ဒီနေ့
အပြုသဘော ဆောင်တဲ့စဥ်းစားခြင်းနှင့် ညင်ညင်သာသာထိတွေ့မှုက
အင်အားသုံးခြင်းနှင့် ကြမ်း ကြမ်းတမ်းတမ်း ပြုလုပ်ခြင်းထက်
ပိုစွမ်းဆောင်နိုင်စေကြောင်း၊ အပြု သဘောဆောင်ပြီး ကောင်း အောင်တည်
ဆောက်လိုတဲ့စိတ်နေသဘောထားက သဘောထားကွဲလွဲမှု များကို ညင်သာစွာ
ဖြေရှင်းနိုင်ပြီး ရည်မှန်းချက်
ပန်းတိုင်ကိုချောမောစွာရောက်ရှိစေနိုင်ကြောင်း၊ နေရဲ့ စိတ်ရှည်သည်းခံပြီး
အပြုသဘောဆောင်တဲ့နားလည်မှုဖြင့် ညင်သာစွာချဥ်းကပ်မှုကြောင့် ကြမ်းတမ်း
ပြင်းထန်တဲ့လေရဲ့ ချဥ်းကပ်မှုကိုအနိုင်ရသွားကြောင်းကို Food for Thought
752 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
နေနဲ့လေ ဘယ်သူက ပို အားကောင်းသလဲ
နေနဲ့လေတို့ဟာ
ဘယ်သူက ပိုအားကောင်းသလဲဆိုတာ အငြင်းအခုန်ဖြစ်နေကြပါတယ်။ အဲဒီလိုအငြင်း
အခုန်ဖြစ်နေတဲ့အချိန်မှာပင်
ကုတ်အင်္ကျီးဝတ်ထားတဲ့လူတစ်ယောက်လမ်းလျောက်နေတာကို တွေ့ပါ တယ်။
အဲဒီလူဝတ်ထားတဲ့ကုတ်အင်္ကျီကို အမြန်ချွတ်အောင်လုပ်နိုင်သူက
ပိုအားကောင်းတယ်လို့ သတ် မှတ်မယ်လို့ သဘောတူကြပါတယ်။
လေးကသဘောတူထားတဲ့အတိုင်း
လမ်းလျောက်နေတဲ့လူဝတ်ထားတဲ့ကုတ် အင်္ကျီကိုအမြန်ကျွတ်သွား
အောင်လေးပြင်းတွေတိုက်ပါတယ်။ လေပြင်းပြင်းတိုက်လေလေ လမ်းလျောက်နေသူက
သူဝတ်ထား တဲ့ အင်္ကျီကိုလေနှင့်အတူပါမသွားအောင်အင်္ကျီကို သူ့လက်ဖြင့်
ဆုပ်ကိုင်ပြီးကိုယ်နှင့်ကပ်ထားပါတယ်။ ဒါကြောင့် လေ ကပြင်းပြင်းထန်ထန်
တိုက်ပေမဲ့ လမ်းသွားနေတဲ့လူဝတ်ထားတဲ့အင်္ကျီကို ကျွတ်အောင် မလုပ်နိုင်ပါ။
နေရဲ့အလှည့်ရောက်လာပါတယ်။
နေက ခရီးသွားကိုယ်ပေါ်ညင်ညင်သာသာလေး အလင်းရောင်ကျ အောင်
ပြုလုပ်လိုက်ပါတယ်။ တဖြည်းဖြည်း ခြင်းအပူနှင့်အလင်းဓာတ်ကို တိုးပေးပါတယ်။
နေရောင် က သူ့အပေါ်ညင်သာစွာကျရောက်လာတာကို လမ်းလျောက်နေသူကသဘောကျပါတယ်။
ခဏအကြာ မှာ လမ်းလျောက်နေသူက တဖြည်းဖြည်းချင်း နေပူလာတဲ့အ တွက်
လမ်းလျောက်နေရင်း ဝတ်ထားတဲ့ အင်္ကျီကျယ်သီးကို စတင်ဖြုတ်ပါတယ်။ နေက အင်
အားအပြင်းတွေကိုသုံးစရာမလိုဘဲတဖြ ည်းဖြည်း ခြင်းပူလာမှုကြောင့်
လမ်းလျောက်နေသူက သူ့ သဘောဆန္ဒဖြင့် သူဝတ်ထားတဲ့အင်္ကျီကျယ်သီးကို စ
တင်ဖြုတ်ပါတယ်။ ခဏအကြာမှာ လမ်းလျောက် နေ သူက
သူဝတ်ထားတဲ့အင်္ကျီကိုအားလုံးချွတ်လိုက် ပါတော့တယ်။
သင်ခန်းစာ
နေရဲ့စိတ်ရှည်သည်းခံပြီးအပြုသဘောဆောင်တဲ့ချဥ်းကပ်နည်းက
လေရဲ့အကြမ်းဖက်ပြီးရန် လိုတဲ့ချဥ်း ကပ်နည်း ကိုအနိုင်ရသွားပါတော့တယ်။
ဒီပုံပြင်လေးကပေးတဲ့သင်ခန်းစာကတော့ အပြုသဘော ဆောင်တဲ့စဥ်းစားခြင်းနှင့်
ညင်ညင်သာသာထိတွေ့မှုက အင်အားသုံးခြင်းနှင့် ကြမ်း ကြမ်းတမ်းတမ်း
ပြုလုပ်ခြင်းထက် ပိုစွမ်းဆောင်နိုင်စေကြောင်း ထောက်ပြနေပါတယ်။ အပြု
သဘောဆောင်ပြီး ကောင်းအောင်တည် ဆောက်လိုတဲ့စိတ်နေသဘောထားက သဘောထားကွဲလွဲမှု
များကို ညင်သာစွာ ဖြေရှင်းနိုင်ပြီး ရည်မှန်းချက်
ပန်းတိုင်ကိုချောမောစွာရောက်ရှိစေပါတယ်။ နေရဲ့ စိတ်ရှည်သည်းခံပြီး
အပြုသဘောဆောင်တဲ့နားလည်မှုဖြင့် ညင်သာစွာချဥ်းကပ်မှုကြောင့် ကြမ်းတမ်း
ပြင်းထန်တဲ့လေရဲ့ ချဥ်းကပ်မှုကိုအနိုင်ရသွားတာဖြစ်ပါတယ်။
မိတ်ဆွေများလည်းကြင်ကြင်နာနာညင်ညင်သာသာဖြင့် လိုရာရောက်အောင် ပြုပြင်နိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Monday, February 24, 2025
နေနဲ့လေ ဘယ်သူက ပို အားကောင်းသလဲ Food for Thought 752 ဒေါက်တာသိန်းလွင်
Subscribe to:
Post Comments (Atom)
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား
Special Education Batch 5 (သင်ခန်းစာအသစ်)ကို ဒီနေ့ ၁၉/၅/၂၀၂၅ ညမှ စတက်လို့ရလား smartkidscollege@gmail.com ကို day 1 to5 Answers များ ပို့ထား...
-
ဒီနေ့ “ကြင်နာတတ်သူများမှာတွေ့ရတဲ့ကိုယ်ရည်ကိုယ်သွေးလက္ခဏာများ” အကြောင်းကို Food for Thought 830 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင် ပါမေ...
-
🔖SKC/ERC 2025 Free Training ပညာဒါနသင်တန်း Preschool Lesson Plan Batch - 6 1/1/2025 to 10/1/2025 နေ့စဉ် ည ၈-၁၀နာရီ ❣️ မည်သူမဆိုတက်ရောက်နိ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
No comments:
Post a Comment