Monday, February 24, 2025

ခိုင်မြဲလှစွာချစ်မေတ္တာ မောင်နှစ်မနှစ်ယောက်မှာ Food for Thought 749 ဒေါက်တာသိန်းလွင်

 No photo description available.
ဒီနေ့ မောင်နှမအချင်းချင်း ချစချစ်ခင်ခင် မေတ္တာထားရန် လိုအပ်ကြောင်းကို “ခိုင်မြဲလှစွာချစ်မေတ္တာ မောင်နှစ်မနှစ်ယောက်မှာ” ဆိုတဲ့နမူနာယူစရာကောင်းလှတဲ့မောင်နှမနှစ်ယောက်အကြောင်းကို Food for Thought 749 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်


ခိုင်မြဲလှစွာချစ်မေတ္တာ မောင်နှစ်မနှစ်ယောက်မှာ

ကျွန်မဟာ တောင်အောက်ခြေမှာ သီးသီးခြားခြားလေး ရှိနေတဲ့ရွာလေးတစ်ရွာမှာမွေးဖွားခဲ့တာဖြစ်ပါ တယ်။ ကျွန်မတို့မိဘတွေမှာအဝါရောင်လယ်မြေကိုထွန်ယက်ရပါတယ်။ အဲဒီလိုထွန်ယက်တဲ့အခါမှာ သူတို့ ကျောက နေရောင်လာတဲ့ဘက်ကိုလှည့်ထားပါတယ်။ တစ်နေ့မှာကျွန်မက အခြားမိန်းကလေး တွေမှာရှိတဲ့ လက်ကိုင်ပု ဝါမျိုးတစ်ထည်ဝယ်ချင်ပါတယ်။ ဒါကြောင့် တစ်နေ့မှာမဖခင်ရဲ့အံဆွဲထဲမှ ဆင့် (၅၀) ကို ခိုးယူ လိုက်ပါတယ်။ ဖခင်က လယ်ကွင်းမှာပြန်ရောက်လာတဲ့အခါ ခိုးယူတဲ့ပိုက်ဆံကိုချက်ခြင်း သိသွားပါတယ်။

ပိုက်ဆံခိုးတာဘယ်သူလဲ လို့ဖေဖေကကျွန်မမောင်လေးနှင့် ကျွန်မကိုမေးပါတယ်။ အဲဒီအချိန်မှာ ကျွန်မ ကြောက်လွန်းတဲ့အတွက် တစ်ကိုယ်လုံးတောင့် တင်းနေပါတယ်။ ဘယ်သူကမှ ပိုက်ဆံခိုးတာကိုဝန်မခံ ကြပါဘူး။ ဒီတော့ဖေဖေက ဘယ်သူကမှဝန်မခံဘူးဆိုရင် နှစ်ယောက်လုံးကိုအပြစ်ပေးမယ်လို့ ပြောလိုက်ပါတယ်။ အဲဒီ အချိန်မှာပင် ကျွန်မမောင်လေးကဖေဖေလက်ကိုလှမ်းဆွဲလိုက်ပြီး ပိုက်ဆံ ခိုးတာသူဖြစ်ကြောင်း ပြောလိုက်ပါတယ်။ ခိုးမိတဲ့အတွက် သားကိုသာအပြစ်ပေးပါ။ အပြစ်တင်ပါလို့ ပြောလိုက်ပါတယ်။ မောင်လေးက ကျွန်မ လုပ်မိတဲ့အပြစ်အတွက် သူကတာဝန်ယူလိုက်ပါတယ်။

ညသန်းခေါင်အချိန်ရောက်တဲ့အခါ ကျွန်မက ရုတ်တရက်ကျယ်လောင်စွာငိုလိုက်ပါတယ်။ အဲဒီအချိန်မှာ ကျွန်မ မောင်လေးက သူ့ လက်ကလေးဖြင့် ကျွန်မပါးစပ်ကို လှမ်းပိတ်လိုက်ပါတယ်။ ပြီးတော့ မမရယ် ငိုမနေပါနဲ့တော့။ ပြီးတာတွေက ပြီးသွားပါပြီလို့ သာသာလေးပြောလာပါတယ်။ မောင်လေးက ကျွန်မကို အပြစ်ပေးခံရမှာကို မဖြစ် စေချင်တဲ့တွက်အကာအကွယ်ပေးလိုက်တာကိုကျွန်မတစ်သက်မမေ့နိုင်ပါ။ အဲဒီနှစ်က မောင်လေးမှာ (၈) နှစ်ဖြစ်ပြီးကျွန်မမှာ (၁၁) နှစ်ဖြစ်ပါတယ်။ ကျွန်မအနေဖြင့် ကိုယ်တိုင် လုပ်မိတဲ့အမှားကို ဝန်မခံရဲတဲ့အတွက် မိမိ ကိုယ်မိမိမုန်းတီးနေမိပါတယ်။ နှစ်တွေသာကြာလာပေမဲ့ အဲဒီဖြစ်ရပ်က မနေ့ကဖြစ်ခဲ့တဲ့ဖြစ်ရပ် လေးလို ကျွန်မစိတ်မှာဖြစ်နေပါတယ်။

ကျွန်မမောင်လေးဟာ အထက်တန်းကျောင်းနောက်ဆုံးနှစ်ရောက်တဲ့အခါ မြို့အလည်မှာရှိတဲ့ကျောင်းမှာ သူက တက်ခွင့်ရပါတယ်။ အဲဒီနှစ်မှာပင်ကျွန်မက ဒေသတွင်းမှာရှိတဲ့တက္ကသိုယ်မှာ တက်ခွင့်ရခဲ့ပါတယ်။ အဲဒီညက ဖေဖေဟာအိမ်ခြံထဲမှာမေမေနှင့်စောင့်ကြောင့်ထိုင်ကာ ဆေးလိပ်တွေတစ်လိပ်ပြီးတစ်လိပ် သောက်ရင်းစကား တွေ ပြောနေတာကိုကျွန်မကောင်းကောင်းကြားနေရပါတယ်။ အခုဆိုရင်ဒို့ကလေး နှစ်ယောက်လုံးက ပညာ သင်ကြားရေးရလဒ်ကောင်းတွေရနေကြတယ်။ သိပ်ကောင်းတဲ့ရလဒ်တွေ ဖြစ်တယ် လို့ဖေဖေက ပြောလိုက်ပါ တယ်။ ဒီတော့ မေမေကစီးကျလာတဲ့မျက်ရည်တွေကိုသုတ်ရင်း ရလဒ်ကောင်းတော့ ဘာလုပ်ရမှာလဲလို့ ပြန်မေး လိုက်ပါတယ်။ကျွန်မတို့အနေနဲ့ သူတို့နှစ်ယောက်လုံး ကျောင်းဆက်ထားဖို့ငွေကြေးဘယ်လိုတတ်နိုင် မှာလဲလို့ မေမေကငိုသံပါဖြင့် ပြောနေတာကိုကြား နေရပါတယ်။

အဲဒီညကကျွန်မမောင်လေးက ထွက်လာပြီးဖေဖေရှေ့မှာရပ်ရင်း ဖေဖေသားကပညာဆက်မသင်ချင် တော့ ပါဘူး။ သားစာအုပ်တွေအများကြီးဖတ်ပြီးပါပြီ။ လို့ပြောလိုက်ပါတယ်။ ဒီတော့ဖေဖေကစိတ်ဆိုး ပါတယ်။ ဘာကြောင့် သားက ဒီလောက်စိတ်ပျော့ရတာလဲ လို့အော်လိုက်ပါတယ်။ ဖေဖေတို့အနေနဲ့ လမ်းဘေးမှာထွက်ပြီး တောင်း စားရပါစေ သားတို့ကို ပညာဆက်လက်သင်ဖို့စီစဉ်ပါမယ်လို့ ဖေဖေက ပြောလိုက်ပါတယ်။ သားတို့ပညာဆုံးတဲ့ အထိ သင်နိုင်အောင်စီစဉ်ပါမယ်လို့ပြောလိုက်ပါတယ်။ ပြီးတော့ အခြားအိမ်တွေသွားပြီးတံခါးခေါက်ရင်း ပိုက်ဆံ လိုက်ချေးပါတယ်။

ကျွန်ကကျွန်မလက်ဖြင့်မောင်လေးမျက်နှာကို သာသာလေးကိုင်ရင်း ယောင်္ကျားလေးဆိုတာပညာကို ဆက် လက်သင်ရန် လိုအပ်ပါတယ်။ တကယ်လို့ပညာဆက်လက်မသင်ရင် အခုမိမိတို့မိသားစုတွေ့နေရ တဲ့ဆင်းရဲ မွဲတေမှုကိုကျော်လွန်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့်မိမိကတော့ တက္ကသိုလ်ကိုဆက်လက် မတက်တော့ရန်ဆုံး ဖြတ်ထားကြောင်းမောင်လေးကိုပြောပြလိုက်ပါတယ်။
နောက်တစ်နေ့မနက် နေမထွက်မီ ဘယ်သူမှမသိတဲ့အချိန်မှာမောင်လေးက အဝတ်ဟောင်းတစ်ချိုု့ရယ် ပဲသီးခြောက်တစ်ချို့ကိုယူပြီးထွက်သွားလိုက်ပါတယ်။ သူကအပြင် ထွက်မသွားခင်ခြေသံမကြားရ အောင် ကျွန်မ ကုတင် ဘေးလာပြီးစာတိုလေးတစ်စောင်ရေးထားခဲ့ပါတယ်။ အဲဒီစာမှာက “မမရေ တက္ကသိုယ်ဝင်ခွင့်ရတယ်ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ မောင်လေးက အပြင်မှာအလုပ်ရှာပြီး မမကျောင်းဆက်တက်နိုင်အောင်ငွေရှာ ပို့ပေး မယ်လို့” ပါပါတယ်။ ကျွန်မက မောင်လေးရေးခဲ့တာကို လက်မှာကိုင်ထားရင်း ငိုနေမိပါတယ်။ နောက်ဆုံး ကျွန်မအသံတွေပျောက်တဲ့အထိငိုနေမိပါတယ်။ ဖေဖေကတစ်ရွာလုံးမှာ လိုက်ချေးငှားရတဲ့ငွေရယ်၊ မောင် လေးက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဘိလပ်မြေအိပ်တွေထမ်းလို့ရတဲ့ငွေတွေနှစ်ရပ်ပေါင်းနဲ့ ကျွန်မ တက္က သိုလ် ဆက်လက်တက်ခဲ့ပါတယ်။ အဲဒီနှစ်က ကျွန်မမောင်လေးမှာ (၁ရ) နှစ်၊ကျွန်မက (၂၀) နှစ်ဖြစ်ပါတယ်။

တစ်နေ့မှာ ကျွန်မအခန်းထဲမှာစာဖတ်နေစဉ်ကျွန်မအခန်းဖော်က အပြင်ဘက်မှာလယ်သမားတစ် ယောက် ကျွန်မ ကို လာတွေ့နေကြောင်းပြောလာပါတယ်။ အဲဒီတော့ လယ်သမားကဘာကြောင့် လာ တွေ့ နေရတာလဲလို့ကျွန်မ စိတ်မှာဖြစ်ခဲ့ပါတယ်။ အပြင်ထွက်ကြည့် လိုက်တဲ့အခါမှာတော့ကျွန်မ မောင်လေးကို တွေ့လိုက်ရပါတယ်။ သူ့တစ် ကိုယ်လုံးမှာလည်းဖုံတွေပေပြီးညစ်ပတ်နေပါတယ်။ ဘိလပ်မြေအမှုန့်တွေလည်းတစ်ကိုယ်လုံးပေနေပါတယ်။ မောင်လေးကိုတွေ့တော့ “ဘာကြောင့် အခန်း ဖော်ကို မောင်လေးလာတဲ့အကြောင်းမပြောတာလဲ” လို့မေး လိုက်ပါတယ်။

ဒီတော့မောင်လေးကပြုံးလိုက်ပြီး “မမရယ်မောင်လေးဖြစ်နေတာကိုကြည့်လိုက်ပါဦး။ မောင်လေးက မမရဲ့ မောင်လေးပါလို့ပြောလိုက်ရင် မမကိုသူတို့ ဘယ်လိုထင်သွားမလဲ။ သူတို့က မမကိုတွေ့တဲ့အခါ လှောင်ပြောင် ရယ်မောနေမှာပေါ့” လို့ ပြောလိုက်ပါတယ်။ မောင်လေးကကျွန်မအတွက် စဉ်းစား လုပ်ဆောင်ပေးမှုကို စဉ်းစားမိပြီးကျွန်မရင်မှာစို့နစ်သွားပါတယ်။ ဒါကြောင့် သူ့မှာပေနေတဲ့ဖုံတွေ၊ ဘိလပ်မြေမှုန့်တွေကိုခါပေးရင်း ကျွန်မ လည်မှာတစ်စို့နေမှုနဲ့အတူ “အခြားလူတွေထင်ချင်သလို ထင်ပါစေ၊ မမဂရုမစိုက်ပါဘူး။ ဘယ်လိုအသွင်အ ပြင်ပင်ဖြစ်နေနေ မောင်လေးကမောင်လေး ဖြစ်ပါတယ်။” လို့ပြန်ပြောလိုက်ပါတယ်။

ကျွန်မကအဲဒီလိုပြောအပြီးမှာမောင်လေးကသူ့အိပ်ကပ်ထဲမှ လိပ်ပြာရုပ်လေးပါတဲ့ဆံပင်ညှပ်ကလစ် လှလှလေး ကိုထုတ်ပြီးကျွန်မကိုပေးပါတယ်။ သူကိုယ်တိုင် ကျွန်မဆံပင်မှာတပ်ပေးရင်း မြို့ပေါ်မှာ မိန်းကလေးတိုင်း လိုလို အဲဒီလို လိပ်ပြာကလစ်တွေဝတ်နေတာတွေ့မိတယ်။ ဒါကြောင့် မမလည်း သူတို့လိုလိပ်ပြာကလစ်လေးရှိသင့် တယ်လို့ ယူဆတဲ့အတွက် လာပေးတာလို့ပြောပါတယ်။ အဲဒီလို ပြောလိုက်တဲ့အခါ ကျွန်မအနေဖြင့် ကျွန်မ ဖာသာရပ်မနေနိုင်တောတဲ့အတွက် မောင်လေးကို ဖက်ထား လိုက်ပါတယ်။ ပြီးတော့ ကျွန်မအားရ ပါးရငို လိုက်ပါ တယ်။ အဲဒီနှစ်ကမောင်လေးက အသက် (၂၀) ကျွန်မကအဝက် (၂၃) နှစ်ပါ။

ကျွန်မအိမ်ထောင်ကျပြီးတော့မြို့မှာနေပါတယ်။ ကျွန်မခင်ပွန်းက ကျွန်မမိဖတွေကို ကျွန်မတို့နှင့်အတူ လာနေရန် ဖိတ်ပါတယ်။ ဒါပေမဲ့မိဘတွေက လာမနေလိုကြပါ။ သူတို့အနေဖြင့် ရွာကိုစွန့်လိုက်ရင် ဘာလုပ်ရမှန်းမသိ ပါဘူးလို့ပြောပါတယ်။ မိဘတွေပြောတာကိုမောင်လေးကလည်းသဘောတူပါတယ်။ ပြီးတော့မောင်လေးက ဆက်ပြောပါတယ်။ မမရယ်မမက မမရဲ့ယောက္ခမတွေကိုကောင်း ကောင်း စောင့်ရောက်ပါ။ မောင်လေးကတော့ ဖေဖေမေမေတို့ကိုကောင်းစွာစောင့်ရှောက်ပါမယ်လို့ ပြောလိုက် ပါတယ်။

ကျွန်မရဲ့ခင်ပွန်းမှာစက်ရုံရဲ့ညွှန်ကြားရေးမှုဖြစ်လာပါတယ်။ သူက မောင်လေးကို ပြင်ဆင်ထိန်းသိမ်း ရေးဌာနာမှာ မန်နေဂျာတာဝန်ပေးပါတယ်။ မောင်လေးက လက်မခံပါ။ သူကပြင်ဆင်ထိန်းသိမ်း တဲ့ လုပ်ငန်းမှာ စတင်အ လုပ်လုပ်တဲ့ အလုပ်သမားအဖြစ်ဖြင့် စတင် လုပ်ဆောင်ခဲ့ပါတယ်။

တစ်နေ့မှာမောင်လေးက မီးကြိုးတစ်ခုကို အထက်ပိုင်းမှာ လှေခါးထောင်တက်ရင်း ပြင်ဆင်နေတဲ့ အချိန်မှာ သူ့ကို ဓာတ်လိုက်ခံရတဲ့အတွက် ဆေးရုံကို ပို့လိုက်ရပါတယ်။ မောင်လေးခြေမှာ ကျောက် ပတ်တီးစီးထားတာ ကိုတွေ့ လိုက်ရတော့ ကျွန်မက မန်နေဂျာအဖြစ်ဘာကြောင့်လက်မခံတာလဲလို့ မေးမိပါတယ်။ မန်နေဂျာ ဆိုရင်အခုလို ဘေးအန္တရာယ်များတဲ့အလုပ်တွေကို လုပ်စရာမလို။ အခုတော့ မောင်လေးကို မောင်လေး ပြန်ကြည့်လိုက်ပါဦး။ သိပ်ပြင်းထန်တဲ့ဒဏ်ရာတွေခံနေရပြီ။ ဘာကြောင့် မမတို့ပြောတာကိုနားမထောင်တာလဲ လို့ စေတနာစိတ်ဖြင့် မေးလိုက်ပါတယ်။

အဲဒီတော့မောင်လေးမျက်မှာ အလွန်လေးနက်တဲ့အသွင်ဖြင့် မမခင်ပွန်းက စက်ရုံမှာ ညွှန်ကြားရေးမှုး ဖြစ်နေပြီလေ။ မောင်လေးလို့ပညာမတတ်သူက သူ့စက်ရုံမှာ မာန်နေဂျာအဖြစ်ဝင်လုပ်ရင် မမခင် ပွန်းကို လူတွေက အ မျိုးမျိုးပြောကြတော့မှာပေါ့။ ဘာတွေပြောကြမလဲဆိုတာ မိမိဘာသာ စဉ်းစား သာကြည့်ပါ။ လို့ပြောလိုက်တဲ့အခါ ကျွန်မခင်ပွန်း မျက်လုံးမှာ မျက်ရည်တွေဝိုင်းပြည့် လာတာကို တွေ့မြင်လိုက်ရပါတယ်။ အဲဒီအချိန်မှာ ကျွန်မက ဝင်ပြောလိုက်ပါ တယ်။ “မောင်လေးပညာမတတ်တာ မမကိုဦးစားပေးလိုက်တဲ့အတွက် ဖြစ်ရတာပါ” လို့ဝင်ပြော လိုက်ပါတယ်။

အဲဒီတော့မောင်လေးက သူ့လက်ကိုထုတ်ပေးရင်း မောင်လေးတို့ ဘာကြောင့်အတိတ်က အကြောင်းတွေပြော နေရတာလဲ လို့စကားကိုဖြတ်လိုက်ပါတယ်။ အဲဒီနှစ်က မောင်လေးက အသက် (၂၆) နှစ်ကျွန်မကအသက် (၂၉) နှစ်ဖြစ်ပါတယ်။ မောင်လေးဟာ လယ်သူမတစ်ယောက်ကို လက်ထပ် တဲ့အခါ သူ့အသက်မှာ (၃၀) ရှိနေပါပြီ။ အဲဒီမင်္ဂလာပွဲမှာ မင်္ဂလာပွဲ ကြီးမှုးကျင်းပတဲ့လူကြီးက မောင်လေးကို မေးလိုက်ပါတယ်။ “ခင်ဗျားအ ချစ်ဆုံးနဲ့ အလေးစားဆုံးလူက ဘယ်သူလဲ” လို့မေး လိုက်ပါတယ်။

အဲဒီလိုမေးလိုက်တဲ့အခါမောင်လေးက ဘာမှစဉ်းစားစရာမလိုဘဲ ချက်ခြင်းပြန်ဖြေလိုက်တာကတော့ မမကို အလေးစားဆုံးနဲ့အချစ်ဆုံးဖြစ်ပါတယ်လို့ ဖြစ်ပါတယ်။ ဘာကြောင့် မမကိုအချစ်ဆုံး ဖြစ်ရကြောင်း ဖြစ်ရပ်ကို မောင်လေးကဆက်လက်ပြောပြပါတယ်။ကျွန်မတောင်မောင်လေးပြောပြတာ ကိုမမှတ်မိတော့ပါ။ ကျွန်တော်မူလ တန်းကျောင်းတက်နေစဉ်က ကျောင်းကအခြားရွာမှာရှိနေပါတယ်။ မမနှင့်ကျွန်တော်တို့ဟာ ကျောင်းကို ရောက် အောင်အတူတူ (၂) နာရီလောက်အသွားအပြန် လမ်းလျောက်သွားရပါတယ်။ တစ်နေ့မှာ ကျွန်တော် လက်အိပ် တစ်ဖက်ကပျောက်သွားပါတယ်။ မမက သူ့လက်အိပ်ကိုချွတ်ပြီးကျွန်တော်ကိုပေးပါတယ်။ သူကတော့ လက် အိပ်တစ်ဖက်တည်းဖြင့် တစ်လမ်း လုံးလမ်းလျောက်လာပါတယ်။ အိမ်ပြန်ရောက်တဲ့အခါ လမ်းမှာအေးလွန်းတဲ့ အတွက်မမလက်တွေထုံ နေပါတယ်။ အေးလွန်းလို့ လက်ကတုန်နေပါတယ်။ အစာစားဖို့ တူကိုတောင် မကိုင်နိုင်ပါဘူး။ အဲဒီနေ့ကစပြီးကျွန်တော့အနေဖြင့်မမကိုကောင်းကောင်းစောင့်ရှောက်မယ်၊ သူ့အပေါ်အစဉ် ကောင်း ကောင်းစောင့်ရှောက်မယ်လို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်လို့ပြောလိုက်ပါတယ်။

မောင်လေးကအဲဒီအတိုင်းငယ်စဉ်ကဖြစ်ရပ်ကိုအခြေခံပြီး သူ့ဆုံးဖြတ်ချက်ကိုပြောပြလိုက်တဲ့အခါ မင်္ဂလာပွဲလာ တဲ့လူတွေအားလုံးကသဘောကျပြီး လက်ခုပ်တီးအားပေးကြတာတစ်ခန်းလုံးလက်ခုပ်သံ တွေဖြစ်သွားပါတယ်။ ဧည့်သည်များက ကျွန်မကို အာရုံစိုက်ကြည့်ကြပါတယ်။ ဘာစကားပြောရမှန်းပင် မသိတော့ပါ။ ကျွန်မဘဝမှာ ကျွန်မမောင်လေးကိုကျေးဇူးတင်တာကိုသာပြောလိုပါတယ်။ မောင်လေးရဲ့ မင်္ဂလာပွဲမှာ ပရိတ်သပ်များ ရှေ့ မှောက်မှာပင် ကျွန်မမျက်လုံးများမှ မျက်ရည်များဟာ မထိန်းနိုင်ဘဲ ကျဆင်းလာခဲ့ပါတယ်။ ဝမ်းသာလွန်း လို့ကျတဲ့မျက်ရည်တွေဖြစ်ပါတယ်။

သင်ခန်းစာ -သင်ချစ်မြတ်နိုးသူကို နေ့စဉ်နေ့တိုင်းချစ်ခင်ပါ။ ကြင်ကြင်နာနာစောင့်ရှောက်ပါ။ သင်လုပ် ဆောင် ချက်တွေက အသေးအမွှားလေးတွေလို့သာသင်ကထင်ကောင်းထင်နေနိုင်ပါတယ်။ ဒါပေမဲ့ ကြင်ကြင်နာနာစောင့်ရှောက်ပြောဆိုတာခံရသူ့အတွက်တော့အလွန်တန်ဖိုးရှိတာဖြစ်ပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့ တစ် ယောက် ဆက်ဆံရေးပိုကောင်းမွန်စေရန် ချစ်ချစ်ခင်ခင်ကြင်ကြင်နာနာ စောင့် ရှောက်ရန် လိုအပ်ပါတယ်။

မိတ်ဆွေများ မောင်နှမအချင်းချင်း ချစ်ချစ်ခင်ခင်ကြင်ကုင်နာနာရှိကြပါစေ။
မေတ္တာဖြင့်

ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်


No comments:

Post a Comment

ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)

  ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...