
ဒီနေ့”
နောက်ပြန်ဆွဲစိတ်များနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုဦးတည်းတဲ့စိတ်”
အကြောင်းကို Food for Thought 753 အဖြစ်မျှဝေလိုက်ပါတယ်။
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
လူတိုင်းမိမိကိုယ်မိမိပြန်လည်သုံးသပ်ပြီး မိမိမှာနောက်ပြန်ဆွဲနေတဲ့စိတ်နေ
စိတ်ထား ရှိနေရင် ပြုပြင်ရန်နှင့်
ဖွံ့ဖြိုးတိုးတက်မှုကိုဦးတည်တဲ့စိတ်နေစိတ်ထားရှိအောင် လေ့ကျင့်
ပျိုးထောင်နိုင်စေရန် ရည်ရွယ်ပါတယ်။
နောက်ပြန်ဆွဲစိတ်များနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုဦးတည်းတဲ့စိတ်
အပျင်းထူမှုဆိုတာ စိတ်အားထက်သန်မှုကို သတ်နေတာပါ။
စိတ်အားထက်သန်မှုဆိုတာ အပျင်းထူမှုကိုသတ်နေတာပါ။
ဒေါသထွက်မှုဆိုတာ အသိဥာဏ်ပညာကိုသတ်နေတာပါ။
အသိဥာဏ်ပညာဆိုတာ ဒေါသထွက်မှုကိုသတ်နေတာပါ။
ကြောက်ရွှံ့မှုဆိုတာ စိတ်ကူးအိပ်မက်များကို သတ်နေတာပါ။
စိတ်ကူးအိပ်မက်များဆိုတာ ကြောက်ရွံ့မှုကိုသတ်နေတာပါ။
အတ္တကြီးမှုဆိုတာ ကြီးထွားဖွံ့ဖြိုးခြင်းကို သတ်နေတာ ပါ။
ကြီးထွားဖွံ့ဖြိုးခြင်းဆိုတာ အတ္တကြီးမှုကိုသတ်နေတာပါ။
မနာလိုဝန်တိုမှုဆိုတာ ငြိမ်းအေးချမ်းသာမှုကိုသတ်နေတာပါ။
ငြိမ်းအေးချမ်းသားမှုဆိုတာ မနာလိုဝန်တိုမှုကိုသတ်နေတာပါ။
သံသယစိတ်က မိမိကိုယ်မိမိယုံကြည်မှုကိုသတ်နေတာပါ။
မိမိကိုယ်ကိုယုံကြည်မှုဆိုတာ သံသယစိတ်ကိုသတ်နေတာပါ။
မိတ်ဆွေများဖွံ့ဖြိုးတိုးတက်မှုကိုဦးတည်တဲ့စိတ်နေစိတ်ထားများမွေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင် ပါမောက္ခ (ငြိမ်း) ပညာရေးစိတ်ပညာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ်
Nurture Children, Discover Potential, Develop People. ပြုစုပျိုးထောင် စွမ်းရည်ဖေါ်ထုတ် လူ့ဘောင်မြှင့် လုမ်းလႃးပူၵ်းပွင် သေႃႉႁႃႁႅင်းႁုင်ႈ မုၼ်းလႅင်းလူၵ်ႈၵူၼ်း
Monday, February 24, 2025
နောက်ပြန်ဆွဲစိတ်များနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုဦးတည်းတဲ့စိတ် Food for Thought 753 ဒေါက်တာသိန်းလွင်
Subscribe to:
Post Comments (Atom)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး)
ကျောင်းထားလို့ရပြီးလား (နန်းမေသဲအေး) video link https://youtu.be/9nGXg6VWDAU?si=OIHqco-_7ETkAdjD SKC 📝 ကလေးအခြေခံကျွမ်းကျင်မှုစစ်ဆေးမေးခွ...
-
အသံထွက်စကားပြောဆိုခြင်းနဲ့ ဘာသာစကားပိုင်းဆိုင်ရာ ချို့ယွင်းမှုများသည် လူတစ်ဦး၏ ထိရောက်စွာ ဆက်သွယ်နိုင်စွမ်းကို ထိခိုက်စေနိုင...
-
ဒီနေ့ “သင်ကြားရေးတွင်သုံးရန် ဆရာများအတွက် လမ်းညွှန် (5E) ပုံစံ”ကို Food for Thought 896 အဖြစ်မျှဝေလိုက်ပါတယ်။ ဒေါက်တာသိန်းလွင်၊ ပါမောက္ခ (ငြ...
-
မူလတန်း P-2 တက်နေတဲ့မြေးမလေးကျောင်းကသင်္ချာပုစ္ဆာတွက်ခိုင်းတဲ့စာရွက်မှာ အပေါင်းအနှုတ် မေးခွန်းကိုစဥ်းစားရာမှာ အ ဆင့် (၄) ဆင့် ပါတဲ့ (၁) ...
No comments:
Post a Comment