကသတိဖြင့် စိတ်ကို ထိန်းသိမ်းစောင့်ရှောက်တဲ့နည်းလမ်းတွေကိုလေ့ကျင့် သင် ပေး နေတဲ့ အချိန်မှာ ဂျပန်နေရာအနှံ့မှ တပည့်များ လာရောက်တက်ရောက်ကြပါတယ်။ အဲဒီလို စုဝေးနေတဲ့တစ်ချိန်မှာ တပည့်တစ်ယောက်က ပစ္စည်းတွေခိုးနေတာကိုမိပါတယ်။ အဲဒီအကြောင်းကို ဆရာကြီး ဘင်ကီထံ သတင်းပို့ ကြပါတယ်။ အဲဒီတပည့်ကိုသင်တန်းမှ ထုတ်လိုက်ရန်လည်း အကြံပေးကြပါတယ်။ ဒါပေမဲ့ဘင်ကီက ဖြစ်ရပ်ကို လစ်လျူရှုထားပါတယ်။

ထိုတပည့်မှာ အလားတူခိုးတဲ့ကိစ္စဖြင့် နောက်တစ်ကြိမ်ထပ်မိပြန်ပါတယ်။ အဲဒီအချိန်မှာလည်း ဈင်ဆရာကြီး ဘင်ကီက လျစ်လျူရှုထားပြန်ပါတယ်။ အဲဒီတော့ သင်တန်းတက်နေကြတဲ့တပည့်တွေက မကျေမနပ်ပြီးဖြစ်ပြီး တိုင်တန်းတဲ့စာတစ်စောင်ရေးပြီးဈင်ဆရာကြီးထံတင်ပြကြပါတယ်။ အဲဒီစာမှာ ပစ္စည်း ခိုးသူကိုသင်တန်းမှ မနှင် ထုတ်ရင် သူတို့တတွေအားလုံးသင်တန်းမှထွက်ခွါသွားကြပါမယ်လို့ တင်ပြထားပါတယ်။

ဈင်ဆရာကြီးဘင်ကီက စာကို ဖတ်ရတဲ့အခါ တပည့်အားလုံးကို သူ့ရှေ့မှောက်ခေါ်လိုက်ပါတယ်။ ဆရာကြီးက စာတင်ပြသူတွေကိုရည်ညွှန်းပြီးတပည့်တို့ကအသိဉာဏ်ရှိကြပါတယ်။ ဒါကြောင့် သင်တို့ အနေဖြင့် စိတ်ဆန္ဒရှိ တယ်ဆိုရင်တစ်နေရာရာသွားပြီးသင်ကြားလေ့လာနိုင်ပါတယ်။ ဒါပေမဲ့ဒီသနား စရာကောင်းတဲ့တပည့်ကတော့ အမှန်နဲ့အမှားတောင်ခွဲမသိသေးပါဘူး။ ဒါကြောင့် သူ့ကို ဆရာကြီးက သာလက်ခံသင်မပေးဘူးဆိုရင် ဘယ်သူက သင်ပေးမှာလဲ။ ဒါကြောင့် ကျန်တပည့်တွေအားလုံး ထွက်ခွါသွားရင်တောင် သူ့ကိုတော့ ဒီမှာ ဆက်လက်လက်ခံ သင်ပေးနေမှာဖြစ်ပါတယ်လို့ ပြော လိုက်ပါတယ်။
ဘုန်းတော်ကြီးရဲ့ဆုံးဖြတ်ချက်ကိုကြားလိုက်တဲ့အခါ ပစ္စည်းကိုခိုးယူမိတဲ့တပည့်မျက်လုံးများမှမျက်ရည် များ ကျ ဆင်းလာပါတယ်။

ရှင်းလင်းချက်- ဒီပုံပြင်မှာ ရှင်းလင်းပါတယ်။ ပုံပြင်ထဲကလို သူများပစ္စည်းဥစ္စာကို ခိုးယူတဲ့လူမျိုးကို တစ်ဦး တစ်ယောက်ကကျောပေးပြီးနှင်လွှတ်သင့်ပါသလား။ ပိုလေးလေးနက်နက်စဉ်းစားလိုက်တဲ့အခါ ပစ္စည်းခိုး မိသူကို လမ်းပြပေးသင့်တဲ့လူသားတစ်ယောက်အနေဖြင့်လည်း မြင်နိုင်ပါတယ်။ အဲဒီလို လူမျိုူးကို အခြေခံ လူ့မှု စည်းကမ်းဖြစ်တဲ့အမှားနဲ့အမှန်တောင်မခွဲခြားနိုင်မှုအတွက် လမ်းကြောင်းမှန် အောင် ပြပေးဖို့ လိုအပ်သူ အဖြစ် သဘောထားပြုပြင်ပေးရန် လိုအပ်ပါတယ်။

သင်ချစ်ခင်သူတစ်ယောက်ယောက်မကောင်းတဲ့အပြုအမူကိုပြုလုပ်တဲ့အတွက် သူ့ကိုစွန့်ပစ်တာမျိုး မပြုလုပ်သင့် ပါဘူး။ ကောင်းတဲ့အပြုအမူမျိုးရှိစေဖို့မှာ လိုအပ်ပါတယ်။ ဒါကြောင့် အဲဒီလို ဖြစ်နေရင် ကောင်းမွန်တဲ့အပြု အမူဖြစ်လာအောင်စည်းကမ်းပေးရန် လိုအပ်ပါတယ်။ အချိန်ပေးပြီးအမှားနဲ့ အမှန်ကိုခွဲခြားတတ်အောင် သင်ပေး လမ်းပြလေ့ကျင့်ပေးရန် လိုအပ်ပါတယ်။ မိမိကိုယ်တိုင်လဲကျရင် ပြန်ထူထောင်ရသလို့မိမိချစ်ခင်သူများ လဲကျ သွားတဲ့အခါမှာလည်း ပြန်ထူထောင်လာနိုင်အောင် ကူညီပေးရန် လိုအပ်ပါတယ်။

မိတ်ဆွေများလည်း သားသမီးများ၊ မိတ်ဆွေသူငယ်ချင်းများကိုပြုပြင်ပေးရာမှာ ဒီနည်းလမ်းကို လိုက်နာကျင့်သုံးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်


No comments:

Post a Comment

ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)

  ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...