Monday, February 24, 2025

မိမိကိုယ်ကိုစောင့် ရှောက်ပါ။ Food for Thought 750 ဒေါက်တာသိန်းလွင်

No photo description available.

မိမိကိုယ်ကိုစောင့် ရှောက်ပါ။ 750
ဒီနေ့ မိမိကိုယ်ကိုကောင်းစွာစောင့်ရှောက်ထိန်းသိမ်းခြင်းက အကောင်းဆုံးဖြစ်ကြောင်း။ မိမိကိုယ်ကို ကောင်းစွာစောင့်ရှောက်ခြင်းဖြင့် မိမိကိုယ်သာမက မိမိနှင့် ဆက်သွယ်နေသူပတ်ဝန်းကျင်မှလူများကို လည်းကောင်းစွာစောင့် ရှောက်ရာရောက်စေကြောင်းကို မိမိကိုယ်ကိုစောင့်ရှောက်ပါ။ဆိုတာကို Food for Thought 750 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်

တစ်ခါကဂျွန်းဘားကစားသမားဆရာတပည့် အတွဲတစ်တွဲရှိပါတယ်။ ဆရာမှာ ဆင်းရဲတဲ့မုဆိုးဖို တစ်ယောက် ဖြစ်ပြီး တပည့်မှာမိဒါလို့ခေါ်တဲ့မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။ သူတို့နှစ်ဦးမှာစားဖို့ လုံလောက်တဲ့ဝင်ငွေ ရအောင် လမ်းဘေးမှာ ဂျွန်းဘားပြသရပါတယ်။

သူတို့ပြသတဲ့ပြကွက်မှာ ဆရာဖြစ်သူက ရှည်လျားတဲ့ဝါးလုံးကို သူ့ခေါင်းပေါ်မှာ တင်ထောင်ထားပြီး တပည့် ဖြစ်သူမိန်းကလေးကမြင့်မားတဲ့ဝါးလုံးအတိုင်းထိပ်ဖျားရောက်တဲ့အထိ ဖြေးဖြေးခြင်းတက်ပြတဲ့ ပြကွက်ဖြစ်ပါ တယ်။ ဝါးလုံးထိပ်ဖြားရောက်သွားတဲ့အခါ မိန်းကလေးက ဝါးလုံးထိပ်မှာငြိမ်ငြိမ်နေရင်း ဆရာက မြေကြီးပေါ်မှာ လမ်းလျောက်ပြပါတယ်။

အဲဒီလိုလုပ်ပြတဲ့အခါမှာ ပြသနေသူနှစ်ယောက်လုံးကမိမိလုပ်ဆောင်တဲ့လုပ်ငန်းမှာ လုံးဝအာရုံထားလုပ် ဆောင် ရန် လိုအပ်ပါတယ်။ ဒါမှသာနှစ်ယောက်လုံးဟန်ချက်မိနေပြီး ဘေးအန္တရာယ်ကင်းရှင်းမှာ ဖြစ်ပါတယ်။
တစ်နေ့မှာတော့ ဆရာက သူ့တပည့်မိန်းကလေးကိုအောက်ပါအတိုင်းပြောပါတယ်။ “ဟေ့ မီဒါရေ။ တို့ပြသနေတဲ့ အချိန်မှာ ငါက နင့်ကို စောင့်ကြည့်ပေးမယ်။ နင်ကငါ့ကိုစောင့် ကြည့်ပါ” လို့ပြောပါတယ်။ “ဒါမှ တို့နှစ် ယောက် တစ် ယောက်ကိုတစ်ယောက် အာရုံမပျက်အောင်ကူညီထိန်းနိုင်ပြီး ဘေး အန္တရာယ် ကင်းမှာဖြစ်ပါတယ်”လို့ပြော လိုက်ပါတယ်။

အဲဒီတော့မိန်းကလေးက ချင့်ချင့်ချိန်ချိန် စဉ်းစားပြီးအောက်ပါအတိုင်း ပြန်ပြောလိုက်ပါတယ်။ “ဆရာ ရော ကျွန်မတို့နှစ်ယောက်လုံး မိမိလုပ်ဆောင်နေရတာကို စောင့်ကြည့်ရင် ပိုကောင်းမယ်ထင်ပါတယ်။ မိမိလုပ်ဆောင် နေရတာကိုမိမိကိုယ်တိုင်ကြည့်ရှုစောင့်ရှောက်ခြင်းက နှစ်ယောက်လုံးကိုစောင့်ရှောက် ခြင်း ပင်ဖြစ်ပါတယ်။ အဲဒီ လို စောင့်ရှောက်ခြင်းဖြင့်သာ ဘေးအန္တရာယ်ကင်းကင်းနဲ့ ပြသနိုင်မှာ ဖြစ်ပါ တယ်” လို့ ယူဆကြောင်းပြန်ပြော ပါတယ်။

ရှင်းလင်းချက် - ဒီပုံပြင်က တိတိကျကျပြောရရင်ဈင်ပုံပြင်တစ်ခုတော့မဟုတ်ပါ။ ဒါပေမဲ့ဒီပုံပြင်ကိုဗုဒ္ဓ ကိုယ် တော်တိုင်က ပြောခဲ့တာဖြစ်ပါတယ်။ ဆိုလိုတဲ့အဓိပ္ပါယ်ကတော့ မိမိကိုယ်ကိုကောင်းစွာစောင့် ရှောက်ခြင်းဟာ အခြားလူတွေအတွက် စောင့်ရှောက်ရန် အကောင်းဆုံးလုပ်နိုင်တဲ့လုပ်ငန်း ဖြစ်ကြောင်း ကို ပြနေပါတယ်။

မိမိကိုယ်တိုင်ကိုယ်နဲ့စိတ်အတွက်အားကောင်းအောင်လေ့ကျင့် စောင့်ရှောက်ခြင်းဖြင့် သင့်အနေဖြင့် ပတ်ဝန်း ကျင်မှာရှိနေသူများကိုထောက်ထားစာနာမှု၊ ချစ်ခင်မှု၊ ကြင်နာတတ်မှုဖြင့် ပင်ကိုယ်သဘာဝ အားဖြင့် ပြောဆို ဆက်ဆံနေခြင်းပင်ဖြစ်ပါတယ်။ မိမိကိုယ်တိုင်ကောင်းအောင်လေကျင့်ခြင်းဖြင့် ပတ်ဝန်း ကျင် လောကအတွက် ပိုပြီးအပြုသဘောဆောင်တဲ့အကျိုးသက်ရောက်မှုရှိအောင်ဖန်တီး နေခြင်းပင်ဖြစ်ပါတယ်။ မိမိကိုယ်မိမိကောင်းစွာ နေထိုင်စောင့် ရှောက်ခြင်းမှာ မိမိပတ်ဝန်းကျင်မှာ ရှိသူများကိုကောင်းစွာစောင့်ရှောက်ခြင်းမည်ပါသည်။ ထိုစောင့် ရှောက်မှုနှစ်ခုကိုခွဲခြားလို့မရပါ။

မိမိကိုယ်မိမိကောင်းစွာစောင့်ရှောက်ခြင်းဆိုတာ ဗုဒ္ဓအလိုအရ သတိဖြင့်ယှဉ်အစဉ်နေထိုင်ခြင်းဖြစ်ပါ တယ် အလားတူပင် အခြားသူများအပေါ်ကောင်းစွာစောင့်ရှောက်ခြင်း၊ အခြားသူများကို ထောက်ထား စာနာမှုပြခြင်း၊ မေတ္တာထားခြင်း၊များပြုလုပ်နေခြင်းကလည်း မိမိကိုယ်မိမိ စောင့်ရှောက်နေခြင်းပင်ဖြစ် ပါတယ်။

မိတ်ဆွေများမိမိကိုယ်မိမိကောင်းစွာစောင့်ရှောက်ခြင်းဖြင့် မိမိနှင့်ပတ်ဝန်းကျင်ကို ကောင်းစွာစောင့် ရှောက်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်

No comments:

Post a Comment

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား

Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...